ထိုင်းထီ ဘတ် (၆) သန်းပေါက်ပေမယ့် အကြွေးတောင် မကြေခဲ့တဲ့ ကြက်ဥသည်ရဲ့ ထူးဆန်းတဲ့ အဖြစ်

ထိုင်းနိုင်ငံအလယ်ပိုင်း ပရာချင် ဘူရီ ပြည်နယ်က ဈေးတစ်ခုမှာ ကြက်ဥရောင်းနေတဲ့ ထိုင်း အမျိုးသမီးတစ်ဦးဟာ မတ်လ ၁၆ ရက် က ထိုင်းအစိုးရထီရဲ့ ဘတ် ၆ သန်း ပေါက်ခဲ့ပေမယ့် သူမမှာ တင်ရှိနေတဲ့ အကြွေးတောင် မကြေဘူးလို့ သိရပါတယ်။



ဘတ် ၆ သန်းထီပေါက်တာကြောင့် ကြက်ဥသည် ဆရီ ဖန်း (ခေါ်) အေမီဟာ သူမရဲ့ ကြက်ဥနဲ့ ဘဲဥ ဗူး ၅၀၀ ကို ဆိုင်မဟာ ဖော့ခရိုင်၊ သာသန်က ခေါင်တိုင်ဈေးထဲ ဝေခဲ့ပါတယ်။

ဒီလို ဘတ် ၆ သန်းထီပေါက်ခဲ့ပေမယ့် သူမမှာ အကြွေး ဘတ် ၁၀ သန်းတင် နေတာကြောင့် နောက် ထပ် ဘတ် ၄ သန်း အကြွေး ကျန်ရှိနေအုန်းမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ထီမထိုးမီ သူမရဲ့ မိခင်က သူမရဲ့ အိပ်မက်ထဲမှာ သီလရှင်တစ်ပါးက နံပါတ် ၃ ဆိုတဲ့ ဂဏန်း တစ်လုံးကို ပေးခဲ့ ကြောင်း သမီးဖြစ်သူ အေမီကို ပြောပြခဲ့ပြီးနောက် အေမီက ၀၂၅၈၇၃ ဆိုတဲ့ ဂဏန်းကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
ပထမတော့ အေမီဟာ နောက်ဆုံး ဂဏာန်း ၂ လုံး တိုက် ဘတ် ၂၀၀၀ ပေါက်တယ်လို့ ထင်ခဲ့ပေမယ့် ဘတ် ၆ သန်း ထီဆုကြီးလည်း ထပ်ပေါက်ခဲ့တာကိုသိသွားခဲ့ပြီး အလွန်ပျော်ရွှင်နေခဲ့ပါတယ်။



အမြင့်ဆုံး ထီဆုကြီးပေါက်သော်လည်းပဲ သူမရဲ့အကြွေးတွေ မကြေေသေးပေမယ့် ဒါဟာ သူမရဲ့ ကုသိုလ်ကောင်းမှုနဲ့ ဘာသာရေးလုပ်ခြင်းကြောင့် ကံကောင်းတာလို့ ယုံကြည်ပြီး နောက်ထပ် သူမရဲ့ ကြက်ဥအလုံးရေများစွာကို ဝေမျှလှူဒါန်းသွားအုန်းမယ်လို့ ပြောခဲ့ပါတယ်။

သူမအနေနဲ့ အကြွေး ဘတ် ၁၀ သန်း မည်သို့မည်ပုံတင်ခဲ့မှန်း အတိအကျ မသိရသေးပါဘူး။ ထီကံကောင်းခဲ့ပေမယ့် အကြွေး မကြေသေးတဲ့သူမ အဖြစ်ကတော့ ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား မသိတဲ့ အဖြစ် ဖြစ်နေပါတယ်။

ထိုင္းနိုင္ငံအလယ္ပိုင္း ပရာခ်င္ ဘူရီ ျပည္နယ္က ေဈးတစ္ခုမွာ ၾကက္ဥေရာင္းေနတဲ့ ထိုင္း အမ်ိဳးသမီးတစ္ဦးဟာ မတ္လ ၁၆ ရက္ က ထိုင္းအစိုးရထီရဲ႕ ဘတ္ ၆ သန္း ေပါက္ခဲ့ေပမယ့္ သူမမွာ တင္ရွိေနတဲ့ အေႂကြးေတာင္ မေၾကဘူးလို႔ သိရပါတယ္။

ဘတ္ ၆ သန္းထီေပါက္တာေၾကာင့္ ၾကက္ဥသည္ ဆရီ ဖန္း (ေခၚ) ေအမီဟာ သူမရဲ႕ ၾကက္ဥနဲ႕ ဘဲဥ ဗူး ၅၀၀ ကို ဆိုင္မဟာ ေဖာ့ခရိုင္၊ သာသန္က ေခါင္တိုင္ေဈးထဲ ေဝခဲ့ပါတယ္။

ဒီလို ဘတ္ ၆ သန္းထီေပါက္ခဲ့ေပမယ့္ သူမမွာ အေႂကြး ဘတ္ ၁၀ သန္းတင္ ေနတာေၾကာင့္ ေနာက္ ထပ္ ဘတ္ ၄ သန္း အေႂကြး က်န္ရွိေနအုန္းမွာလည္း ျဖစ္တယ္လို႔ သိရပါတယ္။

ထီမထိုးမီ သူမရဲ႕ မိခင္က သူမရဲ႕ အိပ္မက္ထဲမွာ သီလရွင္တစ္ပါးက နံပါတ္ ၃ ဆိုတဲ့ ဂဏန္း တစ္လုံးကို ေပးခဲ့ ေၾကာင္း သမီးျဖစ္သူ ေအမီကို ေျပာျပခဲ့ၿပီးေနာက္ ေအမီက ၀၂၅၈၇၃ ဆိုတဲ့ ဂဏန္းကို ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ ေျပာျပခဲ့ပါတယ္။
ပထမေတာ့ ေအမီဟာ ေနာက္ဆုံး ဂဏာန္း ၂ လုံး တိုက္ ဘတ္ ၂၀၀၀ ေပါက္တယ္လို႔ ထင္ခဲ့ေပမယ့္ ဘတ္ ၆ သန္း ထီဆုႀကီးလည္း ထပ္ေပါက္ခဲ့တာကိုသိသြားခ့ၿပီး အလြန္ေပ်ာ္႐ႊင္ေနခဲ့ပါတယ္။



အျမင့္ဆုံး ထီဆုႀကီးေပါက္ေသာ္လည္းပဲ သူမရဲ႕အေႂကြးေတြ မေၾကေေသးေပမယ့္ ဒါဟာ သူမရဲ႕ ကုသိုလ္ေကာင္းမႈနဲ႕ ဘာသာေရးလုပ္ျခင္းေၾကာင့္ ကံေကာင္းတာလို႔ ယုံၾကည္ၿပီး ေနာက္ထပ္ သူမရဲ႕ ၾကက္ဥအလုံးေရမ်ားစြာကို ေဝမွ်လႉဒါန္းသြားအုန္းမယ္လို႔ ေျပာခဲ့ပါတယ္။

သူမအေနနဲ႕ အေႂကြး ဘတ္ ၁၀ သန္း မည္သို႔မည္ပုံတင္ခဲ့မွန္း အတိအက် မသိရေသးပါဘူး။ ထီကံေကာင္းခဲ့ေပမယ့္ အေႂကြး မေၾကေသးတဲ့သူမ အျဖစ္ကေတာ့ ဝမ္းနည္းရမွာလား ဝမ္းသာရမွာလား မသိတဲ့ အျဖစ္ ျဖစ္ေနပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top