Category: ဟာသ
‘အဆင်ပြေတာဝတ်လာခဲ့’ ဆိုလို့ အစ်မရဲ့မင်္ဂလာပွဲမှာ ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ပြီး သတို့သမီးအရံလုပ်ပေးခဲ့တဲ့ မိန်းကလေး
အဆင်ပြေတာဝတ်လာခဲ့’ ဆိုလို့ အစ်မရဲ့မင်္ဂလာပွဲမှာ ဒိုင်နိုဆောဝတ်စုံဝတ်ဆင်ပြီး သတို့သမီးအရံလုပ်ပေးခဲ့တဲ့ မိန်းကလေး ပြီးခဲ့တဲ့နှစ်က Christina Meador အမည်ရှိတဲ့မိန်းကလေးဟာ သူမရဲ့အစ်မဖြစ်သူ Deanna Adamsဆီကနေ သတို့သမီးအရံလုပ်ပေးဖို့ဖိတ်ကြားစာလက်ခံရရှိခဲ့ပါတယ် ။ သို့ပေမဲ့လည်း အစ်မဖြစ်သူရဲ့မင်္ဂလာပွဲအတွက် ဝတ်စုံမရှိလို့ ၊ အစ်မဖြစ်သူကို မေးမြန်းခဲ့ချိန်မှာတော့‘နင်အဆင်ပြေတာ ဝတ်လာခဲ့’ဆိုတဲ့ အစ်မရဲ့စကားကြောင့် သူမအကြံဉာဏ်တစ်ခုရရှိခဲ့ပါတယ် ။ အဲတာကတော့ ဝတ်စုံအတွက် $50 အထက် သုံးစွဲရမဲ့အတူတူ သူမလိုချင်နေခဲ့တဲ့ ဒိုင်နိုဆောဝတ်စုံကိုပါ တစ်ခါတည်း ဝယ်ယူလိုက်မလို့ပါပဲ ။ ထို့ကြောင့် အစ်မဖြစ်သူကို ဒိုင်နိုဆောဝတ်စုံ ဝတ်ဆင်လာမဲ့အကြောင်း မေးမြန်းခဲ့ပါတယ် ။ အစ်မဖြစ်သူကလည်း ခွင့်ပြုလို့အဆိုပါဒိုင်နိုဆောဝတ်စုံကို ဝယ်ယူခဲ့ပါတယ် ။ အစ်မဖြစ်သူကလည်း သူမအတွက် ဂါဝန်ပို့လာပေးခဲ့ပေမဲ့လည်း ဂါဝန်ကသူမထက်ကြီးလွန်းနေခဲ့လို့ သူမရဲ့အရင်အကြံအတိုင်းပဲ ဒိုင်နိုဆောဝတ်စုံနဲ့ ပွဲတက်ခဲ့ပါတယ် ။ သူမရဲ့ ဝတ်စုံကြောင့် […]
ရှေးအခါက တ-ရုတ်တွေ လေးစားရတဲ့ မြန်မာပညာရှိ
Unicode ရှေးအခါက တရုတ်တွေ လေးစားသော မြန်မာပညာရှိ.. ဟိုးရှေးရှေး အခါက တရုပ်ပညာရှိတွေဟာ မြန်မာနိုင်ငံကိုလာပြီး မြန်မာပညာရှိတွေနဲ့ ပညာပြိုင်လေ့ရှိကြတယ်။ ဒီလိုနဲ့ တစ်ချိန်မှာ တရုတ်တွေဟာ မြန်မာနိုင်ငံလာပြီး မြန်မာပညာရှိတွေနဲ့ ပညာပြိုင်ဖို့ အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်ထံမှာ အရေးဆိုလာတယ်။ အဲဒီခေတ်က ဦးပေါ်ဦးလည်း မပေါ်သေးတဲ့အချိန်ပေါ့.. ပြိုင်ရမည့်ပုံစံက တရုတ်ပညာရှိနဲ့ မြန်မာပညာရှိတို့ ပေ (၂၀) အကွာမှာနေပြီး တရုပ်ပညာရှိက အမူအရာနဲ့မေးခွန်း (၃) ခုမေး မယ်။ မြန်မာပညာရှိက (၃) ခုလုံးမှန်အောင်ဖြေနိုင်ရမယ် ။ ဖြေနိုင်ရင် ဆုတွေချီးမြင့်ပြီး ဂုဏ်ပြုမယ်။ မဖြေနိုင်ရင် တရုပ် ပညာရှိတွေ မြန်မာတွေထက်များစွာတော်ကြောင်း အတိုင်းတိုင်းအပြည်ပြည်ကို ပြောမယ်လို အတိအလင်းပြောဆိုတယ်။ ကဲဘယ်လိုလုပ်ကြမလဲ ဘုရင်ကြီးလဲ စိတ်ညစ်နေရပြီ ။ ဘယ်သူကပြိုင်ဖိုလွယ်မလဲ ။ လက်ဟန်ခြေဟန်နဲ့မေးတာကို […]
ကြက်ဥပြုတ်တွေခိုးယူခဲ့ပြီး သခင် မရိပ်မိဘူးလို့သာ တွေးထင်နေခဲ့တဲ့ ခွေးလေး
ကြက်ဥပြုတ်တွေခိုးယူခဲ့ပြီး သခင် မရိပ်မိဘူးလို့သာ တွေးထင်နေခဲ့တဲ့ ခွေးလေး Labrador အမည်ရှိ ခွေးတစ်ကောင်ဟာ သူ့သခင်ရဲ့မီးဖိုချောင်မှာ သခင်ဖြစ်သူပြုတ်ထားတဲ့ ကြက်ဥကို ပါးနပ်စွာ ခိုးယူခဲ့ပါတယ် ။ ဒီခွေးဟာ သခင်ဖြစ်သူက သူ့ကိုသံသယမဖြစ်အောင် ပြုတ်ထားတဲ့ကြက်ဥတွေကို ဘယ်လိုခိုးယူရမယ်ဆိုတာ ဒီခွေးဟာသိနေပုံရပါတယ် ။ သူ့သခင်က နောက်ပိုင်းမှသာ ကြက်ဥပြုတ် ပျောက်နေတာကိုသတိပြုမိပြီး ပါးနပ်တဲ့ခွေးလေးက အပြစ်မဲ့သူတစ်ယောက်အနေနဲ့ ကြက်ဥများ ပျောက်ဆုံးသွားတာ နဲ့ ပတ်သတ်ပြီး သူနဲ့မဆိုင်သလို သူ့သခင်ကို စိုက်ကြည့်နေခဲ့ပါတယ် ။ ရုတ်တရက်ကြက်ဥတစ်လုံးက သူ့ပါးပြင်ပေါ်မှကျလာပြီး ကြမ်းပြင်ပေါ်သို့ လှိမ့်ဝင်သွားခဲ့ပါတယ် ။ ထိုအခါမှသာ သခင်ဖြစ်သူက ကြက်ဥပြုတ်ခိုးသွားတဲ့ သူခိုးလေးကို ဖမ်းမိတော့ပါတယ် ။ crd Zawgyi ကြက်ဥပြုတ်တွေခိုးယူခဲ့ပြီး သခင် မရိပ်မိဘူးလို့သာ တွေးထင်နေခဲ့တဲ့ ခွေးလေး Labrador အမည်ရှိ […]
ဇနီးဖြစ်သူမသိအောင်စားပွဲခုံခြေထောက်တိုင်ထဲမှာဖွက်ထားတဲ့ပိုက်ဆံနဲ့ I Phone (2)လုံးဝယ်ယူခဲ့တဲ့အမျိုးသား
လွန်ခဲ့တဲ့ ၈နှစ်ကတည်းက online ပေါ်ကနေ မှာယူထားခဲ့တဲ့ပစ္စည်းကို အခုမှလက်ခံရရှိခဲ့လို့ ခေါင်းရှုပ်ခဲ့ရတဲ့ အမျိုးသား
Onlineကနေ ပစ္စည်းတစ်ခုခုမှာပြီး ကိုယ်မျှော်လင့်ထားတဲ့အချိန်ထက် ပိုကြာနေရင် လူတိုင်းဟာ စိတ်ပျက်သွားတတ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီကနေဒါအ မျိုးသားတစ်ဦးအတွက် သူ့ရဲ့နှောင့်နှေးတဲ့ပို့ဆောင်ရေးဝန်ဆောင်မှုကတော့ ကမ္ဘာ့အဆုံးစွန်အဆင့်အထိ ရောက်နေပါတယ်။ ကနေဒါနိုင်ငံ Torontoမြို့မှာ နေထိုင်တဲ့ Elliot Berinsteinအမည်ရှိဆရာဝန်တစ်ဦးဟာWell.caဆိုတဲ့ online ပို့ဆောင်ရေးတစ်ခုမှအထုပ်တစ်ခု လက်ခံရရှိခဲ့ပြီး အဆိုပါအထုပ်ကို ဖွင့်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းက သူမှာထားခဲ့တဲ့ ဆံပင်အတွက်အလှကုန်တစ်မျိုးဖြစ်နေခဲ့ပါတယ်။ အစပိုင်းတော့ Well.ca ကနေ ဘာမှ မမှာထားတာကြောင့် သူဟာ ခေါင်းရှုပ်သွားခဲ့ပြီး အဲ့တာနဲ့ လွန်ခဲ့တဲ့ ၈နှစ်လောက်တုန်းက သူတို့ဆီမှာ hair cream တစ်ဘူးမှာခဲ့တာကို သတိရသွားခဲ့ရပြီး” ငါ ကောင်းကောင်းမှတ်မိနေတယ် အဲ့ဒီတုန်းက နည်းနည်းမိုက်မဲတဲ့အမျိုသားတွေကို လူကြိုက်များကြတယ် အဲ့ဒါကြောင့် ငါ Donald Draper ရဲ့ဆံပင်ကေအတိုင်း လိုက်ပြင်ကြည့်ဖို့ စဉ်းစားခဲ့တာ”လို့ ပြောပြထားပါတယ်။ Elliotဟာ […]
မြန်မာပြည်မှာ နေရတာ ဒီလောက် အေးချမ်းသာယာတာကို ဘာလို့ စိတ်ညစ်တယ် ပြောနေကြလဲ
မြန်မာပြည်မှာ နေရတာ ဒီလောက် အေးချမ်းသာယာဖွယ် ကောင်းတာကို ဘာလို့ စိတ်ညစ်တယ် ပြောနေကြလဲ.. လူတွေက ဘာလို့ တစ်ရက်တစ်ရက် စိတ်ညစ်တယ် အဆင်မပြေဘူး ပြောနေကြလဲ မသိပါဘူးဗျာ။ မြန်မာနိုင်ငံမှာ နေရတာ ဒီလောက် အေးချမ်းသာယာဖွယ်ကောင်းတာကို။ စိတ်ချမ်းသာဖို့ အဆင်ပြေဖို့ဆိုတာ ကိုယ့်ရဲ့ တစ်ရက်တာကို ဘယ်လိုပုံစံဖြတ်သန်းလဲဆိုတာနဲ့ ဆိုင်တယ်။ ကျွန်တော့်ရဲ့ တစ်ရက်တာဖြတ်သန်းမှုအကြောင်းကို ပြောပြမယ်။ မနက်လင်းလို့ အိပ်ယာထတာနဲ့ အရင်ဆုံး သီတဂူဆရာတော်ကြီးရဲ့ တရားခွေကို ဖွင့်ထားလိုက်တယ်။ မျက်နာသစ် ရေမိုးချိုးပြီးရင် လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ပေါ့ဆိမ့်တစ်ခွက်မှာပြီး ဆရာမိုးအောင်ရင်ရဲ့ ကဗျာလေးကို နေ့တိုင်းဖတ်တယ်။ အရေးအသားက ရင်ထဲ ထိသကိုး။ ပြီးရင် အလုပ်သွားတဲ့အချိန် လိုင်းကားပေါ်မှာ နားကြပ်လေးတပ်ပြီး “ဟဲလို အိုပါး ကိုကိုရေ” ဆိုတဲ့ သီချင်းလေးကို Repeat […]
ရှမ်းပြည်က ရှမ်းခေါက်ဆွဲထက်တောင် ရှမ်းခေါက်ဆွဲ စစ်တဲ့ ရန်ကုန် ရှမ်းခေါက်ဆွဲအကြောင်း
ဒီမနက်စာ ရှမ်းခေါက်ဆွဲစားရင်း လျှာနည်းနည်း ရှည်ချင်မိတယိ။ မန်းလေးဆိုတာ မြန်မာနိုင်ငံရဲ့ အလယ်အချက်အချာကျရာနေရာ အဲ့ဒီတော့ နေရာအစုံ က လူတွေ လာပြီးအခြေချကြတယ်။ အနီးဆုံးကတော့ ကချင်နဲ့ ရှမ်းပြည်ကလူတွေပေါ့။ ရှမ်းခေါက်ဆွဲဆိုင်ဆိုတာမျိုးက အိမ်ကနေ လမ်းထိပ်ထွက်လိုက်ရင် အနည်းဆုံး.နှစ်ဆိုင်လောက်ရှိတဲ့အမျိုး။ အဲ့ဒီမှာမှ အမျိုးစုံ ကြိုးခုန်သွားကြတာက တရုတ်တွေလုပ်တဲ့ရှမ်း၊ ပန်းသေးလုပ်တဲ့ရှမ်း၊ ကချင်ဖက်ကလာတဲ့ရှမ်း၊ ရှမ်းလူမျိုးတွေလုပ်တဲ့ရှမ်း အမျိုးမျိုးပေါ့။ ရှမ်းပြည်က ရှမ်းခေါက်ဆွဲဆိုတာတောင် မြောက်ပိုင်းရှမ်းလား တောင်ပိုင်းရှမ်းလား ကွဲသေးတယ်။ အဲ ရှမ်းမြောက်ဆိုရင်တောင် သီပေါလား၊ လားရှိုး၊ နမ့်ခမ်း၊ ကွတ်ခိုင်ဆိုပြီး ဘာသာတွေက ကွဲသွားသေးတာ။ ရှမ်းတောင်လား ကလော၊ တောင်ကြီး မတူသေးဘူးဗျ။ ဒီတော့ ခင်ဗျားတို့ ရန်ကုန် မန်းလေးမြို့ကလူတွေ သီပေါလို ကလောလို နေရာမျိုးရောက်လို့ ရှမ်းခေါက်ဆွဲဆိုပြီး မှာကြည့် ဟင် ဘယ်လိုကြီးလဲ […]
နိုင်ငံခြားသွားမယ့်သူတွေအတွက် လေယာဉ် တန်အောင် စီးနည်း (လတ်မှတ်ဖိုး အရင်းကျေနိုင်ပါတယ်)
နိုင်ငံခြားသွားမယ်ဆိုရင် လေယာဉ်ကို တန်အောင် ဘယ်လိုစီးကြမလဲ..? Promotion ticket ကိုရအောင်ဝယ်ပါ.. Check In Counterမှာ ချိုချဉ်ထားပေးထားရင် လက်တဆုပ်လောက် မသိမသာယူ အိတ်ထဲထည့်ထားပါ… လူဝင်မှုကြီးကြပ်ရေမှာလဲ ချိုချဉ်ရှိရင် ထပ်ယူပါ… ထွက်ခွာ စောင့်ဆိုင်းနေရာရောက်ရင် free call phone ဆီ အပြေးသွားပြီး ရှိသမျှ အမျိုးသူငယ်ချင်တွေဆီ မိမိနိင်ငံခြားသွားဘီဖြစ်ကြောင်း ၃ ရက် ၁ ပတ်ကြာမည်ဖြစ်ကြောင်း အားရပါးရ ပြောပါ။ အနောက်ကို လုံးဝလှည့်မကြည့်ပါနှင့်။ နံရံကိုမျက်နှာမူ တဝပြောပါ။ မိမိပြောလို့ပြီးမှ အနောက်မှာ တန်းစီနေသူများကို ယခုမှတွေ့သည့်ပုံနှင့် အားနာသွားဟန် ပြပါ။ အာညောင်းလျှင် အများသုံးရေခဲရေသောက်ရင်း တခါသုံးခွက် ၅ ခွက် ၆ ခွက် မသိမသာတခါထဲယူ လက်ဆွဲအိတ်ထဲထည့်ပါ တစ်ခွက် ၅၀ လောက်ရှိသည်… […]
အပျိုကြီး ကျိန်းသေပေါက် ဖြစ်မယ့် လက္ခဏာရပ်များ (အမှန်တကယ် ကိုယ်တွေ့ အတွေ့အကြုံများ)
ဇီဇာကြောင် လူပျိုကြီး/အပျိုကြီး ဖြစ်မည့်သူများ။ အကုန်တူနေတယ်။ ၁။ကျွတ်ကျွတ်အိပ် စုတတ်လာခြင်း။ ၂။ပစိပစပ်များလာခြင်း။ ၃။ တခုဝယ် တခုရ ပရိုမိုးရှင်း များသာဝယ်ယူခြင်း။ ၄။အကျီ အစုတ် ဘောင်းဘီအစုတ်ကိုသာသဘောကျခြင်း။ ၅။ပေါချောင်ကောင်းပစ္စည်းများဝယ်ယူပြီး နောင်တရတတ်ခြင်း။ ၆။အစားအစာ တခုခုမှာတိုင်း မတန်ဘူး ဆိုပြီးဈေးတွက်ပြခြင်း။ ၇။ကပ်စေးအလွန်နည်းလာခြင်း။ ၈။၂၄နာရီ အလိုမကျခြင်း။ ၉။အခုတမျိုး တော်ကြာတမျိုး မျောက်စိတ်ပိုင်ဆိုင်ခြင်း။ ၁၀။တဇွတ်ထိုး ပြုလုပ်တတ်ခြင်း။ ၁၁။ ရည်းစားတော့ထားချင်ပေမဲ့ အိမ်ထောင်တော့မပြုချင်ခြင်း။ ၁၂။ တယောက်တည်းနေရတာကိုပိုနှစ်သက်ခြင်း။ ၁၃။လူတွေကို စိတ်ကုန်တတ်လာခြင်း။ ၁၄။စကားပြောလျှင် ဥပမာ မျိုးစုံနှင့်ဆရာကြီးလုပ်တတ်ခြင်း ၁၅။ စိတ်ခံစားရလွယ်ကူခြင်း။ ၁၆။စိတ်ဆိုးလာရင် တည့်တိုးပြောတတ်လာခြင်း။ ၁၇။ ဖုပန်ဒါမှ တခါသုံးခွက်များ စုဆောင်းတတ်ခြင်း။ ၁၈။ဖုန်တက်တာက အစ ဖိနပ်ချွတ်တာ မညီ တာ အဆုံး လိုက်ကြည့်တတ်ခြင်း။ ဒါတွေထဲက […]
YBS ပေါ်မှာ သောင်းကျန်းနေတဲ့ သက်ကြီးထောက်လှမ်းရေးသမားကို ပညာပေးခြင်း (အတုယူစရာပါပဲ)
ဘဝမှာ တခါမှ အသက် ၄၀ ဝန်းကျင် ယောကျာ်းကြီး တင်ပါးကို ပြစ်ပြစ်နှစ်နှစ် ထောက် ရလိမ့်မယ်လို့ မတွေးမိဖူးဘူး။ ဖြစ်ပုံက အပြန် ybs 65 ကားပေါ်မှာ ရုံးဆင်းချိန်မို့ လူတွေကြပ်တာကို အခွင့်ကောင်းယူပီး သကောင့်သားက ပလေကပ်ပုဆိုးနဲ့ အရှေ့က ကောင်မလေးကို အနောက်ကလိုက်ထောက်နေတာ။ ကားက ကြပ်တာဆိုပေမယ့် အရမ်းကြီးလိုက်ထောက်နေတာ သိသာလွန်းတယ် ။ ကောင်မလေးကနေရာရွှေ့ရင် သူပါလိုက်ရွှေပီးကပ်လိုက် ကောင်မလေး ခေါင်းကိုမသိမသာနမ်းလိုက်နဲ့ ကြားထဲက ကိုယ်က ဒေါသဖြစ်တယ်။ ကိုလည်းမျက်စိရှေ့မာမြင်နေရတာ ဘယ်လိုကူညီရမယ်မသိဘူး ။ သွားပြောလို့ ရှက်ရမ်းရမ်းပီး ဒါးတွေဘာတွေ ပါလားမပါလားကမသိ ။ ခေတ်ကာလကလည်းမကောင်းတော့ သွားလည်းမပြောရဲဘူး။ ဒီတော့ ဖြစ်ချင်ရာဖြစ်ကွာဆိုပီး မင်းတောင် ထောက်သေးတာပဲ။ ငါလည်းမင်းကို ပြန်ထောက်မယ်ဆိုပီး အနောက်ကနေ အာ့ပလေကပ်ကို ပြန်ထောက်တာ။ […]
Back To Top