စိတ်ဓါတ်ကျခဲ့ရင် ၃စင်တီမီတာကိုသတိရပါ…ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့ ၄ နှစ်အချိန်ပေးရပါတယ်။
အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့ ဝါးပင်တစ်ပင်ဟာ ၁ ရက် ကို ၃၀ စင်တီမီတာ အထိ ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့ ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ် မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာဝါးပင်လေးကို သတိရစေချင်ပါတယ်။
ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာအတွက် အခြေခိုင်အောင်လုပ်ရမယ်။ အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။
ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင် ၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။ အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။
ဒါကြောင့် ကိုယ်ကြိုးစားသလောက်ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့ နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။
ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကိုရောက်နိုင်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ လူအများစုက အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်များနေတာပေါ့ ။
ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့ သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီးအားအင်ပြန်ပြည့်နိုင်ပါစေ။
လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။မူရင်းရေးသားသူကိုလေးစားစွာဖြင့်
စိတ္ဓါတ္က်ခဲ့ရင္ ၃စင္တီမီတာကိုသတိရပါ…ဝါးပင္တစ္ပင္က ၃ စင္တီမီတာ ႀကီးဖို႔ ၄ ႏွစ္အခ်ိန္ေပးရပါတယ္။
အဲ့ဒီ ၄ ႏွစ္ ေနာက္ပိုင္းမွာေတာ့ ဝါးပင္တစ္ပင္ဟာ ၁ ရက္ ကို ၃၀ စင္တီမီတာ အထိ ႀကီးထြားနိုင္ပါတယ္။
၆ ပတ္အတြင္း ၁၅ မီတာ ေလာက္အျမင့္ကိုေရာက္နိုင္တယ္။
ဒါဟာ ဘာလို႔လဲဆိုေတာ့ ပထမဆုံး ၄ ႏွစ္ မွာ အဲ့ဒီဝါးပင္က အျမစ္မွာ အေျခခိုင္ေအာင္အားစိုက္ေနလို႔ပဲျဖစ္ပါတယ္။
ဒါေၾကာင့္ ဒီေန႕ကိုယ္လုပ္သမွ် အက်ိဳးရလာဒ္ မျမင္ရတဲ့ခ်ိန္မွာကိုယ္ႀကိဳးစားသေလာက္အရာမထင္ဘူးလို႔ထင္တဲ့ခ်ိန္မွာဝါးပင္ေလးကို သတိရေစခ်င္ပါတယ္။
ကိုယ္က ၁၀ မီတာ ျမင့္ခ်င္ရင္ ၁၀ မီတာအတြက္ အေျခခိုင္ေအာင္လုပ္ရမယ္။ အဲဒီေတာ့ အခ်ိန္က ၁ ႏွစ္ ၾကာခ်င္ၾကာမယ္။
ကိုယ္က၁၀၀ မီတာ ျမင့္ခ်င္ရင္ ၁၀၀ မီတာ အျမင့္ကိုခံနိုင္တဲ့အေျခခံရွိရမယ္ေလ။ အဲဒီေတာ့ ၁၀ ႏွစ္ အခ်ိန္ေပးရင္ ေပးရမယ္။
ဒါေၾကာင့္ ကိုယ္ႀကိဳးစားသေလာက္ခ်က္ခ်င္းအက်ိဳးမျမင္ရရင္လဲစိတ္ဓာတ္က်ၿပီးေတာ့ ေနာက္မဆုတ္ပါနဲ႕လို႔ေျပာခ်င္ပါတယ္။

ကိုယ္သာအေျခခိုင္ေအာင္ အျမစ္ပြား၊ႀကိဳးစားေနသ၍တစ္ရက္က်ရင္ အျမင့္ကိုေရာက္နိုင္ပါလိမ့္မယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ လူအမ်ားစုက အဲ့ဒီ ၃ စင္တီမီတာ ကေန မေက်ာ္နိုင္ၾကပါဘူး။အဲ့ဒါေၾကာင့္ က်ရႈံးသူက ေအာင္ျမင္သူထက္မ်ားေနတာေပါ့ ။
ကိုယ့္ရဲ႕ ၃ စင္တီမီတာ ကို ေက်ာ္ျဖတ္နိုင္ရင္ေတာ့ သင္က အျမင့္ကိုမၾကာခင္ေရာက္မယ့္သူေတြပါပဲ ။
စိတ္ဓာတ္က်ရင္ ၃ စင္တီမီတာ ကိုသတိရပါ ။ငါ့ရဲ႕ ၃ စင္တီမီတာ ပဲလို႔ ေျပာၿပီးအားအင္ျပန္ျပည့္နိုင္ပါေစ။
ေလးစားစြာျဖင့္ျပန္လည္မွ်ေဝပါသည္။မူရင္းေရးသားသူကိုေလးစားစြာျဖင့္