တရုတ်ပြည် မြောက်ပိုင်းက အရပ် (၂) ပေ (၃) ပေ သာရှိတဲ့ လူပုလေးတို့ရဲ့ ထူးဆန်းတဲ့ ရွာ
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း Sichuan ပြည်နယ်အတွင်းမှာတည်ရှိတဲ့ Yangsi ကျေးရွာဟာလည်း အာရှရဲ့ထူးဆန်းဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ဒေသတစ်ခုဖြစ်နေပါတယ်။
အကြောင်းကတော့ လူပုမျိုးနွယ်စုများစွာ တည်ရှိနေတဲ့အချက်ကြောင့် ဖြစ်ပါတယ်။ ဘာကြောင့်ဒီလို လူပုများစွာတစ်နေရာတည်းမှာ တည်ရှိနေတယ်ဆိုတဲ့ အချက်ကို မျိုးရိုးဗီဇဆိုင်ရာပညာရှင်များစွာက ခုချိန်ထိ တိကျတဲ့ အဖြေကိုပေးနိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။

Yangsi ကျေးရွာဟာ မြို့ပြနဲ့အလွန်ဝေးကွာတဲ့ အရပ်မှာ တည်ရှိနေတာဖြစ်ပြီး လူနေအိမ်ခြေ အလွန်နည်းပါးပါတယ်။ ဒီကျေးရွာရဲ့ ပတ်လည်မှာတောင်တန်းတွေ၊ စပါးခင်းတွေသာ ဝန်းရံထားပြီး ယနေ့အထိလူဦးရေ (၈၀) လောက်သာ အခြေချနေထိုင်ပါတယ်။ လူဦးရေရဲ့ (၄၀) ရာခိုင်နှုန်းဖြစ်တဲ့ (၃၆) ယောက်ဟာ လူပုလေးတွေဖြစ်ပြီး သူတို့တွေရဲ့အရှည်ဆုံးအရပ်ဟာ (၃) ပေ (၁၀) လက်မ ဖြစ်ပြီး အပုဆုံးအနေနဲ့ (၂) ပေနဲ့ (၁) လက်မအရွယ်အစားသာ ရှိပါတယ်။
ထူးခြားတာကတော့ အဲဒီ လူပုမျိုးနွယ်အားလုံးဟာ အခြားသော တရုတ်ပြည်ဒေသအသီးသီးက ပြောင်းရွေ့လာတာ မျိုးမဟုတ်ပဲ Yangsi ဒေသမှာပဲ ဘိုးဘွားစဉ်ဆက်နေထိုင်လာခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ အများစုကတော့ အခြားသောအရပ်ကို ပြောင်းရွေအခြေချနေထိုင်ခြင်း မရှိပဲ ဒေသစွဲပြင်းထန်သူတွေ ဖြစ်ကြပါတယ်။
မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုတစ်ရပ်မှာတော့ Yangsi ကျေးရွာက လူပုမျိုးနွယ်တွေရဲ့ ဗီဇမျိုးဟာ လူပေါင်း (၂၀၀၀၀) လောက်မှာ (၁) ဦးဖြစ်ဖို့တောင် ရာခိုင်နှုန်းအလွန်နည်းပါး တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီကျေးရွာမှာတော့ ဒီလိုလူပုမျိုးနွယ်အများကြီး ရှိနေတဲ့အချက်က သိပ္ပံပညာရှင်တွေအတွက် ခေါင်းရှုပ်စရာ ဖြစ်လာခဲ့ပါတယ်။ သာမန်ထက်ထူးကဲနေတဲ့ ဖြစ်ရပ်အဖြစ်သာ မှတ်ချက်ပြုထားကြတာကို တွေ့ရပါတယ်။
ယင်းဒေသနဲ့ဆက်စပ်တည်ရှိနေတဲ့ စိုက်ပျိုးသီးနှံ၊ မြေဆီလွှာ၊ ရေစတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေဟာလည်း ပုံမှန်အတိုင်းသာရှိတာကြောင့် အတော်ကို အံ့သြသင့်စရာဖြစ်လို့နေပြန်ပါတယ်။ ဒါအပြင် လူပုမျိုးနွယ်ရဲ့ တစ်ဦးချင်းကို Genetic Engineering နည်းနဲ့ ဆန်းစစ်ခဲ့ပေမဲ့ ထူးဆန်းတဲ့ အချက်အလက်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိခဲ့ပြန်ပါဘူး။
ယနေ့အချိန်မှာတော့ Yangsi ကျေးရွာရဲ့ လူဦးရေဟာ (၈၀) ဦးသာရှိပေမဲ့ ဒေသခံတွေကတော့ သေလွန်ခဲ့ပြီးတဲ့ လူပုမျိုးနွယ် (၁၁၉) ဦးအပြင် အခြားသောဝိညဉ်တွေပါ ယင်းဒေသမှာ ပေါင်းစဉ်းနေထိုင်ကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင်ကွယ်လွန်ပြီးတဲ့ လူပုမျိုးနွယ်တွေဟာ ဒီရွာမှာပဲ လူပြန်ဝင်စားတယ်ဆိုတဲ့ ယုံကြည်ချက်လည်း ရှိနေပါတယ်။ ဒီလိုထူးဆန်းတဲ့ လူပုမျိုးနွယ်တွေတည်ရှိနေတဲ့ Yangsi ကျေးရွာရဲ့သတင်းဟာ (၁၉၁၁) ခုနှစ်လောက်ကတည်းက တရုတ်နိုင်ငံတွင်း ကျော်ကြားခဲ့တာဖြစ်ပေမဲ့ အစိုးရကတော့ (၁၉၅၁) ခုနှစ်လောက်ကမှ စတင်လေ့လာမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဒါကလည်း အင်္ဂလိပ်သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Karyl Robin Evans ရဲ့လေ့လာမှုကနေ Yangsi ကျေးရွာအနီး ခရီးစဉ်တစ်ခုအတွင်းမှာ လူပုမျိုးနွယ်တစ်ရာနီးပါးကို စတင်တွေ့ ရှိခဲ့ရာမှ အစိုးရအဆင့်စတင်စုံစမ်းဖို့အကြောင်းဖန်လာတာပဲဖြစ်ပါတယ်။ တွေ့ရှိသူ Karyl Robin Evansကိုယ်တိုင်(၄)နှစ်ခန့်လောက်အချိန်ယူ လေ့လာခဲ့ပြီးမှ သူရဲ့တွေ့ရှိ ချက်ကို ကြေငြာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
စိတ်ဝင်စားစရာအချက်ကတော့ အဲဒီအချိန်တုန်းက တရုတ်အစိုးရဟာ ဒီလူပုမျိုးနွယ်တွေ တည်ရှိနေတယ်ဆိုတဲ့ အကြောင်းကို ကမ္ဘာကိုချပြခဲ့ခြင်းမရှိတဲ့ အပြင် နိုင်ငံခြားဧည့်သည်တွေကိုလည်း ယင်းနေရာကို သွားရောက်ဖို့ခွင့်မပြုခဲ့ပါဘူး။ ယခုလိုယင်းထူးဆန်းတဲ့ လူပုမျိုးနွယ်တွေရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်း သတင်းမုဆိုးတွေရဲ့ ဖော်ပြချက်တွေ ပျံ့နှံ့လာမှသာ အကန့်အသတ် နဲ့ လာရောက်လေ့လာ ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
Yangsi ဒေသခံတွေရဲ့ပြောပြချက်ကတော့ ဟိုးယခင်အချိန်ကာလ တုန်းကတော့ ရွာခံတွေရဲ့ အရပ်အမောင်းဟာ သာမန်အတိုင်းရှိနေခဲ့ပါတယ်။ ဒါပေမဲ့တစ်ခုသော နွေရာသီအချိန်မှာ တော့ထူးဆန်းတဲ့ ကပ်ရောဂါဆန်ဆန် ကူးစက်ရောဂါတစ်မျိုးဟာ ရွာခံအသက် (၅) နှစ်ကနေ (၇) နှစ်အကြား ကလေးငယ်အချို့ကို ကူးစက်ခဲ့ပါတယ်။
ယင်းရောဂါကျရောက်ပြီးချိန်မှာတော့ ကလေးငယ်တွေရဲ့ ကြီးထွားမှုနှုန်းဟာရပ်တန့် သွားခဲ့ပါတယ်။ ဝေဒနာခံစားခဲ့ရတဲ့ ကလေးငယ်တွေအနေနဲ့ ကြီးထွားမှုရပ်တန့်သွားခဲ့တာကလွဲပြီး အခြားခန္ဓာကိုယ်ဆိုင်ရာ ကြီးကြီးမားမားထိခိုက်မှုတော့ မရှိခဲ့ဖူးလို့ ဆိုပါတယ်။
အချို့ကလည်း Yangsi ကျေးရွာက လူပုမျိုးနွယ်တွေ များပြားနေရခြင်းဟာ ဂျပန်စစ်တပ်က တရုတ်ကို ကျူးကျော်တိုက်ခိုက်ချိန်က အဆိပ်သင့်ဓာတ်ငွေ့တွေကိုအသုံးပြု တိုက်ခိုက်ခဲ့ခြင်းကနေ ရရှိတဲ့အကျိုးဆက်ဖြစ်တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ နောက်ပိုင်း ဆန်းစစ်ချက်တွေအရတော့ ဂျပန်တွေရဲ့ ကျူးကျော်စစ်ဆင်နွှဲတဲ့နယ်မြေအတွင်းမှာ ဂျပန်စစ်တပ်ဟာ Yangsi ကျေးရွာဧရိယာထိ မရှိခဲ့တာကြောင့် ဒီသုံးသပ်ချက်ဟာ ပျက်ပြယ်ခဲ့ရပါတယ်။ အချို့ကလည်း ဒါဟာ ကျိန်စာတစ်ခုဖြစ်ပြီး သူတို့ရဲ့ဘိုးဘေးဘီဘင်တွေကို ကောင်းမွန် စွာမြုပ်နှံသဂြိုလ်ခြင်း မရှိခဲ့တာကြောင့်လည်းဖြစ်တယ်လို့ ဆိုကြပြန်ပါတယ်။
ဒီလူပုကျေးရွာအပေါ် အခြားများစွာသောထင်မြင်မှု၊ အကြောင်းပြချက်တွေရှိနေတဲ့အပြင် သိပ္ပံနည်းပညာအရ စမ်းသပ်ချက်တွေမှာလည်း ယခုတိုင် တိကျတဲ့ အဖြေထွက်ပေါ်လာခဲ့ခြင်း မရှိတာတွေကြောင့် လူစိတ်ဝင်စားမှု တစ်နေ့ တစ်ခြားများပြားလျက်ရှိနေပါတယ်။
ရိုးရာပုံပြင်တစ်ခုမှာတော့ Yangsi ရွာသား Wang လို့အမည်ရတဲ့သူတစ်ဦးဟာ တစ်ပါးသောအရပ်ကနေ ထူးဆန်းတဲ့ ခြေထောက်တွေပါ ရှိတဲ့ ပင်လယ်လိပ်တစ်ကောင်ကို ရွာကိုသယ်ဆောင်လာခဲ့ပါတယ်။ ရွာသားတွေအနေနဲ့ ယင်းလိပ်ကြီးကို သတ်ပြီး စားသောက်ရမလား ပြန်လွှတ်ပေးရမလာဆိုတာ ဝေခွဲမရ ဖြစ်နေခဲ့ပါတယ်။

Yangsi ရွာမှာရှိတဲ့ အဆိုးမြင်ဝါဒီတွေက သတ်ဖြတ်စားသောက်ပြီး ရိုးရာအတိုင်းကျင်းပတဲ့ ရွာစားသောက်ဝိုင်းမှာတည့်ခင်းတဲ့ ဟင်းလျာအဖြစ်သဘောတူကြပါတယ်။ အချို့ကလည်း ဒီကမ္ဘာလိပ်ကြီးရဲ့ အသားဟာဘေးရန်ကို ဖြစ်စေတတ်ကြောင်းပြောဆိုဖျောင်းဖြမှုတွေရှိပေမဲ့ နောက်ပိုင်းမှာတော့ ကမ္ဘာလိပ်ကြီးကို သတ်ဖြတ်စားသောက်ခဲ့ကြပါတယ်။ ယင်းနောက်မှာ ကမ္ဘာလိပ်ရဲ့အသားကို စားသောက်မိတဲ့သူတိုင်း မျိုးရိုးစဉ်ဆက် ယခုလိုကြီးထွားမှုရပ်တံ့တဲ့ ရောဂါကိုကြုံလာ ရပါတယ်လို့ ဒီပုံပြင်ကဆိုပါတယ်။
Yangsi ကျေးရွာမှာရှိတဲ့ လူပုမျိုးနွယ်တွေဟာ နှစ်ပေါင်း (၆၀ )ထက်မက ယခုလို ကြီးထွား မှုရပ်တန့်တဲ့ရောဂါကို ခံစားနေခဲ့ရတာပဲဖြစ်ပါတယ်။ ယင်းလူပုမျိုးနွယ်ထဲကမှ အချို့သော မိသားစုအနည်းငယ်ကတော့ ဒီဗီဇဆိုင်ရာကွဲပြားမှုဖြစ်စဉ်က လွတ်ကင်းမှု အနည်းငယ်တော့ရှိခဲ့ပါတယ်။
ယနေ့တိုင် သိပ္ပံနည်းပညာတွေနဲ့ အဖြေရှာမရတဲ့ ပြသနာဖြစ်နေတာကြောင့်လည်း Yangsi ရွာနဲ့ပတ်သက်တဲ့ ရှေးပုံပြင်လာကျိန်စာ တွေဟာတကယ်ပဲ မှန်ကန်နေခဲ့တာလားလို့လည်း သံသယဖြစ်စရာကောင်းနေပါတယ်။
နောင်တစ်ချိန်ချိန်မှာ Yangsi ကျေးရွာရဲ့ ဒီထူးခြားမှုဖြစ်စဉ်အတွက် မှန်ကန်တဲ့အဖြေ တစ်ခုထွက်လာကောင်း ထွက်လာနိုင်ပေမဲ့ ယနေ့အချိန်ထိတော့ ဒီကျေးရွာကို ထူးဆန်းတဲ့ အရပ်ဒေသလို့ပဲ သတ်မှတ်ထားရမှာပဲဖြစ်ပါတယ်။
Credit -Sooth
တ႐ုတ္ျပည္ ေျမာက္ပိုင္းက အရပ္ (၂) ေပ (၃) ေပ သာရွိတဲ့ လူပုေလးတို႔ရဲ႕ ထူးဆန္းတဲ့ ႐ြာ
တ႐ုတ္နိုင္ငံအေနာက္ေျမာက္ပိုင္း Sichuan ျပည္နယ္အတြင္းမွာတည္ရွိတဲ့ Yangsi ေက်း႐ြာဟာလည္း အာရွရဲ႕ထူးဆန္းဖြယ္ရာေတြနဲ႕ ျပည့္ႏွက္ေနတဲ့ ေဒသတစ္ခုျဖစ္ေနပါတယ္။
အေၾကာင္းကေတာ့ လူပုမ်ိဳးႏြယ္စုမ်ားစြာ တည္ရွိေနတဲ့အခ်က္ေၾကာင့္ ျဖစ္ပါတယ္။ ဘာေၾကာင့္ဒီလို လူပုမ်ားစြာတစ္ေနရာတည္းမွာ တည္ရွိေနတယ္ဆိုတဲ့ အခ်က္ကို မ်ိဳးရိုးဗီဇဆိုင္ရာပညာရွင္မ်ားစြာက ခုခ်ိန္ထိ တိက်တဲ့ အေျဖကိုေပးနိုင္ျခင္း မရွိေသးတာလည္း ျဖစ္ပါတယ္။
Yangsi ေက်း႐ြာဟာ ၿမိဳ႕ျပနဲ႕အလြန္ေဝးကြာတဲ့ အရပ္မွာ တည္ရွိေနတာျဖစ္ၿပီး လူေနအိမ္ေျခ အလြန္နည္းပါးပါတယ္။ ဒီေက်း႐ြာရဲ႕ ပတ္လည္မွာေတာင္တန္းေတြ၊ စပါးခင္းေတြသာ ဝန္းရံထားၿပီး ယေန႕အထိလူဦးေရ (၈၀) ေလာက္သာ အေျခခ်ေနထိုင္ပါတယ္။ လူဦးေရရဲ႕ (၄၀) ရာခိုင္ႏႈန္းျဖစ္တဲ့ (၃၆) ေယာက္ဟာ လူပုေလးေတြျဖစ္ၿပီး သူတို႔ေတြရဲ႕အရွည္ဆုံးအရပ္ဟာ (၃) ေပ (၁၀) လက္မ ျဖစ္ၿပီး အပုဆုံးအေနနဲ႕ (၂) ေပနဲ႕ (၁) လက္မအ႐ြယ္အစားသာ ရွိပါတယ္။
ထူးျခားတာကေတာ့ အဲဒီ လူပုမ်ိဳးႏြယ္အားလုံးဟာ အျခားေသာ တ႐ုတ္ျပည္ေဒသအသီးသီးက ေျပာင္းေ႐ြ႕လာတာ မ်ိဳးမဟုတ္ပဲ Yangsi ေဒသမွာပဲ ဘိုးဘြားစဥ္ဆက္ေနထိုင္လာခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။ အမ်ားစုကေတာ့ အျခားေသာအရပ္ကို ေျပာင္းေ႐ြအေျခခ်ေနထိုင္ျခင္း မရွိပဲ ေဒသစြဲျပင္းထန္သူေတြ ျဖစ္ၾကပါတယ္။
မ်ိဳးရိုးဗီဇဆိုင္ရာ ေလ့လာမႈတစ္ရပ္မွာေတာ့ Yangsi ေက်း႐ြာက လူပုမ်ိဳးႏြယ္ေတြရဲ႕ ဗီဇမ်ိဳးဟာ လူေပါင္း (၂၀၀၀၀) ေလာက္မွာ (၁) ဦးျဖစ္ဖို႔ေတာင္ ရာခိုင္ႏႈန္းအလြန္နည္းပါး တယ္လို႔ဆိုပါတယ္။ ဒါေပမဲ့ ဒီေက်း႐ြာမွာေတာ့ ဒီလိုလူပုမ်ိဳးႏြယ္အမ်ားႀကီး ရွိေနတဲ့အခ်က္က သိပၸံပညာရွင္ေတြအတြက္ ေခါင္းရႈပ္စရာ ျဖစ္လာခဲ့ပါတယ္။ သာမန္ထက္ထူးကဲေနတဲ့ ျဖစ္ရပ္အျဖစ္သာ မွတ္ခ်က္ျပဳထားၾကတာကို ေတြ႕ရပါတယ္။
ယင္းေဒသနဲ႕ဆက္စပ္တည္ရွိေနတဲ့ စိုက္ပ်ိဳးသီးႏွံ၊ ေျမဆီလႊာ၊ ေရစတဲ့ ပတ္ဝန္းက်င္ဆိုင္ရာ အခ်က္အလက္ေတြဟာလည္း ပုံမွန္အတိုင္းသာရွိတာေၾကာင့္ အေတာ္ကို အံ့ၾသသင့္စရာျဖစ္လို႔ေနျပန္ပါတယ္။ ဒါအျပင္ လူပုမ်ိဳးႏြယ္ရဲ႕ တစ္ဦးခ်င္းကို Genetic Engineering နည္းနဲ႕ ဆန္းစစ္ခဲ့ေပမဲ့ ထူးဆန္းတဲ့ အခ်က္အလက္ကို ရွာေဖြ ေတြ႕ရွိခဲ့ျခင္း မရွိခဲ့ျပန္ပါဘူး။

ယေန႕အခ်ိန္မွာေတာ့ Yangsi ေက်း႐ြာရဲ႕ လူဦးေရဟာ (၈၀) ဦးသာရွိေပမဲ့ ေဒသခံေတြကေတာ့ ေသလြန္ခဲ့ၿပီးတဲ့ လူပုမ်ိဳးႏြယ္ (၁၁၉) ဦးအျပင္ အျခားေသာဝိညဥ္ေတြပါ ယင္းေဒသမွာ ေပါင္းစဥ္းေနထိုင္ၾကတယ္လို႔ဆိုပါတယ္။
ဒါ့အျပင္ကြယ္လြန္ၿပီးတဲ့ လူပုမ်ိဳးႏြယ္ေတြဟာ ဒီ႐ြာမွာပဲ လူျပန္ဝင္စားတယ္ဆိုတဲ့ ယုံၾကည္ခ်က္လည္း ရွိေနပါတယ္။ ဒီလိုထူးဆန္းတဲ့ လူပုမ်ိဳးႏြယ္ေတြတည္ရွိေနတဲ့ Yangsi ေက်း႐ြာရဲ႕သတင္းဟာ (၁၉၁၁) ခုႏွစ္ေလာက္ကတည္းက တ႐ုတ္နိုင္ငံတြင္း ေက်ာ္ၾကားခဲ့တာျဖစ္ေပမဲ့ အစိုးရကေတာ့ (၁၉၅၁) ခုႏွစ္ေလာက္ကမွ စတင္ေလ့လာမႈေတြ ျပဳလုပ္ခဲ့ၾကတာပါ။
ဒါကလည္း အဂၤလိပ္သိပၸံပညာရွင္တစ္ဦးျဖစ္တဲ့ ေဒါက္တာ Karyl Robin Evans ရဲ႕ေလ့လာမႈကေန Yangsi ေက်း႐ြာအနီး ခရီးစဥ္တစ္ခုအတြင္းမွာ လူပုမ်ိဳးႏြယ္တစ္ရာနီးပါးကို စတင္ေတြ႕ ရွိခဲ့ရာမွ အစိုးရအဆင့္စတင္စုံစမ္းဖို႔အေၾကာင္းဖန္လာတာပဲျဖစ္ပါတယ္။ ေတြ႕ရွိသူ Karyl Robin Evansကိုယ္တိုင္(၄)ႏွစ္ခန့္ေလာက္အခ်ိန္ယူ ေလ့လာခဲ့ၿပီးမွ သူရဲ႕ေတြ႕ရွိ ခ်က္ကို ေၾကျငာနိုင္ခဲ့တာလည္းျဖစ္ပါတယ္။
စိတ္ဝင္စားစရာအခ်က္ကေတာ့ အဲဒီအခ်ိန္တုန္းက တ႐ုတ္အစိုးရဟာ ဒီလူပုမ်ိဳးႏြယ္ေတြ တည္ရွိေနတယ္ဆိုတဲ့ အေၾကာင္းကို ကမာၻကိုခ်ျပခဲ့ျခင္းမရွိတဲ့ အျပင္ နိုင္ငံျခားဧည့္သည္ေတြကိုလည္း ယင္းေနရာကို သြားေရာက္ဖို႔ခြင့္မျပဳခဲ့ပါဘူး။ ယခုလိုယင္းထူးဆန္းတဲ့ လူပုမ်ိဳးႏြယ္ေတြရွိေနတယ္ဆိုတဲ့အေၾကာင္းကိုလည္း သတင္းမုဆိုးေတြရဲ႕ ေဖာ္ျပခ်က္ေတြ ပ်ံ့ႏွံ႕လာမွသာ အကန့္အသတ္ နဲ႕ လာေရာက္ေလ့လာ ခြင့္ျပဳခဲ့တာလည္း ျဖစ္ပါတယ္။
Yangsi ေဒသခံေတြရဲ႕ေျပာျပခ်က္ကေတာ့ ဟိုးယခင္အခ်ိန္ကာလ တုန္းကေတာ့ ႐ြာခံေတြရဲ႕ အရပ္အေမာင္းဟာ သာမန္အတိုင္းရွိေနခဲ့ပါတယ္။ ဒါေပမဲ့တစ္ခုေသာ ေႏြရာသီအခ်ိန္မွာ ေတာ့ထူးဆန္းတဲ့ ကပ္ေရာဂါဆန္ဆန္ ကူးစက္ေရာဂါတစ္မ်ိဳးဟာ ႐ြာခံအသက္ (၅) ႏွစ္ကေန (၇) ႏွစ္အၾကား ကေလးငယ္အခ်ိဳ႕ကို ကူးစက္ခဲ့ပါတယ္။
ယင္းေရာဂါက်ေရာက္ၿပီးခ်ိန္မွာေတာ့ ကေလးငယ္ေတြရဲ႕ ႀကီးထြားမႈႏႈန္းဟာရပ္တန့္ သြားခဲ့ပါတယ္။ ေဝဒနာခံစားခဲ့ရတဲ့ ကေလးငယ္ေတြအေနနဲ႕ ႀကီးထြားမႈရပ္တန့္သြားခဲ့တာကလြဲၿပီး အျခားခႏၶာကိုယ္ဆိုင္ရာ ႀကီးႀကီးမားမားထိခိုက္မႈေတာ့ မရွိခဲ့ဖူးလို႔ ဆိုပါတယ္။
အခ်ိဳ႕ကလည္း Yangsi ေက်း႐ြာက လူပုမ်ိဳးႏြယ္ေတြ မ်ားျပားေနရျခင္းဟာ ဂ်ပန္စစ္တပ္က တ႐ုတ္ကို က်ဴးေက်ာ္တိုက္ခိုက္ခ်ိန္က အဆိပ္သင့္ဓာတ္ေငြ႕ေတြကိုအသုံးျပဳ တိုက္ခိုက္ခဲ့ျခင္းကေန ရရွိတဲ့အက်ိဳးဆက္ျဖစ္တယ္လို႔ဆိုပါတယ္။
ဒါေပမဲ့ ေနာက္ပိုင္း ဆန္းစစ္ခ်က္ေတြအရေတာ့ ဂ်ပန္ေတြရဲ႕ က်ဴးေက်ာ္စစ္ဆင္ႏႊဲတဲ့နယ္ေျမအတြင္းမွာ ဂ်ပန္စစ္တပ္ဟာ Yangsi ေက်း႐ြာဧရိယာထိ မရွိခဲ့တာေၾကာင့္ ဒီသုံးသပ္ခ်က္ဟာ ပ်က္ျပယ္ခဲ့ရပါတယ္။ အခ်ိဳ႕ကလည္း ဒါဟာ က်ိန္စာတစ္ခုျဖစ္ၿပီး သူတို႔ရဲ႕ဘိုးေဘးဘီဘင္ေတြကို ေကာင္းမြန္ စြာျမဳပ္ႏွံသၿဂိဳလ္ျခင္း မရွိခဲ့တာေၾကာင့္လည္းျဖစ္တယ္လို႔ ဆိုၾကျပန္ပါတယ္။
ဒီလူပုေက်း႐ြာအေပၚ အျခားမ်ားစြာေသာထင္ျမင္မႈ၊ အေၾကာင္းျပခ်က္ေတြရွိေနတဲ့အျပင္ သိပၸံနည္းပညာအရ စမ္းသပ္ခ်က္ေတြမွာလည္း ယခုတိုင္ တိက်တဲ့ အေျဖထြက္ေပၚလာခဲ့ျခင္း မရွိတာေတြေၾကာင့္ လူစိတ္ဝင္စားမႈ တစ္ေန႕ တစ္ျခားမ်ားျပားလ်က္ရွိေနပါတယ္။
ရိုးရာပုံျပင္တစ္ခုမွာေတာ့ Yangsi ႐ြာသား Wang လို႔အမည္ရတဲ့သူတစ္ဦးဟာ တစ္ပါးေသာအရပ္ကေန ထူးဆန္းတဲ့ ေျခေထာက္ေတြပါ ရွိတဲ့ ပင္လယ္လိပ္တစ္ေကာင္ကို ႐ြာကိုသယ္ေဆာင္လာခဲ့ပါတယ္။ ႐ြာသားေတြအေနနဲ႕ ယင္းလိပ္ႀကီးကို သတ္ၿပီး စားေသာက္ရမလား ျပန္လႊတ္ေပးရမလာဆိုတာ ေဝခြဲမရ ျဖစ္ေနခဲ့ပါတယ္။
Yangsi ႐ြာမွာရွိတဲ့ အဆိုးျမင္ဝါဒီေတြက သတ္ျဖတ္စားေသာက္ၿပီး ရိုးရာအတိုင္းက်င္းပတဲ့ ႐ြာစားေသာက္ဝိုင္းမွာတည့္ခင္းတဲ့ ဟင္းလ်ာအျဖစ္သေဘာတူၾကပါတယ္။ အခ်ိဳ႕ကလည္း ဒီကမာၻလိပ္ႀကီးရဲ႕ အသားဟာေဘးရန္ကို ျဖစ္ေစတတ္ေၾကာင္းေျပာဆိုေဖ်ာင္းျဖမႈေတြရွိေပမဲ့ ေနာက္ပိုင္းမွာေတာ့ ကမာၻလိပ္ႀကီးကို သတ္ျဖတ္စားေသာက္ခဲ့ၾကပါတယ္။ ယင္းေနာက္မွာ ကမာၻလိပ္ရဲ႕အသားကို စားေသာက္မိတဲ့သူတိုင္း မ်ိဳးရိုးစဥ္ဆက္ ယခုလိုႀကီးထြားမႈရပ္တံ့တဲ့ ေရာဂါကိုႀကဳံလာ ရပါတယ္လို႔ ဒီပုံျပင္ကဆိုပါတယ္။
Yangsi ေက်း႐ြာမွာရွိတဲ့ လူပုမ်ိဳးႏြယ္ေတြဟာ ႏွစ္ေပါင္း (၆၀ )ထက္မက ယခုလို ႀကီးထြား မႈရပ္တန့္တဲ့ေရာဂါကို ခံစားေနခဲ့ရတာပဲျဖစ္ပါတယ္။ ယင္းလူပုမ်ိဳးႏြယ္ထဲကမွ အခ်ိဳ႕ေသာ မိသားစုအနည္းငယ္ကေတာ့ ဒီဗီဇဆိုင္ရာကြဲျပားမႈျဖစ္စဥ္က လြတ္ကင္းမႈ အနည္းငယ္ေတာ့ရွိခဲ့ပါတယ္။
ယေန႕တိုင္ သိပၸံနည္းပညာေတြနဲ႕ အေျဖရွာမရတဲ့ ျပသနာျဖစ္ေနတာေၾကာင့္လည္း Yangsi ႐ြာနဲ႕ပတ္သက္တဲ့ ေရွးပုံျပင္လာက်ိန္စာ ေတြဟာတကယ္ပဲ မွန္ကန္ေနခဲ့တာလားလို႔လည္း သံသယျဖစ္စရာေကာင္းေနပါတယ္။
ေနာင္တစ္ခ်ိန္ခ်ိန္မွာ Yangsi ေက်း႐ြာရဲ႕ ဒီထူးျခားမႈျဖစ္စဥ္အတြက္ မွန္ကန္တဲ့အေျဖ တစ္ခုထြက္လာေကာင္း ထြက္လာနိုင္ေပမဲ့ ယေန႕အခ်ိန္ထိေတာ့ ဒီေက်း႐ြာကို ထူးဆန္းတဲ့ အရပ္ေဒသလို႔ပဲ သတ္မွတ္ထားရမွာပဲျဖစ္ပါတယ္။
Credit -Sooth