လက်သည်းရှည်ကြီးနဲ့ ကားဝပ်ရှော့မှာ လုပ်ကိုင်နေတာကြောင့် ကားပြင်ဖို့လာအပ်သောဖောက်သည်တွေရဲ့ အာရုံစိုက်မှုကို ခံရကာ နာမည်ကြီးလာခဲ့တဲ့ အသက်၂၅နှစ်အရွယ် မိန်းကလေး

စက်ပြင်သည့်လုပ်ငန်း၌ ခွန်အားသုံးရပြီး ခေါင်းစားရခြင်းကြောင့် အမျိုးသားများကသာ လုပ်ဆောင်ကြပေမယ့် အချို့သော မိန်းကလေးများသည်လည်း ရင်ဘောင်တန်းပြီး လုပ်ကိုင်လာကြပြီဖြစ်သည်။


သို့ဖြစ်၍ အမေရိကန်နိုင်ငံ ကယ်ရီဖိုးနီးယားပြည်နယ်မှ အသက်၂၅နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ငယ်စဉ်လေးတည်းက ကောင်မလေးပီပီ အရုပ်မလေးတွေဆော့ကစားမည့်အစား အစ်ကိုဖြစ်သူနဲ့ ကားအရုပ်တွေကစားရတာကို ပိုသဘောကျခဲ့သည်။


မိန်းကလေးသည် ကျောင်းပြီးသောအခါ သူမဝါသနာပါသည့် စက်ပြင်သင်တန်းကိုတက်ရောက်ကာ ဝပ်ရှော့ဆိုင်တစ်ခုမှာ ဝင်လုပ်ခဲ့သည်။အစပိုင်းမှာ မိန်းကလေးတစ်ဦးဖြစ်နေတဲ့အတွက် အလုပ်ရှင်သူဌေးမှ အမျိုးသားတွေနဲ့တန်းတူ လစာကိုမပေးခဲ့ပေမယ့် သူမရဲ့အရည်အချင်းကိုမြင်ပြီး ယုံကြည်ပေးခဲ့သည်။


ထို့အပြင် မိန်းကလေးသည် သူမရဲ့လက်သည်းကိုအရှည်ထားပြီး အရောင်လေးဆိုးထားရတာကို သဘောကျကာ ကားပြင်သည့်အခါမှာလည်း လက်သည်းရှည်ကိုမကျိုးအောင် လုပ်ကိုင်နိုင်ခဲ့၍ ကားပြင်ဖို့လာအပ်သောဖောက်သည်တွေရဲ့ အာရုံစိုက်မှုကို ခံရကာ နာမည်ကြီးလာခဲ့သည်။

Nge (Cele Daily)

Credit

Zawgyi






Nge (Cele Daily)

Credit

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top