အသစ်ထွက်လာတဲ့ ပိုက်ဆံတွေရဲ့ ဘေးနှစ်ဖက်မှာ ခြစ်ထားတဲ့ အချောင်းလေးတွေက ဘာအတွက်ခြစ်ထားလဲဆိုတော့
အသစ်ထွက်လာတဲ့ ပိုက်ဆံတွေရဲ့ ဘေးနှစ်ဖက်မှာ ခြစ်ထားတဲ့ အချောင်းလေးတွေက ဘာအတွက်ခြစ်ထားလဲဆိုတာ….
အသစ်ထွက်လာတဲ့ ပိုက်ဆံတွေရဲ့ ဘေးနှစ်ဖက်မှာ ခြစ်ထားတဲ့ အချောင်းလေးတွေက ဘာအတွက်ခြစ်ထားလဲဆိုတာမသိရှိသေးသူတွေအတွက် ဗဟုသုတဖြစ်စေဖို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။
နောက်ပိုင်း အသစ်ထွက်လာတဲ့ပိုက်ဆံတွေ ရဲ့ဘေးနှစ်ဖက်မှာ ခြစ်ထားတာကိုတွေ့ရမှာပါ။
သေချာကြည့်မယ်ဆိုရင် ငွေကြေးရဲ့တန်ဖိုးပေါ်မှာမူတည်ပြီး ခြစ်ထားတဲ့အချောင်းအရေအတွက်ကွာခြားနေတာတွေ့နိုင်ပါတယ်။
မသိသေးသူများအတွက်ပြောပြချင်ပါတယ်။တချို့ကဘာလိုခြစ်ထားလဲမသိကြဘူး။
အလှခြစ်ထားတယ်လို့ထင်ကြတယ်။အဲဒီခြစ်ထားတဲ့ ခြစ်ရာပေါ်မှာလက်နဲ့ပွတ်ကြည့်မယ်ဆိုရင် အနည်းငယ်ကြမ်းတယ်လို့သိနိုင်ပါတယ်။
ပိုက်ဆံအရွက်ရဲ့ကျန်တဲ့အပိုင်းလိုချောမောပြေပြစ်မှု မရှိတာကိုသိနိုင်ပါတယ်။
တကယ်တော့အဲဒီခြစ်ထားတဲ့ အမှတ်အသားဟာအရမ်းကိုအရေးကြီးပါတယ်။
ဘာလို့လဲဆိုတော့အဲဒီခြစ်ရာဟာ ငွေကြေးရဲ့တန်ဖိုး ကိန်းဂဏန်းဖတ်ဖို့အခက်အခဲရှိသူများအတွက် တန်းဖိုးကိုဖော်ပြပေးတဲ့အမှတ်အသားဖြစ်လို့ပါ။
သာမန်လူတွေအတွက်တော့ သိပ်အရေးမကြီးပေမယ့်အမြင်အားနည်းချက်ရှိတဲ့(မျက်မမြင်) တွေအတွက်တော့အဲဒီခြစ်ထားတဲ့နေရာမှာလက်ဖြင့် ကိုင်ကြည့်မယ်ဆိုရင်ငွေကြေးဘယ်လောက်တန် ဖြစ်တယ်ဆိုတာကိုအလွယ်တကူသိရှိနိုင်စေမှာ ဖြစ်ပါတယ်။
မသိရှိသေးသူများအတွက် ဗဟုသုတဖြစ်စေဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ ခရက်ဒစ်
Leave a Reply
Your email address will not be published. Required fields are marked *
Back To Top