Category: သမိုင်း
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အမည်ပေးခဲ့တဲ့ မြန်မာ့ပထမဆုံး စစ်သင်္ဘော မေယု အကြောင်း
မေယုစစ်သင်္ဘော (UBS Mayu F 21) ဟာမြန်မာ့ရေတပ် ပထမဦးဆုံး အလံတင် စစ်သင်္ဘာဖြစ်တယ်။ မြန်မာ့ရေတပ်မှာ ၁၉၄၇ မေလတပ်တော်ဝင်ခဲ့ပြီး ပြည်တွင်းစစ်ပွဲများနဲ့ ရေတပ်လေ့ကျင့်ရေးတာဝန်များကို နှစ်ပေါင်း ၃၂ နှစ်ထမ်းဆောင်ခဲ့တယ်။ ၁၉၇၉ ခုနှစ်မှာမေယုစစ်သင်္ဘောဟာသံလျင်ရေတပ်စခန်းမှာ ရေတပ်ပြတိုက်အဖြစ် အနားယူခဲ့တယ်။ ကိုလိုနီအင်္ဂလိပ်ဟာ မြစ်အတန်းအစား ဖရီးဂိတ်စစ်သင်္ဘောအမျိုးအစား HMS Fal (မေယုသင်္ဘောမူလနာမည်) ကိုဒုတိယကမ္ဘာစစ်အတွင်း တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံကို ၁၉၄၈ လွတ်လပ်ရေးနဲ့အတူလက်ဆောင်ပေးလွှဲပြောင်းခဲ့တယ်။ HMS Fal ကို မြန်မာအစိုးရ UBS Mayu (မေယု) အမည်သစ်ပေးခဲ့တယ်။ မေယုစစ်သင်္ဘောကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အင်္ဂလိပ်တို့ထံမှ မြန်မာအစိုးရ ကိုယ်စားလက်ခံရယူခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်းရခိုင်ပြည်နယ် မေယုမြစ်အတွင်းမှာ ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်ခဲ့ကြတဲ့ ဗမာအပျော်တမ်းရေတပ်ဖွဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ HMS Fal ကို မေယုအမည်ပေးတာဗိုလ်ချုပ်အောင်ဆန်းကသင်္ဘောလွှဲပြောင်းလက်ခံတဲ့အခမ်းအနားမှာပြောကြားခဲ့တယ်။ […]
ပုဂံခေတ်က ပုဆိုးဝတ်ခဲ့တဲ့ အထောက်အထားနှင့် အလှူရှင်က အဖိုးအခကို ပုဆိုးပေးတဲ့ ဓလေ့
ပုဂံခေတ်က ပုဆိုးဝတ်ခဲ့တဲ့ အထောက်အထားနှင့် အလှူရှင်က အဖိုးအခကို ပုဆိုးပေးတဲ့ ဓလေ့.. ပုဂံခေတ် သာမန်အရပ်သား၊ အမျိုးသားတွေဟာ ပုဆိုးဝတ်တယ်ဆိုတာ ကျောက်စာရှိတယ်။ ပန်းရံ ၊ ပန်းရံ ၊ ပန်းချီ စတဲ့ ပန်းဆယ်မျိုးလက်မှုပညာရှင်တွေအပြင် လက်သမား၊ လှည်းသမား၊ သာမန်လုပ်သားတွေ အထိ ပေးရတဲ့ အဖိုးတွေထဲ ပုဆိုးထည့်ပေးရတယ်။ အဲ့ဒီကနေ သဲလွန်စတစ်ခုရတယ်။ လုပ်သား ဘယ်လောက် သုံးသလဲဆိုတာပါ။ ဥပမာ တံတိုင်းဆောက်ရတဲ့ အဖိုးခထဲ ပုဆိုး ၁၂ လို့ရေးထားရင် ဒါဟာ လုပ်သား ၁၂ ယောက်ပါတယ်လို့ မှတ်ယူလို့ရတယ်။ ဒီသဲလွန်စကြောင့်ဘဲ ဆောက်လုပ်ရေးလုပ်ငန်းခွင် (construction project) တစ်ခုမှာ သုံးသွားတဲ့ လုပ်သား (manpower) ကို တွက်ယူလို့ ရနိုင်တယ်။ မြေမှု ၊ […]
မင်းတုန်းမင်းကြီးရဲ့ မိဖုရားရာကျော်ထဲမှာ နိုင်ငံခြားသူ မိဖုရား မပါရတဲ့ အကြောင်းရင်း
သီပေါမင်း ပါတော်မူတဲ့နေ့နဲ့ ပတ်သက်ပြီး လူတိုင်း မသိသေးတဲ့ အချက်အလက် (၁၀) ခု
ကုန်းဘောင်မင်းဆက် နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်း ပါတော်မူခဲ့တဲ့ နေ့နဲ့ ပတ်သက်ပြီး လူတိုင်း မသိသေးတဲ့ အချက်အလက် (၁၀) ခု အကြောင်းကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်- ၁။ ပါတော်မူချိန် သီပေါမင်းအသက် – ၂၆ နှစ် (ဇန်နဝါရီ ၁ ရက်နေ့တွင် ၂၇ နှစ်ပြည့်မည်) ၂။ ပါတော်မူချိန် စုဖုရားလတ်အသက် -၂၅ နှစ် ( ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ၂၆ နှစ် ပြည့်မည်‌) ၃။ ဗိုလ်ချုပ်ပရင်ဒါဂတ် စီးနင်းလိုက်ပါလာသော ဖလုတ်စီးတီးသင်္ဘော မန္တလေးဆိပ်ကမ်းသို့ ဆိုက်ရာက်သောရက်နှင့် ဆိုက်ရောက်ချိန် – ၁၈၈၅ နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီ ၄။ သီပေါမင်းကို […]
မြန်မာ့သမိုင်းမှာ မိဖုရားအများဆုံး မင်းတုန်းမင်းကြီး ကာမဂုဏ်ခံစားရာ သော်မော်ဆောင် အကြောင်း
မင်းတုန်းဘုရင်ကြီး နှင့် သော်မော်ဆောင်၊ မြနန်းစံကျော်ရွှေနန်းတော်ကြီး အတွင်းရှိ မြောက်ပန်းခုံတော်အလယ် တွင် လှပခမ်းနားစွာဆောက်လုပ်ထားသော နန်းဆောင်တော်တခုရှိသည်။ ထိုနန်းဆောင်တော်၏ အတွင်း၌ ပိုးဖဲသော်မော်ကတ္တီပါ တို့ဖြင့် လှပစွာ စီရင်ခင်းကျင်းပြင်ဆင်ထားသည်ဖြစ်ရာ “သော်မော်ဆောင်” ဟုခေါ်လေသည်။ ထိုသော်မော်ဆောင်အတွင်း၌ ကျောက်စီရွှေသားသလွန်တော်ထားရှိပြီး၊ အိပ်ရာတော်၊ ကြာခြည်တော်၊ ခြုံစောင်တော်၊ ဝတ်လဲတော်များကို ရေမွှေးနံ့သာထုံကြိုင်စေလျက် ရွှေကလပ်နှင့်တင်ကာ ထားရပြီး ၄င်းတို့ကို အမြဲမပြတ်သစ်လွင်တောက်ပနေအောင် အပျိုတော်တို့က ဆင်ယင်ခင်းကျင်းပြင်ဆင်ရလေသည်။ ထိုနန်းဆောင်တော်သို့ မင်းတြားကြီးကြွချီပါက အလှည့်ကျမိဖုရားအပေါင်းတို့မလိုက်ရပဲ မင်းတြားကြီးအလိုတော်ရှိသော မိဖုရားတပါးပါးသာ လိုက်ပါခစားရလေသည်။ မင်းတြားကြီးက သူအလိုရှိသော မိဖုရားတပါးပါးကိုရွေးချယ်သည်ဆိုရာ၌ သူ၏အရှေ့တွင် ဝပ်တွားခစားနေသော မိဖုရားအပေါင်းတို့မှ နှစ်သက်သူ မိဖုရားတပါးပါးဆီသို့ သွားကာ ဦးခေါင်းဆံထုံးကို လက်ဖြင့်ထိတို့ လိုက်ခြင်းပင်ဖြစ်သည်။ ထိုသို့ဆံကေသာကို လက်နှင့်ထိတို့ အပွတ်သတ်ခံလိုက်ရသူ မိဖုရားသည် မင်းတြားကြီးနဲ့အတူ မြောက်ပန်းခုံတော်အလယ်ရှိ သော်မော်ဆောင်သို့ […]
ဆင်ဖြူတော်ကို ဒေါ်လာ နှစ်သိန်းခွဲနဲ့ ရောင်းစားခဲ့တဲ့ သီပေါမင်း (အခုခေတ်ဆိုရင် ဘယ်ဈေးပေါက်မလဲ)
ကုန်းဘောင်ခေတ် နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်းထံမှ “တောင်တစ်လုံး” အမည်ရှိ ဆင်ဖြူတော်ကို ဒေါ်လာ (၂၅၀၀၀၀) ပေး၍ ဝယ်ယူလိုက်သော နိုင်ငံခြားသားမှာ အမေရိကန်ပြည်သား ပီတီဘားနမ်း (P.T Barnum) ဖြစ်သည်။ သူသည် ငွေကုန်ကြေးကျ များစွာဖြင့် ကမ္ဘာ့အထူးအဆန်း ပြပွဲများကို ကမ္ဘာအနှံ့ လိုက်လံပြသနေသူ ဖြစ်သည်။ သီပေါမင်းထံမှ တောင်တစ်လုံးကို ဝယ်ယူပြီး ၁၈၈၄ ခုနှစ် မတ်လ ၂၈ (မိုးမြင့်မောင်-၂၀) တွင် ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော လီဒီယမ်မိုနားခ် (Lydian Monarch) အမည်ရှိ အင်္ဂလိပ် သင်္ဘောကြီးဖြင့် မြို့တော်လန်ဒန်သို့ သယ်ဆောင်သွားပြီး ထိုမှတစ်ဆင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရေကြောင်းခရီးဖြင့် ဆက်လက်၍ သယ်ယူသွားကြလေသည်။ ဆင်ဖြူတော် တောင်တစ်လုံးနှင့်အတူ ဆင်ထိန်းများ ဖြစ်ကြသည့် ဘိုးချူးနှင့် ဘချူးတို့လည်း […]
မြန်မာနိုင်ငံ သုတေသီအသင်း ဖျက်သိမ်းခံလိုက်ရသည့် ရင်ထုမနာ ဖြစ်စရာ သမိုင်းကြောင်း
မြန်မာနိုင်ငံ သုတေသီအသင်း ဖျက်သိမ်းခံလိုက်ရသည့် သမိုင်းကြောင်း (ကမ္ဘာမှာ ဒီလိုအဖြစ်မျိုးက မြန်မာမှာပဲ ရှိပါတယ်).. တက္ကသိုလ်တက်စဉ်က မြန်မာနိုင်ငံသုတေသနအသင်းဆိုသည်ကို ကြားဖူးသည်။ ယင်းအသင်းက သုတေသနစာတမ်းများကို စုစည်း၍ စာအုပ်ထုတ်ဝေသည်ကိုလည်း မြင်ဖူးသည်။ သို့သော် ကျောင်းသားအရွယ်သာ ဖြစ်၍ ထို့ထက် ပို၍ မသိခဲ့ပါ။ ပြည်ပ ပညာတော်သင်သွားရသောအခါ သုတေသနလုပ်ငန်း၏ အရေးပါပုံကို သိတန်သလောက် သိလာသည်။ လုပ်ငန်းခွင်ဝင်သောအခါ သုတေသန၏ တန်ဖိုးကို ပိုသိလာသည်။ ထိုအခါမှ မြန်မာနိုင်ငံသုတေသနအသင်းကို ပြန်သတိရလာသည်။ သို့သော် ယင်းအသင်းအကြောင်းကို မကြားသိခဲ့ရပါ။ အသင်းရှိသေးသလား၊ ရှိသော်လည်း လှုပ်ရှားမှုနည်းနေသည်လား။ (၁၇.၁၀.၂၂) နေ့ထုတ် အလဲဗင်းဂျာနယ်ပါ ပါမောက္ခဒေါက်တာသောင်းဌေး၏ ဆောင်းပါးကို ဖတ်ရသောအခါမှ မြန်မာနိုင်ငံသုတေသနအသင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်၊ ၁၉၈၀ ပြည့်နှစ်မှစ၍ နိဂုံးချုပ်ခဲ့ကြောင်း […]
မြန်မာ့ ပထမဆုံး လူမှုဝန်ထမ်းနှင့် လူအိုရုံများ တည်ထောင်ခဲ့သူ ဒေါ်ဦးဇွန်း
မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ လူအိုရုံ (မြန်မာ့ပထမဦးဆုံး ဘိုးဘွားရိပ်သာကို စစ်ကြိုခေတ်က သက်ကြီးရွယ်အိုများ စုဝေးနေထိုင်ရာ ဌာနဖြစ်၍ လူအိုရုံဟု ခေါ်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှ လူအိုရုံအစား ဘိုးဘွားရိပ်သာဟု ခေါ်ကြသည်။ လူအိုရုံခေါ် ဘိုးဘွားရိပ်သာများကို စတင်တည်ထောင်ခဲ့သူ ဒေါ်ဦးဇွန်းကို မင်းတုန်းမင်း လက်ထက်တွင် ရတနာပုံ နေပြည်တော် (မန္တလေးမြို့) ၌ ၁၈၆၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်၊ သောကြာနေ့တွင် ဖွားမြင်သည်။ မိဘများမှာ ပိုးကုန်သည် ဦးအိနှင့် ဒေါ်မျှင် တို့ ဖြစ်ကြပြီး တစ်ဦးတည်းသော သမီး ဖြစ်သည်။ ငယ်အမည်မှာ မဦးဇွန်းပင် ဖြစ်သည်။ လူထုဒေါ်အမာ၏ အစ်မကြီး နဂါးဒေါ်ဦး၏ ငယ်မည်မှာလည်း မဦးဇွန်းပင် ဖြစ်သည်။ (ထိုခေတ်၌ မန္တလေးတွင် သမီးဦး မိန်းကလေး […]
ဦးနေဝင်းကို တောခို တော်လှန်ခဲ့တဲ့ မယ်ဗမာ နော်လီဇာဘင်ဆင်ရဲ့ ဘဝဇာတ်ကြောင်း
ပိတောက်တွေ ပွင့်ပြန်ပြီ ဘင်ဆင်ရေ “သူ့ရဲ့ဘယ်ဘက် ပါးဖောင်းဖောင်လေးပေါ်မှာ သူ့အလှကို ပိုဖြည့်စွက်ပေးတဲ့ မှည့်သေးသေးလေးတလုံး ရှိတယ်။ ကြင်နာတတ်တဲ့ အသည်းနှလုံးရှိပြီး နိုက်တင်ဂေးငှက်လို သာယာတဲ့အသံနဲ့ တေးဆိုတတ်တဲ့ ရေဒီယို အဆိုတော်တစ်ယောက်။ ဖလင်ကော်ပြားပေါ်ကနေ ကြည့်သူကို ကြည်နူးမှုအပြည့် ပေးနိုင်စွမ်းခဲ့တဲ့သူ။ ပြည်သူ့အကျိုး၊ လူသားတွေအကျိုးကို သယ်ပိုးရင်း ဘဝကို အကျိုးရှိစွာ အသုံးချခဲ့တဲ့ နှလုံးလှသူတစ်ယောက်။” ပါစတာရဲ့ ချီးမွမ်းခန်းနဲ့ ဆုတောင်းသံဟာ တိမ်ဝင်သွားတယ်။ သင်္ချိုင်းတစ်ခုလုံး တိတ်ဆိတ်လို့။ ပန်းခွေတွေပေါ်မှာတော့ “Louisa Charmaire Benson Craig (69) တဲ့ …။ တကယ်တော့ သူ့ဘဝကို “ကြမ်းတမ်းတဲ့ နူးညံ့မှု” လို့ ပြောရင် ပိုသင့်လျော်လေမလားပဲ။ သူ့ရဲ့ ပထမဆုံး အောင်မြင်မှုခြေလှမ်းက ၁၉၅၆ ခုနှစ်မှာ စခဲ့တာ။ အဲဒီနှစ်က […]
မြန်မာ့သမိုင်းဝင် နာမည်ကျော် ငမောက်ပတ္တမြားကြီး အခု ဘယ်သူ့ဆီ ရောက်နေလဲ?
၁၈၈၅ခုနှစ် နိုဝင်ဘာ ၂၉ရက်နေ့တွင် မင်းမိဖုရား မယ်တော်အားလုံးတို့ အင်္ဂလိပ်တို့ခေါ်ဆောင်ရာသို့ မလွဲမသွေလိုက်ပါရတော့မည်ဟု သိသောကြောင့် အားလုံးပစ္စည်းများ သိမ်းဆည်းနေကြသည်။ ပစ္စည်းဘဏ္ဍာအစုစုမှာ နန်းစဉ်ရတနာများမှအစ ဟင်းယင် ၊ လင်ပန်း ၊ ကွန်းအစ် ၊ ထွေးခံများအထိ ရွှေသားအတိပြီးသော မင်းခမ်းတော်များဖြစ်လေသည်။ ထိုပစ္စည်းများကို ရွှေသေတ္တာ ၊ ကျွန်းသေတ္တာ ၊ ယွန်းသေတ္တာများဖြင့် အသီးသီးထည့်ရန်စီစဉ်နေကြဆဲဖြစ်သည်။ အလုပ်ရှုပ်နေသောအပျိုတော်များအား မင်းနှင့် မိဖုရားတို့က ရှုစားတော်မူလျှက်ရှိသည်။ ထိုအချိန်တွင် ကာနယ်စလေဒင်သည် မင်းမိဖုရားတို့ ရှိရာသို့ရောက်လာလေသည်။ “လိုတာမှန်သမျှ မကျန်ရအောင် သယ်ယူခဲ့ရန် အချိန်ရကြောင်း” လာပြောပြီးနောက် လှည့်ပြန်သွားသည်။ မကြာမီနောက်တစ်ခေါက်ပြန်လှည့်လာပြီး စုဖုရားလတ်ထံသို့ ချဉ်းကပ်ကာ “နန်းမတော်ဘုရား ငမောက်ပတ္တမြားကြီးကို ကျွန်တော်မျိုးမြင်ချင်လွန်းသောကြောင့် ပြပါဘုရား” ဟု လျှောက်သည်။ ကာနယ်စလေဒင်သည် အရင်ကတည်းက ရင်းနှီးသူဖြစ်ပြီး အမြဲတရိုတသေဆက်ဆံခဲ့သူဖြစ်သည်။ […]
Back To Top