Category: ကျန်းမာရေး

အစာအဆိပ်သင့်စေတဲ့ ထမင်းကြမ်းတွေကို ဆင်ခြင်ပြီး စားကြပါ

Unicode ထမင်းကြမ်းတွေက အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်သတိပြုဆင်ခြင်ဖွယ်ရာ ဆန်ဟာ မြန်မာနိုင်ငံရဲ့အဓိကအစားအစာ ဖြစ်ပါတယ်။ အာဟာရ ဓာတ်လည်း ကြွယ်ဝသလို၊ ဓာတ်မတည့်တာ မျိုးတွေလည်း တော်တော် ဖြစ်တဲ့အတွက် အားလုံး အဆင်ပြေပြေ စားသုံးနေတဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန်ဟာ အထားအသို၊ စားသောက်ပုံ မှားသွားခဲ့ရင် တော်တော် ဆိုးဆိုးရွားရွား ဒုက္ခပေးနိုင်တယ် ဆိုတာ သိထားဖို့ အရမ်း အရေးကြီး ပါတယ်။ တခါတလေ အစားများ သွားတဲ့ အခါ မျိုးတွေမှာဟင်းတွေထဲမှာဓာတ်မတည့်တာမျိုး ရှိနေလိုလို့ပဲထင်တတ် ကြပေမယ့် တကယ်မှာ ဟင်းကြောင့် မဟုတ်ပဲ ထမင်းက ဖြစ်နေတာ မျိုးလဲ ရှိပါတယ်။ဆန်ကိုနည်းလမ်း မှန်စွာမချက်ပြုတ်တဲ့ အခါ အစာ အဆိပ်သင့် တတ်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်အတွင်းကအမေရိကန်နိုင်ငံ Texas ပြည်နယ်ကအမျိုးသမီးတစ်ယောက်ဟာ […]

မြန်မာပြည်သူတွေ သံပရာသီး ရေနွေးစိမ် မသောက်သင့်တဲ့ နောက်ကွယ်က အကြောင်းရင်း

သံပရာသီးကို ရေနွေးစိမ်ပြီး မသောက်သင့်ပါဘူး၊ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဆရာ ဦးကျော်မြင့် (တိုင်းရင်းဆေး)၊ “ဗုဒ္ဓစကား မူရင်းထားလျက်၊ ခေတ်စားသိပ္ပံ သွင်းစပ်ကြံ၍၊ ဆက်ဆံနိုင်မျှ သဘာဝ၌၊ ညီမျှခြင်းရှာ ပြဆိုပါသော၊ ဆေးစားနယ သစ်လွင်လှမို့၊ ကာလ ယနေ့ သည်တစ်ကွေ့ဝယ်၊ ဒါဟေ့ဗမာ(မြန်မာ) ကြွေး ကြော်ငြာသည်၊ ကမ္ဘာဦးစား မပေးတည်း” ဆရာကြီးဦးအောင်ဒင်ပြုစုဖော်ထုတ် ရေးသား ခဲ့သော ဗုဒ္ဓနည်းကျ သြဠာရိကသုခုမ ဓာတ်ကျမ်း လင်္ကာ ပိုဒ်ရေ (၁ဝ) ၏ အဆုံးသတ်အပိုင်းကို အလွန် တရာပင် နှစ်ခြိုက်သဘောကျခဲ့မိသည်။ မိမိတို့ ကြီးပြင်းရှင်သန်နေရသောခေတ်တွင် သိပ္ပံပညာခေတ်စားရုံမျှမက အရှိန်အဟုန် ပြင်းစွာ ဖြင့် တိုးတက်မြင့်မားလာနေသည်ကို တွေ့ရှိရသည်။ အဟောင်းအဟောင်းသော အယူအဆအချို့၏ အား နည်းချက်၊ ချို့ယွင်းချက်များကို ပြုပြင်နိုင်မှု၊ အသစ် […]

အသက်ရှည်လိုလျှင် (ဂျင်း) ကို မြိုပါ

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။ “အသက်ရှည်လိုလျှင် (ဂျင်း) ကို မြိုပါ …” တိဗက်ဆရာတော်တစ်ပါး၏ နည်းလေးပါ မြန်မာနိုင်ငံမှ ဆရာဝန်တစ်ဦး တိဗက်နိုင်ငံကို အလည်အပတ် ရောက်သွားခဲ့ပါတယ်။ မိတ်ဆွေ တစ်ယောက်၏ ညွှန်ကြားမှုဖြင့် တောင်ပေါ်ရွာ လေးတစ်ရွာ၏ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ တည်းခိုခွင့် ရခဲ့ ပါတယ်။ ထိုဘုန်းကြီးတော်ကြီးကျောင်း၏ ကျောင်းထိုင် ဆရာတော် လက်ထောက် ဆရာတော်တို့မှာ အင်္ဂလိပ် စကားကို အ တော်အသင့်ပြော နိုင်ကြရကား ယင်းဆရာဝန်အတွက်လွန်စွာ အဆင်ပြေချောမွေ့ လှပေသည်။ ဧည့်ခံလိုက်သည်မှာလည်း အားနာစရာပင် ကောင်းပေ တော့သည်။ ၂ ရက်မျှ တည်းခိုအပြီး ဆရာ ဝန်မှ မိမိတွေ့ခဲ့သည့် ထူးခြားမှု ကို ကျောင်းထိုင် မေးမြန်း လျှောက်ထားလိုက်သည်။ ” အရှင် […]

မိန်းကလေးတိုင်း သတိပြုသင့်တဲ့ အမျိုးသမီးရောဂါတွေရဲ့အစပျိုးလက္ခဏာများ

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။ မိန်းကလေးတိုင်း သတိပြုသင့်တဲ့ အမျိုးသမီးရောဂါများရဲ့အစပျိုးလက္ခဏာများ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားတွေနဲ့ လုံးဝကို ခြားနားနေပြီး အမျိုးသမီးတွေမှာသာ ဖြစ်တတ်တဲ့ ရောဂါတစ်ချို့ကြောင့် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ဖို့ အထူးလိုအပ်ပါတယ် …။ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါတွေဟာ တစ်ရက်နှစ်ရက်အတွင်း ဖြစ်လာတာ မဟုတ်ဘဲ ရက်ရှည်လများ အစပျိုးပြီး ဖြစ်လာတာမျိုးပါ …။ ရောဂါအစပြုနေချိန်မှာ သတိထားမိခဲ့ရင် အသက်အန္တရာယ်မဖြစ်အောင် အချိန်မီတားဆီးနိုင်မှာပဲ ဖြစ်ပါတယ် …။ ဒါကြောင့် အမျိုးသမီးတိုင်းသတိပြုသင့်တဲ့ ရောဂါအစပျိုးလက္ခဏာတွေကို ပြောပြပေးလိုက်ပါတယ်နော် …။ (၁) ဗိုက်ပူနေခြင်း” မိန်းကလေးတွေဟာ အသက်ရလာတာနဲ့အမျှ လေ့ကျင့်ခန်းတွေ သေချာမလုပ်ဘူးဆိုရင် ဗိုက်ပူလာတတ်ပါတယ် …။ ဗိုက်မှာအဆီစုပြီး ဗိုက်ပူတာက ပုံမှန်ပဲဖြစ်ပေမယ့် အစားအများကြီး စားထားသလိုမျိုး ဗိုက်ဖောင်းပြီး ပူနေတယ်ဆိုရင်တော့ စိုးရိမ်ရပါတယ် […]

မြန်မာပြည်သူတွေ စားနေရတဲ့ မရဏငရုတ်သီးမှုန့်နဲ့ ရောဂါကို ပိုက်ဆံပေးဝယ်နေရတဲ့ အဖြစ်

ဟိုတလောက ဈေးထဲမှာ ကုန်ခြောက်ဆိုင်ရောက်ပြီး “ငရုတ်သီးခွဲခြမ်းမှုန့်ဘယ်ဈေးလဲ” လို့ မေးတော့ “၃ စားရှိတယ် ၁ ပိဿာကို ၁၀၀၀၀ တန်ရယ် ၁၆၀၀၀ တန်ရယ် ၂၀၀၀၀ တန်ရယ်”တဲ့ (အခု အဲ့ဒီဈေးမရလောက်တော့ပါဘူး) ဒါနဲ့ “ဘယ်လိုကွာလဲ”ဆိုတော့ “၁၀၀၀၀ တန်က ဆိုးဆေးပါတယ်၊ ၁၆၀၀၀ တန်ကလည်း ဖလံဖြူပါလို့ ဆိုးဆေးနည်းနည်းပါတယ် ၂၀၀၀၀ တန်ကတော့ အိမ်တင်ကြိတ်ထားတာမို့ အသန့်ပါ ဆိုးဆေးလုံးဝ မပါပါဘူး” တဲ့။ ဒါနဲ့ ကျနော်က “နင်တို့က အဲ့လိုတောင် ပေါ်တင်ပြောရောင်းတဲ့အဆင့်ရောက်နေပြီလား” လို့ မေးလိုက်မိပါသေးတယ်။ အစစအရာရာ ဈေးတွေတက်နေတဲ့အချိန်မှာ စားသုံးသူတွေအနေနဲ့ မှန်ကန်တဲ့ရွေးချယ်မှုရဖို့ ဘောင် ပိုကျဉ်းလာပြီလို့ပဲ မြင်မိပါတယ်။ သင်ဟာ သင့်အိမ်မှာ ချက်ပြုတ်ဖို့အတွက် ငရုတ်သီးမှုန့် (၃) စားအထဲက ဘယ်ဟာယူမလဲမေးရင် […]

တာချီလိတ် ဖြစ်စဉ်မှာ နာမည်ကြီးခဲ့တဲ့ ထူးဆန်းတဲ့ကော်ဖီရဲ့ ဇစ်မြစ်နဲ့ သိထားသင့်တဲ့ အချက်များ

အရှေ့တောင်အာရှက လူငယ်တွေကြားမှာ အခုနှစ်ပိုင်း နာမည်ကြီးလာတဲ့ ဟက်ပီးဝါးတား အကြောင်းပြောပါမယ်။ အခုခေတ်လူငယ်တွေရဲ့ ညဘဝ ဆိုတာ ထုံးစံအတိုင်း မီးရောင်တွေ၊ ရောင်စုံအလင်းတွေ၊ အီလက်ထရောနစ် ဂီတတွေနဲ့ ပျော်ဖို့ကောင်းအောင်၊ ကလို့ကောင်းအောင် အမျိုးမျိုး ပံ့ပိုးကြတဲ့ထဲမှာ တားမြစ်ဆေးတွေကလဲ အဓိကနေရာ တနေရာကနေ ပါဝင်ပတ်သက်လာကြပါတယ်။ (ဒီနေရာမှာ ပျော်တယ်လို့ပဲ သုံးချင်ပါတယ်၊ အခြားစကားလုံးတွေက လူတိုင်းနဲ့ မသင့်တော်လို့ပါ။) ဒီလိုတားမြစ်ဆေးတွေထဲမှာ အရောင်မရှိ၊ အနံ့မရှိ၊ အရည်ပုံစံ ဟက်ပီးဝါးတားလို့ခေါ်တဲ့ ပစ္စည်းတမျိုးကိုလဲ အသုံးပြုလာကြတာရှိပါတယ်။ ဓာတ်ခွဲစမ်းသပ်ချက်တွေအရ ဟက်ပီးဝါးတားမှာ ကဖိန်း၊ ဒိုင်ယာဇီပင်၊ ကီတာမင်း၊ အက်တက်စီ၊ မီသာဖီတမင်း၊ ထရာမာဒေါလ် စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲစေတဲ့ ဓာတ်ပစ္စည်း ၆ မျိုးလောက်ထိပါဝင်တတ်ပါတယ်။ ထို ဓာတ်ပစ္စည်းများကို ရေပူပူနဲ့ပျော်အောင်ဖျော်ပြီး အဝင်ကောင်းအောင် အချိုအရသာရှိတဲ့ အရည်တခုခုနဲ့ […]

“ထမင်းဖြူကို ရှောင်ကြဉ်ခြင်းဖြင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ” (ရှေးရိုးစွဲ အယူအဆတွေကို လွှတ်ချလိုက်ပါ)

“ထမင်းဖြူကို ရှောင်ကြဉ်ခြင်းဖြင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ” (ရှေးရိုးစွဲ အယူအဆတွေကို လွှတ်ချလိုက်ပါ) ထမင်းဖြူအများကြီး စားမိရင် အစာအိမ်မှာ ဝန်ပိစေနိုင်တဲ့အတွက် ကျွမ်းကျင်သူတွေက ညဘက်မှာ ထမင်းဖြူစားခြင်းကို ရှောင်ရှားဖို့ တိုက်တွန်းကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးအများစုရဲ့ နေ့စဉ်အစားအသောက်မှာ မပါမဖြစ်ကတော့ ထမင်းဖြူ (white rice) ပါပဲ။ ထမင်းဖြူစားခြင်းမှာ အာဟာရအကျိုးကျေးဇူးတွေရှိသလို ကျန်းမာရေးအတွက် မသင့်တော်တဲ့ ဆိုးကျိုးတွေလည်း ရှိပါတယ်။ အဓိကကတော့ ထမင်းဖြူအများကြီးစားမိရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တာပါ။ အဓိကကတော့ ဝိတ်တက်လာမှာပါ။ နောက်ပြီး ထမင်းဖြူအများကြီး စားမိရင် အစာအိမ်မှာ ဝန်ပိစေနိုင်တဲ့အတွက် ကျွမ်းကျင်သူတွေက ညဘက်မှာထမင်းဖြူစားခြင်းကို ရှောင်ရှားဖို့ တိုက်တွန်းကြတာဖြစ်ပါတယ်။ ထမင်းဖြူကို တတ်နိုင်သမျှ ရှောင်ကြဉ်မယ်ဆိုရင် ရရှိနိုင်တဲ့ ကောင်းကျိုးတွေကတော့… ၁။ သွေးတွင်းသကြားပမာဏကို ထိန်းညှိပေးတယ် ထမင်းဖြူမစားခြင်းက […]

လက်ဖက်ရည် သောက်တတ်သူတိုင်း ကျော်မသွားဘဲ ကြည့်သွားစေချင်

လက်ဖက်ရည် သောက်တတ်သူတိုင်း ကျော်မသွားပဲကြည့်သွားစေချင် လက်ဖက်ရည် အချိုသောက်ရင်ဖြင့် အသက်တွေ အမှန်ပျောက်ကြမှာမို့ ဆင်ခြင်ကြဖို့ ကြည့်စေချင် (လက်ဖက်ရည်ဆိုင်တွေက ပြန်သိမ်းလာတဲ့ အချိုခြောက် အဟောင်းတွေကို နေလှမ်း လွှစာမှုန့်ရော အရောင်ဆိုး အနံ့ဖြန်းပြီး ပြန်ရောင်းကြပါသည်) လက်ဖက် အစိုနဲ့ သုတ်ထားတဲ့ လက်ဖက်သုတ်ရယ် လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းရယ် နှပ်ပြီးဖျော်ထားတယ်ဆိုတဲ့ လက်ဖက်ရည်ချိုရယ် ဘာလို့ အရောင်၊ အနံ့၊ အရသာ မတူကြတာလဲလို့ FDA က ဝန်ထမ်းတွေရယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေရယ် ၊ ဆရာဝန်တွေရယ် ဝိုင်းပြီး အဖြေရှာသင့်ကြပြီလို့ မြင်ပါတယ် ဆိုလိုချင်တာက လက်ဖက်အစိုမှာကော လက်ဖက်အဖန်ခြောက်မှာကော လက်ဖက်အချိုခြောက်မှာကော လူကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုဗေဒ ဆိုးဆေး အရောင် အနံ့တွေ ပါသလား မပါသလား ဆိုတာ ဘယ်သူက […]

“ငါးသည်ရဲ့ စကားနားယောင်ပြီး ငါးသည်းခြေ မြိုချမိတဲ့ မြန်မာပြည်က လူနာ(၂) ဦးရဲ့အဖြစ်”

ကြက်မောက်တောင်ဆည်နား ရွာလေးတရွာက လူနာ ၂ ယောက် သုခပြည့်စုံဆေးရုံကို ရှေ့ဆင့် နောက်ဆင့် ရောက်လာပါတယ်။ ရောဂါလက္ခဏာတွေက ခပ်ဆင်ဆင်ပါ။ ခေါင်းမူးတယ်၊ ပျိူ့တယ်၊ ရင်ခေါင်းအောင့်၊ နောက်ကျောတက်၊ အစာမဝင် တဲ့..။ အစကတော့ ပြင်ပလူနာအနေနဲ့ ကုသမယ် စိတ်ကူးပေမယ့် တနေရာတည်းက ၂ ယောက် ဆင်တူဖြစ်နေတာ ထူးခြားတယ်.. ဆေးရုံတင်ထားပြီး စောင့်ကြည့်ရင် ကောင်းမယ်လို့ ယူဆပြီး acute gastritis (အစာအိမ်ရောင်ရမ်းနာ) လို့ သတ်မှတ်ပြီး ကုသ စောင့်ကြည့်ခဲ့ပါတယ်။ ကိုယ့်အနားထား၊ စောင့်ကြည့်ခြင်း (Under observation) ရဲ့ ကောင်းကျိူးကြောင့် low urine output (ဆီးထွက်နည်း) တာကိုသိရပြီး၊ ရောဂါ ရာဇဝင်ကို သေချာ ပြန်မေးကြည့်ရပြန်ပါတယ်။ ရောဂါ History သေချာလိုက်တော့မှ.. […]

ဆေးလိပ်နဲ့ ကွမ်းယာ အမှန်တကယ် ဖြတ်ချင်ပါသလား

မြန်မာ အမည် – ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင် (သို့မဟုတ်) ဖားကြောရွက် Plantago major – Groblad အင်္ဂလိပ် အမည် – Broadleaf Plantain ရုက္ခဗေဒ အမည် – Plantago major မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက် သုံးနေတာ ဖြစ်ပါ တယ်။ ဒီထဲမှာမှ အမျိုးသား ၃၁ ရာခိုင်နှုန်းကျော် ရှိပြီး၊ အမျိုးသမီး ၆ ရာခိုင်နှုန်းကျော် ပါဝင်နေတာ တွေ့ရပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ပြောဆို ကြပါ တယ်။ ဆေးလိပ် မီးခိုးငွေ့ထဲမှာ နီကိုတင်း […]

Back To Top