လိမ္မော်ရောင်ဘန်ကောက်ပုဆိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာနဲ့ သူ့ရဲ့ဓာတ်ပုံတွေ အားလုံးနီးပါး ခင်ဗျားတို့ မြင်ဘူးကြပါတယ်။
ဒါပေမဲ့ လိမ္မော်ရောင်တောက်တောက်ဘန်ကောက်ပုဆိုးဝတ်ထားတဲ့ ပုံ မပါပါဘူး၊ အချို့က အဖြူအမဲပုံကို ဆော့ဝဲနဲ့အရောင်ထည့်တဲ့အခါ ဘန်ကောက်ပုဆိုးဝတ်ထား ပေမဲ့လည်း အဖြူရောင်ဖြစ်သွားပါတယ်။

အလံပြဘုရားအနီးက ဆေးရုံမှာ ဆေးရုံတက်ရာကစတဲ့ ဘန်ကောက်ပုဆိုးပြဿနာပါ၊ သူနာပြုဆရာမလေး မခင်ကြည်ကို ချစ်မိရာကစပြီး “အကြည်တိုက်မှ ဆေးသောက်မယ် ကျန်တာမလာနဲ့” လို့ ကလေးဆိုကြီးလို လုပ်ရာက နောက်ဆုံး ညားသွားပါတယ်။
အရေးပေါ်မင်္ဂလာဆောင်ကို ကိုယ်တိုင်စီမံပါတယ်၊ အနီးကပ်လူတွေကို တာဝန်တွေခွဲခိုင်းပါတယ်၊ အားလုံးကြောက်လို့သာလုပ်နေရတာ ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ ဘာကြောင့်လဲ၊ သူကအကြီးဆုံးဖြစ်ပြီး မိန်းမအရင်ယူလို့ တယောက်မှ မကျေနပ်ကြပါဘူး၊ မင်္ဂလာပွဲပျက်အောင် နည်းမျိုးစုံနဲ့ လက်အောက်ငယ်သားတွေလုပ်ကြပါတယ်၊
သတို့သားနဲ့သတို့သမီး စီးမည့်ကားမောင်းတဲ့ ဆာဂျင်ကို မင်္ဂလာဆောင်မည့်နေ့မှာ မယူမနေရ ခွင့်ပေးပြီး မုန့်ဖိုးပေး အိမ်ပြန်ခိုင်းထားတယ်။ အစားအသောက်မှာတာ မင်္ဂလာရက်နောက်နေ့မှာထားတယ်၊ အားလုံး ကန့်လန့်လုပ်ထားကြပါတယ်။
အဆိုးဆုံးက မင်္ဂလာသတို့သားဝတ်မည့်ဝတ်စုံက ဘန်ကောက်ပုဆိုးကို လိမ္မော်ရောင်တောက်တောက်ကြီး စကော့စျေးကနေ ရွဲ့ပြီးဝယ်တာကို “ဟာ ဒီအရောင်ကြိုက်တယ်ကွာ”ပြောတော့ ဝယ်လာတဲ့ ဦးအောင်ကြီးလဲ ပါးစပ်အဟောင်းသားဖြစ်သွားရောဗျ။

သူကလူပါး မင်္ဂလာဆောင်ပျက်အောင်လုပ်နေတာရိပ်မိပြီး ဘယ်လိုစီစဉ်လိုက်တယ်မသိ အားလုံးအဆင်သွားပြီး မင်္ဂလာဆောင် အထမြောက်သွားပါတယ်။
အဲ့ဒီ မင်္ဂလာသတို့သားဝတ်တဲ့ ဘန်ကောက်ပုဆိုးလိမ္မော်ရောင်ကို နောက်ထပ်ဝတ်ဆင်ပြီး ဆန်းကဖေးမှာ ကျင်းပတဲ့အစည်းအဝေးကို တက်ရောက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ကာလာဖလင်နဲ့ မှတ်တမ်းတင်ထားတဲ့ရုပ်ရှင်မှာ လူတွေသိပ်မသိတဲ့ လိမ္မော် ရောင် ဘန်ကောက်ပုဆိုးကို ပြန်မြင်ရပြီး
“ဗိုလ်ချုပ်အောင်ဆန်း ရဲ့မင်္ဂလာဆောင်”ဆောင်းပါးကို ၁၉၈၅ ခုနှစ် လတော့မမှတ်မိ သပြေတေးမဂ္ဂဇင်းမှာ စာရေးဆရာ သခင်အောင်ကြီး(ပေါင်းတည်)ရေးသားထားပါတယ်။ မြင့်ဦးရွာကြီး (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)
လိေမၼာ္ေရာင္ဘန္ေကာက္ပုဆိုးနဲ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဆိုတာနဲ႕ သူ႕ရဲ႕ဓာတ္ပုံေတြ အားလုံးနီးပါး ခင္ဗ်ားတို႔ ျမင္ဘူးၾကပါတယ္။
ဒါေပမဲ့ လိေမၼာ္ေရာင္ေတာက္ေတာက္ဘန္ေကာက္ပုဆိုးဝတ္ထားတဲ့ ပုံ မပါပါဘူး၊ အခ်ိဳ႕က အျဖဴအမဲပုံကို ေဆာ့ဝဲနဲ႕အေရာင္ထည့္တဲ့အခါ ဘန္ေကာက္ပုဆိုးဝတ္ထား ေပမဲ့လည္း အျဖဴေရာင္ျဖစ္သြားပါတယ္။
အလံျပဘုရားအနီးက ေဆး႐ုံမွာ ေဆး႐ုံတက္ရာကစတဲ့ ဘန္ေကာက္ပုဆိုးျပႆနာပါ၊ သူနာျပဳဆရာမေလး မခင္ၾကည္ကို ခ်စ္မိရာကစၿပီး “အၾကည္တိုက္မွ ေဆးေသာက္မယ္ က်န္တာမလာနဲ႕” လို႔ ကေလးဆိုႀကီးလို လုပ္ရာက ေနာက္ဆုံး ညားသြားပါတယ္။
အေရးေပၚမဂၤလာေဆာင္ကို ကိုယ္တိုင္စီမံပါတယ္၊ အနီးကပ္လူေတြကို တာဝန္ေတြခြဲခိုင္းပါတယ္၊ အားလုံးေၾကာက္လို႔သာလုပ္ေနရတာ ဘယ္သူမွ မလုပ္ခ်င္ၾကပါဘူး။ ဘာေၾကာင့္လဲ၊ သူကအႀကီးဆုံးျဖစ္ၿပီး မိန္းမအရင္ယူလို႔ တေယာက္မွ မေက်နပ္ၾကပါဘူး၊ မဂၤလာပြဲပ်က္ေအာင္ နည္းမ်ိဳးစုံနဲ႕ လက္ေအာက္ငယ္သားေတြလုပ္ၾကပါတယ္၊
သတို႔သားနဲ႕သတို႔သမီး စီးမည့္ကားေမာင္းတဲ့ ဆာဂ်င္ကို မဂၤလာေဆာင္မည့္ေန႕မွာ မယူမေနရ ခြင့္ေပးၿပီး မုန့္ဖိုးေပး အိမ္ျပန္ခိုင္းထားတယ္။ အစားအေသာက္မွာတာ မဂၤလာရက္ေနာက္ေန႕မွာထားတယ္၊ အားလုံး ကန့္လန့္လုပ္ထားၾကပါတယ္။

အဆိုးဆုံးက မဂၤလာသတို႔သားဝတ္မည့္ဝတ္စုံက ဘန္ေကာက္ပုဆိုးကို လိေမၼာ္ေရာင္ေတာက္ေတာက္ႀကီး စေကာ့ေစ်းကေန ႐ြဲ႕ၿပီးဝယ္တာကို “ဟာ ဒီအေရာင္ႀကိဳက္တယ္ကြာ”ေျပာေတာ့ ဝယ္လာတဲ့ ဦးေအာင္ႀကီးလဲ ပါးစပ္အေဟာင္းသားျဖစ္သြားေရာဗ်။
သူကလူပါး မဂၤလာေဆာင္ပ်က္ေအာင္လုပ္ေနတာရိပ္မိၿပီး ဘယ္လိုစီစဥ္လိုက္တယ္မသိ အားလုံးအဆင္သြားၿပီး မဂၤလာေဆာင္ အထေျမာက္သြားပါတယ္။
အဲ့ဒီ မဂၤလာသတို႔သားဝတ္တဲ့ ဘန္ေကာက္ပုဆိုးလိေမၼာ္ေရာင္ကို ေနာက္ထပ္ဝတ္ဆင္ၿပီး ဆန္းကေဖးမွာ က်င္းပတဲ့အစည္းအေဝးကို တက္ေရာက္လာတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ကာလာဖလင္နဲ႕ မွတ္တမ္းတင္ထားတဲ့႐ုပ္ရွင္မွာ လူေတြသိပ္မသိတဲ့ လိေမၼာ္ ေရာင္ ဘန္ေကာက္ပုဆိုးကို ျပန္ျမင္ရၿပီး
“ဗိုလ္ခ်ဳပ္ေအာင္ဆန္း ရဲ႕မဂၤလာေဆာင္”ေဆာင္းပါးကို ၁၉၈၅ ခုႏွစ္ လေတာ့မမွတ္မိ သေျပေတးမဂၢဇင္းမွာ စာေရးဆရာ သခင္ေအာင္ႀကီး(ေပါင္းတည္)ေရးသားထားပါတယ္။ ျမင့္ဦး႐ြာႀကီး (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)