MRTV – 4 ဇာတ်လမ်းတွဲတွေကို လက်ခံ ရိုက်ကူးရာကနေ ပရိသတ်တွေ ချစ်ခင်အားပေးမှုကို ရရှိခဲ့တဲ့ ပရိသတ် အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး မေမြင့်မိုရ်ပဲဖြစ်ပါတယ်။ ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကို ရရှိခဲ့ပြီး ယခုအချိန်မှာတော့ နေရာ တစ်ခုထိ ရောက်ရှိ အောင်မြင်နေပြီ ပဲဖြစ်ပါတယ်။

ဇာတ်ရုပ်တိုင်းကလည်း ပရိသတ်တွေ ရဲ့ရင်ထဲရောက်တာကြောင့် လူသိများကျော်ကြားလာခဲ့တာ ပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကလည်း အချိုးစား ညီမျှနေပြီး အသားအရေလေးက အစ ဖြူဖွေး ဝင်းဥနေတာ ကြောင့် ပုရိသ ပရိသတ်တွေ သည်းသည်းလှုပ်ဝန်းရံ တာကို ခံနေရတဲ့သူလေးပဲဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် အမြဲဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း ယနေ့ပြုလုပ်ခဲ့တဲ့ မွန်မြတ်သော ကုသိုလ်ကောင်းမှု ပုံရိပ်တွေကို ပီတိဖြစ်စွာ ဝေမျှလာရာ သာဓု သုံးကြိမ်ခေါ်ဆိုရင်း ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Credit
Photo – May Myint Mo

Credit
Photo – May Myint Mo