Category: General
တချိန်က ရွှေမရှား ငွေမရှား သင်္ဘောသားဘဝကနေ အခုတော့ ပလာတာ ရိုက်နေရတဲ့ သင်္ဘောသားဘဝ
အရာရှိတစ်ယောက် ဖြစ်ဖို့လွယ်သလား၊ ခက်သလား ဒါမှမဟုတ် ပလာတာတစ်ချပ် ရိုက်ရတာက ပိုလွယ်မလား၊ သင်္ဘောသားတစ်ယောက် ပလာတာရိုက်နေသည်။ သူငယ်ချင်းတစ်ယောက်၊ ကျနော့်သူငယ်ချင်းတစ်ယောက်၊ ကျနော်ရေးခဲ့ဖူးသော “သင်္ဘောသားလောကကို အောင်မြင်စွာစွန့်ခွာသွားကြသူများ” ဆောင်းပါးထဲက ဇာတ်ကောင်သုံးဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော သင်္ဘောသားတစ်ယောက် ပလာတာရိုက်နေပါသည်။ သူဟာ တကယ်ပဲ စိတ်အားထက်သန်စွာ ပလာတာရိုက် ကျင့်နေလေသည်။ ကျနော်က မနက်နှင့်ညနေပိုင်းတို့တွင် ဖုန်းငွေဖြည့်ကဒ်လိုက်ပို့သော သင်္ဘောသား တစ်ယောက်၊ သင်္ဘောသားလောကမှ ခေတ္တအနားယူနေသော သင်္ဘောသားတစ်ယောက်ဦ သူက သင်္ဘောသားလောကကို အပြီးအပိုင် စွန့်ခွာသွားသော သင်္ဘောသားတစ်ယောက်။ သူဖွင့်ထားသော လက်ဖက်ရည်ဆိုင်သို့ ကျနော်က နေ့စဉ် ဖုန်းကဒ်သွားပို့သည်။ ကျောင်းကတည်းက ခင်မင်ခဲ့သည့် သူငယ်ချင်းဆိုင်မို့ ဖုန်းကဒ်ပို့လည်း သွားသည်။ လက်ဖက်ရည်သောက်ရင်းလည်း သွားသည်။ တစ်ခါတစ်ရံ ပျင်းပျင်းရှိနေလည်း တီဗီသွားထိုင်ကြည့်ဖို့ သွားပါသည်။ သူဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်က […]
ငါးခြောက်ကြိုက်တဲ့သူတွေအတွက် အချက်ပေးခေါင်းလောင်းသံ (လောဘသားတွေရဲ့ ကြောက်စရာလုပ်ရပ်)
ယင်မနားဆေးစိမ်၊ ဆေးဖြန်းထားတဲ့ ငါးခြောက်နဲ့ ကိုယ်တိုင်ကြုံတွေ့လာရတဲ့ အိမ်ရှင်မ တဦးရဲ့ အဖြစ်အပျက်နဲ့ ကြုံဖူးခဲ့တဲ့လူတွေရဲ့ မှတ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ- တစခုလောက်မေးကြည့်ချင်လို့ပါ။ ငါးခြောက်တွေကို ဆေးစိမ် သုံးတာမျိုးရှိလားခင်ဗျ။ ဘာကြောင့်မေးတာလည်းဆိုတော့ တရက်က ငါးရံခြောက်နဲ့ ခရမ်းချဉ်သီးရည်ကျဲ ဟင်းချက်ပါတယ်။ ငါးခြောက်ကတော့ ကျန်းမာရေးကြောင့် မစားဖြစ်တာ ၂ နှစ်လောက်ရှိနေပါပြီ။ မစားရတာကြာတဲ့ တမာရွက်လေးတွေရလို့ ငါးခြောက်နဲ့ခရမ်းချဉ်သီးဟင်း ချက်စားဖို့လုပ်ပါတယ်။ အခုငါးရံ့ခြောက်ကိုတော့ အရင်ဆုံး ရေသေချာဆေးပြီး ဆားရည်စိမ်ထားပါတယ်။ တော်တော်ကြာမှ ရေဆေးပြီးတော့ ရိုးရိုးရေနဲ့ ပြန်စိမ်ထားပါတယ်။ ဟင်းချက်ပြီးတဲ့အခါ စားတော့ တချို့ငါးခြောက်အသားဖတ်က ဓာတုဆေးဝါးအနံ့လိုမျိုး (ခပ်မွှန်မွှန်အနံ့နဲ့)သဘာဝမဟုတ်တဲ့ အနံ့ရပါတယ်။ အဲ့ဒါနဲ့ပဲ ငါးခြောက်အသားဖတ်ကို မစားဖြစ်တော့ပါဘူး။ အဲ့ဒါ ဆေးစိမ်/သုံးထားလို့ဖြစ်တာလား သိချင်လို့ပါ။ ပုံကတော့ အဲ့ဒီနေ့ကချက်ဖြစ်တဲ့ ခရမ်းချဉ်သီးရည်ကျဲဟင်းလေးပါ။ မှတ်ချက် (၁) – […]
မြန်မာပြည်က ဟိုတယ်တွေ မဖြစ်မနေ ပြုပြင်သင့်တဲ့ ဝန်ဆောင်မှုတခု (ဟိုတယ်ပိုင်ရှင်များ သိစေဖို့)
မြန်မာပြည်ထဲက ဟိုတယ်တွေကိုလေ အကြံပေးချင်တာ အခန်းခထဲ မနက်စာ ပါတယ်ဆိုပြီး ဖြစ်သလိုတွေ မကျွေးကြပါနဲ့လို့။ မြန်မာမို့လားမသိဘူး တစ်ခါလာလည်း ဘိုဆန်ဆန် ပေါင်မုန့်တွေ အရသာမရှိတဲ့ ကြာဇံတွေ ခေါက်ဆွဲတွေ ထမင်းကြော်တွေ မစားချင်ဘူး။ ကျွေးရတာချင်း အတူတူ အစားအသောက်တွေ အလဿသ (Waste) ဖြစ်မယ့်အစား အရသာရှိအောင်လေး ချက်ကျွေးကြပါလားလို့လေ။ တချို့ဟိုတယ်တွေ ချက်ကျွေးတဲ့ မုန့်ဟင်းခါးဆို ကိုယ်တွေတောင် မစားနိုင်၊ ဧည့်သည် နိုင်ငံခြားသား (Foreigner) တွေ စားမိရင်တောင် ဟင် နင်တို့ကြိုက်တာ ဒါကြီးလားလို့ အထင်ခံရမယ့် အဖြစ်။ မနက်စာကို ကောင်းကောင်းနဲ့ အရသာရှိရှိ စေတနာပါပါ ချက်ကျွေးတာဆိုလို့ ငွေဆောင်က ဟိုတယ်တစ်ခုမှာ စားဖူးတယ်။ သူ့ရဲ့ အုန်းနို့ခေါက်ဆွဲ၊ ထမင်းကြော်ဆိုလည်း ဘဲဥအချဉ်ဟင်း၊ ဝက်သားဟင်းနဲ့ ပြီးတော့ ကော်ရည်ခေါက်ဆွဲ၊ […]
ထိုင်းရောက် ရွေ့ပြောင်းလုပ်သား နေ့စားသမားတစ်ယောက်ရဲ့ ဘဝကို ကျန်ခဲ့တဲ့ မိသားစုတွေ သိဖို့…
ထိုင်းရောက် ရွေ့ပြောင်းလုပ်သား နေ့စားသမားတစ်ယောက်ရဲ့ ဘဝကို ကျန်ခဲ့တဲ့ မိသားစုတွေ သိဖို့……… ရွေ့ပြောင်း အလုပ်သမားတစ်ယောက်ရဲ့ နေ့စားခ …320 B မြန်မာငွေဖြင့်… 18800 ကျပ်၊ အိုတီ 1နာရီ60 B မြန်မာငွေ 3500 ကျပ်ပါ အိုတီက ပုံမှန်မရှိပါဘူး။ ရှိတဲ့ရက်လဲ 3 နာရီB 180 မြန်မာငွေ 1 သောင်းကျပ်၊ တစ်ရက် ကို 28800 ကျပ်ရပါတယ် 1 လချူပ်လိုက်ရင် 15 ရက်တခါ ငွေရှင်း အိုတီခပါပေါင်းရင် ဘတ် 6000 ရဖို့ မနက် 8 နာရီကနေ ည 9 နာရီထိ အလုပ်ကို မနားမနေလုပ်လုပ်ရတယ် ထမင်းစားချိန် နားချိန် 45 မိနစ်သာ […]
ထိုင်းနိုင်ငံမှာ တရုတ် လျှပ်စစ်ကားများ ကြီးစိုးလာပြီ (မကြာမှီ မြန်မာပြည် ရောက်လာနိုင်)
ထိုင်းနိုင်ငံမှာ ဒီနှစ်ထဲ လျှပ်စစ်ကား ရောင်းအားမြင့်တက်ခဲ့ပြီး အများစုက တရုတ် လျှပ်စစ်ကား ကုမ္ပဏီတွေ ဖြစ်ပါတယ်။ တရုတ် ကုမ္ပဏီတွေဟာ ထိုင်းရဲ့ ကားလောကမှာ အများဆုံး ရင်းနှီးမြှပ်နှံသူတွေ ဖြစ်လာပါတယ်။ Great Wall Motor (GWM), MG, BYD နဲ့ Neta တို့ဟာ ထိုင်းမှာ သူတို့ Brand တွေကို တည်ဆောက်နေပြီး ဈေးကွက်ဝေစုကို သိမ်းပိုက်ဖို့ ကြိုးစားနေကြပါတယ်။ ကုမ္ပဏီတွေဟာ ကားထုတ်လုပ်တဲ့စက်ရုံတွေကို တည်ဆောက်နေပြီး ထိုင်းမှာ ထုတ်တဲ့ ကားတွေကို ပြည်ပနိုင်ငံတွေမှာ ရောင်းချဖို့ စီစဉ်နေပါတယ်။ တရုတ်လျှပ်စစ်ကားကုမ္ပဏီ Neta က ဩဂုတ်လမှာ Neta V City ကားကို မိတ်ဆက်ခဲ့ပြီး ထိုင်းမှာ ကားထုတ်လုပ်ဖို့ ထိုင်း ရေနံနဲ့ […]
ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့သောသူတွေ ဘာကြောင့် ခရီးတွေ သွားနေကြတာလဲ
ပိုက်ဆံပေါလွန်းလို့ မဟုတ်ပဲ အချို့သောသူတွေ ဘာကြောင့် ခရီးတွေသွားနေကြတာလဲ..?? အချို့သောသူတွေက ပိုက်ဆံလည်းချမ်းသာလွန်းတာမဟုတ်ပဲ ခရီးတွေ တချိန်လုံးထွက်နေတာ ကြုံဖူးကြမှာပါ။ ကိုယ်က ခရီးလည်းသွားချင်တယ် ၊ ဘာကြောင့်သူတို့ ခရီးတွေ အဲ့လိုသွားဖစ်နေတာလဲ ဆိုတာကို စိတ်ဝင်စားမိတယ်ဆိုတဲ့ မိတ်ဆွေတွေအတွက် ဒီပို့စ်လေးကို ရည်စူးပြီး ရေးလိုက်ရပါတယ်။ (၁) မနက်ဖြန်ဆိုတာ မရေရာတဲ့အတွက်။ ပိုက်ဆံတွေ အများကြီးရှိရင် သွားမယ် ၊ အလုပ်အကိုင်တွေ အခြေကျရင် သွားမယ် ၊ ရာထူးတက်ရင် သွားမယ် ၊ အသက်ကြီးလာလို့ အနားယူတဲ့အခါ သွားမယ် ၊ ဘွဲ့ ရပြီးရင် သွားမယ် ၊ သူငယ်ချင်းတွေ အကုန်လုံးအားတဲ့အခါ သွားမယ် ဆိုပြီး အကြောင်းအမျိုးမျိုး တွေ ပြပြီး ခရီးသွားဖို့ အချိန်ကို ကျွန်တော်တို့ ဆွဲထားတတ်ကြပါတယ်။ […]
ဒယ်လီခပေးပြီး ဒေဝီသခင်မကြီးလို့ ထင်နေသူတွေ ဖတ်ဖို့ ဒယ်လီသမားတဦးရဲ့ ဖွင့်ဟဝန်ခံချက်
ဒယ်လီခ ၂၅၀၀၊ ၃၀၀၀ ပေးပြီး အရမ်း-င်မြင့်နေတဲ့ အယ်မရေ (၁) အယ်မတို့ ၆၀၀၀၊ ၇၀၀၀ နဲ့ တက်စီ ငှားစီးရင်တောင် တက်စီ ဆရာကြီးက အယ်မကို ၆ လွှာအထိ မောင်းမပို့ပေးပါဘူးနော်။ (၂) ဒယ်လီပဲ ပို့ပေးရမှာပေါ့ဆိုတာ သိပင်မဲ့ မောင်လေးရေ အိမ်မှာ လူကြီးတွေပဲ မို့လို့ ၊ အမက အဆင်းအတက် အဆင်မပြေလို့လို့ လူကို လူနားလည်အောင်တော့ ပြောပေးကြပါ။ (၃) ၆ လွှာ ကို တက်ပို့နိုင်ရင်ပို့ မပို့နိုင်ရင် အဲ့ပစ္စည်းမယူတော့ဘူးဆိုပြီး အွန်လိုင်းရှော့နဲ့ ရန်ပြန်တိုက်၊ အကြပ်ကိုင်ပြီး နိုင်ထပ်စီးနင်း မလုပ်ကြပါနဲ့။ (၄) ရှင်သိရမှာ ဒယ်လီသမားတွေဆိုတာ ချွေးနဲ့‌ေ-သွး ရင်းပြီး ရှင်တို့ မထွက်ချင်တဲ့ နေပူပူကြီး ထဲမှာ […]
“သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲခဲ့တဲ့သူ (သို့) မယားငယ်တွေ ခံစားရမယ့် ပူလောင်ခြင်းဝဋ် (၅) မျိုး “
“သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲခဲ့တဲ့သူ (သို့) မယားငယ်တွေ ခံစားရမယ့် ပူလောင်ခြင်းဝဋ် (၅) မျိုး “ လောကမှာ ကြောက်စရာ အကောင်းဆုံးနဲ့ အယုတ်ညံ့ဆုံး လုပ်ရပ်တွေထဲမှာသူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ်။ ဒါပေမယ့် ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကို ရရှိမှာ မဟုတ်ပါဘူး။ သူတစ်ပါး မိသားစုကို ဖြိုခွဲတဲ့သူတွေ၊ ဖောက်ပြန်တဲ့သူတွေ ခံစားရမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးလည်း သတိထား ဆင်ခြင်နိုင်ကြပါစေ … (၁) ပူလောင်ခြင်း သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့ သူတွေ အမြဲတမ်းခံစားနေရမယ့် အရာကတော့ ပူလောင်ခြင်းပါပဲ။ သူတို့ ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလို မှားနေသလိုလို၊ မှန်နေပြန်သလိုလို […]
“သိဒ္ဓိတင်ချင်တဲ့ အမျိုးသမီးများ အထူးသတိပြုရန်”
တက်စီဆရာဆိုတာ ကားလောကရဲ့ ဘုရင်တပါးဆိုတာ သက်သေပြလိုက်တဲ့ ဖြစ်ရပ်
တက်စီ ဆရာတွေရဲ့ ပညာ။ ညက ရွှေဂုံတိုင်မှာ ကားက ရေတွေပန်းထွက် heat ဂိတ် တက်လာတာနဲ့ လမ်းဘေးရပ် ဘာဖြစ်လဲ ရှာတော့ အပေါ်ရေပိုက် ကွဲသွားတာ။ ရေ နဲ့ မီးတိပ်ဝယ်၊ ဘေးနားက တက်စီဆရာ့ဆီ ကျွတ်စ ပါလားတောင်းတော့ အခုတင် လွှင့်ပစ်လိုက်တာ တဲ့။ အပေါ်ရေပိုက် ကွဲသွားလို့ဆိုတော့ စီးကရက်ဖျင်ဆီခံထဲက ဂွမ်းစရယ်၊ ဆူပါဂလူးရယ် ပေါင်းပြီးကပ်လိုက်တဲ့။ ဖျင်ဆီခံ + ဆူပါဂလူး = ကျောက်ဖြစ်တယ်… ရေပိုက်လုံ အပူခံနိုင်တယ်တဲ့။ ကွဲတဲ့ရေပိုက်က သာမိုစတက် ရေပိုက်ဆိုတော့ ရေအပူ ၈၅ ဒီဂရီအထက် ပူတဲ့ရေ။ မီးတိပ်နဲ့ မနိုင်ဘူးဆိုတယ်။ သူပြောတဲ့အတိုင်း လုပ်လိုက်ပြီး အိမ်ပြန်ရောက်၊ ဒီမနက် ရေစစ်တော့ တစ်စက်တောင်မလျော့၊ ဆူပါဖင်ဆီခံကျောက်က လုံချက် […]
Back To Top