Author: Editor

ဗီယက်နမ်မှာ Lockdown များဖျက်သိမ်းနေစဉ် ဘရာဇီးမှာ အစုအပုံလိုက် မြေမြှုပ်သင်္ဂြိုလ်နေရ

လွန်ခဲ့သည့် ဇန်နဝါရီလတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါကျရောက်မှုကို စတင်ကြုံတွေ့ခဲ့ရသော ဗီယက်နမ်သည် နိုင်ငံ့အတွင်း SARS-CoV2 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၀၀ မကျော်အောင် ၄-လမျှကြာအောင် ကာကွယ်ထိန်းချုပ်ထားနိုင်ခဲ့သည်။ ကူးစက်ခံရသူ ၂၆၈-ယောက်တွင် ၂၂၃-ယောက်ကို သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပြီး သေဆုံးသူ တစ်ဦးမျှမရှိခဲ့ပဲ နိုင်ငံတစ်၀ှမ်း Lockdown ချထားရခြင်းကို ပြန်လည်ရုတ်သိမ်းနိုင်ပြီဖြစ်ကြောင်း Dhaka Tribune က ယမန်နေ့ရေးသားသည်။ လက်ရှိ လူနာ ၄၅ ဦးတွင် ၈-ဦးသာလျှင် စိုးရိမ်ရသော အခြေအနေရှိသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အခြားအရှေ့တောင်အာရှနိုင်ငံများတွင် ကူးစက်ခံရသူအရေအတွက်မှာ တစ်ရိပ်ရိပ်တိုးမြင့်နေစဉ် ဗီယက်နမ်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ်မတွေ့ရကြောင်း ၀န်ကြီးချုပ် ငုယင်စွမ်းဖုက ပြောဆိုသည်။ နိုင်ငံတစ်၀ှမ်းလုံး ရောဂါကူးစက်မှုမှ ကာကွယ်ရန် လော့ဒေါင်းတားဆီးပိတ်ဆို့ထားရခြင်းကို ဗုဒ္ဓဟူးနေ့မှစတင်ကာ ရုတ်သိမ်းလိုက်ပြီး မရှိမဖြစ် လည်ပတ်ရန် မလိုအပ်သော လုပ်ငန်းအချို့အား […]

နေပြန်ကောင်းသွားသည့် ကိုဗစ်လူနာများတွင် ရက်ပေါင်း ၇၀ ကျော်ကြာပြီးမှ Positive ပြန်ဖြစ်နေ

တရုတ်နိုင်ငံက ကုသပျောက်ကင်းလို့ နေပြန်ကောင်းလာတဲ့ ကိုဗစ်လူနာတွေမှာ ရက်ပေါင်း ၇၀ ကြာပြီးမှ ရောဂါ လက္ခဏာမပြဘဲ ရောဂါပိုး Positive ပြန်ဖြစ်နေတာကြောင့် ဆရာဝန်တွေအတွက် စဉ်းစားလို့ မရတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ COVID-19 ကပ်ရောဂါစတင်ခဲ့ရာ တရုတ်ပြည် ဝူဟန်မြို့က ဆရာဝန်တွေက ဆေးရုံကဆင်းသွားပြီးတဲ့လူနာတွေမှာ ရောဂါပိုးပြန်တွေ့ရတာဟာ စိန်ခေါ်မှုတစ်ခုလိုဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။ ဝူဟန်မြို့ Zhongnan ဆေးရုံရဲ့ဒုဥက္ကဌ Yuan Yufeng က “SARS ရောဂါတုန်းကတောင် ဒီလိုဖြစ်ရပ် မျိုးတွေ မတွေ့ခဲ့ရပါဘူး။ အခုအခြေအနေအရဆိုရင် လူနာတွေမှာ Antibody ရှိသွားရင်တောင် ရောဂါ ပိုးထပ်မကူးစက်ခံရတော့ဘူးလို့ အာမခံလို့မရပါဘူး။ တချို့ Antibody မြင့်တဲ့လူနာ တွေမှာ တောင် Nucleic Acid Test စစ်ဆေးမှုအရ Positive ပြန်ဖြစ်နိုင်သေးတာကို […]

အရိုးကျီးပေါင်း သမားများအတွက် လက်ဖက်နှင့် ကျောက်ချဉ် ဆေးနည်းတို

လက် တွေ့ လေးမို့ မျှ ဝေ ပါ တယ်.. အ ဆင် ပြေ မယ် ထင် ပါ တယ် …. မ မာ ရဲ့ အ မေ က ခု ထိ ဒူး နာ တာ ၈ နှစ် ပါ ., အ င်္ဂ လိပ် မြန် မာ ဆေး နည်း လည်း စုံ နေ တာ ပါ., ပြော သ မျှ ပျောက် နိုး.. ကောင်း နိုး ရာ ရာ လိုက် သုံး တာ လည်း […]

မွေးနေ့အလှူအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အထောက်အကူပြုအဖွဲ့ကို အလှူငွေတွေလှူဒါန်းခဲ့တဲ့ အလင်းရောင်

မနေ့က ဧပြီလ (၂၂)ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင်မင်းသားချော အလင်းရောင်ရဲ့ အသက် (၂၈)နှစ်ပြည့်မြောက်သွားတဲ့ နေ့ရက်လေးဖြစ်ပါတယ်။ အလင်းရောင်ကတော့ သူ့ရဲ့ မွေးနေ့ရက်မြတ်လေးအတွက်ကို မွေးနေ့အမှတ်တရအလှူအနေနဲ့ Yangon Region Young Entrepreneurs Association (YRYEA) အဖွဲ့ကို အလှူငွေ (၅)သိန်းတိတိလှူဒါန်းခဲ့ပါတယ်။ YRYEA အဖွဲ့ကတော့ Covid – 19 ရောဂါတိုက်ဖျက်ရေးကာလအတွင်း ကုသရေးလုပ်ငန်းများအား ဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းအတွင်ရှိကျန်းမာရေးဝန်ထမ်းများ၏ သွားလာရေး၊ နေထိုင်ရေးနှင့် စားသောက်ရေးကိစ္စများ အဆင်ပြေစေရန်အတွက် ပံ့ပိုးဆောင်ရွက်မည့် ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူပြုအဖွဲ့ တစ်ခုပဲဖြစ်ပါတယ်။ ပြည့်သူ့အချစ်တော် အလင်းရောင် ကို ချစ်ခင်နှစ်သက်အစဉ်အမြဲအားပေးတဲ့ အလင်းရောင်ရဲ့ပရိသတ်တွေအတွက် အခုလို မွေးနေ့အမှတ်တရအလှူအနေနဲ့ သဒ္ဒါတရားထက်သန်စွာလှူဒါန်းတဲ့ အလင်းရောင်ရဲ့ဖြူစင်မွန်မြတ်လှတဲ့ အလှူဒါနလေးကို သာဓုအနုမောဓနာခေါ်ဆိုနိုင်စေရန် ဝမ်းမြောက်ဝမ်းသာစွာဖြင့်က ဒီသတင်းကောင်းလေးပြန်လည်မျှဝေပေးလိုက်ပါတယ် ပရိသတ်ကြီးရေ။ Credit ####################### […]

ယနေ့မနက်တွေ့ရှိသူ (၄) ဦးအနက် (၃) ဦးမှာ အင်းစိန်ဘာသာရေးပွဲနှင့် ဆက်စပ်သူများဖြစ်

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် ဧပြီ ၂၂ ညတွင် (ဒုတိယအသုတ်) အဖြစ် ဓာတ်ခွဲနမူနာ (၇၂) ခုကို စစ်ဆေးခဲ့ရာ (၄) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၆၈) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့မနက် ၇ နာရီ၌ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ၄ ဦးတွင် အင်းစိန်ဘာသာရေးပွဲနှင့် ဆက်စပ်သူ ၃ ဦးပါဝင်လာသည်ကိုတွေ့ရသည်။ လူနာနံပါတ် Case-124 စာရင်းဝင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်နေ အသက် ၄၅ နှစ်အရွယ်အမျိုးသားမှာ ယခင်လူနာ Case-89 နှင့်ထိတွေ့မှုရှိထားသူဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ Case-89 သည် တောင်ဥက္ကလာပမြို့နယ်ရှိ […]

အစိုးရညွှန်ကြားချက်မလိုက်နာဘဲ ဖွင့်သည့်စက်ရုံပိုင်ရှင်များအား တရားစွဲနိုင်ရေး FGWMက ကူညီမည်

အစိုးရညွှန်ကြားချက်အတိုင်းမလိုက်နာဘဲ ဖွင့်လှစ်သည့်စက်ရုံပိုင်ရှင်များအား တရားစွဲဆိုနိုင်ရေး မြန်မာနိုင်ငံအထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်[FGWM]က ပူးပေါင်းကူညီမည်ဟု အဆိုပါအဖွဲ့ချုပ် ယာယီတာဝန်ခံ မမိုးစန္ဒာမြင့်က ပြောသည်။ ”ဒီနေ့အထိကို ဖွင့်တဲ့စက်ရုံက အားလုံးစုစုပေါင်းဆို ရှစ်ဆယ်လောက်အထိရှိတယ်။ပျမ်းမျှပေါ့နော်။ကျွန်မရဲ့ အဖွဲ့ချုပ်အောက်မှာရှိတဲ့ စက်ရုံတွေထဲကတော့ နှစ်ရုံဖွင့်တယ်။ဒီလို ညွှန်ကြားချက်မလိုက်နာတဲ့စက်ရုံပိုင်ရှင်တွေ စာရင်းကိုကောက်ယူထားပါတယ်။တရားစွဲဆိုနိုင်ရေး အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု မမိုးစန္ဒာမြင့်က ပြောသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့များသည် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ယခုလ ၂၀ ရက်မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများပြုလုပ်သွားမည်ဟု ညွှန်ကြားချက်တစ်ရပ်ကို ဧပြီလ ၁၉ ရက်ညပိုင်းတွင်ထုတ်ပြန်ခဲ့သည်။ ညွှန်ကြားချက်တွင် စစ်ဆေးမှုများဆောင်ရွက်ရာ၌ ဦးစားပေးအစီအစဉ်အဖြစ် ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ၊ စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံများ၊ ကျန်းမာရေးလိုအပ်ချက်များနှင့် ကိုက်ညီပြီး ဖွင့်လှစ်ရန် အသင့်ဖြစ်နေသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်သားဦးရေ […]

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဒေဝါလီခံရတော့မည့် စင်္ကာပူက ဘီလျံနာ ရေနံကုန်သည် သူဌေးကြီး

စင်ကာပူ၏အကြီးမားဆုံး ရေနံကုန်သည် ဘီလျှံနာတဦးဖြစ်သည့် “ဟွာလျောင်းထရေးဒင်း“ က ဒေါ်လာ သန်း ၈၀၀ ခန့် အရှုံးပြနေသည်ကို ကြေညာရန် နှစ်ပေါင်းများစွာ ပျက်ကွက်ခဲ့သည်ဟု Reuters အား ကိုးကား၍ Foebes က ရေးသားထားသည်။ အဆိုပါထရေးဒင်းက ဘဏ်ပေါင်း ၂၃-ခုသို့ ပေးဆပ်ရမည့် ကြွေးမြီ ၃.၈၅ ဘီလျံဒေါ်လာကို ၆-လကြာဆိုင်းငံ့ပေးပါရန် ဧပြီလ ၁၇-ရက်နေ့တွင် လျှောက်ထားရာမှ ယခုကဲ့သို့ ပျက်ကွက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဆို၏။ ကုမ္ပဏီတည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သူ လင်အွန်းကင် (၇၇-နှစ်) သည် ကုမ္ပဏီ၏ ငွေကြေးဆိုင်ရာ ထုတ်ပြန်ချက်၌ ဒေါ်လာသန်းပေါင်းစွာ အရှုံးပြလျှက်ရှိသည်ကို ဖုံးကွယ်ရန်ညွှန်ကြားရာ၌ တာ၀န်ရှိကြောင်း သိရှိရသည်။ လင်အွန်းကင်၏ တစ်ဦးတည်းသောသား အီဗန်လင်ချီမင်းကမူ သူ၏ဖခင်သည် ကုမ္ပဏီ၏ လက်ရှိရေနံစာရင်းပါ အတော်များများကို ရောင်းချပြီး အမြတ်ငွေများကို […]

ရန်ကုန်အခြေစိုက် ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများ ဧပြီလကုန်ထိ ရပ်နားရန် ညွှန်ကြားထား

ရန်ကုန်အခြေပြုပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများကို ဧပြီလကုန်အထိရပ်နားရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောသည်။ Covid-19 ကူးစက်သူဦးရေတိုးလာသဖြင့် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ “အောင်မင်္ဂလာအဝေးပြေးနဲ့ ဒဂုံဧရာအဝေးပြေးကတော့ လကုန်အထိနားထားတယ်။ လက်ရှိမှာလည်း တချို့နေရာတွေကဝင်လာတဲ့ ယာဉ်လိုင်းတွေ နည်းနည်းတော့ရှိပါတယ်။ နောက်တစ်ခုက YBS ယာဉ်လိုင်းတွေကိုလည်း ပုံမှန်ပြေးဆွဲပေးနေပါတယ်။ အစီးရေများအောင်တော့ ကျွန်တော်တို့ဘက်က စီမံပေးနေပါတယ်။ စီးတဲ့လူအပေါ်မူတည်ပြီး ကားတွေကိုထွက်ပေးတယ်။ ယာဉ်လိုင်းအားလုံးတော့ မထွက်ပါဘူး။ လက်ရှိ YRTA အနေနဲ့ဆောင်ရွက်ထားတဲ့ဟာတွေပါ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။ ရန်ကုန်တိုင်းအခြေပြုပြေးဆွဲသည့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းပေါင်း ၁၆၄ လိုင်း၊ ယာဉ်အစီးရေ ၁၆၅၁ စီးရှိကာ အခြားတိုင်းနှင့်ပြည်နယ် အသီးသီးမှပြေးဆွဲသည့်အဝေးပြေးယာဉ်လိုင်းမှာ လိုင်းပေါင်း ၁၇၅ လိုင်းရှိပြီး […]

သားအတွက် ရှင်ပြုဖို့ရည်စူးထားတဲ့ ကုန်ကျစရိတ်တွေအားလုံးကို Covid-19 ကာလအတွင်း ရွာသားများကို တစ်အိမ်ထောင် ဆန်(၁၀)ပြည်၊ ဆီ(၅၀)ကျပ်သား လှူဒါန်းလိုက် မြင့်မြတ်သောအလှူဒါန…😍😍👇

မြင့်မြတ်သော အလှူဒါန ❤️❤️❤️ ======================== သားအတွက် ရှင်ပြုဖို့ ရည်စူးထားတဲ့ ကုန်ကျစရိတ်တွေ အားလုံးကို Covid-19 ကာလအတွင်း အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ရွာသားများကို တစ်အိမ်ထောင် ဆန်(၁၀)ပြည်၊ဆီ(၅၀)ကျပ်သား လှူဒါန်းလိုက်ပါတယ်။ အလှူရှင်များကတော့ မုံရွာမြို့နယ် ကြေးမုံကျေးရွာမှ ဦးကျော်မင်း + ဒေါ်တိုက်ကြည်တို့၏သား ဒေါက်တာမင်းမင်းစံ + မဆွိဆွိ တို့ မိသားစုဖြစ်ပါတယ်။ ကျေးရွာထဲမှာရှိတဲ့ အိမ်ထောင်စု (၄၈၀)ကို ဧပြီလ (၂၂)ရက်နေ့ မနက်(၈)နာရီမှစ၍ လှူဒါန်းခဲ့ပြီး ရွာသားများကို စနစ်တကျ တစ်ဦးချင်းစီ လှူဒါန်းပေးခဲ့ကြောင်း သိရပါသည်။ Credit ############################# မြင့်မြတ်သော အလှူဒါန ❤️❤️❤️ ======================== သားအတွက် ရှင်ပြုဖို့ ရည်စူးထားတဲ့ ကုန်ကျစရိတ်တွေ အားလုံးကို Covid-19 ကာလအတွင်း အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ […]

လောကမှာ ဖခင်တွေ ရဲ့မေတ္တာဟာ အပြင်ပန်း ဝတ္ထုတွေထက်သာပါတယ် ဆိုတာ အခု သမီးကောင်းကောင်း သိလိုက်ရပါပြီ (သုံးမိနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်စေချင်တယ်)….

အဖေဖြစ်သူက ကျောင်းကို လာပါတယ် ။ ကူလီသမား တစ်ယောက် မို့ အေ ဖအဝတ်စားတွေမှာ မီးသွေးတွေ ပေကျံ့နေတာပေါ့ ဆရာမဖြစ်သူက ဟေမန်လေးကို ” သမီး ဟိုမှာ . . ကျောင်းမှာ ရှေ့မှာ မတ် တပ်ရောက်စောင့် နေတာ ။ သမီးရဲ့ အဖေမှတ်လား . . ” ကြည့်လိုက်တဲ့ အခါ တကယ်ပဲ အဖေဖြစ်နေသည် ” ဟုတ်ပါတယ် ဆရာမ သမီးအဖေပါ ”ဘေးနားက သူငယ်ချင်းတွေက ဝိုင်းပြီး ” ဟဲ့ ဟေမန် အဖေကလည်း ကြည့်ပါအုံး ညစ်ပတ်နေ လိုက်တာ . . ”” အေးလေ ဟယ် ။ အကျၤ ီမှာလည်း […]

Back To Top