ငွေလမ်းခင်းမှ ပြီးမြောက်နိုင်မယ့် ယနေ့ခေတ် အသုဘပွဲ (သို့) မသာဆီမှ အေးဒါးပြ တိုက်ခြင်း

‌ေ-သစာရင်းယူတာကအစ သင်းချိုင်းကိစ္စ ယပ်တောင် တရားစာအုပ် ဘတ်(စ)ကားကိစ္စအဆုံး ငွေကိုလမ်းခင်းပြီးသွားနေရတာ လျှောကနဲလျှောကနဲပဲ နောက်ဆုံးခရီးလေ ကုန်စမ်းပါစေပေါ့။

သင်းချိုင်းရောက်တော့လည်း အတွေ့အကြုံသစ်တွေကရပြန်သဗျ တာဝန်ရှိ အင်းကျီမီးခိုးရောင် ဝတ်ထားတဲ့လူကြီးက အလွန်ဖော်ရွေစွာနဲ့ “ဒီမှာ အခန်း (၁) ကတော့အကျယ်ဆုံးနဲ့အကောင်းဆုံးပဲဗျ လေဝင်လေထွက်လည်းကောင်းတယ် အခန်း(၁)ကိုရအောင်ကျွန်တော်စီစဉ်ပေးပါမယ်၊ ကွယ်လွန်သူ အတွက်ရော ကုလားထိုင်အတွက်ရော အခန်းအတွက်ရော အားလုံး ၂ သိန်း ၈ သောင်းနဲ့ဖြစ်အောင်ကျွန်တော်လုပ်ပေးပါမယ် ” တဲ့



ပေးရမှာပေါ့လေ ဘာတတ်နိုင်မှာလည်း လျှော့ပါဉီးလို့ စျေးဆစ်ကောင်းတဲ့အရာလည်းမဟုတ် အဒေါ်ငယ်ယောက်ျားကလည်း တပည့်လက်သားတွေက အများသား တချို့က ပထမအရာရှိ တချို့ကကပ္ပတိန်စသည်ဖြင့်ဖြစ်နေမှတော့ သူ့ဂုဏ်နဲ့တူ အကောင်းဆုံးဖြစ်အောင်တော့စီစဉ်ရတော့မှာပဲ ကဲ ယူပြီကွာအခန်း (၁) ရော့ (၂)သိန်း (၈)သောင်း။

အသုဘချမဲ့မနက် အလောင်းသွားထုတ်တော့ အလောင်းကို မိတ်ကပ်လုပ်ဉီးမလား မိတ်ကပ်လုပ်ရင် (၁)သောင်း (၅)ထောင်ပေးရမတဲ့ သေမှပဲဟာ ဘာမိတ်ကပ်လုပ်ရမှာလည်းပေါ့ ဒီတော့မှသူတို့ကရှင်းပြတယ် အလောင်းကိုကြည့်ပါတဲ့ အအေးခန်း Drawer ထဲကထုတ်လာတဲ့ အလောင်းက မျက်နှာတစ်ခုလုံး ရေတွေသီးပြီး အေးခဲယောင်ကိုင်း ပြာနှမ်းနှမ်း ညိုညစ်ညစ်အရောင်ဖြစ်နေတာကို သူ့နဂိုမျက်နှာကျဖြစ်အောင်ပြန်ပုံဖော် မိတ်ကပ်မလိမ်းရင် သူ့နဂိုရုပ်ထွက်မှာကိုမဟုတ်ဘူး ။

ဒီတော့လည်း လုပ်ပေါ့ ရော့မိတ်ကပ်ဖိုး (၁) သောင်း( ၅ )ထောင်။ ကွယ်လွန်သူ တင်ထားတဲ့လှည်းကို ခန်းမထဲဘယ်သူတွန်းမှာလဲ တွန်းမဲ့သူရှိလား တွန်းမဲ့သူမရှိရင်တော့ လှည်းတွန်းခ (၁) သောင်း ပေးရမတဲ့ မြတ်ချွာဖျား ဖြစ်မှဖြစ်ရလေ၊ စိတ်ပေါက်ပေါက်ရှိတာနဲ့ ကျွန်တော်တွန်းမယ်ဗျာလို့ ပြောလိုက်ရတယ် တစ်သောင်းတော့သက်သာသွားတာပေါ့။

အနားကို တစ်ယောက် ရောက်လာပြန်တယ် ဆရာအလောင်းမှာ ရွှေထီးဆောင်းဉီးမလား ဆောင်းမယ်ဆိုရင် ရွှေထီးက ရှေ့နှစ်လက်နောက်နှစ်လက် လေးလက်ဆောင်းရပါမယ် တစ်လက်ကို ၅၀၀၀ နဲ့ (၂) သောင်းကျပါမယ်ဆရာတဲ့

ဟာမလိုပါဘူးကွာ ရွှေထီးတွေဘာတွေလုပ်မနေပါနဲ့။ ပြောလို့မှမဆုံးသေးဘူး အနားက ဆွေမျိုးတစ်ယောက်ကဝင်ပြောပါတယ် ဘယ်ဖြစ်မှာလည်း၊ တင့်တောင့်တင့်တယ်လေးဖြစ်သွားအောင် ဘုရားဒကာ ကျောင်းဒကာမှန်းလည်း သိသွားအောင် ရွှေထီးလေးလက်တော့ဆောင်းရမှာပေါ့တဲ့ ကဲကွာ ဆောင်း ဆောင်း ရော့ ၂၀၀၀၀။

ခန်းမထဲရောက်တဲ့အခါ ပန်းခွေတွေ ပန်းခြင်းတွေတောင် ရောက်နှင့်နေကြပြီ အလောင်းကိုပြင်ဆင် ဇာပုဝါပါးလေးအုပ် ကြည့်ပျော်ရှုပျော်ဖြစ်သွားတော့မှ ဟင်းချမလို့လုပ်တုန်း “ဆရာ ကျွန်တော်တို့ပန်းခွေတွေ ပန်းခြင်းတွေပြင်ဆင်ထားတယ် ပြင်ဆင်မွမ်းမံခ သုံးသောင်းပေရပါမယ်” တဲ့



မင်းတို့ခန်းမအတွက် နှစ်သိန်းရှစ်သောင်းပေးပြီးသားလေဆိုတော့ ဟုတ်ပါတယ်ဆရာ အဲဒီထဲမှာ ပန်းခွေဖို ပန်းခြင်းဖိုးမပါပါဘူး ဟာ ဒါဆိုလည်း ငါ့ကိုမမေးပဲ မင်းတို့ဘာသာလုပ်ထားတာလေ ငါခိုင်းတာမှမဟုတ်တာ ဆိုတော့ “ရပါတယ်ဆရာ ဒီလိုဆိုရင်လည်း ပြန်ဖြုတ်သွားလိုက်ပါမယ်” တဲ့၊ အသုဘပို့ဖို့ ရောက်နေကြတဲ့သူတွေရဲ့ ရှေ့မှာ ပန်းခွေတွေ ပန်းခြင်းတွေ ပြန်ဖြုတ်သိမ်းလို့ ကောင်းမတဲ့လားဗျာ။ ကဲ ဖြုတ်မနေပါနဲ့တော့ကွာ ရော့ သုံးသောင်း။

အချိန်ကျပြီ မီးစက်ဆီအလောင်းကို ပို့ဖို့အချိန်ကျပါပြီဆိုတော့ လှည်းပေါ်မှာပြင်ထားတဲ့အလောင်းကို အခင်းပိတ်စအပါ မပြီး ခေါင်းထဲထည့်ရပြန်ပါတယ်။ အခေါင်းတင်ထားတဲ့လှည်းနောက်မှာ အသုဘရှင်တွေက တန်းစီပြီး ဓာတ်ပုံကိုင်သူကကိုင် ပန်းခွေကိုင်သူကကိုင် ပန်းခြင်းကိုင်သူကကိုင် လှည်းတွန်းသူကတွန်း နဲ့မီးစက်ဆီသွားကြရတာပေါ့။

ဒီမှာလာပြန်ပြီနောက်တမျိုး အိုးခွဲမဲ့သူဘယ်သူလဲ အိုးခွဲမဲ့သူရှိလား အိုးခွဲမဲ့သူမရှိရင် အိုးခွဲဖို့တာဝန်ယူသူကို ငါးထောင်ပေးရပါမယ်တဲ့ ရှည်ရှည်ဝေးဝေးစဉ်းစားနေချိန်မရပါဘူး အေး အေး ခွဲပါကွာ တစ်ယောက်ယောက်ခွဲလိုက် ရော့ ၅၀၀၀။

မီးစက်ရဲ့ တံခါးကြီးပွင့်လာပါပြီ ကဲကဲ အလောင်းသွင်းလို့ရပါပြီ အသုဘရှင်တစ်ယောက်ပဲ လိုက်ဝင်ပါဆိုလို့ တိုးညီတစ်ယောက်ပဲအထဲထိလိုက်သွားရတာပေါ့လေ။ အထဲရောက်လို့ တံခါးကြီးဂျိန်းကနဲ ပြန်ပိတ်ပြီးတာနဲ့ “ဆရာ အစဉ်အလာအရ အခေါင်းနဲ့လွှမ်းထားတဲ့အင်္ကျီပြန်ယူပါမယ်” တဲ့၊ ဟာဒီအတိုင်းကြီးတော့မီးစက်ထဲမထည့်ပါနဲ့ကွာ

“ဒါ အစဉ်အလာပါဆရာ ခေါင်းပါ ထည့်သင်းဂြိုလ်မယ်ဆိုရင်တော့ တစ်သောင်းငါးထောင်ပေးရပါမယ် ဆရာ” ဟေ အဲဒီလိုကြီးလား ထည့်လိုက်ထည့်လိုက် ခေါင်းပါထည့်လိုက် ဘာမှလည်းချွတ်ယူမနေနဲ့တော့ ရော့ ၁၅၀၀၀ ။ ဟူး ဤခရီး စျေးကြီးလိုက်တာ။ ရွှေချစ်(မြန်မာစာ) 17.3.2023 (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

‌ေ-သစာရင္းယူတာကအစ သင္းခ်ိဳင္းကိစၥ ယပ္ေတာင္ တရားစာအုပ္ ဘတ္(စ)ကားကိစၥအဆုံး ေငြကိုလမ္းခင္းၿပီးသြားေနရတာ ေလွ်ာကနဲေလွ်ာကနဲပဲ ေနာက္ဆုံးခရီးေလ ကုန္စမ္းပါေစေပါ့။

သင္းခ်ိဳင္းေရာက္ေတာ့လည္း အေတြ႕အႀကဳံသစ္ေတြကရျပန္သဗ် တာဝန္ရွိ အင္းက်ီမီးခိုးေရာင္ ဝတ္ထားတဲ့လူႀကီးက အလြန္ေဖာ္ေ႐ြစြာနဲ႕ “ဒီမွာ အခန္း (၁) ကေတာ့အက်ယ္ဆုံးနဲ႕အေကာင္းဆုံးပဲဗ် ေလဝင္ေလထြက္လည္းေကာင္းတယ္ အခန္း(၁)ကိုရေအာင္ကြၽန္ေတာ္စီစဥ္ေပးပါမယ္၊ ကြယ္လြန္သူ အတြက္ေရာ ကုလားထိုင္အတြက္ေရာ အခန္းအတြက္ေရာ အားလုံး ၂ သိန္း ၈ ေသာင္းနဲ႕ျဖစ္ေအာင္ကြၽန္ေတာ္လုပ္ေပးပါမယ္ ” တဲ့

ေပးရမွာေပါ့ေလ ဘာတတ္နိုင္မွာလည္း ေလွ်ာ့ပါဉီးလို႔ ေစ်းဆစ္ေကာင္းတဲ့အရာလည္းမဟုတ္ အေဒၚငယ္ေယာက္်ားကလည္း တပည့္လက္သားေတြက အမ်ားသား တခ်ိဳ႕က ပထမအရာရွိ တခ်ိဳ႕ကကပၸတိန္စသည္ျဖင့္ျဖစ္ေနမွေတာ့ သူ႕ဂုဏ္နဲ႕တူ အေကာင္းဆုံးျဖစ္ေအာင္ေတာ့စီစဥ္ရေတာ့မွာပဲ ကဲ ယူၿပီကြာအခန္း (၁) ေရာ့ (၂)သိန္း (၈)ေသာင္း။

အသုဘခ်မဲ့မနက္ အေလာင္းသြားထုတ္ေတာ့ အေလာင္းကို မိတ္ကပ္လုပ္ဉီးမလား မိတ္ကပ္လုပ္ရင္ (၁)ေသာင္း (၅)ေထာင္ေပးရမတဲ့ ေသမွပဲဟာ ဘာမိတ္ကပ္လုပ္ရမွာလည္းေပါ့ ဒီေတာ့မွသူတို႔ကရွင္းျပတယ္ အေလာင္းကိုၾကည့္ပါတဲ့ အေအးခန္း Drawer ထဲကထုတ္လာတဲ့ အေလာင္းက မ်က္ႏွာတစ္ခုလုံး ေရေတြသီးၿပီး ေအးခဲေယာင္ကိုင္း ျပာႏွမ္းႏွမ္း ညိုညစ္ညစ္အေရာင္ျဖစ္ေနတာကို သူ႕နဂိုမ်က္ႏွာက်ျဖစ္ေအာင္ျပန္ပုံေဖာ္ မိတ္ကပ္မလိမ္းရင္ သူ႕နဂို႐ုပ္ထြက္မွာကိုမဟုတ္ဘူး ။

ဒီေတာ့လည္း လုပ္ေပါ့ ေရာ့မိတ္ကပ္ဖိုး (၁) ေသာင္း( ၅ )ေထာင္။ ကြယ္လြန္သူ တင္ထားတဲ့လွည္းကို ခန္းမထဲဘယ္သူတြန္းမွာလဲ တြန္းမဲ့သူရွိလား တြန္းမဲ့သူမရွိရင္ေတာ့ လွည္းတြန္းခ (၁) ေသာင္း ေပးရမတဲ့ ျမတ္ခြၽာဖ်ား ျဖစ္မွျဖစ္ရေလ၊ စိတ္ေပါက္ေပါက္ရွိတာနဲ႕ ကြၽန္ေတာ္တြန္းမယ္ဗ်ာလို႔ ေျပာလိုက္ရတယ္ တစ္ေသာင္းေတာ့သက္သာသြားတာေပါ့။

အနားကို တစ္ေယာက္ ေရာက္လာျပန္တယ္ ဆရာအေလာင္းမွာ ေ႐ႊထီးေဆာင္းဉီးမလား ေဆာင္းမယ္ဆိုရင္ ေ႐ႊထီးက ေရွ႕ႏွစ္လက္ေနာက္ႏွစ္လက္ ေလးလက္ေဆာင္းရပါမယ္ တစ္လက္ကို ၅၀၀၀ နဲ႕ (၂) ေသာင္းက်ပါမယ္ဆရာတဲ့

ဟာမလိုပါဘူးကြာ ေ႐ႊထီးေတြဘာေတြလုပ္မေနပါနဲ႕။ ေျပာလို႔မွမဆုံးေသးဘူး အနားက ေဆြမ်ိဳးတစ္ေယာက္ကဝင္ေျပာပါတယ္ ဘယ္ျဖစ္မွာလည္း၊ တင့္ေတာင့္တင့္တယ္ေလးျဖစ္သြားေအာင္ ဘုရားဒကာ ေက်ာင္းဒကာမွန္းလည္း သိသြားေအာင္ ေ႐ႊထီးေလးလက္ေတာ့ေဆာင္းရမွာေပါ့တဲ့ ကဲကြာ ေဆာင္း ေဆာင္း ေရာ့ ၂၀၀၀၀။

ခန္းမထဲေရာက္တဲ့အခါ ပန္းေခြေတြ ပန္းျခင္းေတြေတာင္ ေရာက္ႏွင့္ေနၾကၿပီ အေလာင္းကိုျပင္ဆင္ ဇာပုဝါပါးေလးအုပ္ ၾကည့္ေပ်ာ္ရႈေပ်ာ္ျဖစ္သြားေတာ့မွ ဟင္းခ်မလို႔လုပ္တုန္း “ဆရာ ကြၽန္ေတာ္တို႔ပန္းေခြေတြ ပန္းျခင္းေတြျပင္ဆင္ထားတယ္ ျပင္ဆင္မြမ္းမံခ သုံးေသာင္းေပရပါမယ္” တဲ့



မင္းတို႔ခန္းမအတြက္ ႏွစ္သိန္းရွစ္ေသာင္းေပးၿပီးသားေလဆိုေတာ့ ဟုတ္ပါတယ္ဆရာ အဲဒီထဲမွာ ပန္းေခြဖို ပန္းျခင္းဖိုးမပါပါဘူး ဟာ ဒါဆိုလည္း ငါ့ကိုမေမးပဲ မင္းတို႔ဘာသာလုပ္ထားတာေလ ငါခိုင္းတာမွမဟုတ္တာ ဆိုေတာ့ “ရပါတယ္ဆရာ ဒီလိုဆိုရင္လည္း ျပန္ျဖဳတ္သြားလိုက္ပါမယ္” တဲ့၊ အသုဘပို႔ဖို႔ ေရာက္ေနၾကတဲ့သူေတြရဲ႕ ေရွ႕မွာ ပန္းေခြေတြ ပန္းျခင္းေတြ ျပန္ျဖဳတ္သိမ္းလို႔ ေကာင္းမတဲ့လားဗ်ာ။ ကဲ ျဖဳတ္မေနပါနဲ႕ေတာ့ကြာ ေရာ့ သုံးေသာင္း။

အခ်ိန္က်ၿပီ မီးစက္ဆီအေလာင္းကို ပို႔ဖို႔အခ်ိန္က်ပါၿပီဆိုေတာ့ လွည္းေပၚမွာျပင္ထားတဲ့အေလာင္းကို အခင္းပိတ္စအပါ မၿပီး ေခါင္းထဲထည့္ရျပန္ပါတယ္။ အေခါင္းတင္ထားတဲ့လွည္းေနာက္မွာ အသုဘရွင္ေတြက တန္းစီၿပီး ဓာတ္ပုံကိုင္သူကကိုင္ ပန္းေခြကိုင္သူကကိုင္ ပန္းျခင္းကိုင္သူကကိုင္ လွည္းတြန္းသူကတြန္း နဲ႕မီးစက္ဆီသြားၾကရတာေပါ့။

ဒီမွာလာျပန္ၿပီေနာက္တမ်ိဳး အိုးခြဲမဲ့သူဘယ္သူလဲ အိုးခြဲမဲ့သူရွိလား အိုးခြဲမဲ့သူမရွိရင္ အိုးခြဲဖို႔တာဝန္ယူသူကို ငါးေထာင္ေပးရပါမယ္တဲ့ ရွည္ရွည္ေဝးေဝးစဥ္းစားေနခ်ိန္မရပါဘူး ေအး ေအး ခြဲပါကြာ တစ္ေယာက္ေယာက္ခြဲလိုက္ ေရာ့ ၅၀၀၀။

မီးစက္ရဲ႕ တံခါးႀကီးပြင့္လာပါၿပီ ကဲကဲ အေလာင္းသြင္းလို႔ရပါၿပီ အသုဘရွင္တစ္ေယာက္ပဲ လိုက္ဝင္ပါဆိုလို႔ တိုးညီတစ္ေယာက္ပဲအထဲထိလိုက္သြားရတာေပါ့ေလ။ အထဲေရာက္လို႔ တံခါးႀကီးဂ်ိန္းကနဲ ျပန္ပိတ္ၿပီးတာနဲ႕ “ဆရာ အစဥ္အလာအရ အေခါင္းနဲ႕လႊမ္းထားတဲ့အကၤ်ီျပန္ယူပါမယ္” တဲ့၊ ဟာဒီအတိုင္းႀကီးေတာ့မီးစက္ထဲမထည့္ပါနဲ႕ကြာ

“ဒါ အစဥ္အလာပါဆရာ ေခါင္းပါ ထည့္သင္းၿဂိဳလ္မယ္ဆိုရင္ေတာ့ တစ္ေသာင္းငါးေထာင္ေပးရပါမယ္ ဆရာ” ေဟ အဲဒီလိုႀကီးလား ထည့္လိုက္ထည့္လိုက္ ေခါင္းပါထည့္လိုက္ ဘာမွလည္းခြၽတ္ယူမေနနဲ႕ေတာ့ ေရာ့ ၁၅၀၀၀ ။ ဟူး ဤခရီး ေစ်းႀကီးလိုက္တာ။ ေ႐ႊခ်စ္(ျမန္မာစာ) 17.3.2023 (မူရင္းေရးသားသူအား ေလးစားမႈျဖင့္ – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top