၉၃ နှစ်အရွယ် အဘွားအို ဖန်တီးထားတဲ့ ဘက်ကင်ဟမ်နန်းတော်ပုံတူ သိုးမွေးလက်ရာ
၉၃ နှစ်အရွယ် အဘွားအို ဖန်တီးထားတဲ့ ဘက်ကင်ဟမ်နန်းတော်ပုံတူ သိုးမွေးလက်ရာ အဘွားအို မာဂရက်ဆီးမန်းကို ” သိုးမွေးဘုရင်မ” လို့ ချစ်စနိုးခေါ်ကြတယ်။ သူ့လက်ရာတွေကလည်း တကယ်ပြောင်မြောက်တာကိုး။ ၆ ပေ ရှည်တဲ့ ဘက်ကင်ဟမ်နန်းတော်ပုံတူကို သိုးမွေးထိုးထားတာ အနုစိတ်ပြီး လက်ရာမြောက်တယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကမှ သူ သိုးမွေးထိုးတတ်တာ။ သိုးမွေး စထိုးတတ်တော့ အသက် ၈၃ နှစ်လောက် ရှိပြီ။ သူ့အမျိုးသား ဆုံးသွားပြီးနောက်ပိုင်း အထီးကျန်လာလို့ သိုးမွေး စတထိုးဖြစ်ခဲ့တာပါ။ သိုးမွေး ထိုးတတ်ပြီးနောက်ပိုင်း သူက သိုးမွေးထိုးပြီး ပရဟိတအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေ ရှာပေးတယ်။ သိုးမွေးလက်ရာတွေကို ရောင်းချပြီး ရန်ပုံငွေ ရှာပေးတာ ဒေါ်လာ ၁၂၀၀၀၀ ကျော်တောင် ရတယ်။ ဘက်ကင်ဟမ်နန်းတော်ပုံတူကို Norfolk Makers […]
လားရှိုးက ဟိုတယ်တခုမှာ ကြုံခဲ့ရတဲ့ ခြောက်ခြားဖွယ် ညတည (ကိုယ်တွေ့ဖြစ်ရပ်မှန်)
ကိုယ်တိုင်ဆိုးဆိုးရွားရွားကြုံခဲ့ရလို့ပြောရခြင်းပါ တစ်ခါမှလဲဒီလောက်မဖြစ်ခဲ့ဘူး (hotel တည်းတိုင်း ခဏခဏ တော့ဖြစ်တယ် ဒီလောက်ကြီးထိ မဖြစ်လို့ ခုမှရေးတင်ခြင်းပါ) ကျွန်တော်အလုပ်ကိစ္စနဲ့ သွားရင်း လားရှိူးရောက်သွားတယ်ပေါ့ဗျာ ကျွန်တော့်သူငယ်ချင်းအတွဲရယ် ကျွန်တော်တို့အတွဲရယ် နှစ်တွဲပါလာတယ်ဗျ လားရှိူးရောက်တော့ ညနေ ၆ နာရီ hotel တည်းဖို့လိုက်ရှာတော့ဒီ hotel ပဲရတော့တာကြောင့် ဒီမှာပဲတည်းလိုက်တာ သူတို့ပြောတော့ ကျန်တဲ့အခန်းတွေပြည့်နေပီ ဒီဟာပဲရတော့မယ်ပြောတယ် (အဲ့တာတစ်ဖြတ်ပေါ့) ဒီလိုနဲ့ ကျွန်တော်တို့ အခန်း နှစ်ခန်းရတယ် အပေါ်ဆုံးအထပ် သုံးလွှာ မှာရတယ် မျက်နာချင်းဆိုင်အခန်းရတာပေါ့ ကျွန်တော်တို့က 204 သူငယ်ချင်းတွေက 207 အဲ့တာနဲ့ရေချိုးပီး အပြင်သွားဖို့ ကိုယ်စီအခန်းထဲမှာ ခဏနားနေကြတယ် နောက်ထပ် ၁၀ မိနစ် လောက်နေတော့ အဲ့မှာဇာတ်လမ်းက မသိမသာစပြီ ကျွန်တော့်အခန်း 204 ကို တံခါးလာခေါက်ရော ကျွန်တော်လဲ […]
သင်္ချိုင်းမြေဟောင်းမှ ကိုယ်တွေ့ ပရလောက ဖြစ်ရပ်များ (ကြောက်တတ်သူများ မဖတ်ရ)
(၁) ကျွန်မနာမည်က နှင်းနှင်း။ ကျွန်မတို့ဖေဖေက တပ်ထဲမှဖြစ်တာမို့ ကျွန်မတို့မိသားစုတစ်ခုလုံးဖေဖေတာဝန်ကျရာ တပ်ရင်းမှာလိုက်နေရကာ ကျွန်မသည်ပင်လျှင်တပ်ထဲမှာမွေး၍ တပ်ထဲမှာကြီးတာဖြစ်သည်။ ကျွန်မအသက်သုံးဆယ်ရှိ လာပြီ ဖြစ်သော်လည်း မိသားစုနှင့်အတူ ဒီနေရာလေးမှာပင်နေမြဲနေခဲ့သည်။ ကျွန်မတို့တပ်နေရာက အရင်အင်္ဂလိပ်လက်ထက်မှသုဿာန်ဟောင်း နေရာမို့ နေထိုင်ရတာ သိပ်မကောင်း လှပါ။ ဥစ္စာစောင့်သရဲပရလောကများနှင့် လက်ပွန်းတတီးနေထိုင်ရသလိုရှိသည်။ ညတိုင်းလိုလိုတစ်မျိုးမဟုတ်တစ်မျိုး ခြောက်လှန့်သံကြားရသည်။ မဖြစ်နိုင်ဟူသော အဖြစ်အပျက်များသည် ကျွန်မတို့နေထိုင်ရာနေရာတွင် ဖြစ်ပျက်သွားကြ သည်။ ကျွန်မငယ်ငယ်ကကြုံခဲ့ဖူးသော ထူးဆန်းဖွယ်အဖြစ်အပျက်များကိုပြောပြချင်ပါသည်။ ပရလောကဆိုတာ တကယ် ရှိကြောင်း ထိုအဖြစ်အပျက်များမှ လက်ခံယုံကြည် လာခဲ့ခြင်းကြောင့် ကျွန်မနှင့်အတူ ကျွန်မမိတ်ဆွေများအား မျှဝေချင်၍ ဖြစ်ပါသည်။ (၂) ငှက်ပျောပင်တွင်နေသောသရဲ၊ ထိုအချိန်က နှင်းနှင်းတို့ဆီတွင် လျှပ်စစ်မီးမရရှိသေးပါ။ ထိုစဉ်ကနှင်းနှင်းတို့ အိမ်နောက်ဖက်အိမ်တွင်သာ တစ်အိမ်သုံးမီးစက်နှင့် တီဗွီလေးရှိသည်။ တီဗွီပေါ်ခါစမို့ ညရောက်လျှင်နှင်းနှင်းတို့ အိမ်နောက် အိမ်၌တီဗွီလာရောက် ကြည့်ရှုသူများနှင့်စည်ကား […]