ဒီညနေကြုံလာတာလေးက ဒီလို ဘတ်စ်ကားပေါ်မှာ လူကကြပ်နေချိန် ကိုယ့်ဘေးတယောက်ကျော်က အသက် ၂၅ နှစ်လောက်ကောင်မလေးက အကျယ်ကြီးထအော်တာ။
ကျမပေါင်ကို တို့ဆေးအပ်နဲ့ထိုးနေတယ် လုပ်ကြပါဦး။ အချက်ရေအများကြီးရှိပြီ။ တရစပ်ထိုးနေတာ အဆိပ်အပ်တွေနဲ့ ကယ်ကြပါဦး။ ခေါင်းတွေ မူးလာပြီဆိုပြီး။

တကားလုံးကလူတွေ အဓိကက မိန်းမတွေပေါ့ လန့်ပြီးအော်ကြ ကားပေါ်ကဆင်းပြေးဖို့ ပြတင်းပေါက်တွေအတင်းဆွဲဖွင့်တဲ့သူကဖွင့် ကားတံခါးကို အတင်းထုဖွင့်ကြနဲ့ အချိန်ခဏလေးအတွင်းမှာ အုတ်အော်သောင်းနင်းပဲ။
ကျမလို မကြောက်တက်တဲ့ မိန်းမတောင် ဖြုန်းဆိုတော့ လန့်သွားတယ်။ ဟယ် အဆိပ်အပ် ဆိုတော့လေ ကားကြပ်ကြပ်ကြီးမှာ စောနက ခြေထောက်တောင် နေရာရွေ့မရတဲ့ အခြေအနေကနေ တံခါးနားစုသွားကြတော့ လူက ချောင်သလိုတောင်ဖြစ်သွားတယ်။
အာ့နဲ့စောနက အော်တဲ့ကောင်မလေးကို သေချာကြည့်မိတော့ သူ့နောက်ကျောက အမကို လက်ညှိုးထိုးအော်နေတုန်း သူလုပ်တာ သူလုပ်တာပေါ့။ အာ့အမကလည်း အူလည်လည် ငိုမဲ့မဲ့မျက်နှာနဲ့ ဝိုင်း-ိုက်မှာစိုးလို့လားမသိ မျက်နှာငယ်လေးနဲ့လက်လေးတခါခါ။

ကားသမားက ဘာဆက်လုပ်ရမှန်းမသိတော့ လမ်းဘေးကပ်ရပ်ပြီး သူလည်းကြောင်နေတယ်။ အမြင်မတော်တဲ့ အကိုကြီးတယောက်က အာ့အမကို ခင်ဗျားဘာလုပ်တာလဲ အာ့ကောင်မလေးကို ဘာတို့ဆေးအပ်နဲ့ထိုးတာလည်းဆိုတော့
ဟိုအမက ဘာအပ်မှမဟုတ်ပါဘူးရှင်။ ကျမ ညဈေးကဝယ်လာတဲ့ ပုဇွန်ထုပ်လေးပါ အိတ်အမဲနဲ့ နှစ်ထပ်ထုတ်ပြီး ကိုင်လာတာပါ။ ကားကြပ်လို့ သူ့ကို ပုဇွန်ခေါင်းနဲ့ထိုးမိတာနေမှာပါတဲ့ အော် ဟယ် အာ့တော့မှလူတွေလည်း ငိုအားထက်ရီအားသန်ဖြစ် (Phoo phoo ‘s mommy)

ဒီညေနႀကဳံလာတာေလးက ဒီလို ဘတ္စ္ကားေပၚမွာ လူကၾကပ္ေနခ်ိန္ ကိုယ့္ေဘးတေယာက္ေက်ာ္က အသက္ ၂၅ ႏွစ္ေလာက္ေကာင္မေလးက အက်ယ္ႀကီးထေအာ္တာ။
က်မေပါင္ကို တို႔ေဆးအပ္နဲ႕ထိုးေနတယ္ လုပ္ၾကပါဦး။ အခ်က္ေရအမ်ားႀကီးရွိၿပီ။ တရစပ္ထိုးေနတာ အဆိပ္အပ္ေတြနဲ႕ ကယ္ၾကပါဦး။ ေခါင္းေတြ မူးလာၿပီဆိုၿပီး။
တကားလုံးကလူေတြ အဓိကက မိန္းမေတြေပါ့ လန႔္ၿပီးေအာ္ၾက ကားေပၚကဆင္းေျပးဖို႔ ျပတင္းေပါက္ေတြအတင္းဆြဲဖြင့္တဲ့သူကဖြင့္ ကားတံခါးကို အတင္းထုဖြင့္ၾကနဲ႕ အခ်ိန္ခဏေလးအတြင္းမွာ အုတ္ေအာ္ေသာင္းနင္းပဲ။
က်မလို မေၾကာက္တက္တဲ့ မိန္းမေတာင္ ျဖဳန္းဆိုေတာ့ လန႔္သြားတယ္။ ဟယ္ အဆိပ္အပ္ ဆိုေတာ့ေလ ကားၾကပ္ၾကပ္ႀကီးမွာ ေစာနက ေျခေထာက္ေတာင္ ေနရာေ႐ြ႕မရတဲ့ အေျခအေနကေန တံခါးနားစုသြားၾကေတာ့ လူက ေခ်ာင္သလိုေတာင္ျဖစ္သြားတယ္။

အာ့နဲ႕ေစာနက ေအာ္တဲ့ေကာင္မေလးကို ေသခ်ာၾကည့္မိေတာ့ သူ႕ေနာက္ေက်ာက အမကို လက္ညွိုးထိုးေအာ္ေနတုန္း သူလုပ္တာ သူလုပ္တာေပါ့။ အာ့အမကလည္း အူလည္လည္ ငိုမဲ့မဲ့မ်က္ႏွာနဲ႕ ဝိုင္း-ိုက္မွာစိုးလို႔လားမသိ မ်က္ႏွာငယ္ေလးနဲ႕လက္ေလးတခါခါ။
ကားသမားက ဘာဆက္လုပ္ရမွန္းမသိေတာ့ လမ္းေဘးကပ္ရပ္ၿပီး သူလည္းေၾကာင္ေနတယ္။ အျမင္မေတာ္တဲ့ အကိုႀကီးတေယာက္က အာ့အမကို ခင္ဗ်ားဘာလုပ္တာလဲ အာ့ေကာင္မေလးကို ဘာတို႔ေဆးအပ္နဲ႕ထိုးတာလည္းဆိုေတာ့
ဟိုအမက ဘာအပ္မွမဟုတ္ပါဘူးရွင္။ က်မ ညေဈးကဝယ္လာတဲ့ ပုဇြန္ထုပ္ေလးပါ အိတ္အမဲနဲ႕ ႏွစ္ထပ္ထုတ္ၿပီး ကိုင္လာတာပါ။ ကားၾကပ္လို႔ သူ႕ကို ပုဇြန္ေခါင္းနဲ႕ထိုးမိတာေနမွာပါတဲ့ ေအာ္ ဟယ္ အာ့ေတာ့မွလူေတြလည္း ငိုအားထက္ရီအားသန္ျဖစ္ (Phoo phoo ‘s mommy)