မြန်မာနိုင်ငံမှာ လူအများသတိမထားမိတဲ့ မန်းမြေရဲ့ညနေခင်းမှသာ ကျင်းပတဲ့ ချစ်စရာ ရိုးရာပွဲတော်တစ်ခု…

မြန်မာနိုင်ငံမှာ တခုတည်းသောနေရာမှာ တညနေခင်းသာ ကျင်းပတဲ့ လူအများသတိမထားမိတဲ့ မန်းမြေရဲ့ ချစ်စရာ ရိုးရာပွဲတော်တစ်ခု…

“အိုးပုတ်ပွဲ” သည် မြန်မာနိုင်ငံတွင် တခုတည်းသော တညနေခင်းသာ ကျင်းပသည့် မြန်မာ့ရိုးရာ ပွဲတော်တစ်ခု ဖြစ်သည်။

အိုးပုတ်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မန္တလေးတောင်ခြေ၊ အောင်မြေသာစံမြို့နယ်၊ အိုးဘို၊ ရွှေကျင်ရပ်ကွက်၊ အကွက်(၅၂) ပတ္တမြားတောရပ်ကွက်တွင် ကျင်းပသည်။



နှစ်စဉ် ဝါခေါင်လဆန်း( ၈ ) ရက်တွင် ကျင်းပပြုလုပ်လေ့ရှိသည်။ အိုးပုတ်ပွဲတော်လာ အပျိုလေးများ၏ ခေါင်းပေါ်တွင် ကျောက်ခက်ပန်းဟု ခေါ်သော သစ်ခက်စိမ်းလေးများ (ကျောက်ခက်ပန်း ဦးထုပ်)ကို

ပန်းသရဖူသဖွယ် ခွေပြီး ပန်ဆင်ထားကြသည့် ဓလေ့သည် မည်သည့်အချိန်က စခဲ့သည်ကို မသိရသော်လည်း အိုးပုတ်ပွဲတော်တွင်သာ တွေ့မြင်ရသည့် ချစ်စရာမြင်ကွင်းလေးတစ်ခု ဖြစ်သည်။

သမိုင်းကြောင်း – မင်းတုန်းမင်းလက်ထက်တွင် တောင်ပြုံးပွဲသို့ သွားရောက်ပူဇော်ပသကြသော လှေများသည် ရွှေတချောင်းမြောင်းအတိုင်း တောင်ပြုံးအရပ်သို့ သွားရောက်ကြသည်။



တောင်ပြုံးပွဲတွင် ရောင်းချရန် ရေလမ်းအတိုင်းလာသော အိုးသည်များသည် မန္တလေးတောင်ခြေ အိုးဘိုအရပ်တွင် လှေများကမ်းကပ်ကာ ခေတ္တနားရင်း ဈေးခင်းရောင်းကြသည်။

ဤသို့ဖြင့် တောင်ပြုံးပွဲမတိုင်ခင်တစ်ရက်တွင် အိုးပုတ်ပွဲတော်ဖြစ်လာသည်ဟု ဆိုကြသည်။ အိုးဘိုဟူသော နာမည်သည်လည်း အိုးများလုပ်ကိုင်ရာ အိုးဖိုများတည်ရှိသောကြောင့် အိုးဖိုကို အစွဲပြု၍ အိုးဘိုရပ်ဟူသော အမည်ဖြစ်လာခြင်းဖြစ်သည်။

အိုးပုတ်ခိုးပွဲ – အိုးပုတ်ပွဲတော်ကို အိုးပုတ်ခိုးပွဲဟုလည်း ခေါ်တတ်ကြသည်။ အိုးပုတ်ပွဲသို့လာရောက်ရောင်းချသော ဈေးသည်များသည် အိုးပုတ်ပွဲတွင် အိုးပုတ်ခိုးခံရမည့်အကြောင်းကို တွက်ဆပြီးမှ မိမိအမြတ်ကျန်လောက်သည့် ပမာဏဖြင့် ချရောင်းတတ်ကြသည်။



အိုးများထွက်ရှိရာ ရွှေဘို-နွယ်ငြိမ်းဘက်မှ တဆင့် ပြန်လည်ဝယ်ယူပြီး ရောင်းချကြသည်ဖြစ်သဖြင့် ရောင်းချသည့် အိုးပုတ်များတွင် ဈေးကို တစ်ခါတည်းတွက်ပြီး တင်ထားပြီးဖြစ်သည်။

အိုးပုတ်ခိုးသူကလည်း စီးပွားပျက်လောက်အောင်ထိ ခိုးခြင်းမဟုတ်သလို အိုးပုတ်ပြန်တောင်းသူကလည်း သူခိုးယိုးပြီး ပြန်တောင်းခြင်းမဟုတ်သည်က အိုးပုတ်ပွဲ၏ ချစ်စရာဓလေ့ တစ်ခုဖြစ်သည်။

အိုးပုတ်ခိုးသူ ကလေးများက အိုးပုတ်သည်ကို ကြည့်ပြီး ခိုးတတ်ကြသည်လည်းရှိသေးသည်။

ဈေးဆစ်၍မရသော၊ စွာသော ဈေးသည်ဆိုလျှင် လက်တည့်စမ်းပြီး အိုးပုတ်နှိုက်ယူချင်ကြသလောက် အသက်ကြီးကြီး ဈေးသည်များကိုတော့ အိုးပုတ်ခိုးရန် လက်ရှောင်တတ်ကြသည်။

ရောင်းချမှုများ – မြန်မာ့ရိုးရာ ဗန္ဓုလဦးထုပ်နှင့် ဓားများကို အိုးပုတ်ပွဲတော်တွင် မြင်တွေ့နိုင်သည်။



ဗန္ဓုလဓားနှင့် ဦးထုပ်များကို အိုးပုတ်ပွဲတော်တွင် ရောင်းချရန် ဈေးသည်များသည် ၂ လကျော်၊ ၃ လလောက်ကတည်းက ကြိုတင်ပြင်ဆင်ရပြီး ဓားရိုး၊ ဓားသွား၊ ဓားအိမ်လုပ်ရန် ဝါးများရှာဖွေဝယ်ယူထားရသည်။

ဦးထုပ်ပုံလောင်းရန် သတင်းစာစက္ကူများကို ပုလင်းဝင်းရပ် စက္ကူအဟောင်းဆိုင်များမှ ဝယ်ယူထားရသည်။

မုန့်ရေပါး၊ မုန့်ဆီကြော်၊ မုန့်လင်မယား၊ မုန့်သိုင်းခြုံ၊ မုန့်ပေါင်းစသော မြန်မာမုန့်မျိုးစုံကို အိုးပုတ်ဈေးတန်းတွင် ဝယ်စားနိုင်သည်။

အိုးပုတ်ပွဲတော်တွင် ကောက်ညင်းဆန်မှုန့်၊ ငချိတ်ကောက်ညင်းမှုန့်တို့ဖြင့် စီးပိုင်နေအောင်ပြုလုပ်ထားသော မုန့်ခေါပြင်ကိုလည်း ဝယ်ယူစားသုံးနိုင်သည်။

ဓလေ့ – အိုးပုတ်ပွဲတော်တွင် လည်ပတ်ရင်း ဗိုက်ဆာလာပါက မိမိဆွေမျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အိုးပုတ်ပွဲဈေးခင်းရာ လမ်းတစ်လျှောက်ရှိ အိမ်များမှ မုန့်ဖိတ်ကျွေးလာလျှင် ဝင်စားနိုင်ခြင်းသည်။



မုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ ငှက်ပျောပေါင်း၊ ဆနွင်းမကင်း၊ ကျောက်ကျော၊ ပူတင်း စသဖြင့် တစ်အိမ်နှင့်တစ်အိမ်မထပ်ရအောင် အမျိုးမျိုး ချက်ပြုတ်စီမံထားတတ်ကြပြီး လမ်းသွားလမ်းလာများကို ချိုသာရွှင်ပြုံးစွာ ဧည့်ခံကျွေးမွေးလေ့ရှိကြသည်။

ကိုးကား – [1] နတ်မောက်ထွန်းရှိန်။ ဝင်းတွေနဲ့တည်ခဲ့သည့် မင်းနေပြည်။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း။ ၁၀ ဩဂုတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။ [2] မန္တလေးနေ့စဉ်၊ ၁၄.၈.၂၀၁၈၊ စာ-စာ-၁၇ [3]ယဉ်ယဉ်နှောင်း (၂၅ ဩဂုတ် ၂၀၁၅)။ အိုးပုတ်ပွဲတော်။ ၂၃ ဩဂုတ် ၂၀၁၈။

𝚆𝚒𝚔𝚒𝚙𝚎𝚍𝚒𝚊
𝙲𝚛𝚍:
(𝙵𝚒𝚕𝚎 𝙿𝚑𝚘𝚝𝚘)


Credit _to_owner

ျမန္မာနိုင္ငံမွာ တခုတည္းေသာေနရာမွာ တညေနခင္းသာ က်င္းပတဲ့ လူအမ်ားသတိမထားမိတဲ့ မန္းေျမရဲ႕ ခ်စ္စရာ ရိုးရာပြဲေတာ္တစ္ခု…

“အိုးပုတ္ပြဲ” သည္ ျမန္မာနိုင္ငံတြင္ တခုတည္းေသာ တညေနခင္းသာ က်င္းပသည့္ ျမန္မာ့ရိုးရာ ပြဲေတာ္တစ္ခု ျဖစ္သည္။

အိုးပုတ္ပြဲကို မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလးၿမိဳ႕၊ မႏၲေလးေတာင္ေျခ၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ အိုးဘို၊ ေ႐ႊက်င္ရပ္ကြက္၊ အကြက္(၅၂) ပတၱျမားေတာရပ္ကြက္တြင္ က်င္းပသည္။

ႏွစ္စဥ္ ဝါေခါင္လဆန္း( ၈ ) ရက္တြင္ က်င္းပျပဳလုပ္ေလ့ရွိသည္။ အိုးပုတ္ပြဲေတာ္လာ အပ်ိဳေလးမ်ား၏ ေခါင္းေပၚတြင္ ေက်ာက္ခက္ပန္းဟု ေခၚေသာ သစ္ခက္စိမ္းေလးမ်ား (ေက်ာက္ခက္ပန္း ဦးထုပ္)ကို

ပန္းသရဖူသဖြယ္ ေခြၿပီး ပန္ဆင္ထားၾကသည့္ ဓေလ့သည္ မည္သည့္အခ်ိန္က စခဲ့သည္ကို မသိရေသာ္လည္း အိုးပုတ္ပြဲေတာ္တြင္သာ ေတြ႕ျမင္ရသည့္ ခ်စ္စရာျမင္ကြင္းေလးတစ္ခု ျဖစ္သည္။

သမိုင္းေၾကာင္း – မင္းတုန္းမင္းလက္ထက္တြင္ ေတာင္ၿပဳံးပြဲသို႔ သြားေရာက္ပူေဇာ္ပသၾကေသာ ေလွမ်ားသည္ ေ႐ႊတေခ်ာင္းေျမာင္းအတိုင္း ေတာင္ၿပဳံးအရပ္သို႔ သြားေရာက္ၾကသည္။

ေတာင္ၿပဳံးပြဲတြင္ ေရာင္းခ်ရန္ ေရလမ္းအတိုင္းလာေသာ အိုးသည္မ်ားသည္ မႏၲေလးေတာင္ေျခ အိုးဘိုအရပ္တြင္ ေလွမ်ားကမ္းကပ္ကာ ေခတၱနားရင္း ေဈးခင္းေရာင္းၾကသည္။

ဤသို႔ျဖင့္ ေတာင္ၿပဳံးပြဲမတိုင္ခင္တစ္ရက္တြင္ အိုးပုတ္ပြဲေတာ္ျဖစ္လာသည္ဟု ဆိုၾကသည္။ အိုးဘိုဟူေသာ နာမည္သည္လည္း အိုးမ်ားလုပ္ကိုင္ရာ အိုးဖိုမ်ားတည္ရွိေသာေၾကာင့္ အိုးဖိုကို အစြဲျပဳ၍ အိုးဘိုရပ္ဟူေသာ အမည္ျဖစ္လာျခင္းျဖစ္သည္။

အိုးပုတ္ခိုးပြဲ – အိုးပုတ္ပြဲေတာ္ကို အိုးပုတ္ခိုးပြဲဟုလည္း ေခၚတတ္ၾကသည္။ အိုးပုတ္ပြဲသို႔လာေရာက္ေရာင္းခ်ေသာ ေဈးသည္မ်ားသည္ အိုးပုတ္ပြဲတြင္ အိုးပုတ္ခိုးခံရမည့္အေၾကာင္းကို တြက္ဆၿပီးမွ မိမိအျမတ္က်န္ေလာက္သည့္ ပမာဏျဖင့္ ခ်ေရာင္းတတ္ၾကသည္။

အိုးမ်ားထြက္ရွိရာ ေ႐ႊဘို-ႏြယ္ၿငိမ္းဘက္မွ တဆင့္ ျပန္လည္ဝယ္ယူၿပီး ေရာင္းခ်ၾကသည္ျဖစ္သျဖင့္ ေရာင္းခ်သည့္ အိုးပုတ္မ်ားတြင္ ေဈးကို တစ္ခါတည္းတြက္ၿပီး တင္ထားၿပီးျဖစ္သည္။

အိုးပုတ္ခိုးသူကလည္း စီးပြားပ်က္ေလာက္ေအာင္ထိ ခိုးျခင္းမဟုတ္သလို အိုးပုတ္ျပန္ေတာင္းသူကလည္း သူခိုးယိုးၿပီး ျပန္ေတာင္းျခင္းမဟုတ္သည္က အိုးပုတ္ပြဲ၏ ခ်စ္စရာဓေလ့ တစ္ခုျဖစ္သည္။

အိုးပုတ္ခိုးသူ ကေလးမ်ားက အိုးပုတ္သည္ကို ၾကည့္ၿပီး ခိုးတတ္ၾကသည္လည္းရွိေသးသည္။

ေဈးဆစ္၍မရေသာ၊ စြာေသာ ေဈးသည္ဆိုလွ်င္ လက္တည့္စမ္းၿပီး အိုးပုတ္ႏွိုက္ယူခ်င္ၾကသေလာက္ အသက္ႀကီးႀကီး ေဈးသည္မ်ားကိုေတာ့ အိုးပုတ္ခိုးရန္ လက္ေရွာင္တတ္ၾကသည္။

ေရာင္းခ်မႈမ်ား – ျမန္မာ့ရိုးရာ ဗႏၶဳလဦးထုပ္ႏွင့္ ဓားမ်ားကို အိုးပုတ္ပြဲေတာ္တြင္ ျမင္ေတြ႕နိုင္သည္။

ဗႏၶဳလဓားႏွင့္ ဦးထုပ္မ်ားကို အိုးပုတ္ပြဲေတာ္တြင္ ေရာင္းခ်ရန္ ေဈးသည္မ်ားသည္ ၂ လေက်ာ္၊ ၃ လေလာက္ကတည္းက ႀကိဳတင္ျပင္ဆင္ရၿပီး ဓားရိုး၊ ဓားသြား၊ ဓားအိမ္လုပ္ရန္ ဝါးမ်ားရွာေဖြဝယ္ယူထားရသည္။

ဦးထုပ္ပုံေလာင္းရန္ သတင္းစာစကၠဴမ်ားကို ပုလင္းဝင္းရပ္ စကၠဴအေဟာင္းဆိုင္မ်ားမွ ဝယ္ယူထားရသည္။



မုန႔္ေရပါး၊ မုန႔္ဆီေၾကာ္၊ မုန႔္လင္မယား၊ မုန႔္သိုင္းၿခဳံ၊ မုန႔္ေပါင္းစေသာ ျမန္မာမုန႔္မ်ိဳးစုံကို အိုးပုတ္ေဈးတန္းတြင္ ဝယ္စားနိုင္သည္။

အိုးပုတ္ပြဲေတာ္တြင္ ေကာက္ညင္းဆန္မႈန႔္၊ ငခ်ိတ္ေကာက္ညင္းမႈန႔္တို႔ျဖင့္ စီးပိုင္ေနေအာင္ျပဳလုပ္ထားေသာ မုန႔္ေခါျပင္ကိုလည္း ဝယ္ယူစားသုံးနိုင္သည္။

ဓေလ့ – အိုးပုတ္ပြဲေတာ္တြင္ လည္ပတ္ရင္း ဗိုက္ဆာလာပါက မိမိေဆြမ်ိဳးရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ အိုးပုတ္ပြဲေဈးခင္းရာ လမ္းတစ္ေလွ်ာက္ရွိ အိမ္မ်ားမွ မုန႔္ဖိတ္ေကြၽးလာလွ်င္ ဝင္စားနိုင္ျခင္းသည္။

မုန႔္ဟင္းခါး၊ ၾကာဇံဟင္းခါး၊ ငွက္ေပ်ာေပါင္း၊ ဆႏြင္းမကင္း၊ ေက်ာက္ေက်ာ၊ ပူတင္း စသျဖင့္ တစ္အိမ္ႏွင့္တစ္အိမ္မထပ္ရေအာင္ အမ်ိဳးမ်ိဳး ခ်က္ျပဳတ္စီမံထားတတ္ၾကၿပီး လမ္းသြားလမ္းလာမ်ားကို ခ်ိဳသာ႐ႊင္ၿပဳံးစြာ ဧည့္ခံေကြၽးေမြးေလ့ရွိၾကသည္။

ကိုးကား – [1] နတ္ေမာက္ထြန္းရွိန္။ ဝင္းေတြနဲ႕တည္ခဲ့သည့္ မင္းေနျပည္။ သတင္းႏွင့္ စာနယ္ဇင္းလုပ္ငန္း။ ၁၀ ဩဂုတ္ ၂၀၁၆ တြင္ ျပန္စစ္ၿပီး။ [2] မႏၲေလးေန႕စဥ္၊ ၁၄.၈.၂၀၁၈၊ စာ-စာ-၁၇ [3]ယဥ္ယဥ္ေႏွာင္း (၂၅ ဩဂုတ္ ၂၀၁၅)။ အိုးပုတ္ပြဲေတာ္။ ၂၃ ဩဂုတ္ ၂၀၁၈။

𝚆𝚒𝚔𝚒𝚙𝚎𝚍𝚒𝚊
𝙲𝚛𝚍:
(𝙵𝚒𝚕𝚎 𝙿𝚑𝚘𝚝𝚘)
Credit _to_owner

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top