Category: အားကစား
နိုင်ငံလက်ရွေးစင်အဖြစ် ပွဲအများဆုံးကစားသူ စံချိန်တင်လိုက်တဲ့ ရော်နယ်ဒို
နိုင်ငံလက်ရွေးစင်အဖြစ် ပွဲအများဆုံးကစားသူ စံချိန်တင်လိုက်တဲ့ ရော်နယ်ဒို မတ်လ ၂၃ ရက်နေ့မှာ ကစားတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းက ကစားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပွဲပေါင်း ၁၉၇ ပွဲကစားခဲ့သူအဖြစ် ကမ္ဘာ့စံချိန်တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ဖလားက မော်ရိုကိုနဲ့ကစားတဲ့ပွဲမှာ ရော်နယ်ဒိုက နိုင်ငံလက်ရွေးစင် အဖြစ် ၁၉၆ ပွဲ ကစားသူဖြစ်လာပြီး ကူဝိတ်တိုက်စစ်မှူး ဘာဒါ အယ်လ်မူတာဝါနဲ့ စံချိန်တူသွားခဲ့တာပါ။ ရော်နယ်ဒိုဟာ လက်ရှိ ဆော်ဒီအာရေဗျက အယ်လ် နာဆာအသင်းမှာ ကစားနေပြီး နိုင်ငံလက်ရွေးစင်အဖြစ် ၁၁၈ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားသူ စံချိန်လည်းတင်ထားပါတယ်။ **ဖြည့်စွက်ရေးသားချက် – အခုကစားပြီးသွားတဲ့ ယူရို ၂၀၂၄ ခြေစ်ပွဲ ပေါ်တူဂီ-လိချ်တင်စတိုင်းပွဲမှာ ပေါ်တူဂီက ၄-၀ နဲ့နိုင်ပြီး ရော်နယ်ဒိုက ၂ […]
အိပ်မက်ပြဇာတ်ရုံထဲက သရဲနီတို့ရဲ့ အောင်‌ေ-သအောင်သား စားပွဲ (သို့) ယူနိုက်တက်တို့ ပြန်လာပြီ
ယနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာ ဒါဘီပြိုင်ပွဲမှာ ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ မြို့ခံပြိုင်ဖက် မန်စီတီးအသင်းကို ၂-၁ ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ မိနစ် ၆၀ မှာ ဂရေးလစ်ရှ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ၇၈ မိနစ်မှာတော့ ဖာနန်ဒက်စ်ရဲ့ ပါးနပ်မှုနဲ့အတူ ချေပဂိုး ရရှိခဲ့ပြီး ၈၂ မိနစ်မှာတော့ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က လှလှပပ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ယခုပွဲ အနိုင်ရမှုကြောင့် အောက်တိုဘာလတုန်းက မန်စီးတီး အနိုင်ရခဲ့တဲ့ ၆-၃ ဂိုးဆိုတဲ့ ရှုံးပွဲကို ယူနိုက်တက်တို့က ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့ပွဲမှာတော့ မန်စီးတီးအသင်းရဲ့ အားကိုးရတဲ့ တိုက်စစ်မှူး ဟာလန်းတယောက် ယူနိုက်တက်ရဲ့ ခံစစ်ကို မကျော်လွှားနိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းအနေနဲ့ […]
ပြိုင်ဖက် ဘရာဇီး ကစားသမားကို ပထမအချီမှာပဲ အလဲထိုးအနိုင်ရရှိသွားခဲ့တဲ့ အောင်လအန်ဆန်း
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ယနေ့ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲမှာ မြန်မာ့ဖိုက်တာကြီး အောင်လအန်ဆန်းဟာ ပြိုင်ဖက် ဘရာဇီး ကစားသမားကို ပထမအချီမှာပဲ အလဲထိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ ပြိုင်ဖိုက် ဘရာဇီးကစားသမား ဂီလ်ဘာတိုကို ပထမအချီ ၁ မိနစ် စက္ကန့် ၂၀ ကျော်မှာပဲ အလဲထိုးနဲ့ အနိုင်ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်းဟာ ကနဦးက တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ရောင်းနဲ့ ယှဉ်ပြိုင်ဖို့ ပွဲစီစဉ်ထားခဲ့ပေမယ့်လည်း ပြိုင်ပွဲပြုလုပ်ဖို့ (၁၀) ရက်အလိုမှာ ဖန်ရောင်းတစ်ယောက် ကိုဗစ်ကူးစက်မှု ခံထားရတဲ့အတွက် ပွဲစဉ်အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ဘရာဇီးဖိုက်တာနဲ့ ယှဉ်ပြိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ယခုပွဲ အနိုင်ရရှိမှုကြောင့် အောင်လအန်ဆန်းအနေနဲ့ ဆုကြေး အမေရိကန်ဒေါ်လာ ငါးသောင်း ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲအပြီးမှာတော့ ဖိုက်တာကြီး အောင်လအန်ဆန်းက […]
ဘရာဇီးဖိုက်တာကြီးကို ယှဉ်ပြိုင်အနိုင်ယူဖို့ အဆင်သင့် ဖြစ်နေတဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်း
မြန်မာ့ပရိသတ် အသည်းစွဲ တိုက်ခိုက်ရေးသမားကြီး မြန်မာ့စပါးအုံး အောင်လအန်ဆန်းတစ်ယောက် ပြိုင်ဘက်နဲ့ စိန်ခေါ်ပွဲယှဉ်ပြိုင်ဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အဖွဲ့သားတွေနဲ့အတူ ဘန်ကောက်မြို့ကိုရောက်နေတဲ့အကြောင်း အောင်လအန်ဆန်းက ဓာတ်ပုံအချို့ကို လူမှုကွန်ရက်မှာ ပရိသတ်တွေအတွက် မျှဝေပေးရင်း မြန်မာလူထုကို ကိုယ်စားပြုခွင့်ရတဲ့အပေါ် ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။ “ကျွန်တော် မြန်မာလူထုကို ကိုယ်စားပြုခွင့်ရရှိတဲ့အတွက် ဘုရားသခင်၊ ကျွန်တော့်ရဲ့မိသားစုနဲ့ ကျွန်တော့်ရဲ့အသင်းကို ကျေးဇူးတင်ပါတယ်” လို့ အောင်လအန်ဆန်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားပါတယ်။ ဖိုက်တာကြီး အောင်လအန်ဆန်းဟာ ကနဦးက တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ရောင်းနဲ့ ယှဉ်ပြိုင်ဖို့ ပွဲစီစဉ်ထားခဲ့ပေမယ့်လည်း ပြိုင်ပွဲပြုလုပ်ဖို့ (၁၀) ရက်အလိုမှာ ဖန်ရောင်းတစ်ယောက် ကိုဗစ်ကူးစက်မှု ခံထားရတဲ့အတွက် ပွဲစဉ်အပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ ထို့ကြောင့် အောင်လအန်ဆန်းဟာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်လ်ဗာအိုနဲ့ CATCHWEIGHT တန်း […]
၂၀၂၂ ကို တပွဲမှ မနိုင်ဘဲနဲ့ အဆုံးသတ်ပြီး မှတ်တမ်းဝင် စံချိန်ချိုးသွားတဲ့ အာရှဗြားကြီး အသင်း
မနေ့ ညနေက ယှဉ်ပြိုင်သွားတဲ့ အာဆီယံအဖွဲ့ချုပ်ဖလား ပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ အုပ်စုတွင်း အားအနည်းဆုံး အသင်းဖြစ်တဲ့ လာအိုအသင်းနဲ့ ၂-၂ ဂိုးစီ သရေကျခဲ့ပါတယ်။ လာအိုအသင်းဟာ မြန်မာအသင်းကို ဦးဆောင်ဂိုးတွေ အကြိမ်ကြိမ် သွင်းယူပြီး မိနစ် ၉၀ ကျော်အထိ ၂-၁ ဂိုးနဲ့ ဦးဆောင်ထားတာ ဖြစ်ပါတယ်။ မိနစ် ၉၀ ကျော်မှ မြန်မာအသင်းဟာ ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပွဲတပွဲလုံးမှာ လာအိုအသင်းဟာ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာ ရှိခဲ့ပေမယ့်လည်း ထို ၂ ကြိမ်ကနေ ဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ငယ်နိုင်ဖြစ်တဲ့ လာအိုအသင်းကို အသည်းအသန် နောက်က လိုက်ကစားခဲ့ပြီး သရေ ရယူနိုင်ခဲ့တာ […]
တုနှိုင်းမရတဲ့ ကမ္ဘာကျော် ဘောလုံးနတ်ဘုရားကြီး ပီလီ ကွယ်လွန် ရှာပြီ
ကမ္ဘာကျော်ဘောလုံးနတ်ဘုရားကြီး ပီလီဟာ ၂၀၂၂ ဒီဇင်ဘာ ၂၉ ရက်မှာ ကွယ်လွန်သွားပြီလို့ သိရှိရပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၈၂ အရွယ်ရှိတဲ့ ဘောလုံးနတ်ဘုရားကြီး ပီလီဟာ ဆင်းရဲတဲ့ဘဝကနေစခဲ့ရပြီး သမိုင်းမှာ လူသိအများဆုံးအားကစားသမားတဦးအဖြစ် ထွန်းတောက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို ၃ ကြိမ်ရဖူးထားတဲ့ တဦးတည်းသော ဘောလုံးကစားသမားလည်းဖြစ်ပါတယ်။ ပီလီဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကျင်းပနေစဉ်မှာပဲ ခံစားနေရတဲ့ ကင်ဆာဝေဒနာကို ဆက်လက် ကုသလို့ မရတော့တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားအပြီး နှစ်ပတ် မပြည့်ခင်မှာဘဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ပီလီဟာ ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဘရာဇီးအသင်း ဗိုလ်စွဲဖို့ အဓိကနေရာက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ပီလီဟာ အမြန်နှုန်းနှင့် ခန္ဓာကိုယ် ဟန်ချက်ထိမ်းသိမ်းမှုတို့ကို […]
၂၀၂၂ခုနှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံ WMO Female Fighter Of The Year ဆုကိုရရှိခဲ့တဲ့ ဘရော်နီကာ
ဘရော်နီကာဟာ ၂၀၂၂ခုနှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံး World Muay Thai Organization Female Fighter Of The Year ဆုကို ရရှိခဲ့ပါတယ်။ အရင်က မြန်မာ့လက်ဝှေ့ထိုးသတ်ခဲ့တဲ့ ဘရော်နီကာဟာ ၂၀၂၂ခုနှစ်ကစတင်ကာ မွေ့ထိုင်းအားကစားနည်းမှာ စတင်ထိုးသတ်ခဲ့ပြီး ထိပ်တန်းအဆင့်ကို မြန်မြန်ဆန်ဆန်ပဲရောက်ရှိလာပါတယ်။ ဇန်နဝါရီလမှာ ထိုးသတ်ခဲ့တဲ့ ပထမဆုံးမွေ့ထိုင်းပွဲစဉ်မှာ အငြင်းပွါးဖွယ်ရာ ဒိုင်ဆုံးဖြတ်ချက်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့နောက်မှာ ၉ပွဲဆက်တိုက် အနိုင်ယူပြခဲ့တယ်။ ဝါရင့်ဖိုက်တာ တစ်ယောက်ပြီး တစ်ယောက်ကို အနိုင်ယူကာ နောက်ဆုံးမှာ ထိုင်းဖိုက် ဘုရင့်ဖလားဆုကြီးကိုပါ ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဘရော်နီကာဟာ ထိုင်းဖိုက်နဲ့စာချုပ် ၂နှစ်ကျန်ပါသေးတယ်။ ဒါပေမဲ့ သူမလေ့ကျင့်နေတဲ့ Tiger Muay Thai Gym ကသူဌေးကတော့ One Chmapionship မှာလဲ ထိုးဖို့ ညှိနှိုင်းနေတယ်။ ညှိနှိုင်းလို့ […]
မော်ဒယ်မင်းသား တွေရှုံးရလောက်အောင် အမိုက်စားဖက်ရှင်တွေနဲ့ ခန့်ညားနေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမားလေး ကျော်မင်းဦး
ခွေးခြင်္သေ့ ဖြစ်နေတဲ့ မြန်မာအသင်းလိုဂို၊ ဆက်တိုက်ရှုံးနိမ့်နေမှုနဲ့ ထူးခြားသော တိုက်ဆိုင်မှုများ
လက်ရှိကျင်းပနေတဲ့ အာဆီယံနိုင်ငံများဖလား ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ မလေးရှား အသင်းကို အဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲမှာတော့ စင်ကာပူကို ရှုံးနိမ့်ခဲ့ကာ ပြိုင်ပွဲကနေ ထွက်ခွာရဖို့ သေချာသလောက် နီးပါး ဖြစ်နေပါပြီ။ မြန်မာအသင်းရဲ့ ခြေစွမ်းဟာ ၃ နှစ်အတွင်း အနိမ့်ဆုံး အဆင့်ကို ရောက်ရှိနေပြီး ပြိုင်ဖက်အသင်းတိုင်းကို ရှုံးနိမ့်နေတာပဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း စုစုပေါင်း ၉ ပွဲကစားပြီးချိန်မှာ ဟောင်ကောင်အသင်းကိုသာ ခြေစွမ်းပွဲမှာ သရေကျဖူးပြီး ကျန်တဲ့ ၉ ပွဲလုံး ရှုံးနိမ့်ထားတာပဲ ဖြစ်ပါတယ်။ မြန်မာအသင်းရဲ့ အရှုံးကျိန်စာဟာ ခြေစွမ်းနဲ့လည်း သက်ဆိုင်သလို မမြင်ရတဲ့ အရာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။ တိုက်ဆိုင်တယ်လို့ ဆိုရမယ့်အတိုင်း ယခု အာဆီယံနိုင်ငံများ ဖလားမှာ အသင်းအလိုက် ကိုယ်စားပြု တိရစ္ဆာန်အကောင်အသီးသီးကို […]
ကယန်းတိုင်းရင်းသူဟာထိုင်းတော်ဝင်ဘုရင့်ဖလားကိုပိုင်ဆိုင်ခဲ့ပြီ
ကယန်းတိုင်းရင်းသူဟာထိုင်းတော်ဝင်ဘုရင့်ဖလားကိုပိုင်ဆိုင်ခဲ့ပြီ ———————————————————— ဂရိနိုင်ငံသူ မွေထိုင်းကမ္ဘာ့ ချန်ပီယံ Fani Peloumpi ကို အနိုင်ယူပြီးနောက်မှာတော့ ကယန်းတိုင်းရင်းသူမလေး ဗယ်ရိုနီကာဟာ နှစ်(၁၀၀) ပြည့် မြို့တော်ဝန် တော်ဝင်ဘုရင့်ဖလားကြီးကို လက်ဝယ်ပိုင်ပိုင် ဆွတ်ခူးလိုက်ပါပြီ။ သူမရဲ့ကြမ်းတမ်းခက်ထန် ပင်ပန်းခဲ့တဲ့ ဘဝအလှည့်အပြောင်းဟာ ခုတော့ ကံကောင်းခြင်း အောင်မြင်ခြင်းတွေနဲ့ ထုံမွှမ်းလို့ ထိုင်းနိုင်ငံမှာ ကယန်းအမျိုးသားတို့ရဲ့ စွမ်းရည်နှင့် နိုင်ငံဂုဏ်ကို ဆောင်နိုင်လိုက်ပါပြီ။ PS // ပွဲသို့လာရောက်ကြည့်ရှုသူများအနေဖြင့် ဘရော်နီကာ၏ ပုံရိုက်နှိပ်ထားသည့် အင်္ကျီများကို ဝယ်ယူအားပေးနိုင်ပြီး အဆိုပါ အင်္ကျီရောင်းရငွေဖြင့် စစ်ဘေးရှောင်များကို လှူဒါန်းသွားမည့်အကြောင်းကို ဘရော်နီကာက အသိပေးထားသည်။ ကမ္ဘာ့ ချန်ပီယံ ၉ ြကိမ်ရထားသူကို ဘရော်နီကာ အလဲထိုး အနိုင်ယူ ဧရာဝတီ၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၂ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ […]
Back To Top