Category: ရိုးရာဓလေ့

ယောမြို့နယ်က “စုန်းမျိုး အမှတ်အသား ကျောက်ခဲအပေါက်ရှိတဲ့ ကျမရဲ့ အိမ်”

ယောမြို့မှာ စုန်းရှိတယ်လို့ ပြောစမှတ်ရှိကြပါတယ်.. ကျမရဲ့ဇာတိချက်ကြွေ မွေးရပ်မြေ ယောဒေသကအိမ်တွေမှာ တံခါးပေါက် ဝိုင်းပေါက် ၂ ခုဖေါက်ထားတယ်.. တောင်သူ အိမ်တွေမို့ လှည်းဝင်ပေါက် အကြီးတစ်ပေါက် လူဝင်မို့ တံခါးတစ်ဖက်လှပ်တစ်ပေါက် ဖေါက်ထားတယ်.. အဲ့ဒီ တံခါးပေါက်တွေမှာ ကျောက်ခဲပေါက်ကြီး ဆွဲထားတတ်ကြပါတယ်ရှင်.. တစ်နေ့ကျမ အမဲ့ ကို မေးကြည့်ပါတယ် “ဘာလုပ်တာလည်း ကျေက်ခဲပေါက်ကအမဲ့” အမေ ကို အမဲ့လို့ခေါ်ပါတယ်.. အမဲ့က.. နင်တို့ထက်အရင် အကြီးလေးနှစ်ယောက်‌ေ-ဘူးတယ် ဘာရောဂါမှမဖြစ်ဘဲ ရုတ်တရက်မဖျားမနာဘဲ မျက်ဖြူလန်ပြီး‌ေ-သွားဘူးတယ် တယောက်က ၇ လ တစ်ယောက်က ၉ လ သူများတွေကတော့ စုန်းကိုက်တယ်ပြောကြတယ်.. အဲ့တော့ အဖေ က “ရှေးတုန်းက စုန်းမကြီးတစ်ယောက်ရှိသတဲ့ သူကညညဆိုအစားရှာထွက်ပြီး ကိုက်သတဲ့.. မနက်ကြရင် သူ့ သားသမီး မြေး […]

ဇွဲကပင်တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ် ဓါတ်နန်းရှင်မောင်နှမ သမိုင်းကြောင်း

တစ်ခါက ကရင်ရွာလေးတစ်ရွာမှ ကရင်အမျိုးသားကြီး စဝ်ဖါ့သန့်(သိုင့်)နှင့် ဇနီးဖြစ်သူ နန်ဖေါ့ယာ့်တို့တွင် စံစေ့ဖိုးနှင့် နန်မူးဖါန်ဟုခေါ်သော သားသမီး(၂)ဦး ရှိလေသည်။ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်း ခဲ့သမျှ သားကလေး ရှင်သာမဏေ လောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာထဲတွင် အလုပ်ကြိုးစားနေရင်း ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်)မှာ ကျားကိုက်ရင်း တောင်ယာထဲတွင် ဆုံးရှာလေသည်။ ဖခင်ကြီး ဆုံးပါးသွားသည့်နောက်ပိုင်းတွင် မုဆိုးမ နန်းဖေါ့ယာ့တို့ သားအမိကို ဘဝဆိုးမှ လွတ်မြောက် စေလိုပါသည်၊ မိမိဘဝကို သနားကရုဏာ သက်လှပါ သည်။ ကလေးတွေကိုလည်း ရင်သွေး အရင်အချာ များနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆို သော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်အိမ်ထောင် ပြုလိုက်သည်။ ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နန်းမူးဖါန်တို့ လူမမယ် […]

မိုင်းကိုင်မြို့ကအလွမ်း(သို့)ခွန်ဆန်လောနဲ့ နန်းဦးပြင်တို့ရဲ့ ဝမ်းနည်းဖွယ်အချစ်ဇာတ်လမ်း

ခွန်ဆန်လောဆိုတဲ့ ရှမ်းလေးတစ်ယောက်ဟာ ဖခင်နဲ့ မိထွေးလက်မှာ ကြီးပြင်းလာပြီး ဖခင်သေဆုံးတော့ မိထွေးဖြစ်သူနဲ့နေထိုင်ပြီး ကုန်ရောင်းကုန်ဝယ် အလုပ်နဲ့အသက်မွေးသတဲ့။ တစ်နေ့ ခွန်ဆန်လောဟာ ကုန်ကူးရင်း ရွာလေးတစ်ရွာအရောက်မှာတော့ မောလို့ သစ်ပင်အောက်မှာ ထိုင်နားနေတုန်း သူ့နားထဲကို ပုလွေသံချိုချိုနဲ့အတူ သီချင်းဆိုသံလေးကို ကြားလိုက်ရတယ်။ အသံလေးက တအားနားထောင်လို့ကောင်းတော့အသံပိုင်ရှင်ကို လိုက်ရှာမိတော့ တွေ့လိုက်ပါပြီ။ သိပ်ချောလှတဲ့ ရှမ်းမလေးတစ်ယောက် သီချင်းဆိုနေတာလေး တွေ့သွားတယ်။ အဲဒီ ရှမ်းမလေးနာမည်က နန်းဦးပြင်တဲ့။ ဒီလိုနဲ့ ခွန်ဆန်လောဟာ အဲဒီရွာမှာ တည်းခိုရင်း နန်းဦးပြင်နဲ့ ချစ်မိသွားကြတယ်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသတဲ့။ ဒီလိုနဲ့ ခွန်ဆန်လောလဲ တခြားမြို့ရွာကို ကုန်ကူးထွက်တာပေါ့။ သူ့ရွာပြန်ရောက်တော့ မိထွေးဖြစ်သူက သူသဘောတူတဲ့ မိန်းကလေးကို ပြသတဲ့အတွက် ခွန်ဆန်လော က လက်မထပ်နိုင်ပဲ သူ့ချစ်သူကိုပဲ သစ္စာရှိခဲ့တယ်လေ။ ဒါ့အပြင် […]

ကလေးလူကြီးမရွေး စားသုံးနိုင်ပြီး ကြိုက်နှစ်သက်ကြတဲ့ ဖာလူဒါကွမ်းယာ (သို့) ကွမ်းယာအချို ပြုလုပ်နည်း

မိန်းကလေးတွေနဲ့ ကလေးတွေ ကွမ်းမစားတတ်သူတွေ ကြိုက်ကြတဲ့ ကွမ်းယာအချိုပြုလုပ်နည်း တချို့က ဖာလူဒါရောင်းတာလား မေးနေကြလို့ ကျနော်မမွေးခင်လောက်က ဒီကွမ်းယာကို ဖာလူဒါကွမ်းယာလို့လဲခေါ်ပါတယ်တဲ့ ကျနော်ကြားဖူးတာပေါ့။ ကွမ်းယာအချိုကို အနည်းဆုံးတစ်ယာကို တစ်ရာရောင်းလို့ရတယ် ကျနော်ကတော့ ကွမ်းရွက်ကြီးတာနဲ့ ငါးရာဖိုးကိုသုံးယာ ရောင်းတယ်ဗျ အတော်များများလဲဝယ်စားကြပါတယ်။ ကျနော်ရောင်းတဲ့ ကွမ်းယာအချိုအတွက် ပါဝင်ပစ္စည်းကတော့ အုန်းချိုမွှေး/ ကျောက်ဖရုံယို/ နာနတ်ယို/ ဖာလာ/ အာမွှေး စမုံစပါး/ အုန်းကြော်/ အုန်းသီးစိမ်းတစ်စိတ်/ ထုံးအနည်းငယ်/ ကွမ်းသီးသုံးစိတ်/ ရှားခဲရည် တစ်စက်/ အာမွှေးအဆီ(ခေါ်)အချိုရည်အနီရောင် ဖြစ်ပါတယ်။ ကျနော့်ဆိုင်မှာတော့ ကွမ်းယာအချိုယာ တစ်ယာကို နှစ်ရာကျပ် ငါးရာကျပ်ဖိုးကို သုံးယာရောင်းပါတယ်ခင်ဗျ။ အားလုံးပဲ ဈေးရောင်းကောင်းကြပါစေဗျာ။ Zawgyi မိန်းကလေးတွေနဲ့ ကလေးတွေ ကွမ်းမစားတတ်သူတွေ ကြိုက်ကြတဲ့ ကွမ်းယာအချိုပြုလုပ်နည်း တချို့က ဖာလူဒါရောင်းတာလား မေးနေကြလို့ ကျနော်မမွေးခင်လောက်က […]

သေပြီးသား ရုပ်အလောင်းကောင်တွေကို ပြန်တူးဖော်ပြီး ပွဲသဘင်ဆင်နွဲတဲ့ ရိုးရာဓလေ့

Indonesia နိုင်ငံ၊ South Sulawesu ပြည်နယ် က Totaja အမည်ရှိတဲ့ရွာတစ်ရွာဟာ ဓလေ့ထုံးတမ်းစဉ်လာအရ သေသွားတဲ့လူတွေရဲ့ ရုပ်အလောင်းကို ပြန်တူးဖော်ပြီး အလောင်းကောင်တွေကို ရေချိုးပေးခြင်း၊ သေသေသပ်သပ်လေးနဲ့ အဝတ်အစားအသစ်လေးတွေ ဝတ်ဆင်ပေးခြင်းတို့ကို ပွဲသဘင်လုပ်ပြီး ကျင်းပကြတဲ့ဓလေ့တွေရှိပါတယ်။သူတို့ရဲ့ ယုံကြည်မှုအရ တစ်ကယ်လို့ အဲ့ဒီရွာကလူတွေ ဆုံးပါးသွားခဲ့မယ်ဆိုရင် သူတို့ရဲ့ မူလရုပ်အတိုင်း အလောင်းကောင်တွေကို တူးဖော်ပြီး ပြန်လည်ပြင်ဆင်ပေးကြတယ်လို့ သိရပါတယ်။ အဲ့ဒီယုံကြည်မှုရဲ့ အကြောင်းရင်းကတော့ အဲ့ဒီရွာကလူတွေ အကယ်လို့သူတို့တွေ သေသွားခဲ့ရင် သူတို့ရဲ့ ကြောက်စရာရုပ်အလောင်းကောင်နဲ့ ရွာကို ပြန်ပြီး လည့်ပတ်ချင်တယ်လို့ ဆန္ဒပြုခဲ့ကြပါတယ်။သူတို့ရဲ့ ကြောက်မက်ဖွယ်ရာရိုးရာဓလေ့ကို ကျွန်တော်ဖြင့် နားမလည်နိုင်တော့ပါဘူး။ဒါပေမဲ့ သူတို့ရဲ့ရိုးရာဓလေ့က သူတို့တွေအတွက် Sweet ဖြစ်ပါတယ်။ စာဖတ်သူတို့လည်း Totajaတို့ရဲ့ ကြောက်မှတ်ဖယ်ရာဓလေ့ကို ကြည့်ရှုနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။ 1 2 3 […]

Back To Top