ဆွဲဆောင်မှုတွေအပြည့်နဲ့ ချစ်စရာကောင်းတဲ့ မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချော ရွှေပိုးအိမ်ကတော့ ပရိသတ်တွေအားလုံးတစ်ခဲနက် ချစ်ခင်အားပေးနေကြရတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်မင်းသမီးချော တစ်ဦးပဲ ဖြစ်ပါတယ်နော် ။

ရွှေပိုးအိမ်ကတော့ သရုပ်ဆောင်အနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေမှာပါ ပရိသတ်တွေရဲ့ချစ်ခင်လေးစားမှုတွေကို ရရှိထားကာ အောင်မြင်ကျော်ကြားတဲ့ မင်းသမီးအဖြစ် အခိုင်အမာရပ်တည်နေပြီး ချစ်စရာကောင်းသူလေး တစ်ယောက်ဆိုလည်း မမှားပါဘူး ။

သူမကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရအောင် လှုပ်ရှားမှုလေးတွေကို အမြဲဖော်ပြပေးလေ့ရှိပါတယ် ။ အခုလည်း ပရိတ်သတ်တွေကိုယ်စား သြင်္ကန်အကြိုနေ့ အာဟာရဒါနအတွက်အလှူငွေများ လှူဒါန်းပေးခဲ့ပုံကို ” အမေသန်းမြင့်အောင် ဦးစီးတဲ့ ဆည်းဆာရိပ်ကအဘိုးအဘွားတွေကို ရွှေပိုးက ပရိတ်သတ်တွေ ကိုယ်စား သြင်္ကန် အကြိုနေ့မှာအာဟာရဒါန အတွက် အလှူငွေ ၃သိန်း လှူဒါန်းခဲ့ပါတယ်ရှင် ကုသိုလ်ထပ်တူရပါစေနော် ” ခုလိုရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Credit
Photo – Shwe Poe Eain

Credit
Photo – Shwe Poe Eain