ထိုင်းမန်ကျည်း အနှစ်ရည် ပုလင်းနဲ့ အချဉ်အဖမ်းခံ ထိသွားတဲ့ ရွှေမြန်မာတွေရဲ့ အဖြစ်

ထိုင်းမန်ကျည်းအနှစ်ရည် ပုလင်းနဲ့ အချဉ်အဖမ်းခံ ထိသွားတဲ့ ရွှေမြန်မာတွေရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ပုံပါ ပုလင်းက ထိုင်းမန်ကျည်းအနှစ်ရည်ပါ၊ ထိုင်းကနေရောင်းတဲ့ လိုက်ဖ်ဆေးလ်မှ ဝယ်တာပါ၊


သုံးလက်စပုလင်း နည်းနည်းပဲ ကျန်လို့ လှယ်လိုက်တာမှာ အောက်ခြေပုလင်းနားကပ်နေတဲ့အထဲ အစေ့လေးတွေတွေ့လို့ စားကြည့်တာ ဘာတွေလဲဆိုပြီးလေ၊ အံ့သြသွားတယ်။

ဆစ်ထရစ် အက်ဆစ် အချဉ်ခဲလေးတွေ ဖြစ်နေလို့လေ၊ သဘာဝမန်ကျည်းအနှစ်မဟုတ်ဘဲ အချဉ်ခဲ ထည့်ထားတဲ့ ထိုင်းထုတ် မန်ကျည်းရည် အနှစ်ဖြစ်နေတယ်၊



မြန်မာပြည်လဲ အိမ်နီးချင်းတွေ အချဉ်ဖမ်းခံထိနေပြီလေ။ အခုတော့ မန်ကျည်းမှည့်ဝယ်ပြီး နှစ်ပေါက်သိမ်းစားတော့မယ်လေ။ (Khin Hla Mon) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)







Leave a Reply

Your email address will not be published. Required fields are marked *

Back To Top