စင်္ကာပူမှာ မြန်မာကုမ္ပဏီ များစွာ ရှိရခြင်းရဲ့ အကြောင်းအရင်းရဲ့နောက်ကွယ် ( မြန်မာတွေတော်လို့လား နောက်ကွယ်က လက်မည်းကြီးတွေလားဆိုတာ…)
Unicode
စကာ်ပူမှာ မြန်မာပိုင် ကုမ္ပဏီတော်တော်များများရှိတယ်။
ဒီတော့ ကျွန်တော်က ထင်တာက မြန်မာတွေတော်တယ်။ မြန်မာတွေစကာ်ပူကနေ ပစ္စည်းတွေကို အခြားတိုင်းပြည်ကို တင်ပို့ကြ၊ အရမ်းအလုပ်လုပ်တတ်ကြတယ်ထင်ခဲ့တယ်။
ဒါကြောင့်စကာ်ပူရောက် ဗမာပိုင် ကုမ္ပဏီ တွေဘာလုပ်ကြသလဲဆိုတာသေချာလိုက်လေ့လာလိုက်ကြတော့ထိုကဲ့သို့မဟုတ်ဘူးဖြစ်နေတယ်။
ဒီတော့ စကာ်ပူမှာမြန်မာပိုင် ကုမ္ပဏီ တွေဘာကြောင့်အရမ်းများတာလဲဆိုတာလေ့လာလိုက်တော့ သူတို့က ငွေကြေးခဝါချတာတဲ့ အလုပ်တွေကိုလုပ်ကြတာတွေ့ရပါတယ်။
ဘယ်လိုငွေကြေးခဝါချကြတာလဲဆိုရင် စစ်အစိုးရနှင့် လုပ်သောအလုပ်တွေမှာရတဲ့ငွေတွေကိုခဝါချကြဖို့ရည်ရွယ်၍ထောင်ကြတာဟုတွေ့ရပါတယ်။
ဒါကြောင့် စကစလက်ထက်မှာ လက်နက်နှင့်ဆိုင်ရာလုပ်ငန်း၊ လျှပ်စစ်နှင့်ဆိုင်သော တင်ဒါလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့်ဆိုင်သော တင်ဒါလုပ်ငန်း၊ ရေနံနှင့်ဆိုင်ရာကုမ္ပဏီများ၊ သတ္တုတွင်းနှင့်ဆိုင်သောတင်ဒါလုပ်ငန်း စသောလုပ်ငန်းတွေမှာလုပ်ပိုင်ခွင့်ရသူတွေဟာ စကာ်ပူမှာ ကုမ္ပဏီ ထောင်ကြပါတယ်။
ဘာဖြစ်လို့ထောင်ကြသလဲဆိုရင် စစ်ကောင်စီလက်ထက်တင်ဒါလုပ်ငန်းတွေမှာ ဝန်ကြီးတွေကို ပေးရန်ကော်မရှင်တွေပါတတ်ပါတယ်။
အကယ်၍ တင်ဒါရပြီးနောက် စကစမှလွှဲပေးသောငွေတွေအကုန်(ကော်မရှင်တွေ) ကိုပါ ရောပြီးထိုပစ္စည်းများထုတ်လုပ်ရာကုမ္ပဏိများကို လွှဲပေးမယ်ဆိုရင် ထိုပစ္စည်းထုတ်လုပ်ရာကုမ္ပဏီများက စာရင်းဆိုင်ရာပြဿနာများ၊ အခွန်ဆိုင်ရာပြဿနာများ၊ ငွေကြေးခဝါချမှုဆိုင်ရာပြဿနာများရှိ၍လက်မခံကြပါ။
ဒါကြောင့် စကစနှင့်ဆိုင်သော ကော်မရှင်ငွေကြေးများကို ခဝါချစရာ ကြားခံနိုင်ငံ တစ်နိုင်ငံလိုလာပါတယ်။ ဒါကြောင့်မို့ထိုကဲ့သို့လုပ်ရန်အလွယ်ကူဆုံး နိုင်ငံသုံးနိုင်ငံဖြစ်တဲ့ UAE, စကာ်ပူ နှင့်ဟောင်ကောင်သုံးခုအနက် မြန်မာပြည်နှင့်အနီးဆုံးလည်းဖြစ်၊ စကစမိသားစုတွေအသွားအလာအများဆုံး နိုင်ငံလည်းဖြစ်တဲ့ စကာ်ပူအား စစ်အစိုးရနှင့်ပူးပေါင်းလုပ်ကိုင်နေကြသော ခရိုနီများက ရွေးကြပါတယ်။
ဒါကြောင့် စကစ က စီမံကိန်းတခုရှိတိုင်း စကစလူကြီးတွေအတွက်ကော်မရှင်တွေကို စကာ်ပူမှာချန်ခဲ့တယ်။ ပြီးရင်ထိုကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူ နိုင်ငံကို စကာ်ပူကနေတဆင့် လွှဲပေးတဲ့ လုပ်ငန်းဟာ ယခင် နဝတ လက်ထက်ကစခဲ့ပြီး ယနေ့အထိတိုင် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်ဟုဆိုပါတယ်။
ထို့အတွက် မြန်မာပြည်ကိုလာရောက်ပြီး စကစ နဲ့ ပူးပေါင်းလုပ်ဆောင်ကြတဲ့ ကုမ္ပဏီ တွေဟာ သူတို့နှင့်စကစကြားမှာ ခရိုနီအမည်ခံပွဲစားကုမ္ပဏီတွေ ထားပြီးဆက်ဆံကြတယ်။ ထိုပွဲစားကုမ္ပဏီက စကာ်ပူမှာ ပွဲခတွေကိုထိန်းပြီးခဝါချပေးတယ်။ ကျန်ငွေကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လွှဲပြီး နောင်တချ်န်မဖြစ်သင့်တာမဖြစ်ရအောင်လက်တလုံးခြားလုပ်ဆောင်ကြတယ်ဟုဆိုရမှာဖြစ်ပါတယ်။
ဒါကြောင့် ယခင်စစ်အစိုးရလက်ထက်မှာ ခရိုနီတိုင်းဟာ စကာ်ပူမှာကုမ္ပဏီထူထောင်ကြသလို စစ်ကောင်စီအကြီးအကဲမိသားစုတွေ စကာ်ပူကိုအလည်အပတ်သွားရင်လည်း ထိုခရိုနီပိုင်ကုမ္ပဏီများနှင့် စိးပွားရေးလုပ်ငန်းလုပ်ကိုင်နေကြသော စကာ်ပူသူဌေးများက စစ်ကောင်စီလူကြီးများကို ပြာပြာသလဲဧည့်ခံကြပါတယ်။ (မြန်မာအခေါ် Baw Maကြတယ်)
သဘောကတော့ မြန်မာတွေစကာ်ပူမှာ ကုမ္ပဏီ ထောင်တာဟာ တိုင်းပြည်၏ ပိုင်ဆိုင်မှုကို ဗိုလ်ချုပ်တွေ၏ ပိုင်ဆိုင်မှု၊ ခရိုနီတွေ၏ပိုင်ဆိုင်မှုတွေအဖြစ် တရားဝင်ပြောင်းလဲပေးဖို့ရည်ရွယ်၍ထောင်ကြတာဟုဆိုရင်လည်းမမှားနိုင်ဘူးဆိုရမှာဖြစ်ပါတယ်။
(ဒါတွေကို စကာ်ပူရောက် ဗမာ တွေအကုန်သိပြီးဖြစ်ပါတယ်။)
Myat Maw
Zawgyi
စက်ာပူမှာ မြန်မာပိုင် ကုမ္ပဏီတော်တော်များများရှိတယ်။
ဒါကြောင့်စက်ာပူရောက် ဗမာပိုင် ကုမ္ပဏီ တွေဘာလုပ်ကြသလဲဆိုတာသေချာလိုက်လေ့လာလိုက်ကြတော့ထိုကဲ့သို့မဟုတ်ဘူးဖြစ်နေတယ်။
ဒီတော့ စက်ာပူမှာမြန်မာပိုင် ကုမ္ပဏီ တွေဘာကြောင့်အရမ်းများတာလဲဆိုတာလေ့လာလိုက်တော့ သူတို့က ငွေကြေးခဝါချတာတဲ့ အလုပ်တွေကိုလုပ်ကြတာတွေ့ရပါတယ်။
ဒါကြောင့် စကစလက်ထက်မှာ လက်နက်နှင့်ဆိုင်ရာလုပ်ငန်း၊ လျှပ်စစ်နှင့်ဆိုင်သော တင်ဒါလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့်ဆိုင်သော တင်ဒါလုပ်ငန်း၊ ရေနံနှင့်ဆိုင်ရာကုမ္ပဏီများ၊ သတ္တုတွင်းနှင့်ဆိုင်သောတင်ဒါလုပ်ငန်း စသောလုပ်ငန်းတွေမှာလုပ်ပိုင်ခွင့်ရသူတွေဟာ စက်ာပူမှာ ကုမ္ပဏီ ထောင်ကြပါတယ်။
ဒါကြောင့် စကစ က စီမံကိန်းတခုရှိတိုင်း စကစလူကြီးတွေအတွက်ကော်မရှင်တွေကို စက်ာပူမှာချန်ခဲ့တယ်။ ပြီးရင်ထိုကုန်ပစ္စည်းထုတ်လုပ်ရောင်းချသူ နိုင်ငံကို စက်ာပူကနေတဆင့် လွှဲပေးတဲ့ လုပ်ငန်းဟာ ယခင် နဝတ လက်ထက်ကစခဲ့ပြီး ယနေ့အထိတိုင် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်ဟုဆိုပါတယ်။
သဘောကတော့ မြန်မာတွေစက်ာပူမှာ ကုမ္ပဏီ ထောင်တာဟာ တိုင်းပြည်၏ ပိုင်ဆိုင်မှုကို ဗိုလ်ချုပ်တွေ၏ ပိုင်ဆိုင်မှု၊ ခရိုနီတွေ၏ပိုင်ဆိုင်မှုတွေအဖြစ် တရားဝင်ပြောင်းလဲပေးဖို့ရည်ရွယ်၍ထောင်ကြတာဟုဆိုရင်လည်းမမှားနိုင်ဘူးဆိုရမှာဖြစ်ပါတယ်။
(ဒါတွေကို စက်ာပူရောက် ဗမာ တွေအကုန်သိပြီးဖြစ်ပါတယ်။)
Myat Maw
Leave a Reply
Your email address will not be published. Required fields are marked *
Back To Top