သောက်ရေရှားနေတဲ့ ရွာတွေကို ရေသယ်ကားတွေနဲ့ ရေလှူလိုက်ပြန်တဲ့ သီတဂူဆရာတော်ဘုရားကြီး
ဆိုင်ကယ်မောင်းနှင်သူများ အတွက် (၂၀၂၀ ဥပဒေသစ်) ထုတ်ပြန်လိုက်ပြီ
ဆိုင်ကယ်မော င်းနှင်သူများ အတွ က် (၂၀၂၀ ဥပဒေသစ်)ထုတ်ပြန်လိုက်ပြီ 30-5-2020 ဆိုင်ကယ်စီးမောင်းနှင်သူများသိရှိစေရန် (2020-ဥပဒေသစ်)ယာဉ်နံပါတ်မထင်ရှား =ကျူးလွန်သည့်ပုဒ်မ(၈၄-က) ။ အရေးယူသည့် ပုဒ်မ-၉၄ =ဒဏ်ငွေသုံးသိန်း. ထောင် သုံးလ #အခြားနံပါတ်တပ် =ကျူးလွန်သည့်ပုဒ်မ(၈၄-ခ)။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေ သုံးသိန်း.ထောင်သုံးလ။ ယာဉ်နံပါတ်ပြားမတပ်=ကျူးလွန်သည့်ပုဒ်မ(၈၄-ဂ)။ အရေးယူသည့်ပုဒ်မ-၉၄ =ဒဏ်ငွေသုံးသိန်း.ထောင်သုံးလ ။ ဝှီးတက်သက်တမ်းကုန် =ကျူးလွန်သည့်ပုဒ်မ(၈၀)။အရေးယူသည့်ပုဒ်မ-၉၁ =ဒဏ်ငွေတစ်သိန်း.ထောင် တစ်လ။ #မောင်းလိုင်စင်မရှိ = ကျူးလွန်သည့်ပုဒ်မ(၈၁-က)။အရေးယူသည့်ပုဒ်မ-၉၁ =ဒဏ်ငွေတစ်သိန်း .ထောင် တစ်လ ။ #တခြားသူ၏ယာဉ်မောင်းလိုင်စင်သုံး =ကျူးလွန်သည့်ပုဒ်မ(၈၁-ဂ)။ အရေးယူသည့်ပုဒ်မ-၉၁ ။ဒဏ်ငွေတစ်သိန်း . ထောင် တစ်လ ။ ယာဉ်မဆင်မခြင်မောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-င)၊ အရေးယူသည့်ပုဒ်မ ၉၁ =ဒဏ်ငွေ တစ်သိန်း.ထောင်တစ်လ ။ #မူးယစ်ဆေးဝါးသုံးအရက်မူးလွန်းမောင်း =ကျူးလွန်သည့်ပုဒ်မ(၈၁-ဇ)။အရေးယူသည့်ပုဒ်မ ၉၁ =ဒဏ်ငွေ […]
ကိုဗစ်ကူးစက်သည့် ကျောင်းသားတစ်ဦးတွေ့ရှိပါက တက်နေသောကျောင်းကိုသာ ယာယီပိတ်မည်
စာသင်ကျောင်းဖွင့်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ကျောင်းသားကျောင်းသူတစ်ဦးတွေ့ရှိပါက ၎င်းတက်ရောက်နေသော ကျောင်းကိုယာယီပိတ်ထားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်း ကပြောကြားသည်။ အခြေခံပညာကျောင်းများကို ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ အထက်တန်းအဆင့်မှစတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျန်အတန်းများကို အခြေအနေပေါ်မူတည်၍ ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကကြေညာထားသည်။ “ဟုတ်တယ်။တွေ့တဲ့ကျောင်းကိုဘဲပိတ်မှာ။ ပိတ်ပြီးတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနဲ့ ညှိနှိုင်းပြီး Safe ဖြစ်တဲ့အချိန်မှ ပြန်ဖွင့်ရမှာ။ ပိတ်ထားတဲ့အချိန်မှာ ကျန်တဲ့ကျောင်းသား ၊ ကျောင်းသူတွေကိုတော့ အိမ်မှာဘဲနေခိုင်းပြီး Home Learning ဘဲလုပ်ခိုင်းရမှာဘဲ”ဟု ဦးကိုလေးဝင်းက ဆိုသည်။ အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် ကျောင်းသား ၊ ကျောင်းသူများနှင့် ဆရာ ၊ ဆရာမများ လုံခြုံမှုရှိစေရန်အတွက် အဝတ်ဖြင့်ချုပ်ထားသည့် နှာခေါင်းစည်း၊ မျက်နှာဖုံးများကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ပြီး လက်ဆေးခြင်းများ စနစ်တကျဆောင်ရွက်ကာ ကျောင်းသား ၊ကျောင်းသူများကိုခြောက်ပေခွာထား၍စာသင်ကြားခြင်း ၊ ထမင်းစားချိန်များတွင် တစ်ဦးတည်းသာ ထမင်းစားစေခြင်း၊ အဖွဲ့လိုက်ထမင်းစားခြင်းများကို […]
သီချင်းဆိုတိုင်း ပရိသတ်ကို သတိရနေတယ်ဆိုတဲ့ ဆိုတေး
အဆိုတော် ဆိုတေးကတော့ Stay Home ကာလမှာ အလွမ်းသီချင်းလေးတွေရေးရင်း ပရိသတ်တွေကို သတိရတဲ့အကြောင်း ပြောလာပါတယ်။ ဆိုတေးကတော့ အိမ်မှာနေတဲ့ အချိန်မှာ သီချင်းဆိုဖြစ်တိုင်း ပရိသတ်တွေကို သတိရတယ်လို့ ဆိုပါတယ်။ သူချစ်ရတဲ့ ပရိသတ်တွေကျန်းမာရေးကောင်းရဲ့လားလို့လည်း စိတ်ပူမိတယ်လို့ Duwun ကနေပြောလာပါတယ်။ “ ကျွန်တော့် ပရိသတ်တွေကို ကျွန်တော် သတိရတယ်။ တစ်ခါတလေကျရင် သူတို့ နေကောင်းကြရဲ့လား စဉ်းစားမိတယ်။ ရန်ကုန်က ပရိသတ်တွေရော၊ နယ်က ပရိသတ်တွေကိုရော ကျွန်တော် သတိရတယ်။ ကျွန်တော် အိမ်မှာဆို ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း သီချင်းဆိုနေမိရင် ဒီအချိန်မှာ ဒီသီချင်းကို ငါ့ပရိသတ်တွေနဲ့ အတူတူဆိုနေကြ ဆိုပြီးတော့ ပြန်စဉ်းစားမိတယ်” လို့ ရယ်ရယ်မောမော ပြောပြလာပါတယ်။ လက်ရှိမှာတော့ အဆိုတော် ဆိုတေးဟာ သီချင်းအခွေအသစ်ထွက်ဖို့ ပြင်ဆင်နေတယ်လို့ […]
(၁၀) နှစ်ကြာခဲ့ပြီဖြစ်ပေမဲ့ မိခင်ဖြစ်သူကို သတိရနေဆဲဖြစ်တဲ့ ဖြိုးပြည့်စုံ
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့သတိပေး
ကိုဗစ်ကာလအတွင်း ဗိုလ်တထောင်ဆိပ်ကမ်းမှာ လူစုလူဝေး လုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကသတိပေးလိုက်တယ်လို့ သိရပါတယ်။ မေ ၃၁ ရက်နေ့ နေပြည်တော်မှာပြုလုပ်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဗဟိုအစည်းအဝေးအပြီးမှာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအစိုးရဟာ မေလ၂၄ ရက်က ဗိုလ်တထောင် ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တဖောင်တော် ရေချမင်္ဂလာနဲ့ ဗိုလ်တထောင်ဘုရား ဘက်စုံ ပြုပြင်မွမ်းမံမှု၊ အစ်မတော် မြနန်းနွယ် ကျောင်းဆောင်ပြုပြင်မွမ်းမံရာမှာ လူစုလူဝေး ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။ “ဦးဖြိုးမင်းသိန်းကို စီအီးစီက နူတ်နဲ့ သတိပေးထားပါတယ်။ နောင်ဆိုရင် ဗဟိုကချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လိုက်နာဖို့လည်း ပြောထားပါတယ်”လို့ ဒေါက်တာဇော်မြင့်မောင်ကပြောခဲ့ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကို ကိုဗစ်ကာလအတွင်း ဗိုလ်တထောင်ဆိပ်ကမ်းမှာ လူစုလူဝေး လုပ်ခဲ့သလားဆိုတာ […]
ညအိပ်ရာဝင်ခါနီးတိုင်း ပျားရည်တစ်ဇွန်းစားပေးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူး (၇)မျိုး
ားရည်လို့ ပြောလိုက်ရင် အသား အရေ လှစေတဲ့ ၊ အလှအပ အတွက် အရမ်း အသုံးဝင်တဲ့ အရာလို့ လူတွေက သိ ကြ ပါ တယ် ။ ဒါပေ မယ့် ပျားရည် မှာ တခြား အကျိုးကျေးဇူးတွေ အများကြီး ရှိပါ သေးတယ် ။ အိပ်ရာ ဝင်ခါနီးတိုင်းမှာ ပျားရည်ကို စားပေး မယ်ဆိုရင် ဒီလို အံ့မခန်း အကျိုးကျေးဇူး တွေ ရရှိ နိုင်တယ် ဆိုတာကတော့ သိတဲ့ သူတွေ ရှား ပါ တယ် ။ ဒီတော့ ပျားရည် စား ခြင်း ဖြင့် ခန္ဓာကိုယ် အတွက် ရလာတဲ့ အကျိုးကျေးဇူးလေး တွေကို […]
မန္တလေးသို့ သွားလာကြမည့်သူတွေအတွက် သတင်းကောင်းလေး ရောက်ရှိလာပါပြီ
မန္တလေးသို့ လာရောက်သူများ ဇွန်(၁)ရက်မှ စတင်ကာ Quarantine ဝင်ရန်မလိုတော့၊ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းများလည်း ဇွန်(၁)ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲခွင့်ပြုမည် COVID-19 ရော ဂါ ကူးစက်ပြန်ပွားမှု ကာကွယ်ရေး ရောဂါပိုး တွေ့ရှိမှုများသည့် ဒေသများမှ မန္တလေးသို့ လာရောက်သူများ Quarantine (အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း) ဝင်ရန် သတ်မှတ်ထားမှုကို ဇွန်(၁)ရက်မှ စတင်ကာ ပယ်ဖျက်မည် ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရ တာဝန်ရှိသူများက ပြောသည်။ ယမန်နေ့ မေ(၂၉)ရက်တွင် ကျင်းပခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ COVID-19 ရောဂါ ကာကွယ်ရေး ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက် အချို့ကို ပြန်လည်ဖြေလျှော့မည်ဟု မန္တလေးတိုင်းအစိုးရ လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က သတင်းမီဒီယာများအား ပြောသည်။ ရောဂါပိုး တွေ့ရှိမှုများသည့် […]
အစိုးရရဲ့ ပထမအကြိမ်ထောက်ပံ့မှုမှာ ကျန်ရှိခဲ့တဲ့သူတွေကို ဒုတိယအကြိမ်မှာ ဦးစားပေးမည်
ဒုတိယအကြိမ်ထောက်ပံ့မှုမှာ လူဦးရေ (၅)သန်းနီးပါးစာရင်းကောက်ထားပါတယ်။COVID ကာလအတွင်းမှာ အစိုးရက အခြေခံလူတန်းတွေကို အတွက် ထောက်ပံ့မှုအစီအစဉ်တွေကို ဆောင်ရွက်ပေးလျှက်ရှိရာမှာ ဒုတိယအကြိမ်ထောက်ပံ့မှုမှာတော့ ပထမအကြိမ်ထောက်ပံမှုမှာကျန်ရှိခဲ့တဲ့ သူတွေကို ဦးစားပေးထောက်ပံ့မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မေလ(၃၀)ရက်နေ့ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အစိုးရ ဒုတိယအကြိမ်ထောက်ပံ့မှုအတွက် အခြေခံလူတန်းစား အိမ်ထောင်စု (၅)သန်းနီးပါးကို စာရင်းကောက်ယူထားပြီး ဒီထဲကမှာ ပထမအကြိမ်ထောက်ပံ့စဉ်မှာ မရရှိခဲ့တဲ့သူတွေကို ဦးစားပေးထောက်ပံ့သွားမှာဖြစ်ပါတယ်။ “ပထမအကြိမ်ထောက်ပံ့ခဲ့စဉ်က အခြေခံလူတန်းစား (၃.၉၉)သန်း လေးသန်းနီးပါးရှိပါတယ်။ အောက်ခြေအထိစာရင်းကောက်ထားတဲ့ အဲဒီလေးသန်းနီးပါးကို ထောက်ပံ့တဲ့အခါမှာ အသံတွေပြန်ကြားရတယ်။ အခုဒုတိယအကြိမ်မှာ ထောက်ပံ့ဖို့ စားရင်းကောက်တာမှာ (၅)သန်းနီးပါးရှိတယ်။ တချို့ဆိုရင်လည်း ပြည်တော်ပြန်တွေပြန်ရောက်လာမှ အကျုံးဝင်တဲ့ သူတွေလည်းပါတာပေါ့။ ကျွန်တော်တို့ပြန်စစ်တဲ့အခါမှာ အရင်(၄)သန်းနီးပါးတုန်းက မရတဲ့သူတွေဘယ်သူလဲဆိုတာ ဆွဲထုတ်ခိုင်းထားတယ်။ အဲဒီလူတွေကို ဦးစားပေးထောက်ပံ့မှာပါ” လို့ ဦးဇော်ဌေးကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက အခြေခံလူတန်းစားတွေအတွက် […]
မုန့်ဟင်းခါး ထဲ လူတိုင်းလိုလို ထည့်စားတတ်တဲ့ အကြော် ရဲ့ ကြောက်မက်ဖွယ်ရာ
မြန်မာတွေကြိုက်လှတဲ့ မုန့်ဟင်းခါး မှာ ပါတဲ့ အကြော် ဘယ်လောက်ကြောက်ဖို့ကောင်းလဲ ဒီနေ့ မြောက်ပြင်ဘက်သွားရင်း မုန့်ဟင်းခါးသည်မြင်တော့ ဗိုက်ဆာတာနဲ့ ဝင်စားမိတယ်… အရမ်းကြိုက်တာလဲ ပါတာပေါ့…. ဟယ် ကောင်းတယ် ကောင်းတယ်ဆိုပီး အကြော်ပိုလေးနဲ့ ဟင်းရည်လေးတောင် တောင်းသောက်လိုက်သေးတယ်…. အကြော်လေးကကောင်းလိုက်တာဆိုပီး အကြော် လေး ၂၀၀ဖိုး အပိုရောင်းပေးပါဆိုပီး စားမိတော့ အရမ်းကြိုက်ပီး အထုတ်ကြီး တထုတ်လောက် ထပ်ရောင်းပေးပါ လို့ ဝယ်ရော…. ဇာတ်လမ်းကအဲ့မှာစတာပဲ အပိုမရှိတာမို့ ရောင်းပေးလို့မရလို့ပါတဲ့ အာ့နဲ့ ကိုယ်တွေကလည်းကြိုက်မိရင်ဇွတ်ဆိုတော့ ပိုက်ဆံ ပေးခဲ့ပါမယ် နက်ဖြန်မှ လာယူပါ့မယ်ပြောမိရော…(သူ့အကြော်ကလည်း မွ ရွပြီး ကောင်းတာကို) ကိုယ်ပုံကြည့်ပီး ဇွတ်စားတော့မယ်ရိပ်မိသွားတဲ့ ဆိုင်ရှင်က ဘယ်လိုစားမှာလည်းတဲ့ …. ဟင် ဘာလားပေါ့… ဒီအကြော်တွေကအများကြီးစားရင် ရင်ပူတယ်တဲ့ အဲ့တော့မှ ပလပ်စတစ်ထည့်ကြော်တာနေမှာဆိုပီး လန့်သွားတာ.. […]