ကျော်ထွဋ်ဆွေရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးလာခဲ့တဲ့ နန်းသူဇာ
ပရိသတ်ကြီးရေ ကျော်ထွဋ်ဆွေကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ မတ်လ (၁၀)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော် ကျော်ထွဋ်ဆွေရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ ကျော်ထွဋ်ဆွေရဲ့ မွေးနေ့အတွက်ကိုတော့ နန်သူဇာက သူ့ရဲလူမှုကွန်ရက်စာမျက်နှာကနေ မွေးနေ့ဆုတောင်းပေးလာခဲ့ပါတယ်။ “Happy Birthday to my most favorite person in the world And Happy 12th Anni to us. Love youuuuuuuu mua mua.အမြဲ ဂရုစိုက် ပိုပိုချစ်လာပေးလို့ ကျေးဇူးပါ ကို” ဆိုပြီးမွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။ မွေးနေ့ဆုတောင်းလေးနဲ့အတူ နှစ်ယောက်တူတူ ရိုက်ကူးထားတဲ့ ချစ်ဖို့ကောင်းလှတဲ့ပုံလေးတွေကိုပါ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ပရိသတ်ကြီးတွေလည်း ကျော်ထွဋ်ဆွေရဲ့ မွေးနေ့အတွက် […]
ပင်လယ်ထဲတွင် ကြမ္မာကုန်ခဲ့သည့် ရာဇဝင်ထဲက ထူးထူးခြားခြား တပါးတည်းသော မင်း
ပင်လယ်ထဲတွင် ကြမ္မာကုန်ခဲ့သည့် ရာဇဝင်ထဲက ထူးထူးခြားခြား တပါးတည်းသော မင်း မြန်မာ့ရာဇဝင်တစ်လျှောက်ကို ပြန်ကြည့်ရင် အုပ်စိုးသူ ရှင်ဘုရင်တွေဟာ သွေးရိုးသားရိုး နတ်ရွာ စံကြရတာ ဖြစ်စေ၊ ညီနောင်သွေးသားများက လုပ်ကြံလို့ နတ်ရွာစံကြရတာဖြစ်စေ၊ တစ်နည်းနည်း ကြမ္မာကုန်ကြပါတယ်။ ဒါပေမယ့် ပင်လယ်ထဲမှာ ကွယ်လွန်ခဲ့တဲ့ ဘုရင်ကတော့ ထူးထူးခြားခြား တစ်ပါးတည်း ဖြစ်ပါတယ်။ သူ့အကြောင်းကို စာစီပြရရင်တော့ သရေခေတ္တရာပြည်ကြီးကို လက်မွန်မဆွ တည်ထောင်ကျယ်ပြန့်စေခဲ့သော ဒွတ္တပေါင်မင်းကြီးသည် တန်ခိုး အင်အားနှင့် လွန်စွာ ပြည့်စုံသည်ဆို၏။ ရာဇဝင်ကျမ်းများအလိုအရ ထိုမင်းကြီးထံတွင် သိကြားမင်း ဆက်သသော အရိန္ဒမာလှံ၊ သီလဝံသဓါး၊ ဆင်ဖြူဆဒ္ဒန်၊ ၀လာဟက နတ်မြင်း တို့ ရှိသည့် အပြင် လွန်စွာအားကိုးရသော ပဥ္ဇင်းဖြူ၊ နှင့် ပဥ္ဇင်းညို ဟူသော ပညာရှိ နှစ်ဦး၊ […]
ချဉ်ဖတ်စိမ်ရင် အရသာ နှစ်ဆ ပိုကောင်းစေတဲ့ လျှို့ဝှက်နည်းလမ်း (ဓာတုဆေးဝါး လုံးဝမပါဘူးနော်)
Unicode ချဉ်ဖတ်စိမ်ရင် အရသာ နှစ်ဆ ပိုကောင်းစေတဲ့ လျှို့ဝှက်နည်းလမ်း (ဓာတုဆေးဝါး လုံးဝမပါဘူးနော်) ချဉ်ဖတ်စိမ်ရင် စဉ့်အိုးလေးနဲ့ထည့်ပြီး စိမ်ကြည့်နော် အရသာမှာသိသိသာသာကွာပါတယ်နော် တစ်ချို့က ဆန်ဆေးရည်နဲ့စိမ်ကြတယ် ဆန်ဆေးရည်ကအစိမ်းဆိုတော့ပုပ်လွယ်တယ် ထမင်းရည်နဲ့စိမ်ပါနော် ထမင်းရည်ကချက်ထားတာဆိုတော့ ချဉ်ဖတ်အိုးကပိုပြီးခံတယ် ပိုပြီးစားကောင်းပါတယ် ထမင်းရည်ကိုအအေးခံထားပါ ချဉ်ဖတ်ထည့်မယ်အိုးထဲကို ထမင်းရည်အအေးခံထားတာ ထည့်ပေးပါ၊ ဆားထည့်ပါ ပြီးရင်အဖုံးပိတ်ပြီး တစ်ရက်လောက်ထားပေးပါ။ နောက်ရက်မှ ကိုယ်ကြိုက်တဲ့ အသီးအရွက်ထည့်ပါ အဖုံးပိတ်ထားပေးပါ ထမင်းနဲ့စိမ်မယ်ဆိုရင် ထမင်းကို နေခြောက်လှန်းလိုက်ပါ။ ရေနွေးတည်ပြီး အအေးခံထားပါ။ ကိုယ်ထည့်မယ့် အိုးထဲကို ထမင်းခြောက်ထည့်ပါ။ အအေးခံထားတဲ့ ရေနွေးထည့်ပါ၊ ဆားထည့်ပါ ပြီးရင် အဖုံးပိတ်ပြီး တစ်ညသိပ်ထားလိုက်ပါ။နောက်ရက်မှ အသီးအရွက်ထည့်ပါဗျ။ ထမင်းနဲ့စိမ်ရင် ချဉ်အိုးက ပိုပြီးခံပါတယ်။ ကတက်ချဉ်ဆို တစ်လလောက်ထိကို ခံပါတယ်ဗျ။ ၂ ရက် ၃ ရက်လောက်နေရင် […]
သုခရိပ်မြုံ လူငယ်ဖွံဖြိုးရေးပရဟိတဂေဟာမှာ မွေးနေ့အလှူလေးပြုလုပ်ခဲ့တဲ့ ထက်အောင်ရှိုင်း
ပရိသတ်ကြီးရေ ထက်အောင်ရှိုင်းကတော့ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ ဇန်နဝါရီလ (၂၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ထက်အောင်ရှိုင်းရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ထက်အောင်ရှိုင်းကတော့ ဒီနေ့သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာ မွေးနေ့အလှူအနေနဲ့ မွန်မြတ်လှတဲ့ ကောင်းမှုအလှူလေးကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကိုတော့ “သုခရိပ်မြုံ”လူငယ်ဖွံဖြိုးရေးပရဟိတဂေဟာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ထက်အောင်ရှိုင်းကတော့ “မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ပေးတဲ့ဆုနဲ့ပြည့်ရပါစေခင်ဗျာ။ ဒီနေ့မွေးနေ့ကို အဓိပ္ပါယ်ရှိတဲ့ အလှူလေးတွေလုပ်ရင်းပဲ ဖြတ်သန်းဖြစ်မှာပါ .. အားလုံးလဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ။ God bless you all.” ဆိုပြီး မွေးနှေုဆုတောင်းပေးကြသူတွေကိုကျေးဇူးတင်ကြောင်းနဲ့ အလှူရဲ့ ကောင်းမှုတွေကို ပရိသတ်တွေလည်း ရရှိစေဖို့ မျှဝေထားခဲ့ပါတယ်။ပရိသတ်ကြီးတွေလည်း ထက်အောင်ရှိုင်းရဲ့ မွေးနေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။ Source – Htet Aung ShineCredit-Zawgyi Font ဖြင့် […]
ဆိုတေး သီချင်းတပုဒ်ကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ ကောင်မလေးတယောက်ရဲ့ ဖွင့်ဟ ဝန်ခံချက်
မှတ်မှတ်ရရ ဒီသီချင်းပေါ်တော့ ငါ ၄တန်း အတန်းပိုင်ဆရာမက စုံညီပွဲမှာ ဒီသီချင်းနဲ့ ငါတို့အတန်းထဲက ဝတဲ့မိန်းကလေးတွေကို က စေချင်တာ အတန်းထဲမှာက စလင်းဘော်ဒီ လေးတွေကခပ်များများ ဝတာဆိုလို့ ငါ အပါအဝင်မှ ၃ယောက်။ အရွယ်နဲ့မလိုက်အောင် ရှက်တတ်ကြောက်တတ်တာကြောင့်ရော ကျန်တဲ့ကောင်မလေးနှစ်ယောက်လောက် မဝတာကြောင့်ရော စုံညီက တဲ့ အဖွဲ့ထဲမှာ ငါ မပါခဲ့ဘူး အဲ့ဒီနှစ်ကစုံညီမှာ ငါတို့အတန်းက အဲ့ဒီသီချင်း သရုပ်ဖော်မှုနဲ့ ဆုကြေးအများဆုံးရတယ် အဲ့ဒီကောင်မလေးနှစ်ယောက်ကိုလည်း တစ်ကျောင်းလုံးက ဖက်တီးမ ဆိုပြီး မှတ်မိသွားတော့တာပဲ။ တစ်လောက ဆိုတေး interview တစ်ခုပြန်တက်လာတော့ ယောကျ်ားလေးတွေက အသံကဘယ်လိုကောင်းတယ် မီးအိမ်ရှင် သီချင်းဟာ ဘယ်အတိုင်းအတာထိပေါက်ခဲ့တယ် သူ့ကိုကြိုက်တယ်ပေါ့ ဝိုင်း share ကြတာ အဲ့မှာ ကိုယ်followထားတဲ့ chubby stylist အစ်မတစ်ယောက်ကလည်း […]
ကိုယ်ချင်းစာစိတ် ခေါင်းပါးကြတဲ့ ရွှေမြန်မာတွေရဲ့ နောက်ကွယ်က ငြင်းပယ်လို့မရတဲ့ အမှန်တရား
ခုလိုနိုင်ငံတော် ဓားပြတိုက်ခံရချိန်ကာလမှာ အကြားရအများဆုံး စကားကတော့ ဘယ်မှာတော့ ဘယ်ရွာတွေ မီးရှို့ခံနေရပြီ.. လူတွေ တေနေကြပြီ.. နင်တို့က ဘားသွား ကလပ်တက် ကမ်ခြေသွားပြီး ပျော်နေကြလားဆိုတဲ့ ထေ့ငေါ့မှုနဲ့ အလားတူဆန်ဆန် မှတ်ချက်တွေပါပဲ..။ အထူးသဖြင့် ကိုယ်ချင်းစာပေးဖို့ တောင်းဆိုသံတွေ ညံလာကြတယ်ပေါ့..။ တဖက်က ပြန်တွေးကြည့်ရင် ဒီနိုင်ငံကလူတွေ ကိုယ်ချင်းစာတရား ဘာလို့ ခေါင်းပါးကြသလဲ..? ဆိုတဲ့ မေးခွန်းထွက်လာတယ်..။ အဖြေက မွေးမြူပေးမခံရလို့ဖြစ်တယ်..။ ဟုတ်ပါတယ်.. ကျွန်တော်တို့တွေရော ကျွန်တော်တို့ မိဘဘိုးဘွားတွေထိပါ ကိုယ်ချင်းစာတတ်ဖို့ မွေးမြူပေးခြင်း မခံရပါဘူး.. အာ့အစား တကိုယ်ကောင်းဆန်တတ်စေတဲ့ အဆိုအဆုံးမတွေနဲ့သာ ကြီးပြင်းလာရတာဖြစ်တယ်..။ အကြီးမလေးက ဘိုမရုပ်လိုချင်တယ်.. အငယ်ကောင်က ကားမရရင် ထမင်းမစားဘူး.. ဒီအခြေအနေမျိုးမှာ မိဘတွေဟာ နှစ်ယောက်စလုံးအလိုကို ဖြည့်ပေးဖို့ အခြေအနေအရ မလုံလောက်ဘူးဆိုပါတော့.. အကြီးမ မလို့ […]
ပုဂံခေတ် ဒညင်းသီးရဲ့ ရာဇဝင်…
ဒညင်းသီးရဲ့ ဖြစ်ပုံကတော့ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်မှာ ဘုရင်က တိုင်းခန်းလှည့်လည်ရင်း ကောင်မလေး တစ်ယောက်ကို တော်ကောက်လာရာမှ အစပြုခဲ့ပါတယ်။ နန်းတော်ရောက်လို့ ညဖက်ဆောင်တော်ကူးတော့ကောင်မလေးက သူ့ရည်းစားက လွဲရင် No ပါ၊ ဘုရင်လည်း မပေးနိုင်ဘူး ဆိုပီး ဇွတ်ငြင်းလေတော့ ဘုရင်ကြီးခမျာ ဒေါသတွေထွက် ၊ အရှက်တွေကွဲပြီး လက်မရွံ့တွေကို ချက်ချင်းခေါ် သူ့ကို ငြင်းတဲ့ နေရာကို ဓားနဲ့ကွက်လှီးပီး သတ်စေ အမိန့်ပေးတော့တာဘဲ။ လက်မရွံ့တွေက အလောင်းကို မြို့ပြင်မှာ မြှုပ်နှံပြီး ပြန်ခဲ့တော့မှ သူတို့ဓားနဲ့ ကွက်လှီးထားတဲ့ ပစ္စည်းက နန်းတော်ထဲမှာမေ့ ကျန်ရစ်ခဲ့တာကို ပြီးမှ သိလိုက်ကြတယ်။ ဒါနဲ့ မထူးပါဘူးကွာ ဆိုပြီး နန်းတွင်းထဲက ဒေါင့်တနေရာမှာ မြှုပ်နှံလိုက် ကြပါတော့တယ်။လအတန်ကြာတဲ့အခါ အဲဒီနေရာက အပင်တစ်ပင် ပေါက်လာပါတယ်။ […]
ဈေးတောင်းအလေးကြီးရွက်ပြီး ဦးပိန်တံတားမှာ ဈေးရောင်းနေတဲ့ အသက် (၈၀)အရွယ်အဖွားကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်
ပရိသတ်ကြီးရေ မိုးစက်ကတော့ လတ်တလောမှာ ရိုက်ကူးရေးလုပ်ငန်းတွေနဲ့ မန္တလေးမြို့ကို ရောက်ရှိနေခဲ့ပါတယ်။ ရောက်လေရာအရပ်တိုင်းမှာ အလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ မိုးစက်ကတော့ လတ်တလော မန္တလေးကိုရောက်ရှိနေချိန်မှာလည်း သမာအာဇီဝကျကျ ဝမ်းရေးဖြေရှင်းနေတဲ့ အဖွားတွေကို ကူညီထောက်ပံ့ခဲ့ပါသေးတယ် အဖွားကတော့ ဦးပိန်တံတားရဲ့ ဟိုးဘက်ရွာကနေ လာရောက်ဈေးရောင်းတာဖြစ်ပြီး ခေါင်းပေါ်မှာ ဈေးတောင်းအလေးကြီး ရွက်ထားပြီး ပင်ပင်ပန်းပန်းဈေးရောင်းကာဝမ်းရေးဖြေရှင်းနေခဲ့ရတာပါတဲ့။ အဖွားက အသက် (၈၀)အရွယ်ရှိနေခဲ့ပြီဖြစ်ပြီး မိုးစက်ကတော့ အဖွားဆီကနေ အကုန်ဝယ်ယူပြီး အဖွားအတွက် ပစ္စည်းဖိုး(၂)သောင်းနဲ့ ထောက်ပံ့ငွေ (၁)သိန်းပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ အဖွားကိုကူညီထောက်ပံ့ပြီး နေ့လည်းဘက် ရွှေစာရံဘုရားဘက်မှာ ရိုက်ကူးရေးတည်ရင်းနဲ့လဲ ငါးမုန့်ကြော်ရောင်းတဲ့ အဖွားအို ကို တစ်သိန်းကျပ် ထပ်မံလှူဒါန်းကန်တော့ခဲ့ပါတယ်။ ပရိသတ်ကြီးရေ မိုးစက်နဲ့ သူ့ရဲ့အလှူရှင်တွေရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ Source – Moe Sat Crd – CeleZone – […]
မြန်မာငွေ (၂၆၀၀၀) နဲ့ တနာရီအတွင်း စိတ်ကြိုက် အဝစားနိုင်မယ့် ဒူးရင်းသီး ဘူဖေး (ထိုင်းနိုင်ငံမှာပါတဲ့)
ဒူးရင်းသီးကို အရူးအမူး ကြိုက်လွန်းပြီး ဘယ်လောက်စားစား မတင်းတိမ်နိုင်ဘဲ စားပြီးရင်း ထပ်စားချင်နေသူတွေအတွက် ထိုင်းနိုင်ငံက ဒူးရင်းသီးဘူဖေးကို သွားစားသင့်ပါတယ်။ ဒူးရင်းသီးဆို ရရင်ရသလောက် စားမယ့်လူတွေ ထိုင်းနိုင်ငံက ဒူးရင်းသီးဖေးကို CTW မြက်ခင်းပြင်မှာ ၄၇၉ ဘတ် (မြန်မာငွေ ၂၆၀၀၀ ဝန်းကျင်) နဲ့ စားနိုင်ပါပြီ။ မိနစ် ၆၀ အတွင်း အဝစားခွင့်ရှိပြီး အချိန်ပြည့်ပါက ပန်းကန်ပြားပေါ်တွင် ဒူးရင်းသီးသုံးပုံတစ်ပုံထက် ပိုကျန်နေလျှင် ဒဏ်ငွေ ဘတ် ၁,၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မစားနိုင်လို့ မကုန်ခဲ့ပါက ပုံမှန်စားတဲ့ နှုန်းထက် နှစ်ဆ ပြန်လျော်ရမယ့် သဘောပါပဲ။ ဒူးရင်းသီး သရဲတွေကို စိန်ခေါ်ထားသလိုပါပဲဗျာ။ ဒူးရင်းသီးဘူဖေးနေရာမှာ လုံခြုံရေးတွေနဲ့ စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ဆီးချိုနဲ့ သွေးတိုးရောဂါ ရှိသူတွေ […]
စောစောစီးစီးဘာဖြစ်မှန်းမသိ ဝမ်းနည်းပက်လက်အော်ငိုနေတဲ့မောင်ဖြစ်သူပိုင်တံခွန်ကို ဗီဒီယိုလေးရိုက်ပြီးဆေးထိုးလိုက်တဲ့ မေချစ်သွေး