Category: အချက်အပြုတ်

“ကိုရီးယားအစားစာ ကင်ချီကို အိမ်မှာ ကိုယ်တိုင် ပြုလုပ်နည်း”

လုပ်နည်းပြောပြမယ်နော် 😘 စလုပ်မယ့် အချိန်မှာ လိုအပ်တဲ့ ပစ္စည်းတွေကတော့ – မုန်ညင်းဖြူထုပ် – ၃ ကီလို (သို့) ၆ ထုပ်ခန့် ဆား – ၁/ ၂ ခွက် (လက်ဖက်ရည်ပန်းကန်လုံး) ပထမအဆင့်အနေနဲ့ မုန်ညင်းဖြူ အောက်ခြေ အမြစ်နားကိုဖြတ်ပြီး ဓားနဲ့ ၂ လက်မလောက် ထိုးခွဲ လှီးလိုက်ပါ (တစ်ထုပ်လုံးကို မလှီးရပါ)။ ဟသွားတဲ့နေရာကနေ လက်နှစ်ဘက်နဲ့ ဆွဲဖြဲ လိုက်ပါ။ ဒါမှသာ အတွင်းပိုင်း မုန်ညင်းသားတွေ နဂိုမူရင်းအတိုင်း ရရှိမှာ ဖြစ်ပါတယ်။ ရေများများ ထည့်ထားတဲ့ ဇလုံထဲမှာ ဆေးပြီး အနည်းငယ် စစ်ထားပါ။ မုန်ညင်းရွက် တရွက်ချင်းစီကြားထဲကို နှံ့အောင် ဆားပက်ထည့်ပြီး ဇလုံတခုထဲမှာပဲ ၁၀ မိနစ် ၁ […]

“ကြက်အူချောင်းကို အိမ်မှာ လွယ်လွယ်ကူကူနဲ့ ကိုယ်တိုင် လုပ်စားနိုင်မယ့် နည်းလမ်းလေး”.

အိမ်မှာ ကိုယ်တိုင်လုပ်စားလို့ရသည့် သန့်ရှင်းလတ်ဆတ်တဲ့ ကြက်အူချောင်းလေး လုပ်နည်းလေးပါ။ ကလေးတွေအတွက်လဲ အထူးသင့်လျော်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်သား ၂၀ သား ဆားနည်းနည်း သကြားနည်းနည်း ငြုပ်ကောင်းမှုန့်ကြိုက်ရင် နည်းနည်းထည့်ပါ (မထည့်လဲရ) ကြက်ဥတလုံး ပြောင်းကော်မှုန့် ၂ ဇွန်း (မရှိရင် ရိုးရိုးကော်မှုန့်) စက်ထဲထည့်ကြိတ်ပါ။ စီးစီးလေးဖြစ်အောင် အကြာကြီးကြိတ်ပါ။ ငှက်ပျောရွက်လေး စင်ကြယ်အောင်ဆေးပြီး အိသွားအောင် ရေနွေးဖျော်ပါ။ ငှက်ပျောရွက်ပေါ်ဆီလေး နဲနဲသုတ်ပြီး ကြိတ်ထားတဲ့ အသားထည့်လိပ်ပါ။ ပြီးရင်ဒါမျိုးလေးဖြစ်အောင်စည်းပါ။ ပေါင်းအိုးမရှိရင် ဒယ်နီအိုးထဲရေထည့်ပြီး ဇလုံနဲ့ပေါင်းလို့ရပါတယ်။ ၄၅ မိနစ်လောက်ပေါင်းပြီးတဲ့အခါ ရပါပြီနော်။ ဒီတိုင်းပဲစားစား ဆီပူထဲထည့်လှိမ့်ပြီးစားစား ဘယ်လိုစားစား အရမ်းကောင်းပါတယ်။ ကလေးတွေလဲ ကြိုက်နှစ်သက်ပါတယ်။ ပူပူလေးကို ခရမ်းချဉ်သီးဆော့လေးနဲ့တို့စားရင်လည်း လိုက်ဖက်ပါတယ်။ (Rain Queen) Crd Zawgyi အိမ္မွာ […]

ဈေးကြီးပေးဝယ်ရတဲ့ ကြက်ပေါင်းရည်ကို အိမ်မှာကိုယ်တိုင် ပြုလုပ်နည်း

Unicode အပြင်မှာကြက်ပေါင်းရည်ဝယ်မရတော့ဘူးဆိုလို့ ကြက်ပေါင်းရည်လုပ်နည်းလေး ပြန်လည်၍ဝေမျှပေးလိုက်ပါတယ် ။ ကိုယ်လည်းအပြင်မထွက်တာ ၁ပတ်လောက်ရှိပြီမို့ရှိတာလေးနဲ့လုပ်ပြထားပါတယ် ။ ကြက်ပေါင်းရည်ဆိုတာကြက်ကိုပေါင်းပြီးထွက်လာတဲ့အရည်ချိုကိုပြောတာပါ ။ ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင်အမြစ်တို့လိုပါတယ် ကြက်သားကိုရေစင်အောင်ဆေးပါ နံနံပင်ရဲ့အမြစ်ကိုရေစင်အောင်ဆေးပါ ဂျင်းကိုအခွံခွာပြီး မထူမပါးလှီးပါ ကြက်သွန်ဖြူအမွှာကိုခွာယူပြီး ရေဆေးပါ (အခွံမခွာပါဘူးရှင် အခွံနဲ့တစ်ပါတည်းထည့်ပေါင်းမှာပါ ) ဇောက်နက်တဲ့ပန်းကန်ထဲကို ပန်းကန်လုံးအသေးလေးတစ်လုံးမှောက်ထည့်ပါ သူ့အပေါ်မှ ကြက်သား ဂျင်း ကြက်သွန်ဖြူ နံနံပင် ဖြန့်ပြီးထည့်ပါ ထမင်းပေါင်းအိုးထဲကို ရေထက်ဝက်ခန့်ထည့်ပြီး အပေါ်ကန့်သုံးကာ ၂နာရီခန့်ပေါင်းပါ အဖုံးမဖွင့်ကြည့်ပါနဲ့ ကြက်ပေါင်းရည်ရဖို့ အချိန်၂နာရီကလုံလောက်ပါတယ်ရှင် ကြက်ပေါင်းရည်လိုတာထက်ပိုထွက်ချင်ရင် ဒီလိုလေးလုပ်ပါရှင် ဇစ်အိတ်လေးတွေထဲ ရေခဲတုံးလေးတွေထည့်ပြီး အိုးအဖုံးပေါ်ကို တင်ပေးပါရှင် ဘယ်အချိန်လုပ်ရမလဲဆိုတော့ အချိန်ပြည့်ဖို့ ၅မိနစ်၁၀မိနစ်အလိုလောက်မှာလုပ်လို့ရပါတယ် ဘာအရသာမှုန့် ဘာဆားမှမထည့်ပါဘူး ကြက်ကတော့ ဗမာကြက်အသုံးပြုတာအကောင်းဆုံးပါရှင် ။ ကြက်ပေါင်းရည်ထဲမှာအဆီတွေဝေ့နေတာ မနှစ်သက်ဘူးဆိုရင် ကြက်ပေါင်းတဲ့အခါ […]

လွယ်ကူရိုးရှင်းတဲ့ ယိုးဒယား ဖက်ကဖောင်း ထမင်းပေါင်း ပြုလုပ်နည်း

လွယ်ကူရိုးရှင်းပြီး စားလို့အရမ်းကောင်းတဲ့ ယိုးဒယား ဖက်ကဖောင်း ထမင်းပေါင်း ပြုလုပ်နည်းလေးပါ။ ပါဝင်ပစ္စည်းများကတော့.. ၁။ ဝက်သား (တောက်တောက်စင်းထားပါ) ၂။ ကြက်သွန်ဖြူ (နုတ်နုတ်စင်းထားပါ) ၃။ ငရုတ်သီးတောင့်နီ (လှီးဖြတ်ထားပါ) ၄။ ပဲတောင့်ရှည် (ခပ်သေးသေးလှီးထားပါ) ၅။ ပဲငံပြာရည်အပျစ်/ခရုဆီ/ဆား/ဟင်းချိုမှုန့် ၆။ ဆီ ၊ ငရုတ်ကောင်းမှုန့် ၊ ဖက်ကဖောင်းရွက်။ ကဲ စပြီးကြော်လှော်ကြရအောင်နော်.. ဆီအနည်းငယ်ကို ပူအောင်တည်ပြီး ကြက်သွန်ဖြူ နဲ့ ငရုတ်သီးတောင့်နီတို့ကို ထည့်မွှေဆီသပ်ပါ.. ဝက်သားတွေ ထည့်မွှေပါ။ ရေလုံးဝမထည့်ရပါ။ ဆား/ဟင်းချိုမှုန့် ပဲငံပြာရည် ခရုဆီထည့်မွှေပါ။ နဂိုရေခမ်းပြီး ဆီထွက်လာရင် ပဲတောင့်ရှည်ထည့် ရေအနည်းငယ်ဖျန်းပေးပြီး မွှေကြော်ပါ။ ရေထည့်မများရပါဘူးနော်.. ပဲတောင့်ရှည်ကျက်စပြုလာရင် ငရုတ်ကောင်းမှုန့်ဖြူးထည့်မွှေပေးပြီး ဖက်ကဖောင်းရွက်ထည့်ပါ။ ရေအနည်းငယ်ထပ်ဖြန်းပေးပါ။ ဖက်ကဖောင်းရွက် နွမ်းသွားရင်ရပါပြီ။ ပြီးရင်တော့ထမင်းထဲမှာ ကြက်ဥကြော် […]

ကြက်သွန်ဖြူနီ ဆီချက်ကို မွှေးပြီး ကြာကြာအထားခံအောင် နည်းစနစ်မှန်မှန် ချက်နည်း

ကြက်သွန်ဖြူနီ ဆီချက်ကို မွှေးပြီး ကြာကြာအထားခံအောင် နည်းစနစ်မှန်မှန် ချက်နည်း.. ဆီချက်လေးမွှေးအောင်ချက်ပြီး ကြာရှည်သိမ်းထားချင်သူများအတွက်ပါရှင်.. ဆီချက်ချက်ဖို့ ကြက်သွန်နီပါးပါးညီညီ ကြက်သွန်ဖြူပါးပါးညီညီ လှီးထားပါ.. အထူအပါးမညီရင် အကျက်လဲ မညီတတ်လို့ပါရှင်.. ကြာရှည်ထားချင်ရင်တော့ ဆီသန့်ကို သုံးပေးပါနော်.. တခုခုအရင်ကြော်ထားမိတဲ့ဆီကို မသုံးပဲ ဆီသစ်ကိုသာ သုံးပါရှင်.. အပြင်မှာထားရင် ၂ ပတ်လောက်ထားလို့ရပါတယ်.. ရေခဲသေတ္တာထဲသိမ်းရင်တော့ ၃ လလောက် အထားခံပါတယ်.. လေလုံတဲ့ ပုလင်းလေးနဲ့ထားရင် ပျော့မသွားပဲ ကြွပ်ရွနေပါတယ်.. ကြက်သွန်နီကို အရင်ကြော် ရွှေရောင်သန်းလာရင် ဆယ်ပြီး ဖွကာဆီ စစ်ထားပါ။ မဖွပေးရင် အထဲဘက်ကအပူချိန်ကြောင့် ကျွမ်းသွားတတ်ပါတယ်. ကြက်သွန်ဖြူကြော်ရင်တော့ ဆီဒယ်အိုးထဲ ဒန်ဇကာလေးခံပြီးကြော်တာက အဆင်ပြေဆုံးပါ.. ကြက်သွန်ဖြူက ကျွမ်းလွယ်ပါတယ်.. ကြက်သွန်နီကြော်လိုလဲ ဆယ်လိုက်ရင် ထွေးပြီး ပါမလာပါဘူး.. ဆယ်နေရင်းက ဆီထဲပြန်ပြန်ပါသွားတတ်တာမို့ လက်မမြန်ရင် […]

လုပ်ရတာ လွယ်ကူပြီး စားလို့အရမ်းကောင်းတဲ့ အိန္ဒိယ မလိုင်လုံးအညို ပြုလုပ်နည်း

လုပ်ရတာ လွယ်ကူပြီး စားလို့အရမ်းကောင်းတဲ့ အိန္ဒိယ မလိုင်လုံးအညို ပြုလုပ်နည်း.. အိန္ဒိယမုန့်အချိုတွေထဲ မလိုင်မုန့်အညိုကိုတော့ လူကြိုက်များပါတယ်.. အရင်ကတော့ မာဝါလို့ခေါ်တဲ့ မလိုင်တုံးနဲ့ လုပ်ကြပေမယ့် ခုအရမ်းလွယ်ကူတဲ့နည်းလမ်းကိုသုံးပြီး နို့မှုန့်ကို အသုံးပြုထားပါတယ်.. လုပ်ကြည့်တော့လဲလွယ်ကူပြီးအရသာကောင်းပါတယ်ရှင်.. ပေါင်းအိုး ဆန်ချိန်ခွက်ကို သုံးထားပါတယ်ရှင်.. ဂျုံမှုန့်ကို ပေါင်းအိုးဆန်ချိန်ခွက်နဲ့ ၃ ပုံ ၂ ပုံ ထည့်ပါတယ်.. နို့မှုန့်ကို ပေါင်းအိုးဆန်ချိန်ခွက်နဲ့ တစ်ခွက်ထည့်ပါတယ်.. ဘေကင်ပေါင်ဒါကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းသုံးထားပါတယ်.. အဲ့ဒီ ၃ မျိုးကို ဇကာချပြီး ထည့်ပါမယ်.. ကြက်ဥတစ်လုံး၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆီ ထမင်းစားဇွန်း ၃ ဇွန်း၊ ရေ ထမင်းစားဇွန်း ၂ ဇွန်း ကို ရောပြီး သမအောင် မွှေပါမယ်.. […]

စားအုန်းဆီဈေး တသောင်းကျော်နေတဲ့အချိန်မှာ ရေနဲ့ ကြော်လို့ရတဲ့ ကြာဇံကြော် ပြုလုပ်နည်း

လက်ရှိအချိန်မှာ စားအုန်းဆီ ဈေးနှုန်းဟာ တသောင်းကျော်နေတဲ့ အချိန်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များ အသင်းက စားအုန်းဆီ တပိဿာကို ငါးထောင်ကျော် ဈေးနှုန်းနဲ့ ကန့်သတ်ပြီး ရောင်းချပေးနေပမယ့်လည်း ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်နေပြီး ပြည်သူများအနေနဲ့ တိုးဝှေ့ ဝယ်ယူနေကြရပါတယ်။ စကစက စားအုန်းဆီနဲ့ စက်သုံးဆီ တင်သွင်းဖို့အတွက် ဒေါ်လာ သန်း ၂၀၀ ချေးပေးပေမယ့်လည်း မြန်မာတနိုင်ငံလုံး သုံးစွဲမှုအရ ထိုပမာဏဟာ တလစာသာ ရရှိမှာ ဖြစ်ပြီး လာမယ့် လတွေမှာ စားအုန်းဆီ ပြတ်တောက်မှုကို ကြုံတွေ့ရနိုင်ပါတယ်။ ပြည်သူများ နေ့စဉ်သုံးစွဲနေရတဲ့ မီးဖိုချောင်ကုန်ကျစရိတ်များဟာလည်း တဖြည်းဖြည်း မြင့်တက်လာပြီး ဝင်ငွေနဲ့ ထွက်ငွေ ကွာဟမှု များပြားလာတာကြောင့် ပိုမိုကျပ်တည်းလာလျက်ရှိပါတယ်။ အထွေထွေ ကျပ်တည်းမှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ […]

ကိုယ်တိုင် လုပ်စားလို့လည်းရ၊ တပိုင်တနိုင် စီးပွားဖြစ်လုပ်လို့လည်းရတဲ့ ဖရုံယိုပြုလုပ်နည်း

ကျောက်ဖရုံယို လုပ်နည်း ပါဝင်အစ္စည်းများ အတော်လေးရင့်သော ကျောက်ဖရုံသီး – ကီလိုဝက် (၃၂ ကျပ်သားခွဲခန့်) ထုချေထားသော ကျောက်ချဉ် (alum) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန် ကွမ်းစားထုံး (lime stone or Chuna or Choona) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန် ရေ – 10 cups (2500 ml ) သကြား – 2 cups (500 ml) သံပုရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ ပြင်ဆင် ပြုလုပ်နည်း ရေ – 5 cups (1250 ml) ထဲ ထုံး […]

မီးခဏခဏ ပြတ်တဲ့ အခုလိုအချိန်မှာ အလွန်အသုံးဝင်တဲ့ ၁၅ မိနစ်အမြန် ထမင်းချက်နည်း

ချက်ရေးပြုတ်ရေးမှာ အချိန်ကုန်မခံချင်တဲ့ ကျနော်တို့လို့ အိမ်ရှင်ထီးတွေအတွက်တော့ ဒီနည်းက အရမ်းအလုပ်ဖြစ်ပါတယ်။ နောက်တစ်ခု ကောင်းတာက ဒီနည်းအတိုင်း ချက်ပြုတ်ရင် ရေငှဲ့မှာဖြစ်လို့ ထမင်းကြောင့် ကိုယ်အလေးချိန် ဝိတ်တက်တာကိုလည်း ထိန်းပေးနိုင်ပါတယ်။ ထမင်းပေါင်းအိုးနဲ့ပဲ တည်ရတာဖြစ်လို့ အရမ်းလွယ်ကူပါတယ်။ ပထမဆုံး လျှပ်စစ်ရေနွေးအိုးကို လည်ရစ်ထိ ရေဖြည့်ပြီး တည်ထားပါ။ အဲဒီအချိန်မှာ ပေါင်းအိုးထဲ ဆန်ထည့်၊ ဆန်ဆေးပါ။ (အေးဆေးလုပ်ပါ)။ ဆန်ဆေးပြီးရင် ရေကို ဆန်မြှုပ်ရုံပဲထည့်ပြီး ပေါင်းအိုးထဲထည့် ထမင်းချက်တဲ့ခလုတ် နှိပ်ပါ။ (ရေနွေး ဆူခါနီးပါပြီ) (အိုးပတ်ချာလည်ကို ရေသုပ်ဖို့ မမေ့နဲ့နော်) (ပုံတွေပြထားပါတယ်) ထမင်းပေါင်းအိုးထဲက ရေနွေးပြီး ဆူစပြုလာပြီဆိုရင် ရေနွေးအိုးထဲက ဆူပြီးသားရေနွေးကို ဆန်အနဲများပေါ်လိုက်ပြီး ထမင်းအိုးထဲ ဖြည့်ချလိုက်ပါ။ (ရေငှဲ့မှာပါ) ချက်ခြင်းနီးပါး ထမင်းအိုး ဆူလာပါလိမ့်မယ်။ တစ်ကြိမ် နှစ်ကြိမ် မွှေပေးပါ။ […]

ကိုယ်တိုင် လုပ်စားနိုင်မယ့် ဘဲဥ ဆားရည်စိမ် အိမ်လုပ်နည်း

အိိမ်က ဆားဘဲဥ ဆားရည်စိမ်နည်း 1. ဘဲဥ 100လုံး ရေဆေးသန့်စင်ထားပါ။ သိို့မဟုတ် ကြက်ဥ ကြိုက်နှစ်သက်ရာဥ 2.ဆားကြမ်း 50သား 3.ဥ100ဆန့်မည့် ဥစိမ်ရန် ကော်ဗူး/စင့်အိုး သန့်သန့် 4.ဆားရည်ကျိုရန် အိုးသန့်သန့် ဆီမပါရ အိုးထဲရေသန့်ထည့် ဆားထည့် ပွတ်နေအောင်ဆူပြီးရင် အအေးခံထား။ (ရေက ဥ100ကို စိမ်ထားနိုင်ယုံသာ. 4-5 လီတာလောက်၊ ရေးများသွားရင်် ဥထဲဆားဝင်နှေးလို့ ရက်ကြာမယ်။ချင့်ချိန်ထည့်ပါ) 5. ရေအေးသွားရင် ဆားဘဲဥဖောက်မည့် ဗူး/အိုးထဲလောင်းထည့်ပါ ပြီးရင် သန့်စင်ထားသော ဘဲဥကို တစ်လုံးချင်းစီ ဖြေးဖြေးထည့်ပါ။ ဥတွေအားလုံး ဆားရည်ထဲ စိိမ်နေရပါမယ်။ ဥတွေအထက် ဆားရည် 2လက်မလောက်ပိုထည့်ထားပါ။ 6. ထားမည့်နေရာ နေမပူရ။ ထားပြီးရင် အတတ်နိုင်ဆုံး 10ရက်လောက် သွားမထိပါနဲ့။ 7. အချိန် […]

Back To Top