Month: July 2020

ရုရှားက ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးကို သြဂုတ်လ ၁၀ ရက်နေ့မှာ မှတ်ပုံတင်မယ်လို့ဆို

ရုရှားက ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးကို သြဂုတ်လ ၁၀ ရက်နေ့မှာ မှတ်ပုံတင်မယ်လို့ဆို =================================== မော်စကို၊ ဇူလိုင်လ ၃၁ ရက်။ ရုရှားနိုင်ငံဟာ Covid-19 ကာကွယ်ဆေးရှာဖွေမှုမှာ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း လာမယ့် သြဂုတ်လ ၁၀ ရက်ကနေ ၁၂ ရက်အတွင်း ဒီကာကွယ်ဆေးကို ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးအဖြစ် မှတ်ပုံတင်သွားမယ်လို့ ဆိုပါတယ်။ မှတ်ပုံတင်ပြီးသွားရင် ဒီဆေးဟာ ကမ္ဘာ့ကပ်ရောဂါအဖြစ်ရင်ဆိုင်နေရတဲ့ Covid-19 ရောဂါကူးစက်မှုမရှိအောင် ကာကွယ်နိုင်မဲ့ ပထမဆုံး ကာကွယ်ဆေးအဖြစ် ထွက်ပေါ်လာမှာဖြစ်တယ်လို့ ဒီဆေးကို ထောက်ခံထားတဲ့အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။ ဒီကာကွယ်ဆေးဟာ မော်စကိုက Gamaleya Institute နဲ့ ရုရှားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရံပုံငွေ (RDIF) တို့ ပူးပေါင်း သုတေသနပြုဖော်ထုတ်ခဲ့တာဖြစ်ပြီး တကယ်လို့ […]

အင်္ဂလန်မီဒီယာမှာ ဖော်ပြခံရတဲ့ မြန်မာ့ခါးအသေးဆုံးပိုင်ရှင် ဆုလှိုင်

မြန်မာနိုင်ငံက သဘာဝအတိုင်း ခါးအသေးဆုံးပိုင်ရှင် ဆုလှိုင်ကို အင်္ဂလန်မီဒီယာတွေမှာ အထူးအဆန်းဖော်ပြနေတယ်လို့ သိရပါတယ်။မြန်မာက ဆုလှိုင်ရဲ့ ခါးဆိုက်ဒ်ဟာ ၁၃.၇ လက်မသာရှိလို့ ကမ္ဘာ့ခါးအသေးဆုံးစာရင်းဝင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်နေပါတယ်။ အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ဆုလှိုင်ဟာ သူမရဲ့ သေးငယ်လှတဲ့ ခါးကို လူမှုကွန်ယက် Instagram ပေါ်တင်ရင်းကနေ အနောက်နိုင်ငံတွေက သတိထားမိတာဖြစ်ပါတယ်။ သူမရဲ့ခါးဟာ Photoshop နဲ့လုပ်ထားခြင်းမရှိသလို သဘာဝအတိုင်းရတဲ့ ခါးအရွယ်အစားဖြစ်တယ်လို့ သူမက ပြောပါတယ်။ အင်္ဂလန်ကျန်းမာရေးဌာနရဲ့သတ်မှတ်ချက်မှာတော့ ကျန်းမာတဲ့ခါးဆိုက်ဒ်အရွယ်အစားကို ၃၁.၅ ထက်မကျော်ဘူးလို့ သတ်မှတ်ထားပါတယ်။ “ကျွန်မရဲ့ခန္ဓာကိုယ်က ပုံမှန်အရွယ်အစားပါ။ အစားအသောက်တွေတော့ ဆင်ခြင်တာတွေရှိပါတယ်။ ထူးခြားတယ်လို့မခံစားရပါဘူး”လို့ ဆုလှိုင်က ပြောပါတယ်။ လက်ရှိကမ္ဘာ့အသေးဆုံးခါးဆိုက်ဒ်ပိုင်ရှင်က ဗြိိတိန်သူဂရန်ဂျာဖြစ်ပြီး ခါးဆိုက်ဒ် ၁၃ လက်မသာရှိပါတယ်။ သူမရဲ့ခါးဆိုက်ဒ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေရှိနေပေမယ့် အကောင်းမြင်တဲ့သူများပါတယ်။ Ref – DailyMail […]

နိုင်ငံခြားသားများ မြန်မာပြည်ဝင်ရောက်ခွင့်ပိတ်ပင်ထားမှု ဩဂုတ် ၃၁ ရက်အထိ ထပ်တိုး

မြန်မာနိုင်ငံကို လာရောက်မယ့် နိုင်ငံခြားသားခရီးသွားတွေအတွက် ပြည်ဝင်ခွင့် ယာယီ ကန့်သတ်ထားတဲ့ အစီအမံတွေ အားလုံးကို ဩဂုတ် ၃၁ ရက်အထိ ထပ်ပြီး တိုးမြှင့်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ပြည်ပကနေ ဝင်ရောက်လာနိုင်တာနဲ့ ကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ်ကနေ မြန်မာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက် ထိရောက်တဲ့ အစီအမံတွေကိုဆက်လက်ချမှတ် ဆောင်ရွက်နိုင်ဖို့ရှေးရှုပြီး တိုးမြှင့်လိုက်တာလို့ ဇူလိုင် ၃၀ ရက်မှာ ထုတ်ပြန်လိုက်တာပါ။ ဒါပေမဲ့ အရေးပေါ် အစိုးရတာဝန်နဲ့ဖြစ်စေ၊ မလွှဲမရှောင်သာတဲ့ ကိစ္စတွေကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသား သံတမန်တွေနဲ့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း ဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲမယ့် ကယ်ဆယ်ရေးလေယာဉ်တွေ၊ အထူးလေယာဉ်တွေနဲ့ လာရောက်ဖို့ရှိရင် ဗီဇာအကန့်အသတ်တွေကနေ ကင်းလွတ်ခွင့်ရဖို့ သက်ဆိုင်ရာနိုင်ငံတွေက မြန်မာသံရုံးတွေကို အကူအညီတောင်းခံနိုင်တယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာ ကာကွယ်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံအားလုံးကနေ […]

သဘာ၀ပတ်ဝန်းကျင် မထိခိုက်အောင် ဖောက်လုပ်ထားတဲ့ အဝေးပြေးလမ်း ဥမင်လှုိဏ်ခေါင်း

သဘာ၀ မထိခိုက်အောင် ဖောက်လုပ်ထားတဲ့ အဝေးပြေးလမ်း ဥမင် (Uni) ဒီဥမင်လိုဏ်ခေါင်းကတော့ ထိုင်ဝမ်နိုင်ငံမှာတည်ရှိတာဖြစ်ပြီး Xueshan နှင်းတောင် ဥမင်လို့ခေါ်ကြပါတယ်။ ထိုင်ဝမ် အမှတ် ၅လမ်းမကြီးဖြစ်ပြီး Taipei နဲ့ Yilan ကို ဆက်သွယ်ပေးထားပါတယ်။ တောင်ကိုဖြတ်ကာ ဖောက်လုပ်ထားပေမယ့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောက်လုပ်ထားပါတယ်။ ၁၉၉၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန် ၁၅နှစ် ယူခဲ့ရပါတယ်။ ဥမင်တည်ဆောက်ရေးဟာ အလွန်ခက်ခဲကြမ်းတမ်းခဲ့ပြီး လူပေါင်း ၂၅ယောက်အထိ သေဆုံးခဲ့ရပါတယ်။ ဒီဥမင်ဖောက်လုပ်ရေးမှာ ကွန်ကရစ် ၃၇၀,၀၀၀ ကုဗမီတာ ၊ ကေဘယ်ကြိုးအရှည်စုစုပေါင်း ၂၀၀၀ ကီလိုမီတာ နဲ့ လျှပ်စစ်မီးသီး အလုံး ၂၀၀၀ကျော်ကို သုံးစွဲတည်ဆောက်ထားတာဖြစ်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၂.၈၃ဘီလျံခန့် ကုန်ကျခဲ့ပါတယ်။ အသွားအပြန် လေလမ်းသွားလမ်းမကြီးတွေဖြစ်ကာ အရှည်ကတော့ […]

တစ်ကယ်လိုအပ်နေတဲ့ နေရာလေးပါ ကူညီပေးကြပါအုံး

ဒါမျိူးဆိုရင် share မလုပ်ကျဘူး Share ပေးပါ ဗျ Share လေးတစ်ချက် နဲ့စာသင်ကျောင်းလေးပြောင်းလဲသွားနိုင်ပါတယ်ဗျ တည်နေရာ-တနသာၤရီတိုင်း၊ကျွန်းစုမြိုနယ်၊ဝန်တောင်ကျေးရွာ၊မူလွန် ကျောင်းက မိုးရွာတယ့်နေ့ ၊ရေကြီးတယ့်နေ့ ဘယ်လိုမှစာသင် လို့မရပါဘူး။ တခြားနေရာတွေမှာလည်းလှူ ပါ၊မလှူနဲ့ လ့ိုမပြောပါဘူး၊ အဓိကလိုအပ်တယ့် နေရာတွေမှာလည်း လှူဒါန်းကြပါ ခင်ဗျား ကိုယ်တိုင်ကိုယ်ကျ သွားပြီး ်နိုင်သလောက်လေးလှူဒါန်း နိုင်ပါတယ် ခင်ဗျာ.. …. #N #Myeik Fb Acc,,စေတနာ လေးစားစွာcrd ပေးပါတယ်ဗျာ သဒ္ဒါ အားနည်းများမဆိုပါဝင် လှူဒါန်းနိုင်ပါတယ် ဗျာ ဒီနှစ်မှ တာဝန်ကျတယ့် ကျောင်းအုပ်တာဝန်ခံ ဆရာကိုလင်းကြူ 09253326918တာဝန်ကဆရာတွေ တတ်နိုင်သလောက်လေး ပြုပြင် ပြီး စာသင် ကြား နေပါတယ် ဗျာ ကျနော် သူငယ်ချင်း ကျောင်းအုပ်တာဝန်ခံပါ ဒီနှစ်မှတာဝန်ကျတယ့်ကျောင်းလေးပါ ခင်ဗျား.. […]

တစ်ပတ်( ၁)ကြိမ် (၃)ကြိမ်စားပြီးပါက ဆီးချိုရောဂါ အမြစ်ပြတ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်

တစ်ပတ်( ၁)ကြိမ် (၃)ကြိမ်စားပြီးပါက ဆီးချိုရောဂါ အခြေနေကို ပြန်လည်စမ်းသပ်ရန် (၆)လခွဲ စွဲစားပါက အမြစ်ပြတ်ပျောက်ကင်းကြောင်း ဖတ်ရှုရသဖြင့် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ ( နက္ခတ်တ္ထရောင်ခြည်မဂ္ဂဇင်း)ပါ ဆေးနည်း ဆေးနည်း…. ဆီးဖြူသီး (၁၀)လုံးနှင့်ငါးရံ့ (၁၀)ကျပ်သား ရောချက်စားရုံသာ (၃)ကြိမ်မျှစားရုံဖြင့် ဆီးချိုလက်တွေ့သက်သာကြောင်းတွေ့ရှိ၍ (၆)လခွဲ စွဲစားပါက အမြစ်ပြတ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အထက်ပါ ဓာတ်စာစားနေချိန် ကာလအတွင်း၌ အချိုရည်မျိုးစုံများ အချိုဓာတ်ပါရှိသောအစားအသောက်များ . အထူးသဖြင့် သရက်သီးမှည့် ပိန္နဲသီး ဒူးရင်းရှောက်ချိုသီး လိမ္မော်သီး ကျွဲကောသီး ကြက်မောက်သီးနှင့် ကောက်ညှင်းများကို ရှောင်ကြဉ်ရပါမည်။ နက္ခတ်တ္ထရောင်ခြည်မဂ္ဂဇင်း အမှတ် ၃၆၉( ဧပြီလ ၂၀၁၇)မှ ပြန်လည်ကူးယူတင်ပြပါသည် ။ Credit MyMc ============================ Zawgyi တစ်ပတ်( ၁)ကြိမ် (၃)ကြိမ်စားပြီးပါက ဆီးချိုရောဂါ […]

သခင်နဲ့လူချင်းကွဲသွားချိန်မှာ အတူသွားဖူးတဲ့ဆေးခန်းမှာ သွားထိုင်စောင့်နေခဲ့တဲ့ ခွေးလေး Khiew Ngern

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အသက် ၄/၅ လဝန်းကျင်ပဲရှိဦးမယ့် ခွေးပေါက်စလေးတစ်ကောင်ဟာ သူ့သခင်နဲ့ကွဲကွာပြီး မြို့ထဲမှာ ပျောက်သွားခဲ့ပါတယ်။ ဉာဏ်ကောင်းလွန်းတဲ့ခွေးလေးဟာ သခင်ကိုရှာမတွေ့တော့တာကြောင့် အရင်လတွေက သူရောက်ခဲ့ဖူးတဲ့ တိရိစ္ဆာန် ဆေးကုခန်း Putahracsa Veterinary Clinic ဆီကို ရောက်ရှိလာခဲ့ပါတယ်။ Image Credit: Putahracsa Veterinary Clinic Khiew Ngern လို့နာမည်ရတဲ့ ခွေးလေးဟာ အဲဒီဆေးခန်းမှာ သခင်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆေးခန်းမှာထိုင်စောင့်နေခဲ့ပါတယ်။ အဲဒီလို ခွေးလေး ဆေးခန်းအတွင်းဝင်ရောက်လာပုံကို ဆေးခန်းမှာရှိတဲ့ CCTV ကင်မရာကနေတဆင့် ဗီဒီယို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ Image Credit: Putahracsa Veterinary Clinic ခွေးလေးထိုင်စောင့်နေတာကိုလည်း ဆေးခန်းအတွင်းက ဝန်ထမ်းတွေ သတိထားမိဟန်တူပါတယ်။ အဲဒီလိုနဲ့ ဆေးခန်းကဝန်ထမ်းတွေဟာ ခွေးလေးကို ဘယ်သူဘယ်ဝါရဲ့ခွေးဆိုတာမှတ်မိသွားခဲ့ပြီး […]

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့်  အနိမ့်ပိုင်းဒေသများရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးရှောင်ပြည်သူများအား ဘေးလွတ်ရာ ယာယီ ခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့

ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းဒေသများရှိ ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးရှောင်ပြည်သူများအား ဘေးလွတ်ရာ ယာယီ ခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ မန္တလေး၊ ဇူလိုင် ၃၁ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စစ်ကိုင်းမြို့နယ်အတွင်း အေးမြဝတီ၊ ထုံးဘို၊ သောတာပန်၊ ရွာထောင်၊ ထားဝယ်ဈေးရပ်ကွက်များနှင့် တဲကြီး ၊ ကင်း၊ မအူပင်၊ စဉ့်ကိုင်၊ ရွှေလှေ၊ ပြည်‌တော်သာ ကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စု (၁,၄၅၁) စု၊ လူဦးရေ (၆၅၁၆) ဦးတို့အား ဘေးလွတ်ရာ ယာယီ ခိုလှုံရာ စခန်းများဖြစ်သည့် စစ်ကိုင်းမြို့၊ အမှတ်(၆) အခြေခံပညာမူလ တန်းကျောင်းနှင့် ဝေဠုဝန်ငါးထပ်ကြီး မြတ်စွာဘုရားအစရှိသည့်‌နေရာများသို့‌ ပြောင်းရွှေ့ပေးခဲ့ရကြောင်းသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေမြင့်တက် မှုကြောင့် ရေဘေးရှောင်ပြည်သူများအား နိုင်ငံတော်အစိုးရ၏ထောက်ပံ့မှု၊ လူမှုရေးအသင်းများ၊ ပရဟိတအသင်းများမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း […]

သတင်းစာပို့သမားဘဝမှသည် သိပ္ပံပညာရှင်၊ သမ္မတအဖြစ်သို့

(Unicode) ၁၉၃၁ခုနှစ်မှာ မွေးဖွားတဲ့လူဆင်းရဲလေး ကလာမ်ဟာ ကလေးသာသာအရွယ်လေး နဲ့ မိသားစုအတွက် ပိုက်ဆံကို အသည်းအသန်ရနိုင်ဖ့ိုသတင်းစာပို့ခဲ့တဲ့သူ ၊ အိန္ဒိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်ပြီး အနားယူတော့ ကိုယ်ပိုင်ငွေနဲ့ဝယ်တဲ့ စာအုပ်သေတ္တာ ၂လုံးပဲသယ်လာနိုင်တဲ့သူ ၊ ဘာသာတရားခွဲခြားပြီး ဟိန္ဒူတွေသာကြီးစိုးပေမဲ့ အစ္စလာမ်တစ်ယောက်ကိုသမ္မတမြောက်တော့ ပြိုင်ဘက်ပါတီတွေကတောင် ထောက်ခံရလောက်အောင်တော်တဲ့သူ ၊ ဗျက်စောင်းလေးတီး သီချင်းလေးညည်းကာ နျူကလီးယားထိပ်ဖူးတက်ဒုံးကျည်တွေဖန်တီးပြီး ငါတို့ကတော့အေးဆေးနေတာ လာတော့မစနဲ့လို့ ကမ္ဘာကိုစိန်ခေါ်ပြတဲ့သူ ၊ ကြီးမြတ်တဲ့သူတွေက ဘာသာရေးကို မိတ်ဆွေဖွဲ့ဖို့ သုံးတယ် သိမ်ဖျင်းတဲ့သူတွေက ဘာသာရေးကို တိုက်ခိုက်ဖို့အတွက် သုံးတယ် ဆိုတဲ့စကားနဲ့ ဘာသာတရားရဲ့ အဆုံးအမနဲ့ လူတွေလုပ်ရပ်ဟာ ကွဲပြားနေကြောင်းထောက်ပြတဲ့သူ ၊ ဘာသာတရားနဲ့ လူမျိုးအတန်းအစားခွဲခြားမှုတွေများပြားလွန်းတဲ့ အိန္ဒိယနိုင်ငံကို အကောင်းဆုံးဦးဆောင်ပြပြီး မိမိတို့က မတူပေမဲ့ မကွဲပြားကြောင်းကမ္ဘာကိုချပြခဲ့တဲ့သူ ၊ သမ္မတအဖြစ်အနားယူပြီး တာဝန်ထမ်းဆောင်ဖို့လုထုက တိုက်တွန်းပေမဲ့ ငြင်းဆန်ကာ […]

အိမ်အကူ ခင်မာမြင့်အား ထောင်ဒဏ်(၇)နှစ်နှင့်် ပွဲစား ဒေါ်ညိုအား ထောင်ဒဏ်(၅)နှစ်ချမှတ်

#Latest_NEWS ◾ အိမ်အကူ ခင်မာမြင့်အား ထောင်ဒဏ်(၇)နှစ်နှင့်် ပွဲစား ဒေါ်ညိုအား ထောင်ဒဏ်(၅)နှစ်ချမှတ် အိမ်အကူ ခင်မာမြင့်အား ထောင်ဒဏ်(၇)နှစ်နှင့် ပွဲစား ဒေါ်ညိုအား ထောင်ဒဏ်(၅)နှစ်ကျခံရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ယမန်နေ့ (ဇူလိုင် ၃၀ ရက်)တွင်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ အမိန့်ချမှတ်မှုနှင့်ပတ်သက်၍ ဒေါ်ညို၏ ရှေ့နေ ဦးခင်မောင်တင်က “ပုဒ်မ-၃၈၉ နဲ့ စွဲတဲ့အမှုမှာက ဒေါ်ညိုနဲ့ ခင်မာမြင့်ကို ထောင်ဒဏ် ၅ နှစ် ချပါတယ်။ ခင်မာမြင့်တစ်ဦးတည်းကို ပုဒ်မ-၂၁၁ နဲ့ စွဲတာကတော့ ထောင်ဒဏ် ၂ နှစ်ပေါ့။ စုစုပေါင်းက ခင်မာမြင့်က ထောင်ဒဏ် ၇ နှစ်၊ ဒေါ်ညိုက ထောင်ဒဏ် ၅ နှစ်ပါ”ဟု စံတော်ချိန်သို့ ပြောသည်။ တရားရုံးမှ ပြစ်ဒဏ်ချမှတ်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ အမိန့်စာ […]

Back To Top