မန္တလေးမြို့က နာမည်ကြီးဟိုတယ်တစ်ခုမှာ ခြောက်တဲ့ ဂျပန်စစ်သားသရဲ (ဖြစ်ရပ်မှန်)
မန္တလေးမြို့က နာမည်ကြီး ဟိုတယ်ကြီးတစ်ခုမှာ အလုပ်လုပ်ခဲ့တုန်းက ကိုယ်တိုင်မကြုံခဲ့ရပေမယ့် ကြုံခဲ့ရတဲ့ စီနီယာတွေ ပြောပြတာလေးကို ပြန်လည် ဖောက်သည်ချပါ့မယ်။ ဟိုတယ်နာမည်ကိုတော့ ထည့်မရေးတော့ပါဘူး မန္တလေးမှာ ဟိုးတုန်း ကတည်းကရှိခဲ့တဲ့ အထပ်မြင့်ဟိုတယ်ကြီးပါ… ထိုဟိုတယ်ရဲ့မြေနေရာက စစ်သချိ ၤုင်းဟောင်းပါ။ အင်္ဂလိပ်စစ်သားတွေမြှုပ်နှံခဲ့သလို ဂျပန်စစ်သားတွေကိုလဲ မြှုပ်နှံခဲ့ တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဟိုတယ်ကြီးရဲ့ မြေဧရိယာက ကျယ်ဝန်းလှပြီး အရိပ်ရအပင်ကြီးတွေ များစွာပေါက်နေတဲ့ အတွက် မန္တလေးလိုပူပြင်းလှတဲ့ ဒေသမှာတောင် ဟိုတယ်ထဲမှာ အေးမြစေပါတယ်။ အဲ… ညဘက်ရောက်ရင်တော့ တွေးကြောက်မယ်ဆို ကြောက်စရာပေါ့။ ဧည့်သည်များတဲ့ တိုးရာသီမှာတော့ ဧည့်သည်လဲများ ဝန်ထမ်းလဲများ လူတွေအများကြီးရှိတဲ့အတွက် ဟိုတယ်ကြီးမှာ ထူးခြားမှုတွေ သိပ်မတွေ့ရပါဘူး။ လူတွေအများကြီးရှိနေလို့ သူတို့အတွက် အခွင့်မသာတာလား လူတွေကပဲ သတိမထား မိတာလားတော့မသိပါဘူး။ ဟိုတယ်မှာ နိုက်ကလပ်ရှိပြီး တစ်ခြားသောဟိုတယ်တွေလို မြေအောက်ခန်းမှာ […]