အမျိုးသမီး သီးသန့် အေးအေးချမ်းချမ်း တရား အားထုတ်လိုသူများအတွက် တောရရိပ်သာလေး တစ်ခု
🌻 ထေရီမတို့ရွာ 🌻 အမျိုးသမီး သီးသန့် အေးအေးချမ်းချမ်း တရား အားထုတ်လိုသူများအတွက် တောရရိပ်သာလေး တစ်ခု၊ ယောဂီ ၃ ပါးတစ်ခန်း ထားတဲ့ ရေချိုးခန်း၊ ရေအိမ် ပူးတွဲပါတဲ့ တစ်ထပ် ယောဂီဆောင်လေးတွေ ရှိတဲ့နေရာ၊ ပါရမီ အနုအရင့် ရှိသူ နှစ်မျိုးလုံးအတွက် သင့်တော်သော ကာယာနုပဿနာမှ အာနာပါနကမ္မဋ္ဌာန်းကို အခြေခံလေ့ကျင့်ပြီး သမာဓိထူထောင်ပါတယ်။ အသက်အရွယ် ကြီးစဥ်ငယ်လိုက် အမှတ်စဥ်အတိုင်း အဆောင်၊ တရားမှတ်နေရာ၊ ဆွမ်းစားနေရာ၊ ဖိနပ်ချွတ်တာကအစ နည်းစနစ်ကျလှတဲ့နေရာ၊ ယောဂီများအားလုံး ဘောဇနဆောင်၌သာ စားသုံးကြတဲ့နေရာ၊ လစဥ် လပြည့်နေ့တိုင်း (ဝါတွင်းကာလမှအပ) ကိုးရက်တာ အထူးတရားစခန်း ဖွင့်လှစ်ပေးနေပါတယ်။ ကြားရက် (စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ) များတွင် ဓုတင် ၅ ပါးကျင့်ဆောင်သော […]
အဆင့်(၁၄)ရှိ တိုင်ဖွမ်းမုန်တိုင်းအပြင် အဆင့်(၈) မြေငလျင်ဒဏ်ကိုပါ ခံနိုင်စွမ်းရှိသော ကမ္ဘာ့အမြင့်ဆုံး ရပ်တော်မူ စင်္ကြာမုနိ ဗုဒ္ဓရုပ်ပွားတော်ကြီး
ကမ္ဘာ့အမြင့်ဆုံး ရပ်တော်မူဗုဒ္ဓဘုရား Ling Shan Buddha ရပ်တော်မူ စင်္ကြာမုနိဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးဟာ တရု.ပ်ပြည်သူ့သမ္မတနိုင်ငံတောင်ပိုင်း WuXi ဒေသ သဘာဝ ရှုခင်းလှပသော Taihu ရေကန်ကြီးရဲ့ ကမ်းခြေအနီး တောတောင်များ ဝန်းရံနေတဲ့ တောင်အမြင့်ပေါ်မှာ တည်ရှိပါတယ်။ မဟာကရုဏာတော်နဲ့ ပြုံးနေသော မျက်နှာတော်သွင်ပြင်, ဗုဒ္ဓကျမ်းလာ ၃၂ သွယ်သော မဟာပုရိဿ ယောက်ျားမြတ်တို့၏ လက္ခဏာတော်တို့ကို အခြေခံထား တည်ဆောက်ထားပါတယ်။ မျက်နှာတော်ဟာ လောကသတ္တဝါတို့ကို ကျယ်ပြန့်စွာ ဖြန့်ကျက် ကြည့်ရှုနေဟန် ဖန်တီးထားပါတယ်။ ယာဘက်လက်တော်က ကြောက်လန့်ခြင်း, ဒေါသတရားကို ဖြေဖျောက်စေလို့ သောကအပူဒုက္ခ ကင်းစေလိုခြင်းကို ပြဆိုထားပြီး, ဘယ်ဘက်လက်တော်က ငြိမ်းအေးစေတဲ့ ဆန္ဒသဘောတရားနဲ့အတူ ပျော်ရွှင်ခြင်းကောင်းမှု ကံကုသိုလ်ကို ပေးဝေခြင်းကို ညွှန်းဆိုထားပါတယ်။လွန်ခဲ့သော နှစ်ပေါင်းထောင်ကျော်အချိန်က ဗုဒ္ဓသာသနာ ဝင်ရောက်ပြန့်ပွားလာရာ Tang […]
အိုးပိုင် အိမ်ပိုင် ရလိုလျှင် ယုံယုံကြည်ကြည်နဲ့ လုပ်ကြည့်စေချင်တယ်
Unicodeအိမ်မရှိလျှင်ဇိမ်မရှိနိုင်ပါကိုယ်ပိုင်အိမ် အရိပ်မရှိကြသေးသူများအတွက်ရည်ရွယ်ပြီး တင်ပေးခြင်းဖြစ်ပါတယ် နံနက်စောစောထပါ ပျင်းရိခြင်း မောဟကိုပယ်ပါ။ သရဏဂုံ၃ပါးဆောက်တည် ငါးပါးသီလခံယူပါအဓိဋ္ဌာန်ဝင်ပါ ဖြစ်နိုင်ရင်ကျနော်အခုတင်ပေးထားသည့်အိမ်တော်ရာစေတီပုံတော်ကိုဝယ်ကြပါ။မန်းတလေးအိမ်တော်ရာစေတီရန်ကုန်အိမ်တော်ရာ စေတီ ကြိုက်ရာ စေတီပုံတော်ကိုဝယ်ယူထားပါ။ အိမ်ပြင်ဆောက်ရန်အတွက်အခက်အခဲဖြစ်နေကြသူများ အိမ်ဆောက်လက်စဆက်မဆောက်နိုင်ကြသူများ အဓိဋ္ဌာန်ဝင်ကြည့် ကိုယ်တိုင်သိရပါလိမ့်မယ် မိမိသည်အဓိဋ္ဌာန်ဆောက်တည်ပါပုတီး ၂ပတ် အနည်းဆုံး စိပ်ပါ ၉ပတ်စိပ်လျှင်ပိုကောင်းပါသည်။ သစ္စာပြု ဆုတောင်းပါ ကိုယ်ပိုင် အိမ်အရိပ် ရရှိရပါလို၏လို့။ ပုတီစိပ်ရန် ဂုဏ်တော်ကားဗောဓိ ဗုဒ္ဓေါ မဟာဃရော။ ပုတီးတစ်လုံးဗောဓိ ဗုဒ္ဓေါ မဟာ ဆာယော။ ပုတီးတစ်လုံးအနက်မြန်မာပြန်ဗောဓိသစ္စာလေးပါးကိုသိမြင်တော်မူသောဗုဒ္ဓေါ မြတ်စွာဘုရားသည် မဟာဃရော သတ္တဝါတို့၏ ခိုနားရာ ကြီးကျယ် မြင့်မြတ်သော အိမ်ကြီးသဖွယ်နှင့် လည်းတူတော်မူ ပါပေ၏။ ဗောဓိသစ္စာလေးပါးကို သိမြင်တော်မူသော ဗုဒ္ဓေါ မြတ်စွာဘုရားသည် မဟာဆာယော သတ္တဝါတို့၏ ခိုနားရာ ကြီးကျယ် မြင့်မြတ်သော အရိပ်ကြီး သဖွယ်နှင့်လည်းတူတော်မူပါပေ၏အားလုံးကိုယ်ပိုင်အိမ် […]
ရွှေတိဂုံစေတီ ရင်ပြင်တော်ပေါ်က တကြိမ်မှာ လူတဦးပဲ ဖူးလို့ရတဲ့ အကြပ်အတည်းပြေ ဘုရား
လူတော်တော်များများမသိသေးတဲ့ ရွှေတိဂုံဘုရားရင်ပြင်တော်က အကြပ်အတည်း ပြေပျောက်ဘုရား ရွှေတိဂုံဘုရားကို အခေါက်ပေါင်းများစွာရောက်ဖူးကြပေမယ့် လူသိနည်းပါးသော ဘုရားစေတီပုထိုးများစွာရှိသေးတယ်ဆိုတာ ဒီတစ်ခေါက်ဖူးရတဲ့ ဘုရားတစ်ဆူက သက်သေခံပါတယ်။ အဝင်ကျဉ်းအဝကျယ်ဘုရားလို့လည်းခေါ်ကြတယ်။ အကြပ်အတည်းပြေဘုရားလို့လည်းခေါ်ကြတယ်။ ကျနော်လည်း တစ်ခါမှမရောက်ဖူးတာနဲ့ ဘုရားဖူးမိတ်ဆွေတစ်ဦး ပြောပြလို့ သွားကြည့်ပြီး ဖူးဖြစ်ခဲ့ပါတယ်။ တောင်ဘက်မုခ်ဓာတ်လှေခါးနဲ့တက်ပြီးရင် မြင်မြင်ချင်းအာရုံခံတန်ဆောင်းကနေ ၄၊ ၅ ခြေလှမ်းလောက်ပဲလှမ်းကြည့်လိုက်တာနဲ့ ဘုရားအမှတ် ၁၃၃ နဲ့ ၁၃၁ အကြားမှာ လူတကိုယ်စာလေး ဝင်ပေါက်လွတ်နေတာကိုတွေ့ရမယ်။ အဲဒီကနေဝင်ပြီး ဘုရားဖူးရပါတယ်။ ဝတဲ့လူဆိုရင်တော့ နည်းနည်းဝင်ရကြပ်မယ့် အနေအထားပါ။ ဝင်ပြီးတာနဲ့ ဆင်းတုတော်အရှေ့ကို တန်းရောက်ပါတယ်။ ပုဂံ မြင်းကပါအရပ်က မနူဟာဘုရားကို ဖူးရသလိုပါပဲ။ လူတကိုယ်စာလေးပဲ ထိုင်ဖူးရပါတယ်။ ဖူးပြီးလို့ ထထွက်ရင်ဘယ်ဘက်ကို one way အတိုင်းထွက်ရပါတယ်။ အထွက်လမ်းပေါက်ကတော့ ကျယ်ပါတယ်။ ကျနော့်မိတ်ဆွေများလည်း ရွှေတိဂုံဘုရားကို အရောက်အပေါက်များပေမယ့် […]
ထူးခြားတဲ့ တပေါင်း လပြည့်နေ့ (သို့) မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့
တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့၊ ယနေ့သည်တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်၀င် အခါတော်နေ့ဖြစ်ပါသည်။ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ ဖြစ်သဖြင့်တပေါင်းလပြည့်နေ့ကို မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့ဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။ မြတ်ဗုဒ္ဓပြည်တော်၀င် အခါတော်နေ့ဖြစ်ပေါ်လာပုံ၊ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် အခါကာလက မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံတထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။ ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ် အမတ်တို့ကို အခြွအရံ တထောင်စီဖြင့် ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။ သို့သော် အားလုံး ရဟန်းပြု၍ […]
အွန်လိုင်းကနေ ဗီဒီယိုကောနဲ့ ရဟန်းပြုပေးလို့ ရ၊ မရ ဆိုတဲ့ မေးခွန်းရဲ့ အဖြေ
(ယခုအခါ ရဟန်းခံကြသည် ကား ဉာတ္ထိစတုတ္ထ ကမ္မူပသမ္ပဒါဖြင့်သာ ရဟန်းခံကြရသည်။ ရဟန်းခံဆိုသည်မှာလည်း သိမ်တွင်း၌ ငါးပါး၊ ငါးပါး ထက်လွန်သော သံဃာစည်းဝေး၍ ရဟန်းလောင်းအား မြတ်စွာ ဘုရား ခွင့်ပြုပညတ်ထားသော သိက္ခာပုဒ်တို့ကို စောင့်ရှောက် ထိန်းသိမ်းရန် တာဝန်ပေးအပ်ကာ သံဃဘောင်သို့ သွင်းခြင်းကို ဉာတ်ကမ္မဝါရွတ်ဖတ်၍ သံဃာအား သဘောတူ၊ မတူ ပန်ကြား လျှောက်ထားရာ၊ ကန့်ကွက်သူရှိလျှင် ကံပျက်၍ ရဟန်းမဖြစ် ဘဲ၊ ကန့်ကွက်သူမရှိလျှင် သဘောတူ သံဃဆန္ဒဖြင့် ရဟန်း အဖြစ်သို့ ရောက်သည်။) အဲဒါ ကူးလာတာ။ စမိုင်းလ် တို့ နိုင်ငံခြားသားကို ဗီဒီယိုကောနဲ့ သစ်တံခါးဆရာတော်ကိုခေါ်၊ သူကနေ အသံထွက် သင်ပေးပြီး ရဟန်းပြုပေးတယ်ပေါ့၊ သူတို့အပြောကတော့ သာသနာ ပြုတာပေါ့။ ဒါနဲ့ပဲ ရဟန်းဖြစ်လား၊ မဖြစ်ပါဘူး။ […]
ဘုရားစေတီတွေပေါ်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ အကြွေစေ့ထည့် အရုပ်သေတ္တာလေးများ
ယနေ့ အသက် ၅၀ ကျော်အရွယ်တွေ မှတ်မိကြဦးမယ့် အကြွေစေ့ထည့် အရုပ်သေတ္တာလေးတွေ အကြောင်းကို ဖော်ပြလိုက်ပါတယ်။ အဆိုပါ အရုပ်သေတ္တာလေးတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်ကတည်းက နာမည်ကြီး ဘုရားစေတီတွေမှာ ထားရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဘုရားစေတီတွေရဲ့ ရန်ပုံငွေအဖြစ်နဲ့သော်လည်းကောင်း၊ ဘုရားဖူးလာကြတဲ့ ကလေးတွေအတွက် စိတ်အပန်းပြေစရာ အဖြစ်လည်းကောင်း ထားရှိခဲ့ကြပါတယ်။ အကြွေစေ့ထည့်လိုက်တာနဲ့ သေတ္တာထဲမှာ ရှိတဲ့ စက်သီးတွေ ဆိုင်းကြိုးတွေ အလုပ်လုပ်ပြီး အရုပ်ကလေးတွေ ရွေ့လျားလာပုံကိုကြည့်ပြီး အဲဒီခေတ်က ကလေးတွေ အလွန်သဘောကျခဲ့ကြပါတယ်။ ခေတ်ကာလ ရွေ့လျားတာနဲ့အမျှ အဆိုပါ အရုပ်သေတ္တာပုံးလေးတွေ ပျောက်ကွယ်သွားကြပြီး တချို့ ဘုရားစေတီတွေမှာပဲ ရှေးဟောင်း ပစ္စည်းအဖြစ် ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပုံမှာ ဖော်ပြထားတာကတော့ ကြံခင်းမြို့မှာ တွေ့ရှိခဲ့တဲ့ အရုပ်သေတ္တာလို့ သိရှိရပါတယ်။ လက်ရှိအချိန်မှာတော့ […]
မယား (၇) မျိုး ၊ လင် (၈) မျိုး ဆိုတာ ဘာကိုပြောတာလဲ
မယား (၇) မျိုး ၊ လင် (၈) မျိုး ဆိုတာ ဘာကိုပြောတာလဲ မယားခုနှစ်မျိုး ၊ ရှိမြဲရိုးတွင် ၊ ခိုးသူအရှင် ၊သူသတ်သွင်းသို့ ၊ အကြင်မယား ၊ လား၏ငရဲ ၊အမြဲမှတ်ဘိ ၊ အမိတမျှ ၊ နှမမယွန်း ၊ခင်ပွန်းသဖွယ် ၊ ကျွန်နှယ်လေးဖြာ ၊ မယားမှာကား ၊နိပ္မာနတ်ပြည် ၊ လာမြဲမည်၏ ၊ယင်းသည့်လေးသွယ် ၊ မယားဝယ်လည်း ၊ ကျွန့်နှယ်အလား ၊ထိုမယားမူ ၊ ယောကျာင်္းဆုပန် ၊ နိဗ္ဗာန်ဆုကောင်း ၊တောင်းကမလွတ် ၊ မချွတ်တူတည် ၊ ပြည့်မြဲမည်၏ ။ ( က ) ခိုးသူနဲ့တူတဲ့မယား ၊ ( ခ […]
သရဏဂုံအကျိုးကြောင့် (၇)နှစ်သားအရွယ်ဖြင့် ရဟန္တာဖြစ်ခဲ့ရသူ
သရဏဂုံအကျိုးကြောင့် (၇)နှစ်သားအရွယ်ဖြင့် ရဟန္တာဖြစ်ခဲ့ရသူ အကြောင်း ဘုရားရှင်လက်ထက်တော်ကသရဏဂုံကို အကြောင်းခံပြီးရဟန္တာဖြစ်သွားရတဲ့ ပုဂ္ဂိုလ်တွေလဲရှိခဲ့ဖူးတယ် ။ ‘သရဏဂုံမထေရ်’ လို့ပဲအမည်တွင်ခဲ့ကြတယ်။ မြတ်စွာဘုရားလက်ထက်တော်ကသာဝတ္ထိပြည်မှာ ၇-နှစ်သားအရွယ်သူငယ်ကလေး တစ်ယောက် ရှိခဲ့ဖူးတယ်။ကလေးတို့ဘာဝ ကစားဖော် ကလေးများနှင့် ဘုန်းကြီးကျောင်းတိုက် တစ်ခုထဲရောက်သွားကြတယ်။ ကျောင်းတိုက်ထဲမှာသီတင်းသုံးတဲ့ ရဟန္တာအရှင်မြတ်တစ်ပါးကပျူ ပျူ ငှာငှာ ကလေးများကို နှုတ်ဆက်မေးစမ်းပြီး သရဏဂုံသုံးပါးကို ရွတ်ဆိုသင်ပြပေးလိုက်တယ်။သူကြွယ်သားကလေးဟာ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’လို့ဆိုလိုက်တာနဲ့ ချက်ချင်း ရိုးတွင်းချဉ်ဆီခိုက်အောင်ပီတိတွေဖြစ်သွားတယ်။ အိပ်ပျော်နေရာကဖြုန်းကနဲနိုးလာပြီးတစ်စုံတစ်ခု သတိရလိုက်သလိုမီးခဲပြာဖုံးဖြစ်နေတဲ့ အသိတွေ ဘွားခနဲပွင့်သွားတယ်။ သရဏဂုံကို အကြောင်းပြု ပြီးဝိပဿ နာဥာဏ် ဝင်စားလိုက်တာ အဲဒီနေရာမှာပဲခုနစ်နှစ်သားကလေး ရဟန္တာဖြစ်တော်မူသွားသတဲ့။ သတ္တဝါတို့မည်သည် နောက်ကြောင်းကိုယ်စီရှိကြတယ်။ ဘဝနောက်ခံ ကိုယ်စီပါကြသည်လို့မှတ်ရမယ်။အသိဥာဏ်ရှိတဲ့ ဘဝတစ်ခုခုက ထိထိခိုက်ခိုက်နှလုံးသွင်း လေ့ကျင့်ထားတဲ့ အလုပ်တစ်ခုဟာတစ်သံသရာလုံး အကျိုးဖြစ်စေတယ်။နှယ်နှယ်ရရ မမှတ်ကြနှင့်။ ဒီ ( ၇ […]
မြတ်စွာဘုရားဟာ ရဟန်းတော်များလို ဦးပြည်းကတုံး မဖြစ်ရတဲ့ အကြောင်းရင်း
ဒီနေ့ တိုက်တိုက်ဆိုင် လူနှစ်ဦးက တန်ဘိုးရှိသော မေးခွန်းတစ်မျိုးတည်းကို တစ်ပြိုင်တည်းမေးကြတယ်။ ထိုမေးခွန်းလေး တွေက ၁။ မြတ်စွာဘုရားရှင်ဟာ ရဟန်းတော်တွေလို ခေါင်းတော်မှာ ဆံပင်မရှိဘူး မို့လားဘုရား၊ ၂။ ပုံတော်တွေမှာ ဆံထုံးနဲ့ ဖူးတွေ့ရပါတယ်။ ၃။ ကိုးကွယ်ဆည်းကပ်ဖို့ရန် ဆံတော်စွန့်တယ်ဆိုတာက တန်ခိုးတော်နဲ့ စွန့်တာလား ဘယ်လိုလည်း ဘုရား။ သိလိုတဲ့ အတွက် ဖြေပေးပါ ဘုရား။ မသိသေးသူများအတွက်တော့ မေးသင့်မေးထိုက်ပြီး သိထားသင့်တဲ့ အဖြေလေးတွေပါပဲ။ ၁။ မြတ်စွာဘုရားရှင်က ခုခေတ်ရဟန်းတော်တွေလို ခေါင်းတော်ပေါ်မှာ ဆံပင်က ပြောင်မနေပါဘူး၊ လက်နှစ်သစ်ခန့် ရှည်သော ဆံတော်တွေက လက်ယာရစ်ခွေလျှက် တည်ရှိပါတယ်။ ထိုဆံတော်၏ သမိုင်းစဉ်မှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တော်ထွက်တော်မူလို့ အနော်မာသောင်သို့ ရောက်သော အခါမှာ ခေါင်းပေါ်က ဆံထုံးကို ကျစ်နေအောင် […]