အညာကသူတွေ အနေနဲ့ နိုင်ငံခြားက လာတဲ့ မုန့်တွေနဲ့တောင် မလဲနိုင်တဲ့ မုန့်လေပွေ အကြောင်း

မုန့်လေပွေ ကြိုက်ကြလား၊ ဟိုတုန်းက ကျနော်တို့အညာဒေသ ဘုရားပွဲတွေမှာ၊ ဘုန်းကြီးပျံပွဲတွေမှာ၊ တန်ဆောင်တိုင်ပွဲတွေမှာ သူမပါရင်မပြီး။

ဒီဘက်ခေတ်မှာတော့ သိပ်မတွေ့ရတော့ဘူး။ ငယ်ငယ်တုန်းကတော့ မုန့်လေပွေသည်လာရင် အမေ့ကို ပူဆာရတာအမော။ ပွဲစျေးတွေမှာဆိုရင်လည်း မုန့်လေပွေရောင်းတဲ့ အဒေါ်ကြီးတွေ မုန့်လေပွေကင်နေတာကို တမေ့တမောထိုင်ကြည့်ပြီးမှ အတွဲလိုက်ဝယ်စားတာမျိုး။



လျှာပေါ်ဝဲမုန့်မျိုးဆိုတော့ ဘယ်လောက်စားစား ဗိုက်ပြည့်တယ်မရှိ။ အဖွားတို့ အမေတို့ကတော့ မုန့်လေပွေဆို အဆိမ့်ထက် ထန်းလျက်ပါတဲ့ အချိုချပ်ကို ပိုပြီးကြိုက်ကြတယ်။

ကိုယ်တွေကတော့ မုန့်လေပွေပေါ့ဆိမ်ဆိမ့်ကိုပဲ ပန်းကန်လေးထဲမှာ ချေမွပြီး ဆီလေးဆမ်းစားရတာကြိုက်တယ်။ ရေစိမ်ပြီး၊ ရေပြန်ညှစ် ဆီနဲ့ ပြန်သုတ်စားရတာလည်းကြိုက်တယ်။



အချပ်လိုက် ထန်းညက်ရည်နဲ့ဆမ်းစားတယ်။ မန်ကျည်းသီး ဆော့ချဉ်နဲ့လည်းတို့စားကြပါတယ်။ 𝙽𝚊𝚝𝚞𝚛𝚎𝙱𝚎𝚊𝚞𝚝𝚢𝙾𝚏𝙼𝚢𝚊𝚗𝚖𝚊𝚛 (မူရင်းရေးသားသူအား လေးစာမှုဖြင့် – credit)

မုန့္ေလေပြ ႀကိဳက္ၾကလား၊ ဟိုတုန္းက က်ေနာ္တို႔အညာေဒသ ဘုရားပြဲေတြမွာ၊ ဘုန္းႀကီးပ်ံပြဲေတြမွာ၊ တန္ေဆာင္တိုင္ပြဲေတြမွာ သူမပါရင္မၿပီး။

ဒီဘက္ေခတ္မွာေတာ့ သိပ္မေတြ႕ရေတာ့ဘူး။ ငယ္ငယ္တုန္းကေတာ့ မုန႔္ေလေပြသည္လာရင္ အေမ့ကို ပူဆာရတာအေမာ။ ပြဲေစ်းေတြမွာဆိုရင္လည္း မုန့္ေလေပြေရာင္းတဲ့ အေဒၚႀကီးေတြ မုန့္ေလေပြကင္ေနတာကို တေမ့တေမာထိုင္ၾကည့္ၿပီးမွ အတြဲလိုက္ဝယ္စားတာမ်ိဳး။



လွ်ာေပၚဝဲမုန့္မ်ိဳးဆိုေတာ့ ဘယ္ေလာက္စားစား ဗိုက္ျပည့္တယ္မရွိ။ အဖြားတို႔ အေမတို႔ကေတာ့ မုန႔္ေလေပြဆို အဆိမ့္ထက္ ထန္းလ်က္ပါတဲ့ အခ်ိဳခ်ပ္ကို ပိုၿပီးႀကိဳက္ၾကတယ္။

ကိုယ္ေတြကေတာ့ မုန့္ေလေပြေပါ့ဆိမ္ဆိမ့္ကိုပဲ ပန္းကန္ေလးထဲမွာ ေခ်မြၿပီး ဆီေလးဆမ္းစားရတာႀကိဳက္တယ္။ ေရစိမ္ၿပီး၊ ေရျပန္ညွစ္ ဆီနဲ႕ ျပန္သုတ္စားရတာလည္းႀကိဳက္တယ္။

အခ်ပ္လိုက္ ထန္းညက္ရည္နဲ႕ဆမ္းစားတယ္။ မန္က်ည္းသီး ေဆာ့ခ်ဥ္နဲ႕လည္းတို႔စားၾကပါတယ္။ 𝙽𝚊𝚝𝚞𝚛𝚎𝙱𝚎𝚊𝚞𝚝𝚢𝙾𝚏𝙼𝚢𝚊𝚗𝚖𝚊𝚛 (မူရင္းေရးသားသူအား ေလးစာမႈျဖင့္ – credit)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top