Category: အနုပညာ

မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်မှု သရဖူဆောင်းခဲ့တဲ့ မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝ

မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ မင်းသားကြီး ကျော်ဟိန်းရဲ့ ဘဝ တစေ့တစောင်း… ကျော်ဟိန်းသည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်း မြိုနယ်၊ ကျောင်းကုန်းလမ်း ၌ အငြိမ်းစား ခရိုင် ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိချိ တို့မှ မွေး ဖွားခဲ့သည်။ ကရကဋ် ရာသီဖွားဖြစ်ပြီး ငယ်နာမည် ကျော်ကြီး ။ အမည်ရင်းမှာ ကျော်ဌေး ဖြစ် သည်။ သားသမီး ခြောက်ယောက်မှာ နံပါတ် လေးယောက်မြောက်ဖြစ်သည်။၁၉၅၂ ခုနှစ် – ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်း ကနေ စတုတ္ထတန်း အထိကျောင်းစာ သင်ကြားခဲ့သည်။ (စတုတ္ထတန်း စာမေးပွဲမှာ အောင်မှတ် မပြည့်လို နွေရာသီ […]

မြန်မာတပြည်လုံးက မိန်းကလေးတွေ လိုက်ထားခဲ့တဲ့ စန္ဒာဆံပင်ပုံစံပိုင်ရှင် မင်းသမီး စန္ဒာအကြောင်း

ရုပ်ရှင်မင်းသမီး “စန္ဒာ” ကို ကောင်းကောင်းမမှီလိုက်ဘူး။ သူ့နာမည်ကြီးရုပ်ရှင်ကား “နုနုငယ်ငယ်” ပြတုံးကကျွန်တော့် အသက်ဆယ်နှစ်မပြည့်သေးဘူး။ နောက်ပိုင်း ရန်ကင်းသီတင်းကျွတ်သုံးကားပေါင်း လမ်းဘေးရုပ်ရှင်မိုးအလင်းပြမှ စန္ဒာ့ရုပ်ရှင်ကားအချို့ တဝက်တပျက်ကြည့်ဖူးခဲ့တယ်။ စန္ဒာနဲ့ပတ်သက်ရင်မှတ်မိတာက “စန္ဒာဆံပင်” နဲ့ မင်းသားကြီးကျော်ဟိန်း ဇနီးဟောင်းဆိုတာပဲ။ အင်တာနက်ခေတ်မှာ ဝီကီပီးဒီးယားမှာ ဖေါ်ပြထားတဲ့ ပြည်သူချစ်ရုပ်ရှင်မင်းသမီးစန္ဒာ့ အကြောင်း တစိတ်တပိုင်း ဖေါ်ပြလိုက်တယ်။ ရုပ်ရှင်မင်းသမီးစန္ဒာကို ဖခင်ဦးမြမောင်နဲ့ မိခင်ဒေါ်မာလာမြင့်တို့မှ ၁၉၄၉ ခုနှစ် ရန်ကုန်မှာ မွေးဖွားခဲ့တယ်။ စန္ဒာနာမည်ရင်း (စန်းစန်းရှင်) ဖြစ်ပြီး မောင်နှစ်မငါးယောက်ရှိတယ်။ မပဂ္ဂီ၊ မဝင်းမာ၊ ရုပ်ရှင်မင်းသားတိုးညွန့်နဲ့ မြဇော်(Fuji)တို့ဟာ ရုပ်ရှင်မင်းသမီးစန္ဒာနဲ့ မောင်နှစ်မအရင်းများ ဖြစ်ကြတယ်။ စန္ဒာကျောင်းသူဘဝ ပြည်လမ်းစိန့်ဖလိုမီးနား(ထ၂ စမ်းချောင်း) မှာ ပညာသင်ယူနေထဲက ရုပ်ရှင်ပြဇတ်ကလေးခန်းများမှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်။ ၁၉၅၃ ခုနှစ်ထွက်ခဲ့တဲ့ “ ရတနာပုံ” ရုပ်ရှင်ကားမှာ […]

လူကြမ်းအဖြစ် သရုပ်ဆောင်ခဲ့သော်လည်း အကယ်ဒမီကို (၃) ကြိမ်အထိ ဆွတ်ခူးခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျောက်လုံး…

သုံးထပ်ကွမ်းအကယ်ဒမီ ဦးကျောက်လုံး – မွေးသက္ကရာဇ် ၁၉၁၇၊ နိုင်ငံ မြန်မာ၊ အမည်ရင်း ဦးအောင်ကြီး၊ မိဘအမည် ဦးသေး + ဒေါ်တင်၊ မွေးဖွားရာ ဒေသ နွားထိုးကြီးမြို့၊ ထင်ရှားကျော်ကြားမှု နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် ဦးကျောက်လုံး (၁၉၁၇-၁၉၈၂)သည် အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆု သုံးကြိမ်တိုင်တိုင် ရရှိခဲ့သော သရုပ်ဆောင်တစ်ဦးဖြစ်သည်။ လူကြမ်း၊ လူယုတ်မာ ဇာတ်ရုပ်များတွင် အလွန်ပီပြင်စွာ သရုပ်ဆောင်နိုင် သည့်အပြင် အချစ်၊ ဒရာမာ စသည့် ကျရာ ဇာတ်ရုပ် များတွင်ပါ ပိုင်နိုင်လှ သောကြောင့် ယနေ့တိုင် ပရိသတ်မှ အမှတ်ရလျှက် ရှိနေကြသည်။ အမည်ရင်းမှာ ဦးအောင်ကြီး ဖြစ်ပြီး အဖဦးသေး နှင့် ဒေါ်တင်တို့မှ ၁၉၁၇ခုနှစ်တွင် မြင်းခြံခရိုင် နွားထိုးကြီးမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း […]

ကျနော်မှတ်မိတဲ့ LPJ(Love, Peace & Joy) music band

ကျနော်မှတ်မိတဲ့ LPJ(Love, Peace & Joy) music band ကျနော် ကိုးတန်းနှစ်မှာ ကျနော်ကြိုက်တဲ့ ပလေးဘွိုင်အဖွဲ့ ကွဲသွားပါတယ်။ ညီအကိုဝမ်းကွဲ သန်းနိုင်၊ တက္ကသိုလ် အေးမောင်နဲ့ ကျော်နိုင်ကျန်ခဲ့ပြီး သိန်းတန်မြန်မာပြည်၊ တော်မီကျော်နိုင်နဲ့ ရော်နီကောင်း ကိုသိန်းတန်နဲ့ ပါသွားပါတယ်။ ကြားတာကတော့ ကိုသိန်းတန်ပဲ ထွက်သွားတာပါ။ ခဏကြာမှ ကိုတော်မီက ခင်ဗျားမရှိတော့ ကျနော်မပျော်ဘူး ဆိုပြီးလိုက်သွားတာပါ။ မကြာခင်ပဲ စပ်ရွှေသိုက်ခြံထောင့် ကမ္ဘာအေးဘုရားလမ်းနဲ့ ဂွတ္တလစ်လမ်းထောင့်၊ ယခု ပုလဲ ကွန်ဒို ထောင့်နေရာမှာ ဆိုင်းဘုတ်ကြီးတခု ထောင်လာပါ တယ်။ သိန်းတန်မြန်မာပြည် ဦးစီးတဲ့ ငြိမ်းချမ်းချစ်ခင်ပျော်ပျော်ရွှင် Love Peace & Joy (LPJ) တေးဂီတအဖွဲ့သစ် ဖွဲ့တဲ့ အကြောင်းပါ။ လူသစ်များလည်းပါလာပါတယ်။ ရစ်သမ် – […]

ဒေါ်လာ သန်း ၇၇၀ နဲ့ ကမ္ဘာ့စတုတ္ထမြောက်အချမ်းသာဆုံးမင်းသားဖြစ်လာတဲ့ ရှရွတ်ခန်း

ဘုရင်ခန်းလို့ ချစ်စနိုးခေါ်ကြတဲ့ဘောလိဝုဒ်စူပါစတားရှရွတ်ခန်းဟာကမ္ဘာ့အချမ်းသာဆုံးမင်းသားစာရင်းမှာပါဝင်လာခဲ့ပါတယ်။ သူဟာကမ္ဘာ့စတုတ္ထမြောက်အချမ်းသာဆုံးမင်းသားအဖြစ် ရပ်တည်နေပါတယ်။ တနင်္ဂနွေနေ့က တွစ်တာမှာ World of Statistics က ထုတ်ပြန်ခဲ့တဲ့“ကမ္ဘာ့အချမ်းသာဆုံးမင်းသားစာရင်း”အရ ရှရွတ်ခန်းကကြွယ်ဝချမ်းသာမှု ဒေါ်လာသန်း ၇၇၀ နဲ့ တစ်ဦးတည်းသောအိန္ဒိယမင်းသားအဖြစ် စာရင်းမှာပါဝင်ခဲ့ပါတယ်။အမေရိကန်ဟာသသရုပ်ဆောင်မင်းသားဂျယ်ရီစိန်ဖီဒ်က ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁ ဘီလျံနဲ့ ကမ္ဘာ့အချမ်းသာဆုံးမင်းသားအဖြစ် ထိပ်ဆုံးမှာ ရပ်တည်‌ေနပါတယ်။ တေလာပယ်ရီကလည်း ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁ဘီလျံဖြစ်ပေမဲ့ စာရင်းရဲ့ နံပါတ် (၂) နေရာမှာ ရှိနေပါတယ်။ ပြီးရင် ကြွယ်ဝချမ်းသာမှု ဒေါ်လာ သန်း ၈၀၀ ရှိတဲ့ ဒွိန်းဂျွန်ဆန် (The Rock) က နံပါတ် (၃) နေရာမှာပါ။ရှရွတ်ခန်းက မင်းသမီး ဒီပီကာပက်ဒူကုန်းနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ သူ့ရဲ့ရုပ်ရှင်ကားသစ် Pathaan ရုံတင်ပြသဖို့ ပြင်ဆင်နေပါတယ်။ အဲဒီဇာတ်ကားနဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာလည်း […]

နှစ်ပေါင်း (၅၀) နီးပါးအထိ ပရိသတ်ရင်ထဲ မေ့မရသေးတဲ့ “အဖေတခု သားတခု” ရုပ်ရှင်အကြောင်း

အဖေတခု သားတခု၊ ဆောင်းပါးခေါင်းစဉ်ကို ဖတ်လိုက်သည်နှင့် ရုပ်ရှင်ချစ်ပရိသတ်များ ရုပ်ရှင်သရုပ်ဆောင်စိန်မြင့်နှင့် ကလေးသရုပ်ဆောင်အောင်ထွန်းလေးတို့ကို ပြေးမြင်ကြမည်မှာ မလွဲ။ ထိုဇာတ်ကားရုံတင်ပြသခဲ့သည်မှာ ၄၆ နှစ် ကြာခဲ့ပြီဖြစ်သော်လည်း မနေ့တစ်နေ့ကလို အမှတ်ရနေကြဆဲ။ မြန်မာ့ရုပ်မြင်သံကြားမှလည်း ထိုဇာတ်ကားကို ပြန်လည်ပြသပေးနေသည့်အတွက် မျိုးဆက်သစ်များလည်း ကြည့်ကြရမည်ထင်ပါသည်။ နိုင်ငံတဝန်း လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့ပြီး ပရိသတ်မျက်ရည်ကို ခြှေချနိုင်စွမ်းရှိသည့် ဇာတ်ကားတစ်ကားပါ။ နယူးဘားမားရုပ်ရှင်ထုတ်လုပ် ရေးမှ ၁၉၇၅ ခုနှစ်တွင် စတင်ရိုက်ကူးခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ရုံတင်ပြသခဲ့ သည့် ဒါရိုက်တာမောင်နန္ဒ၏ လက်ရာ။ သရုပ်ဆောင် စိန်မြင့်၊ ဆွေဇင်ထိုက်၊ ကလေးသရုပ်ဆောင် အောင်ထွန်းလေး၊ ဇော်လင်းတို့နှင့်အတူ ဝါရင့်သမ္ဘာ ရင့် ဇာတ်ပို့များဖြစ်ကြသည့် စိန်ဂျွန်းထွန်းရွှေ၊ သီတာခင်ထွေး၊ ဒေါ်ဂျမ်းစိန်၊ မြင့်ဖေနှင့်မအေးကြည်တို့ ပါဝင်ထားကြသည်။ ဇာတ်လမ်းအကျဉ်းချုပ်မှာ အရှက်နှင့် သိက္ခာအတွက် လူ့အသက် […]

တချိန် မြန်မာလူထုကြားမှာ အသက် ၁၅ နှစ်နဲ့ မယ်ဗမာရသည်အထိ အလှဂုဏ်သတင်းမွှေးပျံ့ခဲ့သူ နော်လီဇာဘင်ဆင် …

“သူ့ရဲ့ဘယ်ဘက် ပါးဖောင်းဖောင်လေးပေါ်မှာ သူ့အလှကို ပိုဖြည့်စွက်ပေးတဲ့ မှည့်သေးသေးလေး တလုံး ရှိတယ်။ ကြင်နာတတ်တဲ့ အသည်းနှလုံးရှိပြီး နိုက်တင်ဂေးငှက်လို သာယာတဲ့အသံနဲ့ တေးဆိုတတ် တဲ့ ရေဒီယို အဆိုတော်တစ်ယောက်။ ဖလင်ကော်ပြားပေါ်ကနေ ကြည့်သူကို ကြည်နူးမှု အပြည့် ပေးနိုင်စွမ်းခဲ့တဲ့သူ။ ပြည်သူ့အကျိုး၊ လူသားတွေအကျိုးကို သယ်ပိုးရင်း ဘဝကို အကျိုးရှိစွာ အသုံးချခဲ့တဲ့ နှလုံးလှသူတစ်ယောက်….။” ပါစတာရဲ့ ချီးမွမ်းခန်းနဲ့ ဆုတောင်းသံဟာ တိမ်ဝင်သွားတယ်။ သင်္ချိုင်းတစ်ခုလုံး တိတ်ဆိတ်လို့။ ပန်းခွေတွေပေါ်မှာတော့ “Louisa Charmaire Benson Craig (69) တဲ့ …။ တကယ်တော့ သူ့ဘဝကို “ကြမ်းတမ်းတဲ့ နူးညံ့မှု” လို့ ပြောရင် ပိုသင့်လျော်လေမလားပဲ …။ သူ့ကို ၁၉၄၁ ခုနှစ် မတ်လ ၁ဝ ရက်နေ့မှာ […]

သူ့ရဲ့ လွမ်းသံဆွေးသံက တစ်နိုင်ငံလုံးကို လွမ်းဆွေးသွားစေခဲ့သူ…ငယ်ငယ်က ကျောင်းဆရာ တစ်ယောက် ဖြစ်ချင်ခဲ့သူ… ဝိုင်ဝိုင်း

မူရင်း ခေတ်လင်းနေ ရေးသားသည်။ ငယ်ငယ်က ကျောင်းဆရာ တစ်ယောက် ဖြစ်ချင်ခဲ့တယ်ဆိုတဲ့ ကိုဝိုင်ဝိုင်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့ပါတယ်။ အမည်အရင်းက ကျော်ကျော်ဌေးပါ။ ကျောင်းဆရာ ဖြစ်ချင်သူကနေ ‌မြန်မာပြည်ရဲ့ အအောင်မြင်ဆုံး ထိပ်တန်းအဆိုတော်တွေထဲက တစ်ယောက် ဖြစ်လာခဲ့ရတာ ကိုလေးဖြူကလည်း အဓိက ကျပါတယ်လို့ သူက ဆိုခဲ့ပါတယ်။ 1980ကျော် ခုနှစ်များကာလမှာ သူတို့ တွေ့ဆုံခဲ့ကြတယ်လေ။ မန္တလေးတက္ကသိုလ်မှာ။ ကိုဝိုင်ဝိုင်းနဲ့ ကိုလေးဖြူက မေဂျာတစ်ခုတည်း၊ English မေဂျာမှာ။ ကိုဝိုင်ဝိုင်း၊ ကိုလေးဖြူ၊ ကိုကြီးအငဲ စသည်အားဖြင့်။ အဲ့ဒီမန်းလေးမှာပဲ တက္ကသိုလ်ထဲက ဖရက်ရှာဝဲလ်ကမ်းပွဲတွေကျရင် ကိုလေးဖြူက ‌ဘေ့စ်တီးတယ်။ ကိုကြီးအငဲက လိဒ်တီးတယ်။ ကိုဝိုင်ဝိုင်းကတော့ ရစ်သမ်ပေါ့။ အတူတကွ သီချင်းတွေ သီဆိုခဲ့ကြတယ်။ ဂီတမှာ အတူ စီးမျောခဲ့ကြတယ်။ 1988 […]

ထူးချွန်ထက်မြက်ပြီး ရုပ်ရှင်လောကသားများအတုယူရသော မင်းသားဖြစ်သော်လည်း အကယ်ဒမီ ရမသွားရှာသော မင်းသားကြီး ကျော်ဆွေ…

မြန်မာ့ရုပ်ရှင်သမိုင်းတွင် စစ်ကား ပေါင်းများစွာ ပေါ်ထွက်ခဲ့ဖူးပါသည်။ သို့သော် အချစ်ကားများပေါ်ထွက်မှု နှင့်နှိုင်းစာလျှင် ရာခိုင်နှုန်းအားဖြင့် လွန်စွာနည်း၏။ စစ်ကားကို ဒါရိုက်တာ တိုင်းရိုက်၍ အဆင်မပြေ၊ စစ်အခြေခံ သဘောတရားကို ကျွမ်းကျွမ်းကျင် ကျင်နားလည်ပါမှ ပီပြင်သဘာဝ ကျသော စစ်ကားကောင်း တစ်ကား ဖြစ်နိုင်သည်။ ပေါ်ထွက်ပြီးသည့် မြန်မာစစ်ကားအချို့ကို ဖော်ပြရလျှင် ဂုဏ်မြင့်သူ ၁၉၄ဝ ၊ ပုလဲမျက်ရည်၊ ငါ့ညီ ငါ့မြေ ငါ့အမေ၊ ညတိုက်ပွဲ၊ ငါ့နိုင်ငံ တော်၊ တောင်ကုန်းအမှတ် (၁၁၉)၊ အမိမြေမှသားကောင်းများ၊ ဆယ့်သုံး ရက် ဆယ့်သုံးနာရီ ဆယ့်သုံးယောက်၊ အိပ်မက်တံတား၊ အချစ်တစ်ပွဲစစ်ပွဲ တစ်ရာ၊ နှလုံးသားနဲ့စစ်တာဝန်၊ အသက်ကိုနှင်း၍၊ နှောင်းတမြေ့မြေ့၊ တိုက်ပွဲခေါ်သံ၊ ရှေ့မှာရန်သူ၊ ဝေ လည်းမွေး ကြွေလည်းမွေးနှင့် ကြယ်စင် မော်ကွန်း။ […]

အဆိုတော်၊ မင်းသား၊ စာရေးဆရာ စွယ်စုံရ အနုပညာရှင် တွံတေးသိန်းတန်ရဲ့ ဘဝဇာတ်ကြောင်း

(တစ်ခုတည်းသော အလင်္ကာကျော်စွာဘွဲ့ကို ၂၀၂၂ခုနှစ် နှောင်းပိုင်းကမှ ပူပူနွေးနွေး ရရှိထားသော ကွယ်လွန်သွားတာ ဒီနေ့ဆို၁၁-၁-၂၀၂၃ (၂၄)နှစ် ရှိပြီဖြစ်တဲ့ တွံတေးသိန်းတန်) စွယ်စုံရ မင်းသားကြီး တွံတေးသိန်းတန် ၏ ဘ၀ဇာတ်ကြောင်း။ မည်သည့် ဆုတံဆိပ်၊ မည်သည့် ဘွဲ့ထူး ဂုဏ်ထူး၊ မည်သည့် အကယ်ဒမီ မှ မရခဲ့ ရှာသောပြည်သူချစ်သော အနုပညာရှင် စွယ်စုံရ မင်းသားကြီး တွံတေးသိန်းတန် ၏ ဘ၀ဇာတ်ကြောင်း။ တွံတေးသိန်းတန် သည် မြန်မာနိုင်ငံသား အဆိုတော်၊ စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ၊ ဇာတ်ဆရာ တစ်ဦး ဖြစ်သည်။ သူသည် ပြည်သူ့အကျိုးကို သယ်ပိုးခဲ့သူဖြစ်သောကြောင့် ပြည်သူချစ်သော အနုပညာသမား တစ်ဦး ဖြစ်ခဲ့သည်။ သူခေတ် သူ့အခါက သူ့လောက်အောင်မြင်ခဲ့သူ […]

Back To Top