Category: ပြည်ပသတင်း
စာသင်နေချိန်အတွင်း အာရုံမစိုက်ဘဲ နေကြာစေ့ခိုးစားနေသော တပည့်တွေကို နေကြာစေ့ ၅၀ကီလိုဂရမ် ဝယ်ယူပြီး အဝစားခိုင်းခြင်းဖြင့် အပြစ်ပေးခဲ့သော ဆရာမ
Unicode စာသင်နေချိန်အတွင်း အာရုံမစိုက်ဘဲ နေကြာစေ့ခိုးစားနေသော တပည့်တွေကို နေကြာစေ့ ၅၀ကီလိုဂရမ် ဝယ်ယူပြီး အဝစားခိုင်းခြင်းဖြင့် အပြစ်ပေးခဲ့သော ဆရာမ ကျောင်းသား၊ ကျောင်းသူအများစုသည် စာသင်ချိန်တွင် ပျင်းရိတတ်ကြပြီး ဆရာမတွေ သင်ကြားနေချိန်မှာလည်းဂရုမစိုက်၊ မလေးစားပဲ နောက်ကနေ လုပ်ချင်ရာ လုပ်တတ်ကြသည်။ သို့ဖြစ်၍ တရုတ်နိုင်ငံရှိ အသက်မွေးဝမ်းကျောင်းပြု တက္ကသိုလ်တစ်ခုမှဆရာမဖြစ်သူတစ်ဦးသည် စာသင်ချိန်မှာ လိုက်မကြည့်ပဲ မုန့်ခိုးစားတတ်သည့် တပည့်လေးတွေကို အပြစ်ပေးခဲ့သည်။ ဆရာမဖြစ်သူသည် ရှေ့ကနေ ကြိုးစားပမ်းစား စာကိုသင်ကြားပေးနေပေမယ့် တပည့်လေးတွေသည်ပျင်းရိစွာပဲ စာသင်တာကို အာရုံမစိုက်ပဲ နေကြာစေ့ခိုးစားခဲ့ကြရာ ဆရာမမှ အလွန်ဒေါသထွက်သွားခဲ့သည်။ ထို့ကြောင့် တပည့်လေးတွေကို အခန်းပြင်ခေါ်ထုတ်ကာ စင်္ကြံမှာထိုင်စေပြီး နေကြာစေ့ ၅၀ကီလိုဂရမ်ကို A4စာရွက်တွင် ပုံချကာ အဝထိုင်စားစေခြင်းနည်းဖြင့် အပြစ်ပေးခဲ့သော အဖြစ်အပျက်လေးသည် လူမှုကွန်ယက်ထိပါ နာမည်ကြီးလာခဲ့သည်။ Hlaing (Love […]
လမ်းဘေးမှာ ထင်တိုင်းကြဲနေတဲ့စုံတွဲကို အမြင်မတော်လို့ တုတ်နဲ့ဝင်ရိုက်ခဲ့တဲ့ အဘွားအို
Unicode လမ်းဘေးမှာ ထင်တိုင်းကြဲနေတဲ့စုံတွဲကို အမြင်မတော်လို့ တုတ်နဲ့ဝင်ရိုက်ခဲ့တဲ့ အဘွားအို ရုရှားနိုင်ငံ၊ အနောက်တောင်ပိုင်း Stavropol မြို့က လမ်းဘေးတစ်နေရာမှာ စုံတွဲတစ်တွဲဟာပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ထင်တိုင်းကျဲနေပါတယ်။ ဒါကို အဖွားအိုတစ်ယောက်ကမြင်သွားပြီးနောက် အဲဒီစုံတွဲကို တုတ်နဲ့ဝင်ရိုက်ပြီး ဆုံးမခဲ့ပါတယ်။ အဖွားရဲ့အမည်ကတော့ အီရီနာလို့ သိရပါတယ်။ ဒေသခံတွေဟာ အဖွား အီရီနာကို ချစ်ကြောက်ရိုသေကြပြီး၊အဖွားဟာ စိတ်မြန်လက်မြန်နဲ့ ဆုံးမပြုပြင်တတ်လွန်းလို့ နာမည်အလွန်ကြီးသူ ဖြစ်ပါတယ်။ စုံတွဲကလည်း သူတို့အရှိန်နဲ့သူတို့ ကဲနေတာဖြစ်ပြီး၊ နှစ်ယောက်စလုံး အဝတ်တွေ ကျွတ်လုခမန်း ဖြစ်နေပါတယ်။အဖွား အီရီနာကတော့ အပေါ်ကနေအလုပ်ရှုပ်နေတဲ့ အမျိုးသားကို တုတ်နဲ့ အားရပါးရ ရိုက်နှက်ခဲ့သလို၊ ဒါကိုတောင် အမျိုးသားက အမျိုးသမီးပေါ်ကနေ မဆင်းချင်ဆင်းချင်နဲ့ ဆင်းခဲ့ရတာပါ။ အဖွားအိုက အမျိုးသားကို ရိုက်ပြီးနောက် မြေပြင်မှာ လှဲနေတဲ့ အမျိုးသမီးကိုပါ ဆက်ပြီးရိုက်ခဲ့ပါတယ်။အဲဒီနောက် […]
သားလေးကိုကျောင်းထားပေးဖို့ဆိုပြီး ၂နှစ်အကြာရေသန့်ဗူးကြီးထဲတွင် ဘတ်ငွေ၁သိန်းကျော်ထိ စုဆောင်းပေးခဲ့သော မိခင်တစ်ဦး
မိဘတိုင်းက သားသမီးလေးရှေ့ရေး အနာဂတ်ကောင်းစားဖို့အတွက်ဆိုရင် မဖြစ်နိုင်ပူးဟုထင်ထားသည့် အရာများကိုလည်း ရဲရဲကြီးရင်ဆိုင်ကာ ကျော်လွှားပေးတတ်ကြသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံမှ ကြင်ဖော်မဲ့ မိခင်တစ်ဦးသည် စျေးထဲတွင် ငါးစိမ်းသည်အဖြစ် အသက်မွေး၀မ်းကျောင်းပြုကာ စျေးမရောင်းကောင်းသည့် နေ့များရှိသော်လည်း သားလေးကို ကျောင်းထားပေးဖို့ဆိုပြီး ရည်ရွယ်ကာ နေ့စဥ်အနည်းဆုံး ဘတ်၅၀အား စုဆောင်းထားခဲ့သည်။ မိခင်ဖြစ်သူသည် အသုံးစရိတ်ကိုချွေတာကာ ရေသန့်ဗူးကြီးတစ်လုံးထဲတွင် ငွေစက္ကူများစွာ စုဆောင်းသိမ်းထားပေးခဲ့ပြီး ၂နှစ်အကြာမှဖောက်ကြည့်ခဲ့ရာ ဘတ်ငွေပေါင်း ၁၄၇၈၀၀ရှိနေ၍ ဝမ်းသာပျော်ရွှင်နေခဲ့သည်။ crd Zawgyi မိဘတိုင်းက သားသမီးလေးရှေ့ရေး အနာဂတ်ကောင်းစားဖို့အတွက်ဆိုရင် မဖြစ်နိုင်ပူးဟုထင်ထားသည့် အရာများကိုလည်း ရဲရဲကြီးရင်ဆိုင်ကာ ကျော်လွှားပေးတတ်ကြသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံမှ ကြင်ဖော်မဲ့ မိခင်တစ်ဦးသည် ဈေးထဲတွင် ငါးစိမ်းသည်အဖြစ် အသက်မွေးဝမ်းကျောင်းပြုကာ ဈေးမရောင်းကောင်းသည့် နေ့များရှိသော်လည်း သားလေးကို ကျောင်းထားပေးဖို့ဆိုပြီး ရည်ရွယ်ကာ နေ့စဉ်အနည်းဆုံး ဘတ်၅၀အား စုဆောင်းထားခဲ့သည်။ […]
မနက်စောစောအိပ်ရာထဖို့ပျင်းပြီး နှိုးရခက်တဲ့မြေးဖြစ်သူကို ရဲတပ်ဖွဲ့ဆီအကူအညီတောင်းကာ နှိုးခိုင်းခဲ့ရသည့်အဖြစ်
ညဖက် ဆေးရုံမှာ ဘယ်သူ့အကူအညီမှ မပါဘဲ ရွှေ့လျားသွားလာနေခဲ့တဲ့ ဝီးချဲ (ရုပ်သံ)
ဒီလိုအဖြစ်အပျက်ကတော့ သိပ္ပံနည်းပညာနဲ့တောင်အဖြေရှာလို့ရမှာမဟုတ်ပါဘူး ။ ဒီတစ်ခေါက်မှာတော့ထိုင်းနိုင်ငံရဲ့ဆေးရုံတစ်ခုမှာ ဝီးရှဲဟာဘယ်သူ့အကူအညီမှမပါဘဲ ရွှေ့လျားသွားလာနေခဲ့တဲ့ video ဟာ social media ပေါ်မှာ အတော်လေးကိုပျံ့နှံ့လို့ ရှိနေပါတယ် ။ Video ထဲမှာတော့ အစပိုင်းမှာ ဝီးရှဲဟာငြိမ်သက်နေပြီး နောက်မှ အရှေ့ဖက်သွားလိုက် ၊ အနောက်ဖက်ကို ပြန်သွားလိုက် ဖြစ်နေခဲ့တာပါ ။အဆိုပါဆေးရုံရဲ့ ဒါရိုက်တာ Mr. Thanasak Pakdeenuan က ဘယ်သူကမှ မထိုင်နေတဲ့ဝီးရှဲကအခန်းလွတ်ကြီးထဲမှာရှိနေလို့၊ဘာလို့ဒီကိုရောက်နေတာလဲဆိုတဲ့စိတ်နဲ့ CCTV ကို စစ်ဆေးကြည့်လိုက်ပါတယ် ။ ဒါရိုက်တာ နဲ့ အခြားဝန်ထမ်းတွေက အဆိုပါအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရပြီးနောက်အတော်လေးထိတ်လန့်သွားခဲ့ရပါတယ် ။ သို့ပေမဲ့လည်း အဆိုပါနေ့က မိုးသည်းထန်စွာရွာသွန်းနေလို့ လေတိုက်လို့ ဝီးရှဲကရွှေ့လျားနေတာဖြစ်နိုင်ကြောင်းဒါရိုက်တာဖြစ်သူကသုံးသပ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါ ဝီးရှဲရဲ့အရင်ပိုင်ရှင်က သေဆုံးသွားခဲ့ပြီးနောက် ဆေးရုံသို့ လှူဒါန်းထားခဲ့တဲ့ ဝီးရှဲလည်းဖြစ်ကြောင်းသိရှိရပါတယ် […]
အသက်အရွယ်ရနေပြီဆိုပေမယ့် စားဝတ်နေရေးအတွက် FoodPanda မှာ အလုပ်လုပ်နေရသေးတဲ့ အဖွား
မကြာသေးခင်က မလေးရှားနိုင်ငံရှိ စားသောက်ဆိုင်တစ်ခုမှာ ထိုင်နေပြီးဝတ်ဆင်ထားတဲ့ ဝတ်စုံကြောင့် FoodPandaမှာ အလုပ်လုပ်နေပုံရတဲ့ အသက်ကြီးကြီးအဖွားတစ်ဦးရဲ့ဓာတ်ပုံကို အင်တာနက်အသုံးပြုသူတစ်ဦးက social media မှာ ဝေမျှခဲ့ပြီးနောက် အဆိုပါအဖွားကို လူသိများသွားခဲ့ပါတယ်။ Tiffany Chang အမည်ရှိတဲ့အမျိုးသမီးက Rock ဆိုတဲ့ကဖေးဆိုင်ရှေ့မှာ FoodPadanအိတ်လေးကို လက်မှာဆွဲထားရင်း order လက်ခံဖို့အဆင့်သင့်ဖြစ်နေခဲ့တဲ့အဆိုပါအဖွားကို ဓာတ်ပုံရိုက်ပေးခဲ့တာပါ။ Sin Chew Daily သတင်းအရ မီးခိုးရောင်ဆံပင် နှင့် မျက်မှန်ပါတပ်ထားတဲ့အဆိုပါအဖွားဟာ ရောဂါကာလမှာ သူ့အလုပ်ကို ပုံမှန်လည်ပတ်နိုင်စေဖို့ mask နှင့် လက်အိတ်များဝတ်ဆင်ခြင်း၊ မိမိရဲ့ဖုန်းကိုပါ ပလပ်စတစ်နဲ့ ကပ်ထားခြင်း စတဲ့ COVID-19 ဆိုင်ရာ ကျန်းမာရေးစည်းကမ်းအားလုံးကိုလည်း လိုက်နာနေခဲ့ပါသေးတယ်။ တစ်ကယ်တော့ အဆိုပါအဖွားဟာ ညီမတစ်ယောက်ရှိပြီး အရင်က အင်္ဂလိပ် မဂ္ဂဇင်းစာရေးဆရာမတစ်ယောက်ဖြစ်ခဲ့တာပါ။ အခုလိုရောဂါကြောင့် သူမအ လုပ်ပြုတ်သွားခဲ့ပြီး […]
ဘတ် (၆) သန်းထီပေါက်ပြီးတဲ့နောက် ဇနီးက ငွေတွေထုတ်ကာ နောက်ဘဲတယောက်နဲ့ ထွက်ပြေး
ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးမှာ ဘတ် ၆ သန်းထီပေါက်ပြီးတဲ့နောက် သူ့မှာ လုံးဝကို မပျော်နိုင်ခဲ့ပဲ ဆုံးရှုံးနစ်နာမှုနဲ့ ယူကြုံးမရဖြစ်လို့နေပါတယ်။ အသက် ၄၉ နှစ်အရွယ် ထီကံထူးရှင်အမျိုးသား မာနစ်ဆိုသူမှာ ဘတ် ၆ သန်းထီပေါက်ပြီးနောက် ဇနီးသည်က ထီဆုပေါက်တဲ့ ငွေကြေးတွေကို ထုတ်ယူပြီး တခြားချစ်သူအမျိုးသားတစ်ဦးနဲ့ ထွက်ပြေးသွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ထံ လာရောက် တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့က ထွက်ခဲ့တဲ့ ဘတ် ၆ သန်း ပထမဆုကို ဆွတ်ခူးခဲ့တဲ့ အစ်အန်း ပြည်နယ် ရီယို အက်နေထိုင်သူ ထိုင်းအမျိုးသား မာနစ်ဟာ ထီပေါက်ပြီးနောက် အခွန်နှုတ်ပြီး ကျန်ငွေ ဘတ် ၅ သန်း ၉ သိန်းကျော်ကို ဇနီးသည်ရဲ့ ဘဏ်အကောင့်ထဲကို လွှဲပြောင်းစေခဲ့ပါတယ်။ […]
ရွှေပြည်တော် မျှော်တိုင်းဝေးလို့ မြန်မာဗီဇာနဲ့ ဝေးပြီ၊ သြဇီက မြန်မာတွေကို ပြည်ဝင်ခွင့် တင်းကြပ်ပြီ
ရွှေပြည်တော်မျှော်တိုင်းဝေးလို့ မြန်မာဗီဇာနဲ့ ဝေးပြီ.. မြန်မာပြည်ပြန်ဖို့ သြစတြေးလျှနိုင်ငံ ကင်ဘာရာ မြန်မာသံရုံးကို ဖုန်းဆက်စုံစမ်းတယ်။ မြန်မာပြည်ကို သြဇီ Passport နဲ့ ၄ ကြိမ်ပြန်တုန်းက Tourist Visa ၃ လထုတ်ပေးတယ်။ ဘာမှစစ်ဆေးခြင်းမရှိပါ။ အခု ၂၀၂၃ ပြန်ဖို့ ဗီဇာ လျှောက်ရန် ဖုန်းဆက်တော့ နိုင်ငံခြားသား ခံယူထားတဲ့ မြန်မာနိုင်ငံသားတွေကို အရင်လို Tourist Visa ထုတ်မပေးတော့ပါဘူး ။ Social Visa အသစ်ကိုလျှောက်ရတယ်။ Social Visa ဆိုတာ လူမှုရေး မိသားစုအရေး အတွက် ဗီဇာ အသစ်ပါ။ မြန်မာပြည်က မိဘ ဆွေမျိုး မောင်နှမတွေကနေ မိသားစု သာရေး နာရေး အတွက် မဖြစ်မနေ တွေ့ဖို့လိုအပ်လို့ စာဖြစ်စေ၊ […]
လယ်သမား၏သား မရှိဆင်းရဲသားဘဝမှနေ၍ ဒေါ်လာ ၃၀၀၀၀၀ ပညာသင်ဆုရရှိသည်အထိ ထူးချွန်သောကျောင်းသားဖြစ်လာခဲ့သည့်ကောင်လေး
အမေရိကန်နိုင်ငံဆိုသည်မှာ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု အရှိဆံုးသော နိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်ပါတယ်။ ထို့ကြောင့်လည်းလူအများစုတို့ဟာ အမေရိကန်နိုင်ငံသို့လာရောက်၍ ပညာသင်ကြားခြင်း အလုပ်လုပ်ကိုင်ခြင်းတို့အတွက် လာရောက်တတ်ကြပါတယ်။ ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ လယ်သမားတစ်ဦး၏သားဖြစ်သူ Aldrean Paul Alogonသည် ငယ်စဥ်တည်းကပင် ဖခင်၏အလုပ်များကို ဝိုင်းကူပေးရင်းကျောင်းတက်ခဲ့ရပါတယ်။ ကြိုးစားချင်စိတ်အပြည့်ရှိသော လူငယ်လေးဟာ အားလပ်ချိန်များတွင် ဝါသနာပါသောစွယ်စုံကျမ်းနှင့် သိပ္ပံအကြောင်းအရာများကို လေ့လာနေတတ်ပါတယ်။ ထို့ကြောင့်လည်း အထက်တန်းအောင်မြင်သောအခါ အမေရိကန်တက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားခဲ့ရာ အောင်မြင်ခဲ့သည့်အပြင် ထူချွန်ထက်မြက်လှသော ကြိုးစားမှုတို့ကြောင့် ဒေါ်လာ ၃၀၀၀၀၀ ကို နှစ်စဥ်ပညာသင်ဆုအနေဖြင့် ရရှိခဲ့ပါတယ်။ Zawgyi အမေရိကန်နိုင်ငံဆိုသည်မှာ ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံးသော နိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်ပါတယ်။ ထို့ကြောင့်လည်းလူအများစုတို့ဟာ အမေရိကန်နိုင်ငံသို့လာရောက်၍ ပညာသင်ကြားခြင်း အလုပ်လုပ်ကိုင်ခြင်းတို့အတွက် လာရောက်တတ်ကြပါတယ်။ ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ လယ်သမားတစ်ဦး၏သားဖြစ်သူ Aldrean Paul Alogonသည် ငယ်စဉ်တည်းကပင် […]
ပထမဆု ရရင် ဘုရားကျောင်းပျက်ကို ပြင်ပေးမယ်ဆိုတဲ့ ထိုင်းအမျိုးသမီး ထီ ပထမဆု ဆွတ်ခူး
ထီပထမဆု ဘတ် ၆ သန်းကံထူးလျှင် ကျောင်းပျက်တစ်ခုကို ပြန်လည်မွမ်းမံပြီး ခုတ်ထွင်ရှင်းလင်းမည့်လူ ငှားမည်ဟု နက်တာဝန် အကောင့်ပိုင်ရှင် ထိုင်းအမျိုးသမီးတစ်ဦးက ပို့စ်တင်ခဲ့ပြီးနောက် ထီဆုကြေညာသည့် ၁၇-၁၁-၂၀၂၂ ရက်နေ့တွင် ၁၂၁၇၈၉ ဂဏန်းကို အမှန်တကယ် ကံထူးခဲ့ကာ ဘတ် ၆ သန်းကံထူးခဲ့တယ်လို့ သိရပါတယ်။ ယင်းကျောင်းပျက်သည် ထိုင်းနိုင်ငံတောင်ပိုင်း ချွမ်ဖော်ခရိုင်မြို့နယ်တွင်တည်ရှိပြီး ချုံနွယ်ပိတ်ပေါင်း များဖြင့်ပြည့်နှက်နေ၍ မြင်တွေ့သူများက နှမျောစိတ်ဖြစ်ပြီး ပြန်လည်ပြုပြင်မွမ်းမံ စေလိုကြတယ်လို့ သိရပါတယ်။ သူမ အမှန်တကယ် ထီကံထူးသည်ကို သိရှိလိုက်ရသည့်နောက်တွင် အွန်လိုင်းအသုံးပြုသူများက အဆိုပါကျောင်းဟောင်းရဲ့ တန်ခိုးကြီးပုံကို အံအားသင့်နေကြတယ်လို့ သိရပါတယ်။ ထိုင်းပြည်သူများအနေနဲ့ ထီကံစမ်းရာမှာ သဘာဝလွန် အကြောင်းအရာ အများအပြားကို ယုံကြည်ကြပြီး ထူးခြားမှု တစုံတရာ တွေ့ရှိပါက ထီကံကောင်းတယ်လို့ နိမိတ်ကောက်ပြီး ကံစမ်းကြလေ့ ရှိပါတယ်။ […]
Back To Top