Category: ပြည်တွင်းသတင်း
မော်တော်ပျက်ထဲမှာ တစ်ကိုယ်တည်း နှစ်နဲ့ချီနေပြီးတော့ သူ့သားပြန်အလာကို စောင့်နေရရှာတဲ့ အဖွားအို
ရန်ကုန်လေဆိပ်ကို ဝင်မယ့်သူတွေ သက်သာသွားတဲ့ ပိုက်ဆံ တသောင်းခွဲ (ရိုက်စားခွင်တခု လွတ်ပါပြီ)
လွန်ခဲ့တဲ့ လက ရန်ကုန်လေဆိပ်ကို ဝင်ချင်ရင် ပိုက်ဆံ သုံးသောင်းကနေ ၅ သောင်းအထိ ပေးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ဝေဖန်သံတွေ အများအပြား ထွက်ပေါ်ခဲ့ပါတယ်။ တာဝန်ရှိသူဆိုတဲ့ သူတွေကတော့ ပြည်သူတွေ ဘယ်လောက်ပြောပြော လုံခြုံရေး အကြောင်းပြချက်နဲ့ ပိုက်ဆံ တောင်းနေဆဲပါပဲ။ ရန်ကုန်လေဆိပ်ရဲ့ နောက်ထပ် ရိုက်စားခွင်တခု ဖြစ်တဲ့ ပြည်ပကနေ ဝင်လာသူတိုင်း ကျပ်ငွေ တသောင်းခွဲနဲ့ ကိုဗစ်စစ်ဆေးပေးနေခြင်းကို ဒီဇင်ဘာ ၁ ရက်နေ့မှ စပြီး မပြုလုပ်တော့ဘူးလို့ စကစ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာတော့ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်ပြသနိုင်သူ (သို့မဟုတ်) ကိုဗစ် ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံထား သူများအနေဖြင့် မြန်မာနိုင်ငံသို့ ဆိုက်ရောက်တဲ့ အချိန်မတိုင်မီ […]
ဒါဖတ်ပြီးမှ မော်လမြိုင်ကို ခရီးသွားကြပါ (ညောင်ခါးရှည် တထောင့်တညပုံပြင်များထဲက ပုံပြင်တပုဒ်)
မော်လမြိုင်ကို ကျော်ပြီး ခရီးသွားမယ့်သူတွေသိအောင်လို့ (၂၇-၁၁-၂၀၂၂) ရက်နေ့သွားခဲ့တဲ့ အတွေ့အကြုံလေးပြောပြချင်လို့ပါ။ ၂၇-၁၁-၂၀၂၂ ရက် မနက် (၇:၃၀) ကားကိုစီးတာ (၁၁:၀၀) နာရီလောက်မှာ ညောင်ခါးရှည် အိတ်ဇ်ရေး စစ်တဲ့နေရာကိုတန်းစီရပါတယ်။ အမှန်က အိတ်ဇ်ရေးက မော်လမြိုင်အထွက်ပဲစစ်တာ အဝင်မစစ်ဘူး။ ပိတ်တဲ့အကြောင်းက ကားတွေက ၂ ထပ် ၃ ထပ်တွေရပ်၊ ကားတွေကျော်တက်ပြီး လမ်းတွေပိတ်တာ စစီ မိတဲ့နေရာက ဝေါမြို့ကထွက်ပြီး သိမ်ဇရပ်၊ ဒိုက်ဦးသွားတဲ့ လမ်းခွဲတောင်ရောက်ဖို့ အဝေးကနေ ကားလေးတွေသေးသေးလေးမြင်နေရတဲ့အထိပါပဲ။ အဲ့နေရာမှာ စောင့်လိုက်တာ (၁၁:၀၀) ထိုးပြီးလောက်ပဲရှိသေးတယ်။ ကားက နာရီဝက်နေမှ တစ်ခါလောက် ဘီးလှိမ့်နေတဲ့အဖြစ်၊ (၁၂:၀၀) ထိုးပြီးလောက်ကျ ဗိုက်က တော်တော်ဆာနေပြီ အဲ့ဒါနဲ့ သိမ်ဇရပ်ဘက်သွားတဲ့လမ်းအထိ နေပူကြီးထဲ လမ်းလျှောက်ပြီး ထမင်းဆိုင်ရှာစား။ အမလေးထမင်းစားတာ ကြက်သည်းမြစ်နဲ့ […]
အမေ့ကို ခေါ်ရင် မိန်းမက လက်မခံဘူးဆိုပြီး သားအရင်းကစွန့်လွှတ်တာကို ခံလိုက်ရတဲ့ မိခင်အို. .
အမေကိုခေါ်ရင် မိန်းမ(ချွေးမ)က လက်မခံနိုင်လို့ဆိုပြီး သားအရင်းကစွန့်လွှတ်လိုက်တဲ့ (၇၄)နှစ်ရွယ် ခိုကိုးရာမဲ့အဖွားအား မြဆည်းဆာမှ ခေါ်ယူစောင့်ရှောက် အဖွားအမည် – ဒေါ်ကျင်သီ အသက် – (၇၄)နှစ် မိဘအမည် – ဦးမောင်ငယ် ဒေါ်စိန်ရွှေ ခေါ်ယူခဲ့သည့်နေရာ – နှစ်ကရင်ကျေးရွာ၊ ရေးမြို့။ အဖွားအကြောင်းအကျဥ်းကတော့ – အဖွားသည် ရေးမြို့နယ် နှစ်ကရင်ရွာဇာတိဖြစ်ပြီး မွေးချင်း(၇)ဦးအနက် တတိယမြောက် ဖြစ်ပါသည်။ ငယ်စဥ်က (၄)တန်းထိ ပညာသင်ကြားခဲ့ပြီး ဖခင်မှာ သွားစိုက်လုပ်ငန်းလုပ်သည်ဟု သိရပါသည်။ အဖွားသည် အသက်(၁၈)အရွယ်တွင် တရွာတည်းနေ ဦးတင်ညွှန့် ဆိုသူနှင် အိမ်ထောင်ကျပြီး ယောင်္ကျားဖြစ်သူမှာ ရထားလမ်းအလုပ်သမား လုပ်ပြီး အဖွားကတော့ မှီခိုသူအဖြစ် ရပ်တည်ခဲ့ပါသည်။ အဖွားသည် (၁၈)နှစ်အရွယ်တွင် အိမ်ထောင်ကျပြီး အသက်(၂၄)နှစ်အရွယ်တွင် အိမ်ထောင်ကွဲခဲ့ပါသည်။ အိမ်ထောင်ကျစဥ် သား(၂)ဦးထွန်းကားခဲ့ပြီး […]
ကလေး PDF ဆေးတပ်သား အမျိုးသမီး ၉ ဦး ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခံရ
ကလေး PDF ဆေးတပ်သား အမျိုးသမီး ၉ ဦး ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခံရ ဧရာဝတီ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၂ စစ်ကိုင်းတိုင်း၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ဆေးတပ်သား အမျိုးသမီး ၉ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ဧရာဝတီသို့ ပြောသည်။ ၎င်းက ” လိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေကိုတော့ ကလေးအကျဉ်းထောင်ကို ပို့လို့ရတယ်။ မိသားစုဝင်တွေနဲ့တော့ အခုအချိန်အထိ ပေးမတွေ့သေးဘူး ” ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ကလေးမြို့ အနောက်တောင်ဘက်ရှိ PDF စခန်းတစ်ခုကို […]
ဧရာဘဏ်ကို ဦးဇော်ဇော် စွန့်လွှတ်ပြီ၊ မြန်မာ့ဘဏ်လောက ဘာတွေ ဖြစ်လာဦးမှာလဲ
အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာတဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲပါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်တမ်းဆိုသည့် ဓာတ်ပုံတပုံတွင် ဧရာဝတီဘဏ်ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲတော့မယ်လို့ ပါရှိလာပါတယ်။ စာအပြည့်အစုံကတော့ “မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေပုဒ်မ – ၅၈ (ခ) အရ ကြေညာ၊ ဧရာဝတီဘဏ် လီမိတက်၊ အမှတ် – ၄၁၆၊ မဟာဗန္ဓုလလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသည် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှ အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီအဖြစ်သို့ အမျိုးအစား ပြောင်းလဲခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များကို ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိထံသို့ တင်ပြပြီး ဖြစ်ကြောင်းနှင့် မှတ်ပုံတင်အရာရှိသည် ကုမ္ပဏီက တင်ပြသည့် လျှောက်ထားမှုကို ကျေနပ်လက်ခံပြီး တရားရုံး၏ အမိန့်တရပ်ရပ်အရ တားမြစ်ခြင်း မရှိလျှင် ကုမ္ပဏီ၏ […]
မြန်မာနိုင်ငံမှာ ဆိုင်ကယ်သူခိုး လုံးဝမရှိတဲ့မြို့ (ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်ပါ)
ယနေ့ အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေကတော့ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ထဲက နောင်မွန်ရွာကလေးမှာ သူခိုးလုံးဝ မရှိကြောင်း သက်သေပြလိုက်တဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ လတ်တလောကာလမှာ မြန်မာနိုင်ငံတဝှမ်းမှာ သူခိုးသူဝှက်များ၊ အထူးသဖြင့် ဆိုင်ကယ်သူခိုးများ အရမ်း ပေါများနေချိန်မှာ နောင်မွန်မြို့မှာတော့ ဆိုင်ကယ်သူခိုး လုံးဝ မရှိတဲ့အကြောင်း ကိုယ်တွေ့ကြုံခဲ့သူတဦးက ရေးသားထားမှုကို ပြန်လည် ဖော်ပြလိုက်ပါတယ်- မြန်မာနိုင်ငံမှာ သူခိုးလုံးဝမရှိတဲ့မြို့ကို ဖော်ပြပါဆိုရင် နောင်မွန်မြို့နယ်ကို ဖော်ပြရမှာပါ။ ဆိုင်ကယ်အစီးရေ ရာနဲ့ချီလမ်းဘေးမှာ ဒီတိုင်းထားထားတယ်။ တစ်စီးမှ ပျောက်တယ်ဆိုတာမရှိသလို ခိုးတဲ့သူလဲ တယောက်မှမရှိပါဘူး။ အရမ်းကိုအေးချမ်းတဲ့မြို့လေးတစ်မြို့ပါ။ (M Sai) နောင်မွန်ရွာဟာ ရှမ်းပြည်နယ် (မြောက်)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၌ တည်ရှိတာ ဖြစ်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နောင်မွန်ကျေးရွာအုပ်စုတွင် ကျား ၅၈၄၀ […]
မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ်ကို စွဲစွဲမြဲမြဲ စားနေတဲ့သူတွေ ဂရုပြုရမယ့် အချက်
မုန့်ဟင်းခါးဆိုတာ မြန်မာအတော်များများ စားသုံးကြတဲ့ သည်းခြေကြိုက် စားစရာတခု ဖြစ်ပါတယ်။ မုန့်ဟင်းခါးကို တကယ်ကြိုက်နှစ်သက်တဲ့သူတွေက မနက်စာသာမက တနေ့လုံးပါ စားသုံးကြတဲ့ အစားအသောက်တခု ဖြစ်ပါတယ်။ ခေတ်မီလာတာနဲ့အမျှ မြန်မာ့ရိုးရာ အစားအသောက်တွေကို တာရှည်ခံပြီး ပြည်ပပို့နိုင်တဲ့အထိအောင် ပြုလုပ်လာကြတဲ့အထဲမှာ မုန့်ဟင်းခါးကိုလည်း အခြောက်ထုပ်အနေနဲ့ ထုတ်လုပ်လာကြပါတယ်။ မုန့်ဟင်းခါးခြောက်ထုပ်ကို တံဆိပ်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ်လာကြတဲ့ အထဲမှာ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ် ဆိုတာ ပြည်တွင်းပြည်ပရောက် မြန်မာများ အထူးကြိုက်နှစ်သက်ကြတဲ့ တံဆိပ်တမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ရောက် သတင်းထောက်တဦး ဖြစ်တဲ့ ကိုရဲဝင့်သူက မနေ့က မြေင်းမြဒေါ်ချိုနဲ့ ပတ်သက်တဲ့ ဗီဒီယိုတခုကို မနေ့က သူ့အကောင့်မှာ တင်ခဲ့ပါတယ်။ ယင်းဗီဒီယိုထဲမှာ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးခြောက်ထုပ်တွေ သက်တမ်းကုန်ဆုံးတာနဲ့ ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။ မြောင်းမြဒေါ်ချို ဆိုင်ပိုင်ရှင်ဟာ […]
ဓနုဖြူ ပြည်လုံးချမ်းသာစေတီတော်ဝန်းထဲက ထူးဆန်းတဲ့ ရတနာဘူး နောက်ကွယ်က အကြောင်းရင်း
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့မှာ ပတ္တမြားစေတီတည်ထားကာ ဌာပနာတော်များစုဆောင်းနေချိန်မှာ ရတနာပစ္စည်းများနှင့် ရှေးဟောင်းဒင်္ဂါးပြားများ ပါရှိသည့် ဘူးတစ်ဘူးကို ထူးဆန်းစွာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပတ္တမြားစေတီကို ဓနုဖြူမြို့ရှိ ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးဘုရားဝန်း၊ အင်္ဂါထောင့်၌ တည်ထားနေချိန်မှာ အဆိုပါ အဖိုးတန် ရတနာပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ “ပတ္တမြားစေတီတည်ဖို့က ပန္နက်တင်ပြီးသွားပြီ။ ဖောင်ဒေးရှင်း စနေပြီ။ ဌာပနာတော်အတွက်လည်း ရသင့်သလောက်ရပြီ။ ဂေါပကအဖွဲ့က ဓါတ်တော်၊ ဌာပနာတော်တွေ ထပ်ပြီး စုနေချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဂေါပကရုံးထဲမှာရှိတဲ့ ပစ္စည်းထည့်တဲ့ စတိုနေရာကနေ ရတနာတွေထည့်ထားတဲ့ဘူးကို ထူးဆန်းစွာတွေ့ခဲ့တာပါ။ စတိုက အုတ်နဲ့ပတ်လည်ကာထားပြီး ရှေ့မှာတံခါးပေါက်လေးရှိတယ်။ စာရေးမက ငှက်ပျောသီးသွားယူရင်း အဲဒီစတိုအပေါက်ဝနားမှာ တိပ်ပတ်ထားတဲ့ ဖူဂျီဘူးကို တွေ့ခဲ့တာပါ။ ဘာဗူးလဲမသိဘူးဆိုပြီး စာရေးမက ဂေါပကဥက္ကဋ္ဌကို အပ်ခဲ့တယ်။ အဲဒီနောက် ဖွင့်ကြည့်လိုက်တော့ ရတနာပစ္စည်းတွေဖြစ်နေတာ […]
ကမ္ဘာ့ဈေးအသက်သာဆုံး လျှပ်စစ်ကား မန္တလေးမြို့မှာ ထွက်ပေါ်လာပါပြီ (တခေတ်ဆန်းတော့မှာလား)
ကမ္ဘာ့ဈေးအသက်သာဆုံး လျှပ်စစ်ကားကို မန္တလေးမြို့မှာ အမှတ်မထင် တွေ့ရှိခဲ့တဲ့အကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတဦးရဲ့ ပို့စ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်- “လူတိုင်းလက်လှမ်းမီသည့် EV (လျှပ်စစ်ကား)ကို မန်းလေးတွင် တွေ့ရှိထားပြီး နောက်ပိုင်းမှာတော့ တွင်တွင်ကျယ်ကျယ်ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ Green Energy မဟုတ်ဘူး၊ Blue Energy ပါ။ နောက်က ဘက်ထရီပုံးပြာလေးက အမှန်ကန် “plug & play” ဘဲ၊ အပြင်သွားမယ်ဆိုရင် ယာဉ်မှာ ကောက်ချိတ်လိုက်ရင်ရပြီ၊ ညပိုင်းမီးထွန်းမယ်ဆိုလဲ ပုံးကလေးကို အသာဖြုတ်ပြီး မီးထွန်းလို့လဲရတယ်။ လင်မယားနှစ်ယောက်တည်း အပြင်မှာ မုန့်စားဘာစားသွားရင် အထူးသင့်တော်၊ ပတ်၀န်းကျင် လေကောင်းလေသန့် လေးဖက်လေးလံလုံး ၀င်မယ်။” (ကိုကျော်ဝင်း စက်ယန္တရား – မန္တလေး) သေချာတာကတော့ ကမ္ဘာ့ဈေးအပေါဆုံး လျှပ်စစ်ကား ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး လျှပ်စစ်ကားတွေ မြန်မာပြည်လမ်းတွေပေါ်မှာ […]
Back To Top