Category: မိဘဂုဏ်
အိမ်ရောင်းပြီး သမီးဖြစ်သူတွေကို ပညာဆက်သင်ဖို့ ပြည်ပကို လွတ်လိုက်ပေမဲ့ ၁၀နှစ် ကြာတောင်ပြန်မလာတဲ့အခါ
အသက် ၆၉နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အမျိုးသမီးကွယ်လွန်သွားပြီး ကတည်းက သမီး၂ယောက်နဲ့ အတူ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့လေးမှာ နေထိုင်ခဲ့ပါတယ်။ ဇနီးသည်မရှိတော့တဲ့အတွက် သမီး၂ယောက်ကို အဖေတစ်သူဖြစ်ယောက်တည်းကပဲ ထိန်းကျောင်းပြီး ပညာရေးကိုလည်း လိုလားသူဖြစ်တာကြောင့် ပညာရေးဆုံးခမ်းတိုင်အောင် ထားပေးခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့အခါ သမီး၂ယောက်ကို ပြည်ပတက္ကသိုလ်မှာ ပညာဆက်သင်ဖို့ သူတို့နေတဲ့ အိမ်လေးကို ရောင်းချခဲ့ပါတယ်။ အဲ့ဒီနောက် ဈေးသက်သက်သာသာနဲ့ရတဲ့ အိမ်သေးလေးတစ်လုံးဆီ ပြောင်းရွေ့နေထိုင်ခဲ့ပြီး လမ်းပေါ်မှာ ကော်ဖီရောင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၉ခုနှစ်မှာ သမီးဖြစ်သူက အဖေဖြစ်သူကို ထားခဲ့ပြီး အမေရိကန်မှာ ကျောင်းဆက်တက်ဖို့ ထွက်လာခဲ့ပါတယ်။ အဖေဖြစ်သူရဲ့ မျှော်လင့်ချက်ကတော့ သူရဲ့ သမီးနှစ်ယောက်ဟာ ပြည်ပမှာ ပညာတွေသင်ပြီး အလုပ်အကိုင်ကောင်းကောင်းနဲ့ သူဆီကို ပြန်လာခဲ့မယ်လို့ ထင်ထားခဲ့မိပါတယ်။ အခုဆိုရင် သူ့ရဲ့ သမီးတွေဟာ ဒေါက်တာတွေ၊ ပါမောက္ခတွေ […]
သားသမီး၇ယောက်ရှိသော်လည်း အိမ်ထောင်ကိုယ်စီကျပြီးနောက် တစ်စက်ကလေးမှ လှည့်မကြည့်ပဲ ပစ်ထားခြင်းခံခဲ့ရသော မိခင်အိုကြီး
အသက်၆၉နှစ်အရွယ် မိခင်အိုကြီးတစ်ဦးသည် သားသမီး ၇ယောက်လုံးကို ပင်ပန်းဆင်းရဲကြီးစွာ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း မလုပ်နိုင် မကိုင်နိုင်သည့်အရွယ်ရောက်သောအခါ မည်သူကမှ လှည့်ကြည့်ခဲ့ခြင်းမရှိပဲ ကန့်တွက်နေကြကာ အိမ်စုတ်လေးမှာတစ်ယောက်တည်း ချန်ထားခဲ့ကြသည်။ မိခင်ဖြစ်သူသည် ငယ်စဥ်က ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ရသည့် ဒဏ်ကြောင့် အိုမင်းလာသောအခါ မကြာခဏနေမကောင်းဖြစ်ပြီး အိပ်ရာထဲတွင်သာ အမြဲလိုလို လှဲနေခဲ့ရသည်။ မိခင်အိုကြီးရဲ့ သားသမီးတွေမှာ အရွယ်ရောက်သည်နှင့်အကုန်လုံးက အိမ်ထောင်တွေကျကုန်ပြီး အခြားရပ်ရွာသို့ ပြောင်းကုန်ကြကာ နေမကောင်းသည့်အချိန်လေးတွင် အနားမှာရှိနေစေချင်တာကြောင့် “အမေက သားတို့သမီးတို့အပေါ်မှာ မကြိုက်တာတွေ အမှားတွေလုပ်မိသွားရင် တောင်းပန်ပါတယ်”ဟုဆိုကာ အိမ်ပြန်လာရန် မျှော်လင့်နေဆဲဖြစ်သည်။ ကံကောင်းစွာပဲ မိခင်အိုကြီးအား ဒေသခံအာဏာပိုင်များမှ အိမ်စုတ်လေးကို ဖျတ်ပြီးအသစ်ဆောက်လုပ်ပေးပြီးနောက် လိုအပ်သည့် ဆေးဝါးနှင့် စားစရာတို့ကို လှူဒါန်းပေးခဲ့သည်။ Crd Zawgyi အသက်၆၉နှစ်အရွယ် မိခင်အိုကြီးတစ်ဦးသည် သားသမီး ၇ယောက်လုံးကို ပင်ပန်းဆင်းရဲကြီးစွာ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း […]
အဆူဆဲခံရပြီးမှစားရတဲ့ သားသမီးတွေရဲ့လုပ်စာကို မစားလို၍ တွန်းလှည်းလေးနဲ့ ကိုယ်တိုင်စျေးရောင်းထွက်ခဲ့သော အမေအိုကြီးတစ်ဦး
မိဘတွေက ဘယ်လောက်ပဲဆင်းရဲပြီး ဒုက္ခရောက်နေပါစေ သားသမီးတွေဘယ်နှစ်ယောက်ရှိရှိ မငြိုမငြင်ပဲ တန်းတူထမင်းမငတ်အောင် ကျွေးမွေးစောင့်ရှောက်ပေးကြသော်လည်း သားသမီးတွေက သူတို့ပြန်လုပ်ကျွေးရချိန် မကြည်ဖြူကြပေ။ သို့ဖြစ်၍ ထိုင်းနိုင်ငံမှ အသက်၈၂နှစ်အရွယ် မိခင်အိုကြီးတစ်ဦးသည် သားသမီးတွေရှိသော်လည်း လမ်းပေါ်ထွက်ပြီး တွန်းလှည်းတစ်စီးနဲ့အတူ စျေးရောင်းစားနေရသေးသောအဖြစ်သည် လူအများအား ရင်ထဲထိမိစေခဲ့သည်။ မေအိုကြီးသည် သားသမီးတွေကို အရွယ်ရောက်သည်ထိ အိမ်မှာစျေးဆိုင်သေးလေးဖွင့်ကာ ရှာကျွေးခဲ့သော်လည်း သားသမီးတွေက အိမ်ထောင်ကိုယ်စီကျပြီး အမေအိုကြီးအား ဝန်ထုပ်ဝန်ပိုးတစ်ခုလို သတ်မှတ်ထားကြကာ ကျွေးမွေးစောင့်ရှောက်ရန် ငြိုငြင်ခဲ့ကြသည်။ အမေအိုကြီးခမျာ အသက်ကြီးလာ၍ အလုပ်တွေမလုပ်ကူနိုင်တာကြောင့် ထမင်းစားချိန်တိုင်း သားသမီးတွေရဲ့ အဆူအဆဲခံနေရကာ ဒုက္ခမပေးလိုတော့၍ တွန်းလှည်းနဲ့အတူ စျေးထွက်ရောင်းရင်း ဝင်ငွေရှာခဲ့သည်။ Crd Zawgyi မိဘတွေက ဘယ်လောက်ပဲဆင်းရဲပြီး ဒုက္ခရောက်နေပါစေ သားသမီးတွေဘယ်နှစ်ယောက်ရှိရှိ မငြိုမငြင်ပဲ တန်းတူထမင်းမငတ်အောင် ကျွေးမွေးစောင့်ရှောက်ပေးကြသော်လည်း သားသမီးတွေက သူတို့ပြန်လုပ်ကျွေးရချိန် မကြည်ဖြူကြပေ။ သို့ဖြစ်၍ […]
အိမ်စာချုပ်မှာ လက်မှတ်ထိုးပြီးနောက် ရစရာအမွေလည်းမကျန်တော့သည့်အခါ အိမ်ကနေမောင်းထုတ်ခြင်းခံလိုက်ရသည့် မိခင်အိုကြီး
အိမ်စာချုပ်မှာ လက်မှတ်ထိုးပြီးနောက် ရစရာအမွေလည်းမကျန်တော့သည့်အခါ အိမ်ကနေမောင်းထုတ်ခြင်းခံလိုက်ရသည့် မိခင်အိုကြီး ဖြစ်စဉ်မှာ ဗီယက်နမ်နိုင်ငံမှ အသက် ၉၃နှစ်အရွယ် အဖွားအိုတစ်ဦးသည် နေပူပူလမ်းဘေးတွင် အိပ်စက်အနားယူခဲ့ရသည့် အဖြစ်အပျက်လေးသည် လူမှုကွန်ယက်တွင် အတော်လေးပျံ့နှံ့နေသည်။ အဖွားအိုသည် သားသမီးများရှိပြီး ချွေးမဆိုးနှင့်အတူ နေထိုင်ခဲ့ရရာ တစ်နေ့တွင် အိမ်ရောင်းစာချုပ်၌ အဖွားအိုအား လက်မှတ်ထိုးခိုင်းခဲ့သည်။ အဖွားအိုခမျာ အသက်ကြီးပြီဖြစ်၍ အမြင်အာရုံလည်း ပျောက်ကွယ်လုနီးပါးဖြစ်နေကာ စာရေးစာဖက်လည်း မတတ်သည့်အတွက် သားသမီးစိတ်ချမ်းသာသလို လက်မှတ်ထိုးပေးခဲ့သည်။ ထိုစဉ် သားမိုက် သမီးမိုက်တို့သည် အိုတိအိုမမိခင်ကြီးထံမှ ရစရာအမွေလည်း မကျန်တော့သည့်အခါ အိမ်ပေါ်ကနေ မောင်းချခဲ့၍ အဖွားအိုခမျာ လမ်းဘေးထောင့်တစ်နေရာတွင် လဲလျောင်းနေရခြင်းဖြစ်သည်။ အိမ်နီးချင်းများမှ အဖွားအိုဧ။် အဖြစ်အား မမြင်ရက်၍ နေပူသည့်အတွက် ထီးကလေးမိုးကာပေးရင်း အခြားသူများကိုလည်း အကူအညီတောင်းခဲ့သည်။ crd Zawgyi အိမ်စာချုပ်မှာ လက်မှတ်ထိုးပြီးနောက် ရစရာအမွေလည်းမကျန်တော့သည့်အခါ […]
လတိုင်းပိုက်ဆံသာပို့ပေးပြီး လူကိုယ်တိုင်ကျတစ်ခါမှအိမ်ပြန်မလာခဲ့သော သားကိုလွမ်းတဲ့စိတ်ကြောင့် ထမင်းလက်ဆုံစားနေသည့် ပန်းချီကားလေးဆွဲပြီး စောင့်ခဲ့သော မိခင်အိုကြီး
လတိုင်းပိုက်ဆံသာပို့ပေးပြီး လူကိုယ်တိုင်ကျတစ်ခါမှအိမ်ပြန်မလာခဲ့သော သားကိုလွမ်းတဲ့စိတ်ကြောင့် ထမင်းလက်ဆုံစားနေသည့် ပန်းချီကားလေးဆွဲပြီး စောင့်ခဲ့သော မိခင်အိုကြီး မိဘတိုင်းသည် အသက်ကြီးလာသည့်အခါ သူတို့သားသမီးလေးတွေကို အနားမှာရှိစေချင်ပြီး နွေးထွေးကြင်နာမှုလေးတွေ ရချင်ကြသည်။သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၉၀နှစ်အရွယ် မိခင်အိုကြီးတစ်ဦးသည် သားလေးတစ်ယောက်ရှိကာ ကျေးလက်ဒေသတွင် နေထိုင်ရင်း သားဖြစ်သူကို ပညာတတ်ကြီးဖြစ်အောင် ကျောင်းထားပေးခဲ့သည်။ သားဖြစ်သူလည်း အရွယ်ရောက်လာပြီး ပညာတတ်ကြီးလည်း ဖြစ်သည့်အခါ မဖွံ့မဖြိုးဖြစ်နေသောကျေးလက်ဒေသတွင် မနေချင်တော့ပဲ မိခင်နှင့်ခွဲကာ မြို့တက်ပြီး အလုပ်လုပ်ကိုင်ခဲ့သည်။ ကောင်လေးသည် အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်သည့်အတွက်နောက်ဆုံးတွင် ကိုယ်ပိုင်စီးပွားရေးနှင့်အောင်မြင်ခဲ့ပြီး မိခင်ဖြစ်သူဆီကိုလည်း လစဉ်ပိုက်ဆံများစွာ ထည့်ပေးခဲ့သည်။ ကောင်လေးသည် ပိုက်ဆံသာ အများကြီးထည့်ပေးပြီး မိခင်ဖြစ်သူ နေမကောင်းဖြစ်နေချိန်မှာပင် လူကိုယ်တိုင် တစ်ခါမှလာမတွေ့ပဲ သက်သာမည့်ဆေးတွေကို ထည့်ပေးခြင်းဖြင့် တစ်နှစ်တစ်ခါလေးတောင် လာမလည်ခဲ့ပေ။ မိခင်ဖြစ်သူသည် ဘယ်တော့များပြန်လာမလဲဆိုပြီး သားဖြစ်သူကို လက်ချိုးရေကာ နံရံတွင် ထမင်းလက်ဆုံစားနေသည့် […]
ဝက်ရူးပြန်ရောဂါရှိသော သမီးလေးကို စက်ဘီးရှေ့တွင်တင်ကာ မမောနိုင်မပန်းနိုင် ထီလက်မှတ်များလိုက်ရောင်းနေသည့် မိခင်
ကိုယ်တိုင်ကမသန်စွမ်းဖြစ်နေသော်လည်း သားလေးအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသော အမျိုးသမီးတစ်ဦး
မိဘကို သင်အော်မိလိုက်တဲ့အချိန်တိုင်း.ဒီစာလေးသင်ဖတ်ကြည့်သင့်ပါတယ်
ကိုယ်တိုင်က နေမကောင်းနေပေမယ့် သား၂ယောက်ကို ဆေးခန်းပြဖို့အတွက် အကိုက်အခဲပျောက်ဆေးသောက်ပြီး တစ်နေကုန် နှမ်းရိတ်ခဲ့တဲ့ဖခင် (အဖေကို ချစ်သူများ….ဖခင်မေတ္တာဆိုတာ) မနက်၆နာရီ ဆေးခန်းမဖွင့်ခင် ကျနော့်ဆေးခန်းကို သားဖနှစ်ယောက် လာတယ်။ “ဆရာ အစောကြီးလာရတာ အားတော့ နာပါတယ်။ ဒါပေမယ့် ကလေးက အပူကြီးနေလို့ပါ” “ဟုတ် ရပါတယ်။ ကလေးကို ကုတင်ပေါ်တက်ခိုင်းလိုက်ပါ” ထိုလူက၁၃နှစ်အရွယ် သူ့သားကို လသား ကလေးငယ်လို တယုတယ နဲ့ပွေ့ချီပြီး ကုတင်ပေါ်တင်ပေးတယ်။ ကလေးကို ကျနော်စမ်းသပ်ကြည့်တော့ အဆုတ်ကို အအေးပတ်ထားတဲ့ လက္ခဏာ တွေတွေ့ရတယ်။ကလေးအသက်က ၁၃ နှစ်ပါ။ လိုအပ်တဲ့ ဆေးထိုးပေး။သောက်ဆေးတွေ ပေးပြီးတဲ့အခါ” ဆရာ ဆေးဖိုးဘယ်လောက်ကန်တော့ရမလဲ”တကယ်တော့ သောက်ဆေးသုံးရက်စာ ပေးလိုက်တာ။ သောက်ဆေးသုံးရက်စာ ပေးရင် သုံးထောင် တောင်းနေကျ။ ဒါပေမယ့် သူတို့ကြည့်ရတာ အဆင်ပြေပုံမရပါဘူး။ “နှစ်ထောင်ကျပါတယ်” […]
အရမ်းချမ်းသာခဲ့တဲ့ သူဌေးမကြီး ဒေါ်ဝိုင်းရဲ့ ဝမ်းနည်းစရာ နေဝင်ချိန်ကို စောင့်နေရတဲ့ ဘဝ
တစ်မြို့လုံးမှာအလှဆုံးတိုက်အိမ်ပိုင်ရှင် သူဌေးမကြီး ဒေါ်ဝိုင်း ခုတော့ ကြေကွဲစွာနဲ့ ဘဝနေဝင်ချိန်ကို စောင့်မျှော်နေရတဲ့ ဘဝ… နင်လားဟဲ့ လောကဓံလို့ပဲပြောရမယ်။ အဖွားနာမည်က ဒေါ်ဝိုင်း… ငယ်စဉ်တုန်းကတော့ လယ်နဲ့ယာနဲ့တင့်တောင့်တင့်တယ် နေနိုင်တဲ့သူ တောသူဌေးပေါ့လေ.. လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ဝန်းကျင်က သူ့အိမ်ဟာ ကျွန်တော့် နယ်မြို့လေးရဲ့ အလှဆုံးနဲ့ ပထမဆုံးသော တိုက်အိမ်ပဲ… မှန်တွေတပ်ထားတဲ့ သူ့အိမ်ပြတင်းပေါက်တွေကို တစ်မြို့လုံးကလူတွေ အထူးအဆန်းလုပ်ပြီး သွားကြည့်ကြတာကိုကျွန်တော်မှတ်မိနေသေးတယ်.. ဒေါ်ဝိုင်းမှာ မောင်မိုးနဲ့ မအေးဆိုတဲ့ သားသမီးနှစ်ယောက်ရှိတယ်..စီးပွားရေးလေးကပြေလည်တော့ သားနဲ့သမီးကို အရမ်းအလိုလိုက်တာ. ယောကျ်ားကလည်း လူအေးတစ်ယောက်ဆိုတော့ လယ်လေးလုပ်လိုက် တရားလေးထိုင်လိုက်နဲ့ တစ်နေကုန်တောင် စကားတစ်လုံးမပြောတဲ့သူမျိုး… သားသမီးကို စည်းနဲ့ကမ်းနဲ့မချစ်တတ်တော့ နှစ် သလိုဖြစ်ပြီး သူ့သားနဲ့သမီး ဆိုးချက်ဆိုတာ ကမ်းကုန်တယ်ပြောရမယ်.. အမေကလဲ အလိုလိုက် အဖေက လူအေးဆိုတော့ သောင်းကျန်းချင်တိုင်းသောင်းကျန်းတယ်ဆိုတာလေ..မိဘကို […]
ကျွန်တော် ရွံ့ရှာခဲ့တဲ့ အဖေ့ရဲ့ ဖိနပ်စုတ်လေး တရံ (ရင်ကို ထိခတ်စေတဲ့ ဝတ္ထုတို တပုဒ်)
“မောင်ဇော်ဝင်းမောင်ဧည့်သည်” အဆောင်စာကျက်ခန်းမှာ စာကျက်နေတဲ့ကျနော် ဆရာမအသံကြောင့် ဧည့်ခန်းဘက်ကို ထွက်လာခဲ့တယ်။ ဧည့်ခန်းဖိနပ်ချွတ်မှာတော့ အမြှီးပျက်ပြီး စုပ်ပြတ်နေတဲ့ ဖိနပ်တရံ ကျနော်နှာခေါင်းရှုံလိုက်မိတယ်။ ဧည့်ခန်းထဲဝင်မိတော့ ကုလားထိုင်မှာထိုင်ပြီး ကွမ်းသွေးတွေရဲနေတဲ့ သွားတွေပေါ်အောင် ပြုံးနေတဲ့အဖေ အဝတ်အစားကလဲဖရိုဖရဲ။ “သား ´အဖေသားအတွက် ငရုပ်သီးကြော်ရယ် မြေပဲကြော်ရယ် မုန့်ဖိုးရယ် လာပို့တာလေ။ အဖေက ပြောပြောဆိုဆို ငရုပ်သီးကြော်ပုလင်း မြေပဲကြော်ပုလင်း မုန့်ဖိုးငွေ တချို့ထုတ်ပေးရင်း ကျနော်ကိုပြုံးကြည့်နေတယ်။ “အဖေရယ် လူကြုံနဲ့ပေးလိုက်ရောပေါ့ လာရင်လည်း အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့ လာပေါ့ အခုဟာက စုတ်ပြတ်နေတာဘဲ အဖေ့ဖိနပ်ကလဲ အမြှီးပြတ် စုတ်ပြတ်နေတာဘဲ အခြားသူငယ်ချင်းတွေ့ရင် သားသိက္ခာ ကျမှာပေါ့” “အင်းပါသားရယ် မတ္တရာမှာ အသီးအနှံပို့ရင်း သားကိုမတွေ့တာကြာလို့ အဖေတွေ့ချင်လို့ မန္တလေးဆင်းလာတာပါကွယ် နောက်လာရင်အဖေသပ်သပ်ရပ်ရပ် လာခဲ့ပါ့မယ် အဖေပြန်မယ်နော်သား ကျန်းမာရေးဂရုစိုက်အုံး” ခေါင်းငိုက်စိုက်နဲ့ ပြန်သွားတဲ့အဖေကို […]
Back To Top