Category: Lastest New
စားသောက်ဆိုင်လှောင်အိမ်ထဲမှာ နှစ် ၂၀ ကျော် ပိတ်လှောင်ခံခဲ့ရတဲ့ ဝက်ဝံညိုကြီး လွတ်မြောက်
စားသောက်ဆိုင်လှောင်အိမ်ထဲမှာ နှစ် ၂၀ ကျော် ပိတ်လှောင်ခံခဲ့ရတဲ့ ဝက်ဝံညိုကြီး လွတ်မြောက်ပြီ စားသောက်ဆိုင် လှောင်အိမ်ထဲမှာ နှစ် ၂၀ ကျော် ပိတ်လှောင်ခံထားရတဲ့ သနားစရာ အညိုရောင် ဝက်ဝံကြီး မက်ခ်ကို သားရဲတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Four Paws က ကယ်တင်နိုင်ခဲ့ပါပြီ။ မက်ခ်နဲ့ သူ့အစ်မ လီဆာတို့ ဝက်ဝံသားပေါက်အရွယ်မှာ သူ့အမေ ဝက်ဝံမကြီး ပစ်သတ်ခံခဲ့ရပြီး စားသောက်ဆိုင်ပိုင်ရှင်က သူတို့မောင်နှမကို ဖမ်းခေါ်လာခဲ့တာပါ။ အယ်လ်ဘေးနီးယားနိုင်ငံ Sofra e Ariut စားသောက်ဆိုင်မှာ စိတ်မကောင်းဖြစ်စရာ အခြေအနေမျိုးနဲ့ နှစ် ၂၀ ကြာ ပိတ်လှောင်ခံခဲ့ရတဲ့ မက်ခ်ဟာ ကိုယ်လက်လှုပ်ရှားမှု မရှိတာကြောင့် ခန္ဓာကိုယ်အလေးချိန် ပေါင် ၅၅၀ အထိ အဝလွန်ခဲ့ပြီး သံလှောင်အိတ်ကို ကိုက်တာကြောင့် သွားတွေလည်း […]
ငွေလမ်းခင်းမှ ပြီးမြောက်နိုင်မယ့် ယနေ့ခေတ် အသုဘပွဲ (သို့) မသာဆီမှ အေးဒါးပြ တိုက်ခြင်း
‌ေ-သစာရင်းယူတာကအစ သင်းချိုင်းကိစ္စ ယပ်တောင် တရားစာအုပ် ဘတ်(စ)ကားကိစ္စအဆုံး ငွေကိုလမ်းခင်းပြီးသွားနေရတာ လျှောကနဲလျှောကနဲပဲ နောက်ဆုံးခရီးလေ ကုန်စမ်းပါစေပေါ့။ သင်းချိုင်းရောက်တော့လည်း အတွေ့အကြုံသစ်တွေကရပြန်သဗျ တာဝန်ရှိ အင်းကျီမီးခိုးရောင် ဝတ်ထားတဲ့လူကြီးက အလွန်ဖော်ရွေစွာနဲ့ “ဒီမှာ အခန်း (၁) ကတော့အကျယ်ဆုံးနဲ့အကောင်းဆုံးပဲဗျ လေဝင်လေထွက်လည်းကောင်းတယ် အခန်း(၁)ကိုရအောင်ကျွန်တော်စီစဉ်ပေးပါမယ်၊ ကွယ်လွန်သူ အတွက်ရော ကုလားထိုင်အတွက်ရော အခန်းအတွက်ရော အားလုံး ၂ သိန်း ၈ သောင်းနဲ့ဖြစ်အောင်ကျွန်တော်လုပ်ပေးပါမယ် ” တဲ့ ပေးရမှာပေါ့လေ ဘာတတ်နိုင်မှာလည်း လျှော့ပါဉီးလို့ စျေးဆစ်ကောင်းတဲ့အရာလည်းမဟုတ် အဒေါ်ငယ်ယောက်ျားကလည်း တပည့်လက်သားတွေက အများသား တချို့က ပထမအရာရှိ တချို့ကကပ္ပတိန်စသည်ဖြင့်ဖြစ်နေမှတော့ သူ့ဂုဏ်နဲ့တူ အကောင်းဆုံးဖြစ်အောင်တော့စီစဉ်ရတော့မှာပဲ ကဲ ယူပြီကွာအခန်း (၁) ရော့ (၂)သိန်း (၈)သောင်း။ အသုဘချမဲ့မနက် အလောင်းသွားထုတ်တော့ အလောင်းကို မိတ်ကပ်လုပ်ဉီးမလား မိတ်ကပ်လုပ်ရင် […]
လမ်းဘေးမှ အချိုရည်ဗူးခွံတွေကို လိုက်ကောက်ပြီး ပိုက်ဆံအိတ်များအဖြစ်ဖန်တီးကာ ရောင်းချပြီးဝင်ငွေရှာဖွေနေသည့်အမျိုးသား၏ လေးစားဖွယ်အနုပညာ
ဘုရားမြွေအဖြစ်နဲ့ ဝဋ်ခံနေရတဲ့ မြွေကြီးတကောင်ရဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်
ဘုရားမြွေအဖြစ်နဲ့ ဝဋ်ခံနေရတဲ့ မြွေကြီးတကောင်ရဲ့ ဝမ်းနည်းဖွယ် ပုံအကြောင်း မြွေမင်းသမီးလေး ရွှေလဲ့ တင်ထားတဲ့ ပို့စ်ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ ဒီမြွေရှိတဲ့ နေရာပြောပြပေးနိုင်သူရှိပါသလားရှင်။ သဘာဝလွန် စေတနာလွန် အစားတွေနင်းကန်ကြွေး Force feeding လုပ်ထားပုံရပါတယ်။ ဘေးက ကန်တော့ နဲ့ လောင်းထည့်တယ်လို့ယူဆရပြီး မြွေက ကြွက်သားသန်မာမှုမရှိ အဆီပိတ်ပြီး ပူဖောင်းမှူတ်ထည့်သလိုဖြစ်နေပါပြီ။ သူ့ကို ကယ်နိုင်ရင်တောင် သဘာဝထဲ ပြန်လွှတ်ဖို့မလွယ်လှပါဘူး။ သူ့လို နောက်တကောင်ကို ထပ်လုပ်မှာတော့ အရမ်းကိုစိတ်ပူလို့ပါ။ သတ္တဝါ ဟူသမျှ စာနာစိတ်လေးနဲ့ ရှင်သန်ကြရင်အကောင်းဆုံးပါ။ သတ္တဝါတွေရဲ့ ငရဲက ဘုရားစေတီတွေနား ရှိနေတာ အင်မတန်စိတ်မကောင်းစရာအမှန်တရားတခုပါပဲ ရှေ့ဆက်ပြီး ဘယ်ဘုရားမှာ ဘာမြွေတွေရှိတယ်ဆိုတာ စာရင်းပြုစုနေတာမို့ သိသူများလည်းပူးပေါင်းပါဝင်ပေးကြပါအုံးရှင်။ ပြိုင်တူတွန်းရင်ရွေ့မှာပါ။ နောက်ဆက်တွဲ – မန္တလေးတိုင်း ကံကြီးမရွာက ဘုရားမှာလို့ […]
မြန်မာ့စပါးအုံးမြွေတွေနဲ့ နှိပ်ပေးတဲ့ ထူးထူးခြားခြား မာဆတ်ခန်း
မြန်မာ့စပါးအုံးမြွေတွေနဲ့ နှိပ်ပေးတဲ့ ထူးထူးခြားခြား မာဆတ်ခန်း (မာဆတ်ကြိုက်သူများ စမ်းသင့်ပါတယ်) “ထူးထူးခြားခြား စပါးအုံးမြွေနဲ့ အနှိပ်ခံစမ်းသပ်ကြည့်ကြမလား” ဘယ်လိုမှ မျှော်လင့်မထားတဲ့ “မြန်မာ့စပါးအုံးမြွေများနဲ့ အနှိပ်စပါး“ ဝန်ဆောင်မှုသည် ဖိလစ်ပိုင်တွင် ရေပန်းစားလာပြီး စိတ်ဖိစီးမှုများကိုဖယ်ရှားပေးနိုင်ပါသည် ဟုနာမည်ကြီးနေပါသည်။ မြွေများသည် အန္တရာယ်ရှိသော တိရစ္ဆာန်များဖြစ်ကြောင်း ဆရာဝန်များက လည်း သတိပေးတားမြစ်ထားသော်လည်း Aklan ပြည်နယ်ရှိ Kalibo Ostrich တိရစ္ဆာန်မွေးမြူရေးခြံ (Kalibo Ostrich) အကြောင်းကို နိုင်ငံခြားဝက်ဘ်ဆိုက်များက ဝေဝေဆာဆာနဲ့ ဖော်ပြခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံရှိ ဖြစ်ရပ်ဆန်းတစ်ခုအဖြစ် ခံစားမှုတစ်ခုကို ဖန်တီးခဲ့ပြီး လာရောက်လည်ပတ်ကြသော ခရီးသွားများအတွက် ထူးထူးခြားခြားအတွေ့အကြုံသစ်များကို တွေ့ကြုံခံစားနိုင်ရန် မြန်မာ့စပါးအုံးမြွေများဖြင့် အနှိပ်ခန်းများကို စီစဉ်ပေးထားပါသည်။ မွေးမြူရေးခြံ၏ မှတ်တမ်းအချက်အလက်များ အရ ဝန်ဆောင်မှုသည် နှစ်အတော်ကြာအောင် လည်ပတ်ခဲ့ပြီး စပါးအုံးမြွေများသည် လူတို့ကို နှိပ်နယ်နိုင်ကြောင်း […]
အမျိုးသမီး သီးသန့် အေးအေးချမ်းချမ်း တရား အားထုတ်လိုသူများအတွက် တောရရိပ်သာလေး တစ်ခု
🌻 ထေရီမတို့ရွာ 🌻 အမျိုးသမီး သီးသန့် အေးအေးချမ်းချမ်း တရား အားထုတ်လိုသူများအတွက် တောရရိပ်သာလေး တစ်ခု၊ ယောဂီ ၃ ပါးတစ်ခန်း ထားတဲ့ ရေချိုးခန်း၊ ရေအိမ် ပူးတွဲပါတဲ့ တစ်ထပ် ယောဂီဆောင်လေးတွေ ရှိတဲ့နေရာ၊ ပါရမီ အနုအရင့် ရှိသူ နှစ်မျိုးလုံးအတွက် သင့်တော်သော ကာယာနုပဿနာမှ အာနာပါနကမ္မဋ္ဌာန်းကို အခြေခံလေ့ကျင့်ပြီး သမာဓိထူထောင်ပါတယ်။ အသက်အရွယ် ကြီးစဥ်ငယ်လိုက် အမှတ်စဥ်အတိုင်း အဆောင်၊ တရားမှတ်နေရာ၊ ဆွမ်းစားနေရာ၊ ဖိနပ်ချွတ်တာကအစ နည်းစနစ်ကျလှတဲ့နေရာ၊ ယောဂီများအားလုံး ဘောဇနဆောင်၌သာ စားသုံးကြတဲ့နေရာ၊ လစဥ် လပြည့်နေ့တိုင်း (ဝါတွင်းကာလမှအပ) ကိုးရက်တာ အထူးတရားစခန်း ဖွင့်လှစ်ပေးနေပါတယ်။ ကြားရက် (စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ) များတွင် ဓုတင် ၅ ပါးကျင့်ဆောင်သော […]
တပွဲ တသောင်းခွဲပေးရတဲ့ ရန်ကုန်က မုန့်ဟင်းခါးဆိုင် (ပေးရတဲ့ငွေနဲ့ စားရတာ တန်ရဲ့လားဆိုတာကတော့)
အင်းလျားလမ်း မဖြူမုန့်ဟင်းခါး (တပွဲ တသောင်းခွဲကျော်)၊ အင်းလျားလမ်း မဖြူ မုန့်ဟင်းခါးဆို တာ ဒိတ်ဒိတ်ကြဲ အဲ့ မဖြူမုန့်ဟင်းခါးရဲ့ ပဲ့ကိုင်ရှင်က မနှင်းဆီတဲ့၊ နာမည်ကြီးသလို စျေးကလည်းကြီး၊ ငါးသလောက်ဥနဲ့ အကြော်စုံ တပွဲလောက်ထည့်စားရင် တပွဲ တသောင်းကျော်။ စားမယ့်သူမရှိဘူးထင်နေလား ကြိတ်ကြိတ်တိုး စမီးလည်း ရန်ကုန်နေတိုင်းစားတယ်လေ ဟီး။ အကြော်ကို ပဲကြော် က အစ သူ့ဆိုင်မှာပဲ ဆီသန့်နဲ့ကြော်တာ ကြော်ကြော်ပြီးချင်း ပူပူလောလောကို ညှပ်ပြီး ငါးကျည်းငါးခူ နဲ့ပဲချက်တဲ့ မုန့်ဟင်းခါးထဲ ထည့်စားရတဲ့ ဟာက ဘယ်လိုကောင်းမှန်းမသိ၊ ဘူးသီးကြော် ပုစွန်ကြော် ငှက်ပျောကြော် အရွက်ကြော်နာမည်ကြီးပါ့ ဗုဒ္ဓဟူးနဲ့ ရုံးပိတ်ရက်တွေဆို အုန်းနို့ခေါက်ဆွဲ ရတယ် အသဲအမြစ် တောင်ပံ အသား အူ သွေးခဲ အကုန်ထည့်စားလို့ရတယ် သူ့ဟာက […]
ကားနံပါတ်ပြား ဖောင်းကြွ လဲမရမလား မလဲရင် ရဲဖမ်းမှာလား ဆိုတာ မေးကြသူများအတွက်
Unicode ကားနံပါတ်ပြား ဖောင်းကြွ လဲမရမလား မလဲရင် ရဲဖမ်းမှာလား ဆိုတာ မေးကြသူများအတွက် နံပါတ်ပြား အနီရောင်အားလုံး (၃၁၊၃၊၂၀၂၃) နောက်ဆုံး ထား မဖြစ်မနေ လဲရပါမည်။ နံပါတ်အနက် အားလုံး အခုလဲမယ်ဆိုရင်လဲ ရတယ်။ မလဲသေး သက်တမ်းတိုးမှ လဲမယ်ဆိုလဲရပါတယ်။ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားအသစ်များ လာရောက်လျှောက်ထားတဲ့အခါဒါတွေလိုပါတယ် ၁။ လုပ်ငန်းလာရောက်ဆောင်ရွက်သူ၏ မှတ်ပုံတင် မူရင်း၊မိတ္ထူ (ဘယ်သူလာလာ လာတဲ့သူကိုပြောတာနော်) ၂။ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်မူရင်း။ (အုံနာဘုတ် ကိုပြောတာနော်) ၃။ မော်တော်ယာဉ်သက်သေခံလက်မှတ်မူရင်း။ (ဝှီးတက်ကိုပြောတာနော်) ၄။ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားတန်ဖိုး ၉၀၀၀ ကျပ် စတာတွေလိုပါတယ် ကားလဲမလိုဘူး နံပါတ်ပြားအဟောင်းလဲ မလိုသေးပါဘူး အထက်ပါအတိုင်းလျှောက်ထားတဲ့အခါ ငွေးသွင်းချလံလေးပေးပါလိမ့်မယ် ဖောင်းကြွနံပါတ်ပြားအသစ် ပြန်လည်ထုတ်ယူရမည့်ရက်ကိုလည်း ပြောပြပါလိမ့်မယ်။ ဖောင်းကြွအသစ် မှာယူပြီး ပြန်လည်ထုတ်ယူရာမှာ ဒါတွေလိုပါတယ် ၁။ […]
ဟော့ပေါ့ဆိုင်တွေက အရသာ မရှိတဲ့ ပုစွန်တွေနဲ့ ပင်လယ်စာတွေရဲ့ လာရာ ဇစ်မြစ်…
မြန်မာနိုင်ငံမှာ ငါးပုဇွန် အလွန်ပေါ ပါတယ်။ ရေခဲ ရိုက်ဖို့ ရေခဲ မဝယ်ချင်လို့ မပုတ်အောင် ဖော်မလင်သုံးတာက တစ်ပိုင်းပေါ့။ အဲပြောချင်တာက ဒီပုဇွန် စျေးသယ်တွေက ချောင်းသာ ပုဇွန်လို့ လိမ်ရောင်းတယ်။ ချောင်းသာက လာတာ မဟုတ်ဘူး။ နိုင်ငံခြားကနေ ရေခဲပုံးတွေနဲ့လာတာ စားသောက်ဆိုင်တွေ အဓိက သုံးတယ်။ မြန်မာ FDA မသိဘူးလား။ မသိပါဘူး။ စားသုံးသူတွေကို ကာကွယ်ပေးဖို့ ဆိုတာ နှစ် ၆၀ လုံး လုပ်မလာခဲ့ပါဘူး။ နိုင်ငဲခြားကနေ ရန်ကုန်ထိ ရေခဲပုံးနဲ့ သယ်လာတဲ့ ပုဇွန်က ဧရာဝတီက ဘော့ချိပ်ထက် ဈေးပိုပေါနေတယ်။ သူ့နိုင်ငံမှာ ဓာတုဗေဒဆေး အလွန်အကျွန်သုံးထားလို့ ဂျပန်နဲ့ ဥရောပ ပို့မရ၊ သူ့နိုင်ငံထဲမှာလဲ လက်မခံတဲ့ ပုဇွန်တွေကို အောက်လမ်းကနေ အဆင့်ဆင့် […]
နေပြည်တော်က ဓာတ်ဆီဆိုင်မှာ ပြန်မလာတော့မယ့် သခင်ကို စောင့်မျှော်နေတဲ့ ခွေးလေး
“နေပြည်တော်က ဓာတ်ဆီဆိုင်မှာ ပြန်လာခေါ်မယ့် သခင်ကို စောင့်မျှော်နေတဲ့ ခွေးလေး” နေပြည်တော် တိုးဂိတ်နားက REGENCY ဓာတ်ဆီဆိုင်မှာ ကားနားပြီး ဆီဝင်ဖြည့်တော့ အဲ့ဒီဆိုင်က ဂျာကြီးနောက် တကောက်ကောက်လိုက်နေတဲ့ ခွေးလေးကိုတွေ့ပြီး ချစ်စရာလေးမို့ စနောက်နေတုန်း အဲ့ဆိုင်ကဝန်ထမ်းလေးတွေပြောလို့ ဆွံ့အ သွားမိတယ်။ အဲ့ကလေးက အန်တီတို့လို ကားလေးက ကျန်ခဲ့တဲ့ကလေးဖြစ်ပြီး လာပြန်မခေါ်လို့ အဲ့ဆိုင်ရောက်နေတဲ့ ခွေးလေးတဲ့ ရောက်နေတာ ၃ လ လောက်ကြာပြီလို့ပြောပါတယ်။ ဂျာကြီးနဲ့ ဂျာလေးက လွဲရင် ဘယ်သူမှ ခေါ်မရဘူးတဲ့ ဂျာကြီးနဲ့ဂျာလေးကိုတော့ မျက်စိအောက်က အပျောက်မခံဘူးတဲ့ ရေချိုး ရေအိမ်တက်လို့ ၅ နာရီလောက်ကြာလည်း ထိုင်စောင့်နေတာတဲ့။ ကလေးက စိတ်ဒဏ်ရာ အတော်ရထားတဲ့ ကလေးဖြစ်နေပါပြီ။ သခင်ရေ ပစ်ခဲ့တာလား ဒါမှမဟုတ် ချန်ခဲ့တာလား ခွေးလေးသခင်မြင်ပါစေတော့ လို့၊ […]
Back To Top