မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းတဲ့ မိခင်တစ်ယောက်ကို ကူညီပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးကြီးတစ်လက်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မွန်မြတ်လှတဲ့ ကူညီမှုလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း မျှဝေဖော်ပြလာခဲ့ပါတယ်။


ခိုင်နှင်းဝေကတော့ ဒီနေ့ မတ်လ(၁၇)ရက်နေ့မှာ ဓနုဖြူမြို့၊ အလယ်မြို့(ချောင်းဖျားရွာ)မှာနေထိုင်တဲ့ မွေးရာပါ လက်တစ်ဖက်အင်္ဂါချို့ယွင်းနေသူ မသန်စွမ်းမိခင် တစ်ဦးကနေ မွေးဖွားလာခဲ့တဲ့ မွေးကင်းစသမီးလေးကို မွေးစားစောင့်ရှောက်ပေးဖို့သူကိုယ်တိုင်ကိုယ်ကျ သွားရောက်ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ သမီးလေးကတော့ ရက်(၂၀)အရွယ်သာရှိသေးတာဖြစ်ပြီး မိခင်ကစောင့်ရှောက်နိုင်ဖို့ အဆင်မပြေဖြစ်တာကြောင့် ခိုင်နှင်းဝေက ကူညီစောင့်ရှောက်ပေးသွားမှာပဲဖြစ်ပါတယ်။

မိခင်ဖြစ်သူရဲ့ ကျန်းမာရေးအတွက်လည်း ဆေးကုသမှုခံယူဖို့အတွက် (၅)သိန်းကျပ်ကို လှူဒါန်းပေးခဲ့ပါသေးတယ်။ပရိသတ်ကြီးရေ ဂေဟာမှာ မိသားစုဝင်အဖြစ်ရောက်ရှိလာမယ့် သမီးလေးကိုလည်း မေတ္တာတွေပေး ချစ်ပေးကြပါဦးနော်။

Source – Khine Hnin Wai
Credit



Source – Khine Hnin Wai
Credit

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top