ဖိလစ်ပိုင်နိုင်ငံမှ Gicelaအမည်ရှိသော မိန်းကလေးသည် သူနာပြုဆရာမလေးတစ်ယောက်ဖြစ်ပြီး စားဝတ်နေရေးအဆင်ပြေဖို့ရာ ငွေများစွာရှာနိုင်ရန် နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်ခဲ့သည်။
မိန်းကလေးသည် ကံကောင်းစွာဖြင့် ငွေကြေးချမ်းသာသော အသက် ၈၀ကျော်အရွယ် အဖွားအိုတစ်ဦးကို ပြုစုစောင့်ရှောက်ပေးခဲ့ရပြီး အဖွားအိုတွင် ဆွေမျိုးသားချင်း သူငယ်ချင်း အပေါင်းအသင်းလည်း မရှိခဲ့၍ မိန်းကလေးကိုသွေးသားရင်းချာတစ်ယောက်လို ချစ်ခင်ရင်းနှီးစွာ ဆက်ဆံခဲ့သည်။
မိန်းကလေးလည်း သူမအပေါ် သဘောကောင်းပြီး အစစအရာရာကူညီပေးသည့် အဖွားအိုကို သံယောဇဥ်ဖြစ်မိကာ နှစ်၂၀ကြာသည်ထိ မွေးရပ်မြေကိုပင် မပြန်ခဲ့ပဲ အနားမှာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။
ထို့ကြောင့်လည်း အဖွားအိုသည် အသက် ၁၀၄နှစ်တွင် ဆုံးပါးသွားပြီးနောက် သူမအပေါ် ချစ်ခြင်းမေတ္တာ စေတနာအပြည့်နှင့် ပြုစုပေးခဲ့သော သူနာပြုဆရာမလေးအား ကျေးဇူးဆပ်သည့်အနေနှင့် ပီဆို ၂ဘီလီယံကျော်ကို အမွေပေးခဲ့သည်။
crd
Zawgyi
ဖိလစ္ပိုင္ႏိုင္ငံမွ Gicelaအမည္ရွိေသာ မိန္းကေလးသည္ သူနာျပဳဆရာမေလးတစ္ေယာက္ျဖစ္ၿပီး စားဝတ္ေနေရးအဆင္ေျပဖို႔ရာ ေငြမ်ားစြာရွာႏိုင္ရန္ ႏိုင္ငံျခားသို႔ သြားေရာက္လုပ္ကိုင္ခဲ့သည္။
မိန္းကေလးသည္ ကံေကာင္းစြာျဖင့္ ေငြေၾကးခ်မ္းသာေသာ အသက္ ၈၀ေက်ာ္အ႐ြယ္ အဖြားအိုတစ္ဦးကို ျပဳစုေစာင့္ေရွာက္ေပးခဲ့ရၿပီး အဖြားအိုတြင္ ေဆြမ်ိဳးသားခ်င္း သူငယ္ခ်င္း အေပါင္းအသင္းလည္း မရွိခဲ့၍ မိန္းကေလးကိုေသြးသားရင္းခ်ာတစ္ေယာက္လို ခ်စ္ခင္ရင္းႏွီးစြာ ဆက္ဆံခဲ့သည္။
မိန္းကေလးလည္း သူမအေပၚ သေဘာေကာင္းၿပီး အစစအရာရာကူညီေပးသည့္ အဖြားအိုကို သံေယာဇဥ္ျဖစ္မိကာ ႏွစ္၂၀ၾကာသည္ထိ ေမြးရပ္ေျမကိုပင္ မျပန္ခဲ့ပဲ အနားမွာ ျပဳစုေစာင့္ေရွာက္ေပးခဲ့သည္။
ထို႔ေၾကာင့္လည္း အဖြားအိုသည္ အသက္ ၁၀၄ႏွစ္တြင္ ဆုံးပါးသြားၿပီးေနာက္ သူမအေပၚ ခ်စ္ျခင္းေမတၱာ ေစတနာအျပည့္ႏွင့္ ျပဳစုေပးခဲ့ေသာ သူနာျပဳဆရာမေလးအား ေက်းဇူးဆပ္သည့္အေနႏွင့္ ပီဆို ၂ဘီလီယံေက်ာ္ကို အေမြေပးခဲ့သည္။
crd