ကျန်းမာရေး ညွှန်ကြားချက်များတွေကို မလိုက်နာတဲ့ ဘယ်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူဖို့ ဒုသမ္မတဦးမြင့်ဆွေပြော

အောက်တိုဘာ ၂၁

ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်များကို အယုတ်အလတ် အမြတ်မရွေး လိုက်နာဖို့လိုပြီး မလိုက်နာရင် ထိထိရောက်ရောက် အရေးယူဖို့လိုတယ်လို့ နိုင်ငံတော် ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားလိုက်ပါတယ်။

ဒုတိယ သမ္မတ ဦးမြင့်ဆွေက “ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို အယုတ်အလတ်အမြတ်မရွေး တိကျစွာလိုက်နာ ရေးဝိုင်းဝန်းပူးပေါင်းကြပ်မတ်ဆောင်ရွက် သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိသူများကိုလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုတယ်” လို့ပြောပါတယ်။

ယနေ့ကျင်းပပြုလုပ်သည့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်တာဖြစ်ပါတယ်။

အဆိုပါအစည်းအဝေးတွင် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီမှ ညွှန်ကြားသည့် အစည်းအဝေးဆုံးဖြတ်ချက် (၁၂)ချက်အပေါ် အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုတင်ပြဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

###########################

ေအာက္တိုဘာ ၂၁

က်န္းမာေရးဝန္ႀကီးဌာန ၫႊန္ၾကားခ်က္မ်ားကို အယုတ္အလတ္ အျမတ္မေ႐ြး လိုက္နာဖို႔လိုၿပီး မလိုက္နာရင္ ထိထိေရာက္ေရာက္ အေရးယူဖို႔လိုတယ္လို႔ နိုင္ငံေတာ္ ဒုတိယသမၼတဦးျမင့္ေဆြက ေျပာၾကားလိုက္ပါတယ္။

ဒုတိယ သမၼတ ဦးျမင့္ေဆြက “ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္မ်ားကို အယုတ္အလတ္အျမတ္မေ႐ြး တိက်စြာလိုက္နာ ေရးဝိုင္းဝန္းပူးေပါင္းၾကပ္မတ္ေဆာင္႐ြက္ သြားရန္ႏွင့္ လိုက္နာေဆာင္႐ြက္မႈမရွိသူမ်ားကိုလည္း ထိထိေရာက္ေရာက္ အေရးယူေဆာင္႐ြက္သြားရန္ လိုတယ္” လို႔ေျပာပါတယ္။

ယေန႕က်င္းပျပဳလုပ္သည့္ Coronavirus Disease 2019 (COVID-19) ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႕ျပန္ေရးေကာ္မတီ၏ တတိယအႀကိမ္ လုပ္ငန္းညွိႏွိုင္းအစည္းအေဝးတြင္ Coronavirus Disease 2019 (COVID-19) ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚ တုံ႕ျပန္ေရးေကာ္မတီ ဥကၠ႒၊ ဒုတိယသမၼတ ဦးျမင့္ေဆြက ေျပာၾကားလိုက္တာျဖစ္ပါတယ္။

အဆိုပါအစည္းအေဝးတြင္ “Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ဗဟိုေကာ္မတီမွ ၫႊန္ၾကားသည့္ အစည္းအေဝးဆုံးျဖတ္ခ်က္ (၁၂)ခ်က္အေပၚ အခ်ိန္ႏွင့္တစ္ေျပးညီ ၿပီးစီးေအာင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္နိုင္ခဲ့ၿပီး ေဆာင္႐ြက္ၿပီးစီးမႈ အေျခအေနမ်ားကိုတင္ျပေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။

Leave a Reply

Your email address will not be published.

Back To Top