Category: Heart breaking
ဇနီးနှင့်သားသမီးသုံးယောက်လုံးကို ဆုံးရှုံးခဲ့ပြီးနောက် အုတ်ဂူဆောက်လုပ်ကာ ခေါင်းတလားထဲမှာသာ အိပ်စက်နေထိုင်ခဲ့သော အဖိုးအို
တရုတ်နိုင်ငံ Dong Anခရိုင်ရှိ တောင်ပေါ်ဒေသတွင် နေထိုင်သော အသက်၉၄နှစ်အရွယ် အဖိုးအိုတစ်ဦးသည် ဇနီးနှင့် သားသမီးသုံးယောက်ရှိသော်လည်း ကံမကောင်းစွာဖြင့် သားအကြီးဆုံးနှစ်ယောက်မှာ သုံးနှစ်သားအရွယ်တွင် ရောဂါအခံကြောင့် ဆုံးပါးသွားခဲ့၍ ဝမ်းနည်းကြေကွဲခြင်းများစွာဖြင့် နောက်ထပ် ကလေးယူခဲ့သည်။ ထိုစဉ် အငယ်ဆုံးသမီးလေးကို မွေးဖွားခဲ့၍ ပျော်ရွှင်လို့မဆုံးခင်မှာပဲ မွေးရာပါ ဝက်ရူးပြန်ရောဂါကို ခံစားပြီးနောက် ဇနီးဖြစ်သူမှာ သားသမီးတွေစိတ်နဲ့ အိပ်ရာထဲမှာပဲ လှဲနေရင်းက ထပ်မံကွယ်လွန်သွားခဲ့ရပြန်သည်။ ထို့ကြောင့် အဖိုးအိုသည် အခြားသော ရွာသူရွာသားများအား ရောဂါဖြစ်သည့်အခါ ကုသပေးနိုင်သလောက် အသက်ကိုကယ်တင်ပေးရန် ဆုံးဖြတ်ခဲ့ပြီး ဆေးပညာနှင့်ပက်သက်တာအားလုံးကို လေ့လာခဲ့ပြီးနောက် အခမဲ့ကုသပေးခဲ့ရာ နောက်ဆုံး တရားဝင်ကုသခွင့်လက်မှတ်ကို ရရှိခဲ့သည်။ အဖိုးအိုသည် လူနာများဆီကနေ စေတနာရှိသလောက် ပေးကမ်းသောငွေအချို့ရှိရာအုတ်ဂူလေးတစ်ခုဆောက်လုပ်ပြီးထိုအထဲတွင်နေထိုင်ခဲ့ရာ အခေါင်းတလားအောက်မှာသာ အိပ်စက်ခဲ့ပြီး ဇနီးနှင့် သားသမီးတွေကို အမြန်ဆုံးပြန်ဆုံတွေ့နိုင်ရန် မျှော်လင့်နေခဲ့သည်။ crd Zawgyi […]
“သားသမီး ၁၈ ယောက်မွေးထားပြီး နိုင်ငံ၏ကလေးအများဆုံးမွေးသူအဖြစ်မှတ်တမ်းဝင်ထားသော်လည်း အနားမှာသားသမီးတယောက်မျှမရှိသောကြာင့်အထီးကျန်လွန်းလှသည့် အဖိုးနှင့်အဖွား”
အရမ်းချမ်းတဲ့ ဆောင်းရာသီမှာ မုန့်မကုန်မချင်း ညဖက်အထိ ထိုင်ရောင်းနေရတဲ့ အသက် (၇၀) အဖွား
အသက် ၇၀ ကျော် ‌အဖွား ကားလမ်း‌မဘေးမှာ ရောင်းနေတဲ့ မုန့်လေးတွေ လမ်းကြုံရင်အားပေးကြပါဦးနော်။ တခုကို ၅၀၀ ပဲ။ ပဲမုန့် အငံမုန့်လေးတွေ စားလို့လည်း ရှယ်ကောင်းတယ်။ မြေးဖွား နှစ်ယောက်ထဲနေပြီး ရောင်းနေတာ၊ မြေးလေးကို ထမင်းခွံ့ရင်း ရောင်းနေတာ၊ ချစ်စရာကောင်းလိုက်တာဆိုတာ ကြည့်မြင်တိုင်ညဈေး ကားဂိတ်နားမှာ ရောင်းပါတယ်။ ကိုယ်တွေ သုံးလိုက်တဲ့ တထောင် နှစ်ထောင်က အဖွားတို့အတွက် အထောက်အကူဖြစ်ပါစေဆိုတဲ့စေတနာနဲ့ တင်ပေးတာပါ။ လကုန်ရင်တော့ လစာလေးရရင်လည်း သွားပြီးလှူပါဦးမယ်။ တတ်နိုင်သလောက်လေး လှူချင်တယ်ဆိုပြီး လာပြောထားတာလေး ၂ ယောက်လောက် စပြီးရှိနေတဲ့အတွက် ထပ်မံ‌ ပူးပေါင်းလှူချင်တဲ့သူများရှိရင်လည်း ဝမ်းပန်းတသာ ကြိုဆိုပါတယ်ရှင့်။ လောလောဆယ် အလှူငွေ ၃ သောင်းတိတိ ရထားပါတယ်ရှင့်။ မနက်ဖြန် ရသလောက်လေး သွားလှူပေးပါမယ်နော်။ အဖွားက နယ်သူနယ်သားဖြစ်တဲ့အတွက် […]
နေ့တိုင်း ပြတင်းပေါက်ကနေ သခင်အိမ်ပြန်လာမဲ့အချိန်ကိုထိုင်စောင့်လာခဲ့ရင်း ၁၁ နှစ်အကြာမှာ ရောဂါဖြင့်သေဆုံးသွားခဲ့ရတဲ့ သစ္စာရှိခွေးလေး
အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ မျက်စိအထူးကုဆရာဝန်တစ်ဦးဖြစ်တဲ့ Roman အမည်ရှိအမျိုးသားဟာ နေ့တိုင်း အလုပ်မှပြန်ရောက်လာတဲ့အခါ Toby အမည်ရှိသူ့ခွေးလေးအမြဲရှိနေတတ်တဲ့ ပြတင်းပေါက်ကိုအရင်ဆုံးကြည့်လေ့ရှိပါတယ်။ ထိုကြည်နူးဖွယ်ကောင်းတဲ့အလေ့အထဟာ ဆယ့်တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာက သူနဲ့ နှစ်ပေါင်းများစွာအတူနေခဲ့တဲ့ Toby လေး ကွယ်လွန်သွားခဲ့ချိန်က Roman ဟာ အလွန်နာကျည်းစရာကောင်းတဲ့အခြေအနေတစ်ခုကိုဖြတ်သန်းခဲ့ရပါတယ်။ တစ်ချိန်က သူ့အိမ်ပြန်လာတာကို ပျော်ရွှင်စွာစောင့်ဆိုင်းနေခဲ့တဲ့ခွေးလေးက သူ့ပြတင်းပေါက်နားမှာပေါ်လာတော့မှာမဟုတ်ပေမဲ့ Roman ကတော့ နေ့တိုင်း အလုပ်မှအိမ်ပြန်လာချိန်တိုင်း ၎င်းပြတင်းပေါက်ကို မသိစိတ်ဖြင့်မျှော်ကြည့်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အရာအားလုံးက အချည်းနှီးတွေပါပဲ၊ ၎င်းပြတင်းပေါက်မှာ သူ့အချစ်ဆုံးခွေးလေးကို သူမြင်ရတော့မှာမဟုတ်ပါဘူး။ Roman ဟာ အသက်နှစ်နှစ်အရွယ် Toby လေးကို ချစ်သူဖြစ်သူရဲ့ခွေးလေးတစ်ကောင်အဖြစ်နဲ့ လွန်ခဲ့တဲ့ 14 နှစ်က စတွေ့ဆုံခဲ့တာဘဲဖြစ်ပါတယ်။ ၎င်းတို့ပထမဆုံးစတွေ့တုန်းက Toby လေးဟာ Roman ရဲ့ဧည့်ခန်းမှာ ငိုင်နေခဲ့ပြီး ၎င်းတို့အချင်းချင်း သိပ်အဆင်မပြေခဲ့ကြပါဘူး။ […]
တိရစ္ဆာန်ဖြစ်ပေမယ့်လည်း မိသားစု အပေါ် ကျေးဇူးရှိခဲ့လို့ ဆင်မကြီးရဲ့ နောက်ဆုံးခရီးမှာ ထိုင်ကန်တော့ခဲ့တဲ့ သူ
မိမိတို့မိသားစု၏ကျေးဇူးရှင်ဆင်မကြီးမညွန့်ရီ ၃-၁-၂၀၂၂ ရက်နေ့တွင်ကွယ်လွန် သွားရှာလေပြီ။ ကျေးဇူးရှင်ဆင်မကြီးအား ဂါရဝထား ဦးခိုက်ရင်း ကောင်းရာဘုံဘဝ ရောက်ပါစေကြောင်းဆုတောင်းလိုက်ပါ သည်။ ဆင်မကြီး မညွန့်ရီအား မိမိဘေးမဲ့ပေးထားသည်မှာ ငါးနှစ်ခန့်ရှိပြီ။ ဆင်မကြီးအားလိုရာကိုမောင်း၍မရနိုင်တော့သဖြင့် ဤသို့ပင်လွှတ်ထားခဲ့ရသည်။ တောတောင်အနှံ့တွင် တောင်ယာများ စိုက်ခင်းများရှိရာ တစ်ချို့သတင်းလာပို့သဖြင့်မိမိ ထိုက်သင့် သလောက်လျှော်ပေးခဲ့သည်မှာ အကြိမ် ပေါင်း မနည်းတော့ပါ။ သို့သော် အချို့ကား ဖနောင့်ကိုလှီးခြင်း၊ ဆင်မကြီးအား ဒရကြမ်းမောင်းထုတ်စဉ် ခွါတစ်လုံးမှာယခင်ကပင်အနည်းငယ်ဟနေရာမှ စူးငြောင့်ခလုတ်ကျောက်များဖြင့် တိုက်မိပြီးသုံးလက်မခန့်ဟပြီးပိုးဝင်နေသည်ကိုတွေ့ရသည်။ နောက်ခြေနှစ်ဘက်လုံးမဲသွားသည်ကိုကြည့်ခြင်းဖြင့်မေးခိုင်းပိုးဝင်သွားသည်ဟုယတိပြတ် ပြောဆိုနိုင်သည်။တောင်ယာ ခုတ်ခြင်းကို နိုင်ငံတော်မှခွင့်မပြု။ဆင်တွင် တရားဝင်လိုင်စင်ရှိသည်။ သို့သော်ဆင်းရဲ သားအများမှာတောင်ယာလုပ်ကိုင်စား သောက်ရသည်ကိုကိုယ်ချင်းစာမိပါသည်။ မသွားနိုင် မလာနိုင်ဘေးမဲ့ပေးထားသော ဆင်မကြီးကို မည်သူတွေက မညှာမတာညှင်းပန်းနိပ်စက်သည်ဆိုသည်ကိုသတင်းရရှိထားသည်။ တစ်ခုပြောလိုသည်မှာ ခုလိုဘေးမဲ့ ပေးထားသည့် ဒုက္ခိတဆင်မကြီးအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ခင်ဗျားတို့လည်း တန်ပြန်ခံရမည်ကတော့ မလွဲဘူး […]
“နေ့စဉ်မပြတ်အစာကျွေးတဲ့အမျိုးသမီး ကွယ်လွန်သွားပြီးတဲ့နောက် နောက်ဆုံးအကြိမ် နှုတ်ဆက်နိုင်ရန် ဈာပနသို့ တစုတစည်းရောက်ရှိလာခဲ့ကြတဲ့ ခွေးလေလွင့်များ”
မက္ကဆီကိုနိုင်ငံမှ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Margarita Suarez ဟာ သူမ ဤကမ္ဘာပေါ်မှာအသက်ရှိထင်ရှားရှိနေစဉ် နေ့တိုင်း သူမရဲ့ရှေ့မှာ လာလာစုဝေးတတ်တဲ့ ခွေးလေခွေးလွင့်များကို အမြဲအစာကျွေးပေးခဲ့ပါတယ်။ သူမဟာခွေးလေခွေးလွင့်များအတွက် သနားကြင်နာတဲ့စိတ်ရှိပြီး သူမ ဘဝအားဖြတ်သန်းနေသည့်အချိန်အထိ အလားတူခွေးများကလည်း သူမထံ နေ့တိုင်း ရောက်လာခဲ့ကြပါတယ်။ နေ့တိုင်း အစာစားရဖို့ Margarita ထံရောက်လာတဲ့ ခွေးလေခွေးလွင့်အကောင် ၂၀ နီးပါးရှိပြီး တစ်နေရာတည်းမှာ နေ့စဉ်စုရုံးနေတဲ့ ခွေးလေခွေးလွင့်အုပ်စုအတွက်၊ ဤသည်မှာ အလွန်များပြားပြီး အထူးအဆန်းဖြစ်စေပါတယ်။ Margarita ဟာ သူ့အိမ်ရှေ့မှာ ခွေးလေခွေးလွင့်တွေကို အစာကျွေးရုံသာမက လမ်းသွားရင်းမှာတွေ့ရင်လည်း အစာကျွေးတတ်ပါတယ်။ သို့ပေမဲ့ သိပ်မကြာခင်မှာပဲ Margarita ဟာ နာမကျန်းဖြစ်ပြီး လူ့လောကကနေ ထာဝရထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမယ့် လူတော်တော်များများအတွက် အံ့အားသင့်စရာကတော့ ၎င်းခွေးလေခွေးလွင့် အကောင် ၂၀ ကျော်လောက်က သူမကို […]
ဆုံးပါးသွားသောမိခင်ဖြစ်သူကို လွမ်းဆွတ်သတိရတိုင်း နွေးထွေးမှုအငွေ့အသက်လေးရနေဆဲဖြစ်တဲ့ မိခင်ဖြစ်သူဝတ်ခဲ့သည့် အင်္ကျီထူထဲမှာ အမြဲဝင်ဝင်နေတတ်တဲ့ ကလေးမလေး
ဆုံးပါးသွားသောမိခင်ဖြစ်သူကို လွမ်းဆွတ်သတိရတိုင်း နွေးထွေးမှုအငွေ့အသက်လေးရနေဆဲဖြစ်တဲ့ မိခင်ဖြစ်သူဝတ်ခဲ့သည့် အင်္ကျီထူထဲမှာ အမြဲဝင်ဝင်နေတတ်တဲ့ ကလေးမလေး သေခြင်းတရားကို မည်သူမျှ ရှောင်လွှဲ၍ မရနိုင်သော်လည်း ကျန်ရစ်ခဲ့သူများအဖို့ လွမ်းဆွတ်သတိရရုံမှတစ်ပါး ဘားမှမတတ်နိုင်ခဲ့ကြပေ။ ယခုအခါတွင်လည်း တရုတ်နိုင်ငံမှ အသက် ၅နှစ်အရွယ် ကလေးမလေးသည် မိခင်ဖြစ်သူ၏ အနွေးထည်လေးကို အမြဲကိုယ်နှင့်မကွာ ယူဆောင်ထားပြီး အရမ်းသတိရ ဖြစ်လာသည့်အခါ အင်္ကျီကိုဖြန့်ပြီး အထဲတွင်ဝင်နေတတ်သည်။ မိခင်ဖြစ်သူမှာ ၃နှစ်သမီးအရွယ်လောက်တွင် ဆုံးပါးသွားခဲ့ပြီး ဖခင်ဖြစ်သူကလည်း စားဝတ်နေရေးအတွက် နေ့စဉ်အလုပ်သွားရကာ အိမ်တွင်အထီးကျန်စွာ တစ်ယောက်တည်းအမြဲ ကျန်ရစ်ခဲ့ရရှာသည်။ ထိုစဉ် ကလေးမလေးသည် မိခင်ဖြစ်သူဧ။် နွေးထွေးကြင်နာမှု ဂရုစိုက်မှုလေးတွေကို ပြန်တမ်းတရင်း ထင်ကျန်နေဆဲဖြစ်သော မိခင်ဝတ်ခဲ့သည့် အနွေးထည်လေးကိုသာ အဖော်ပြုနေခဲ့သည်။ ထိုအဖြစ်ကို မြင်တွေ့သောဖခင်မှာလည်း သမီးလေးအတွက်စိတ်မကောင်းဖြစ်ရကာ အလုပ်မှထွက်လိုက်ပြီး သမီးလေးအနားတွင် အချိန်ပိုပေးပြီးနေခဲ့၍ အရင်ကလောက် ဆိုးဆိုးရွားရွား ဖြစ်မနေတော့ကြောင်း […]
သားသမီးများဆီမှ လုပ်ကျွေးပြုစုမခံရဘဲ စားဝတ်နေရေးအတွက် လယ်ထွန်ရင်း အမောဖောက်၍ ဆုံးပါးသွားသည့် ဖခင်တစ်ဦး
သားသမီးများဆီမှ လုပ်ကျွေးပြုစုမခံရဘဲ စားဝတ်နေရေးအတွက် လယ်ထွန်ရင်း အမောဖောက်၍ ဆုံးပါးသွားသည့် ဖခင်တစ်ဦး မိဘတွေက သားသမီးဆင်းရဲ ဒုက္ခရောက်သည့်အခါ မကြည့်ရက်ပဲ သူတို့တတ်နိုင်သည့်ဖက်ကနေ ကူညီပံ့ပိုးပေးကြပေမယ့် အချို့သားသမီးတွေမှာ မိဘတွေအသက်ကြီး၍မလုပ်စားနိုင်တော့လည်း ပြန်လှည့်မကြည့်ပဲ ပစ်ထားနိုင်ကြသည်။ သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သော အသက်၈၆နှစ်အရွယ် အဖိုးအိုတစ်ဦးသည် လယ်ကွင်းထဲတွင် ကျွဲတစ်ကောင်နဲ့အတူ လယ်ထွန်ရင်း ပင်ပန်းလွန်း၍ အမောဆို့ကာ ဆုံးပါးသွားခဲ့သည်။ အဖိုးအိုတွင် သားသမီးသုံးယောက်ရှိသော်လည်း အရွယ်ရောက်ပြီး၍ အိမ်ထောင်ကိုယ်စီကျကာ အိမ်ခွဲနေကြပြီး ဖခင်ဖြစ်သူကို အလုပ်အကျွေးပြုဖို့ ဘယ်သူကမှတာဝန်မယူခဲ့ပေ။ ထို့ကြောင့်အဖိုးအိုသည် ဇနီးဖြစ်သူကလည်းအရင်ဆုံးပါးသွား၍ အိမ်အိုလေးမှာ တစ်ယောက်တည်းအထီးကျန်စွာနေထိုင်ရင်း ကိုယ့်ဝမ်းကိုယ်ကျောင်းကာ စားဝတ်နေရေးအတွက် လယ်ကွင်းထဲမှာ စိုက်ပျိုးရေးလုပ်ကိုင်ပြီး ရှာစားနေခဲ့ရသည်။ Rain (For Ialinks) Credit Zawgyi သားသမီးများဆီမှ လုပ်ကျွေးပြုစုမခံရဘဲ စားဝတ်နေရေးအတွက် လယ်ထွန်ရင်း […]
တခါက လွမ်းမောစရာ အမိတက္ကသိုလ်။ ခုတော့….
တခါက လွမ်းမောစရာ အမိတက္ကသိုလ်။ ခုတော့… နည်းနည်းလောက်ဆိုပြီး စွတ်တိုးရတဲ့ ကျောင်းအပ်ပွဲကြီးကိုလည်း လွမ်းတယ်…..။🥰 မေဂျာ welcome ပွဲမှာ သြဝါဒစကားနားထောင်းပြီး King ရွေးပေးရတာကိုလည်း လွမ်းတယ်🥰 ဖုန်းတစ်လုံးချင်းဆီတိုင်းကိုဆက်၊ မလာသေးဘူးလား ဆရာမဝင်နေပြီ။ ဆိုတဲ့အသံတွေကို လွမ်းတယ်🥰 ရှင်းပြနေတဲ့ ဆရာမရဲ့စကားတွေကို ဘောပင်တစ်ချောင်းနဲ့ စာအုပ်ပေါ်ကို မဲပေနေအောင်မှတ်ပြီး နောက်တစ်ကြိမ်ပြန်ရှင်းပြချိန် အာပြဲကြီးနဲ့ ထထအော်ခဲ့ဘူးတဲ့ အချိန်တွေကိုလွမ်းတယ်🥰 ဟိုနောက်ကသားတွေ စာကိုအာရုံစိုက်ဆိုတဲ့ ဆရာမရဲ့ ဆုံးမသံတွေကို လွမ်းတယ်။🥰 ဒီတစ်ပိုဒ်ပြီးရင် တော်ပြီလို့ ကြားရတဲ့အချိန် “ဟေး” လို့ထအော်ကြတယ် အပေါင်းအသင်းတွေကို လွမ်းတယ်။🥰 ဟျောင့် ငါ့ကွယ်ပေးဉီး ငါအိပ်ချင်လို့ဆိုတဲ့ တီးတိုးသံလေးကိုလည်း လွမ်းတယ်🥰 နောက်တစ်ပတ် ကျူတိုရီရယ်ရှိတယ် စာသင်ချိန်မမှန်ရင် ပေးမဖြေခိုင်းဘူး ဆိုပြီးဆရာမရဲ့ ရင်ခုန်သံစကားတွေကိုလည်း လွမ်းတယ်…….။🥰 ကျူတိုရီရှိမှ အတန်းလာကြတဲ့သူတွေနဲ့ […]
မိုးရွာနေလို့ ထီးသွားဝယ်မည်ဟုဆိုတာ အသက်၈နှစ်အရွယ်နှင့်၇လအရွယ်သားနှစ်ဦးကို လမ်းဘေးတွင် ထားခဲ့ပြီး ရက်စက်စွာစွန့်ပစ်ခဲ့သည့်မိခင်
မိုးရွာနေလို့ ထီးသွားဝယ်မည်ဟုဆိုတာ အသက်၈နှစ်အရွယ်နှင့်၇လအရွယ်သားနှစ်ဦးကို လမ်းဘေးတွင် ထားခဲ့ပြီး ရက်စက်စွာစွန့်ပစ်ခဲ့သည့်မိခင် မိမိ၏ဝမ်းဖြင့်လွယ်ကာ မွေးထားရသော သားသမီးများကိုပင် ရက်စက်စွာစွန့်ပစ်ရက်သော မိခင်တစ်ဦးကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ အသက်၈နှစ်အရွယ်ကလေး၏ ပြောပြချက်အရ မိခင်ဟာ မိုးရွာတော့မည်ဖြစ်သဖြင့် ထီးသွားဝယ်မည်ဖြစ်သောကြောင့် ကလေးကိုခေါ်ပြီးလမ်းဘေး၌စောင့်နေရန် ပြောဆိုကာ ထွက်သွားခဲ့သည်ဟု သိရပါတယ်။ ထို့နောက် မိခင်ဖြစ်သူဟာ တစ်နေကုန်ပြန်မလာတော့ဘဲ စွန့်ပစ်ထားခဲ့သောကြောင့် ကလေးတို့ဟာ သွားစရာနေရာမရှိတော့ဘဲ ဝမ်းနည်းစွယဖြင့် ငိုနေခဲ့ရတာဖြစ်ပါတယ်။ ထို့ကြောင့် ကလေးတို့၏အဖြစ်ကို ပတ်ဝန်းကျင်ရှိလူများက ရိပ်မိသောကြောင့် မေးမြန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ ကလေးငယ်တို့ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကြီးထဲမှာ ဒုက္ခရောက်နေရသည့်အဖြစ်ကို တာဝန်ရှိသူများက တစ်ခုခုစီစဥ်ပေးနိုင်ရန် ကြိုးစားနေကြတယ်ဟု သိရပါတယ်။ Zawgyi မိုးရွာနေလို့ ထီးသွားဝယ်မည်ဟုဆိုတာ အသက်၈နှစ်အရွယ်နှင့်၇လအရွယ်သားနှစ်ဦးကို လမ်းဘေးတွင် ထားခဲ့ပြီး ရက်စက်စွာစွန့်ပစ်ခဲ့သည့်မိခင် မိမိ၏ဝမ်းဖြင့်လွယ်ကာ မွေးထားရသောသားသမီးများကိုပင် ရက်စက်စွာစွန့်ပစ်ရက်သောမိခင်တစ်ဦးကို ဖော်ပြပေးထားတာဖြစ်ပါတယ်။အသက်၈နှစ်အရွယ်ကလေး၏ ပြောပြချက်အရ […]
Back To Top