ခေတ်ဟောင်းအဆိုတော်ကြီး “ မေရှင် ” ဆိုတာ ကျွန်တော်တို့ ဟိုးငယ်ငယ်ထဲက ကြားဖူးတာ။ မှတ်မှတ်ရရမန္တလေးသားအဖေက “မေရှင်” သီချင်းကြိုက်တယ်။ ရေဒီယိုက မေရှင်သီချင်းလာရင် အဖေတိုးတိုးလိုက်ညည်းတတ်တယ်။
အချို့အပိုဒ် အဖေစိတ်ပါလာရင် သီချင်းလိုက်ဆိုတတ်တယ်။ ရန်ကင်းအိမ်အပေါ်ထပ်မှာ ဘင်ဂျိုတီးတတ်တဲ့ အန်ကယ်ကြီးတယောက်ရှိတယ်။ တခါတလေ အိမ်မှာ အဖေနဲ့ ယမကာနည်းနည်းမှီဝဲပြီး ဘင်ဂျိုတီးသီချင်းဆိုရင် “မေရှင်” နာမည်ကြီးသီချင်း အမြဲပါတာ မှတ်မိတယ်။
မေရှင် “ ရှေးကုသိုလ်” “ကျေးစေတမန်” သီချင်းကို အန်ကယ်ကြီး မျက်စိမှိတ်ပြီး ဘင်ဂျိုနဲ့ ကျကျနန တီးဆိုတတ်တယ်။ အဖေက ဘေးနားကလိုက်ဆို၊ ကျွန်တော်တို့ ကလေးတသိုက် ဘေးနားဝိုင်းအုံ ကြည့်ခဲ့ကြတာမှတ်မိတယ်။

“ရှေးကုသိုလ် ” သီချင်းကို ဆရာရွှေပြည်အေး ရေးသားပြီး ပြည်လှဖေနဲ့မေရှင် အတွဲသီဆိုခဲ့ကြတဲ့ တခေတ်ကအလွန်နာမည်ကြီးတဲ့ Duet စုံတွဲတေးဖြစ်ပါတယ်။ ခေတ်ဟောင်းအဆိုတော်ရုပ်ရှင်မင်းသမီးကြီး မေရှင် (အမည်ရင်မသန်းရှင်) ကို ဖခင်ဦးခင်လေး ဒေါ်ဖွားယုံမှ ရှေးမြို့တော်ဟောင်းမန္တလေးမှာ ၁၉၁၇ ခုနှစ်မွေးဖွားခဲ့တယ်။
မေရှင်ဟာ မောင်နှစ်မငါးယောက်ထဲမှာ အထွေးဆုံးဖြစ်ပြီး ၇ တန်းအောင်မြင်ခဲ့တယ်။ သူအသက် ၁၈ နှစ်အရွယ်မှာ အေဝမ်းဖလင်ကုမ္ပဏီမှာ မင်းသမီးလုပ်ခဲ့တယ်။ ချိုသာနူးညံ့ပျော့ပြောင်းပြီး ဆွဲဆောင်တဲ့ သူ့အသံချိုချိုကြောင့် “မေရှင်” ဟာ ခဏလေးအတွင်း အောင်မြင်ထင်ရှားလာတယ်။

“မေရှင်” သရုပ်ဆောင်ခဲ့တဲ့ ပထမဆုံးရုပ်ရှင်ကားမှာ “ဖူးစာရှင်” အသံတိတ်ဇတ်ကားဖြစ်တယ်။ အသံထွက် “မြှားနတ်မောင်” ရုပ်ရှင်ကားမှစပြီး “မေရှင်” ထင်ရှားလူကြိုက်များလာခဲ့တယ်။ ၁၉၅၀ မှာ “မေရှင်” ဟာ မြန်မာ့အသံမှာ အသံလွှင့်ထုတ်လုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ လွတ်လပ်ရေးရပြီးစ မြန်မာ့နိုင်ငံရေးမှာ အဆိုတော်ရုပ်ရှင်မင်းသမီးကြီးမေရှင်ဟာ ဦးနုရဲ့ ဖဆပလပါတီကို အားတက်သရောထောက်ခံခဲ့တယ်။
၁၉၅၈ ခုနှစ်မှာ ဦးနုအစိုးရက “မေရှင်” ကို အနုပညာရှင်ကို ချီးမြှင့်တဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့ “ဝဏ္ဏကျော်ထင်ဘွဲ့” ပေးအပ်ချီးမြှင့်ခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာ အသက် ၄၆ နှစ် ရှိပြီဖြစ်တဲ့ ခေတ်ဟောင်းအဆိုတော်မင်းသမီးကြီးမေရှင်ဟာ အနုပညာအလုပ်များ ရပ်ဆိုင်းပြီး လူထုကြားမှာ ပျောက်ကွယ်သွားခဲ့တယ်။

အဆိုတော်ရုပ်ရှင်မင်းသမီး မေရှင် အနုပညာစန်းအပွင့်ဆုံးကာလများဟာ စစ်မဖြစ်ခင် ၁၉၃၆ မှ ၁၉၆၁ အထိနှစ်ပေါင်း ၃၀ ကျော်အနုပညာအောင်မြင်မှုကို ထိန်းထားနိုင်တဲ့ ရှာမှရှားတဲ့ မြန်မာအမျိုးသမီးကြီးတဦးဖြစ်ပါတယ်။ “မေရှင်” ဟာ သက်ဆုံးတိုင် ဗုဒ္ဓအဆုံးအမများနဲ့ အညီကျင့်ကြံ နေထိုင်အရိုးထုတ်သွားခဲ့တယ်။
အေဝမ်းရုပ်ရှင်ကုမ္ပဏီနဲ့ “မေရှင်” ဟာရုပ်ရှင်ကားကြီးပေါင်း (၁၄) ကားရိုက်ကူးခဲ့ပြီး ထင်ရှားတဲ့ ကားအချို့မှာချစ်ရေစင်၊ စောင်းတော်ရှင်၊ ချိန်တန်ပြီနဲ့ မေသော်တာတို့ ဖြစ်ကြတယ်။ အဆိုတော်မေရှင်ဟာ အေဝမ်းအသံဖမ်းနဲ့ ရောင်းတမ်းဝင်ဓါတ်ပြားပေါင်း လေးဆယ်ထုတ်လုပ်ခဲ့ပြီး ရှေးကုသိုလ်၊ ရှေးရေစက်၊ ပျို့မှာတမ်း၊ သက်ဝေသီချင်းနဲ့ ကျေးစေတမန်သီချင်းများ အလွန်အောင်မြင်ကျော်ကြား လူကြိုက်များခဲ့ကြတယ်။
နအဖစစ်အစိုးရလက်ထက် ၂၀၀၄ ခုနှစ်မှာ ဝန်ကြီးချုပ်ဗိုလ်ခင်ညွှန့်ဟာ မန္တလေးမှာနေတဲ့ မင်းသမီးကြီး (ဒေါ်)မေရှင်ကို သွားဂါရဝပြုခဲ့သေးတယ်။ မကျည်းတန် (လွိုင်ကော်)ဟာ အဆိုတော်ကြီးမေရှင် ကိုယ်ရေးအထ္ထုပတ္တိ ပြုစုရေးသားခဲ့တယ်။

မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့အနုပညာကို သက်ဆုံးတိုင် ခုံမင်စောင့်ရှောက်ခဲ့တဲ့မေရှင်ဟာ အိမ်ထောင်မပြုခဲ့ပဲအပျိုကြီး အဖြစ် အရိုးထုတ်ခဲ့ပါတယ်။ အမ်မာတီဗီမှာ ရုပ်ရှင်မင်းသားရန်အောင် လိုက်ဖ် ဖျော်ဖြေပွဲတခုမှာခေတ်ဟောင်းအဆိုတော်ကြီးမေရှင်က မန္တလေးနေအိမ်ကနေ “ ရှေးကုသိုလ်” သီချင်းကို အိမ်နေရင်းအဝတ်အစားနဲ့ သီဆိုဖျော်ဖြေတာ ကြည့်လိုက်ရသေးတယ်။
အသက် ၉၁ နှစ်ရှိ ခေတ်ဟောင်းအဆိုတော်မင်းသမီးကြီးမေရှင်ဟာ မန္တလေးမြို့ အောင်တော်မှုရပ်နေအိမ်မှာ ၂၀၀၈ ခုနှစ်က ကွယ်လွန်ခဲ့ပါတယ်။ “မေရှင်ပြည်လှဖေ” အတွဲသီဆိုထားတဲ့ “ ရှေးကုသိုလ် ” သီချင်းခံစားနားဆင်ပြီး ခေတ်ဟောင်းအဆိုတော်ရုပ်ရှင်မင်းသမီးမေရှင်ရဲ့ အနုပညာမှော်ဝင်မှုကို ပြန်ပြောင်းခံစားနိုင်ကြပါတယ်။ လွင်ဦး_ရန်ကင်း (မူရင်းရေးသားသူအား လေးစားမှုဖြင့် – credit)

ေခတ္ေဟာင္းအဆိုေတာ္ႀကီး “ ေမရွင္ ” ဆိုတာ ကြၽန္ေတာ္တို႔ ဟိုးငယ္ငယ္ထဲက ၾကားဖူးတာ။ မွတ္မွတ္ရရမႏၲေလးသားအေဖက “ေမရွင္” သီခ်င္းႀကိဳက္တယ္။ ေရဒီယိုက ေမရွင္သီခ်င္းလာရင္ အေဖတိုးတိုးလိုက္ညည္းတတ္တယ္။
အခ်ိဳ႕အပိုဒ္ အေဖစိတ္ပါလာရင္ သီခ်င္းလိုက္ဆိုတတ္တယ္။ ရန္ကင္းအိမ္အေပၚထပ္မွာ ဘင္ဂ်ိဳတီးတတ္တဲ့ အန္ကယ္ႀကီးတေယာက္ရွိတယ္။ တခါတေလ အိမ္မွာ အေဖနဲ႕ ယမကာနည္းနည္းမွီဝဲၿပီး ဘင္ဂ်ိဳတီးသီခ်င္းဆိုရင္ “ေမရွင္” နာမည္ႀကီးသီခ်င္း အၿမဲပါတာ မွတ္မိတယ္။
ေမရွင္ “ ေရွးကုသိုလ္” “ေက်းေစတမန္” သီခ်င္းကို အန္ကယ္ႀကီး မ်က္စိမွိတ္ၿပီး ဘင္ဂ်ိဳနဲ႕ က်က်နန တီးဆိုတတ္တယ္။ အေဖက ေဘးနားကလိုက္ဆို၊ ကြၽန္ေတာ္တို႔ ကေလးတသိုက္ ေဘးနားဝိုင္းအုံ ၾကည့္ခဲ့ၾကတာမွတ္မိတယ္။
“ေရွးကုသိုလ္ ” သီခ်င္းကို ဆရာေ႐ႊျပည္ေအး ေရးသားၿပီး ျပည္လွေဖနဲ႕ေမရွင္ အတြဲသီဆိုခဲ့ၾကတဲ့ တေခတ္ကအလြန္နာမည္ႀကီးတဲ့ Duet စုံတြဲေတးျဖစ္ပါတယ္။ ေခတ္ေဟာင္းအဆိုေတာ္႐ုပ္ရွင္မင္းသမီးႀကီး ေမရွင္ (အမည္ရင္မသန္းရွင္) ကို ဖခင္ဦးခင္ေလး ေဒၚဖြားယုံမွ ေရွးၿမိဳ႕ေတာ္ေဟာင္းမႏၲေလးမွာ ၁၉၁၇ ခုႏွစ္ေမြးဖြားခဲ့တယ္။
ေမရွင္ဟာ ေမာင္ႏွစ္မငါးေယာက္ထဲမွာ အေထြးဆုံးျဖစ္ၿပီး ၇ တန္းေအာင္ျမင္ခဲ့တယ္။ သူအသက္ ၁၈ ႏွစ္အ႐ြယ္မွာ ေအဝမ္းဖလင္ကုမၸဏီမွာ မင္းသမီးလုပ္ခဲ့တယ္။ ခ်ိဳသာႏူးညံ့ေပ်ာ့ေျပာင္းၿပီး ဆြဲေဆာင္တဲ့ သူ႕အသံခ်ိဳခ်ိဳေၾကာင့္ “ေမရွင္” ဟာ ခဏေလးအတြင္း ေအာင္ျမင္ထင္ရွားလာတယ္။
“ေမရွင္” သ႐ုပ္ေဆာင္ခဲ့တဲ့ ပထမဆုံး႐ုပ္ရွင္ကားမွာ “ဖူးစာရွင္” အသံတိတ္ဇတ္ကားျဖစ္တယ္။ အသံထြက္ “ျမႇားနတ္ေမာင္” ႐ုပ္ရွင္ကားမွစၿပီး “ေမရွင္” ထင္ရွားလူႀကိဳက္မ်ားလာခဲ့တယ္။ ၁၉၅၀ မွာ “ေမရွင္” ဟာ ျမန္မာ့အသံမွာ အသံလႊင့္ထုတ္လုပ္ေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့တယ္။ လြတ္လပ္ေရးရၿပီးစ ျမန္မာ့နိုင္ငံေရးမွာ အဆိုေတာ္႐ုပ္ရွင္မင္းသမီးႀကီးေမရွင္ဟာ ဦးႏုရဲ႕ ဖဆပလပါတီကို အားတက္သေရာေထာက္ခံခဲ့တယ္။
၁၉၅၈ ခုႏွစ္မွာ ဦးႏုအစိုးရက “ေမရွင္” ကို အႏုပညာရွင္ကို ခ်ီးျမႇင့္တဲ့ အျမင့္ဆုံးဂုဏ္ထူးေဆာင္ဘြဲ႕ “ဝဏၰေက်ာ္ထင္ဘြဲ႕” ေပးအပ္ခ်ီးျမႇင့္ခဲ့တယ္။ ၁၉၆၂ ခုႏွစ္မွာ အသက္ ၄၆ ႏွစ္ ရွိၿပီျဖစ္တဲ့ ေခတ္ေဟာင္းအဆိုေတာ္မင္းသမီးႀကီးေမရွင္ဟာ အႏုပညာအလုပ္မ်ား ရပ္ဆိုင္းၿပီး လူထုၾကားမွာ ေပ်ာက္ကြယ္သြားခဲ့တယ္။

အဆိုေတာ္႐ုပ္ရွင္မင္းသမီး ေမရွင္ အႏုပညာစန္းအပြင့္ဆုံးကာလမ်ားဟာ စစ္မျဖစ္ခင္ ၁၉၃၆ မွ ၁၉၆၁ အထိႏွစ္ေပါင္း ၃၀ ေက်ာ္အႏုပညာေအာင္ျမင္မႈကို ထိန္းထားနိုင္တဲ့ ရွာမွရွားတဲ့ ျမန္မာအမ်ိဳးသမီးႀကီးတဦးျဖစ္ပါတယ္။ “ေမရွင္” ဟာ သက္ဆုံးတိုင္ ဗုဒၶအဆုံးအမမ်ားနဲ႕ အညီက်င့္ႀကံ ေနထိုင္အရိုးထုတ္သြားခဲ့တယ္။
ေအဝမ္း႐ုပ္ရွင္ကုမၸဏီနဲ႕ “ေမရွင္” ဟာ႐ုပ္ရွင္ကားႀကီးေပါင္း (၁၄) ကားရိုက္ကူးခဲ့ၿပီး ထင္ရွားတဲ့ ကားအခ်ိဳ႕မွာခ်စ္ေရစင္၊ ေစာင္းေတာ္ရွင္၊ ခ်ိန္တန္ၿပီနဲ႕ ေမေသာ္တာတို႔ ျဖစ္ၾကတယ္။ အဆိုေတာ္ေမရွင္ဟာ ေအဝမ္းအသံဖမ္းနဲ႕ ေရာင္းတမ္းဝင္ဓါတ္ျပားေပါင္း ေလးဆယ္ထုတ္လုပ္ခဲ့ၿပီး ေရွးကုသိုလ္၊ ေရွးေရစက္၊ ပ်ိဳ႕မွာတမ္း၊ သက္ေဝသီခ်င္းနဲ႕ ေက်းေစတမန္သီခ်င္းမ်ား အလြန္ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားခဲ့ၾကတယ္။
နအဖစစ္အစိုးရလက္ထက္ ၂၀၀၄ ခုႏွစ္မွာ ဝန္ႀကီးခ်ဳပ္ဗိုလ္ခင္ၫႊန႔္ဟာ မႏၲေလးမွာေနတဲ့ မင္းသမီးႀကီး (ေဒၚ)ေမရွင္ကို သြားဂါရဝျပဳခဲ့ေသးတယ္။ မက်ည္းတန္ (လြိုင္ေကာ္)ဟာ အဆိုေတာ္ႀကီးေမရွင္ ကိုယ္ေရးအထၳဳပတၱိ ျပဳစုေရးသားခဲ့တယ္။
ျမန္မာ့ယဥ္ေက်းမႈနဲ႕ ျမန္မာ့အႏုပညာကို သက္ဆုံးတိုင္ ခုံမင္ေစာင့္ေရွာက္ခဲ့တဲ့ေမရွင္ဟာ အိမ္ေထာင္မျပဳခဲ့ပဲအပ်ိဳႀကီး အျဖစ္ အရိုးထုတ္ခဲ့ပါတယ္။ အမ္မာတီဗီမွာ ႐ုပ္ရွင္မင္းသားရန္ေအာင္ လိုက္ဖ္ ေဖ်ာ္ေျဖပြဲတခုမွာေခတ္ေဟာင္းအဆိုေတာ္ႀကီးေမရွင္က မႏၲေလးေနအိမ္ကေန “ ေရွးကုသိုလ္” သီခ်င္းကို အိမ္ေနရင္းအဝတ္အစားနဲ႕ သီဆိုေဖ်ာ္ေျဖတာ ၾကည့္လိုက္ရေသးတယ္။
အသက္ ၉၁ ႏွစ္ရွိ ေခတ္ေဟာင္းအဆိုေတာ္မင္းသမီးႀကီးေမရွင္ဟာ မႏၲေလးၿမိဳ႕ ေအာင္ေတာ္မႈရပ္ေနအိမ္မွာ ၂၀၀၈ ခုႏွစ္က ကြယ္လြန္ခဲ့ပါတယ္။ “ေမရွင္ျပည္လွေဖ” အတြဲသီဆိုထားတဲ့ “ ေရွးကုသိုလ္ ” သီခ်င္းခံစားနားဆင္ၿပီး ေခတ္ေဟာင္းအဆိုေတာ္႐ုပ္ရွင္မင္းသမီးေမရွင္ရဲ႕ အႏုပညာေမွာ္ဝင္မႈကို ျပန္ေျပာင္းခံစားနိုင္ၾကပါတယ္။ လြင္ဦး_ရန္ကင္း (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – credit)