Month: August 2020
သင့်မှာ ဒီအချက် (၄) ချက်ရှိရင် သင့်သူငယ်ချင်းကံကောင်းပါတယ်
သူငယ်ချင်းတွေဆိုတာ ဘဝမှာမရှိမဖြစ်လိုအပ်တဲ့သူတွေပါ။ ဘဝရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ အမှတ်ရစရာအဖြစ် အပျက်တွေအားလုံးမှာ သူငယ်ချင်းတွေပါဝင်နေပါတယ်။ လူတိုင်းက သူငယ်ချင်းကောင်းလိုချင်ကြပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင်သူငယ်ချင်းကောင်းဖြစ်ဖို့ အရင်ဆုံးလိုအပ်တယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ အခုပြောပြမယ့်အချက်တွေက သင့်သူငယ်ချင်းအတွက် သင်ကသူငယ်ချင်းကောင်းတယောက် ဟုတ်မဟုတ်ဆိုတာ သိနိုင်အောင်ပါ။ ဖတ်ကြည့်လိုက်ပါဦး။ (၁) သူငယ်ချင်းကောင်းတွေက နားထောင်ပေးတယ် Source : Big Ideas Kid Coaching မိတ်ဆွေကောင်းတယောက်ရဲ့ထင်ရှားတဲ့အချက်တချက်က သူငယ်ချင်းပြောတာကို ကောင်းကောင်းနား ထောင်ပေးတာပါ။ သူတို့ဘဝရဲ့အရေးကြီးအကြောင်းအရာတွေပြောတဲ့အခါ ဒါမှမဟုတ် ရင်ဖွင့်တဲ့အခါ သင့်အနေနဲ့သေချာနားထောင်ပေးဖို့ကြိုးစားသင့်ပါတယ်။ နားထောင်ပေးခြင်းက သူတို့ကိုဂရုစိုက်ရာရောက် ပါတယ်။ (၂) သူငယ်ချင်းကောင်းတွေက ရိုးသားကြတယ် Source : Pinterest ပေါင်းသင်းဆက်ဆံရေးမှာ ရိုးသားဖြောင့်မတ်တာက အကောင်းဆုံးမူဝါဒတခုလို့ပြောပါတယ်။ သင့်သူငယ်ချင်းများအပေါ်ရိုးသားမှုရှိတာက သူတို့ရဲ့ယုံကြည်မှုကိုတန်ဖိုးထားကြောင်းပြသရာရောက်ပါတယ်။ စစ်မှန်တဲ့မိတ်ဆွေတွေဟာ ခက်ခဲတဲ့အချိန်တွေမှာတောင် အမြဲတမ်းရိုးသားတတ်ကြပါတယ်။ (၃) သူငယ်ချင်းကောင်းတွေက […]
စစ်တွေမှာ ရောဂါကူးစက်နိုင်ခြေများတဲ့ လူပေါင်း ၁၂၀၀ ကို သွေးနမူနာရယူစစ်ဆေးမယ်
‌သွေးနမူနာရယူစစ်ဆေးမှုကို သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၅ ရက်နေ့အထိလုပ်ဆောင်သွားမှာပါ။ စစ်တွေမှာ ပြည်တွင်းကူးစက်မှု အခြေအနေကို သိရှိနိုင်ဖို့ ရောဂါကူးစက်နိုင်ခြေများတဲ့ လူအုပ်စုတွေကို အဓိကထားပြီး သွေးနမူနာရယူစစ်ဆေးနေပြီလို့ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ရောဂါကူးစက်နိုင်ခြေများပြီး အများပြည်သူနဲ့ ထိစပ် လုပ်ကိုင်နေရတဲ့ နေရာတွေဖြစ်တဲ့ ဆေးရုံ၊ IDP စခန်း၊ စစ်ဘေးရှောင်စခန်း၊ ဆေးခန်း၊ ဈေး၊ ဘဏ် ၊ကိုဗစ်အတည်ပြုလူနာတွေ့ရှိတဲ့ ရပ်ကွက်တွေ၊ အစိုးရဝန်ထမ်းတွေကို အဓိက စစ်ဆေးမှာဖြစ်ပြီး လူပေါင်း ၁၂၀၀ ကို သွေးနမူနာရယူစစ်ဆေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့ သြဂုတ်လ ၃၁ ရက်ကစတင်ကာ သွေးနမူနာရယူစစ်ဆေးနေပြီး ပြည်နယ်ကျန်းမာရေးဌာနက ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံဝန်ထမ်းတွေ စုစုပေါင်း အယောက် ၂၆၀ ကိုတော့ ဒီကနေ့မှာ စစ်ဆေးခဲ့တယ်လို့ ရခိုင်ပြည်နယ်၊ […]
လ.ဝ.က သန်းခေါင်းစာရင်း အစီအရင်ခံစာအရ မြန်မာနိုင်ငံတွင် အမျိုးသားဦးရေ ကျဆင်းလာနေ
လ.ဝ.က လူဦးရေသန်းခေါင်းစာရင်း အစီအရင်ခံစာအရ မြန်မာနိုင်ငံတွင် အမျိုးသားဦးရေ ကျဆင်းလာနေ… မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၄ ဒသမ ၇၆၈ သန်းလောက်ရှိပြီး အမျိုးသားဦးရေ ကျဆင်းနေတယ်လို့ ဒီကနေ့ ဩဂုတ် ၃၁ ရက်မှာထုတ်ပြန်တဲ့ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်း ရှေ့ပြေးအစီရင်ခံစာအရ သိရပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၃ ခုနှစ်က ကောက်ယူခဲ့တဲ့ လူဦးရေသန်းခေါင်းစာရင်းအရ အမျိုးသမီး ၁၀၀ ဦးမှာ အမျိုးသား ၉၈ ဦးနှုန်းရှိပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်လူ ဦးရေသန်းခေါင်းစာရင်း အရတော့ အမျိုးသမီး ၁၀၀ ဦးမှာ အမျိုးသား ၉၃ ဦးနှုန်းနဲ့ ကျဆင်းသွားခဲ့ပါတယ်။ အခု ၂၀၁၉ ကြားဖြတ်သန်းခေါင်းစာရင်းမှာတော့ အမျိုးသမီး ၁၀၀ ဦးမှာ ၊ အမျိုးသား ၈၈ ဦးနှုန်းအထိဆက်လက် […]
နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူရင် နာလား
အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်ယူရင်သေအောင်နာမယ်ဆိုတာမဟုတ်ပါ။ နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်တွေယူဖို့လိုသူတွေကို သေအောင် နာမယ်ဆိုပြီး ကြောက်လန့်အောင်ပြောထားတာတွေရှိတော့ အကြောက်လွန်နေကြပါတယ်။ လူတွေမှာလည်း ငါတို့တော့ ဒီအချောင်းကြီး နှာခေါင်းတဆုံးထိုးခံရ၊ ဒုက္ခအမျိုးမျိုး ခံရတော့မှာပဲဆိုတဲ့စိတ်နဲ့ အော်ဟစ်၊ ကြောက်လန့် တာမျိုးတွေ ရှိပါမယ်။ တချို့ဆို ငိုယိုကြတယ်။ အဲတော့ အဲ့လိုအလုပ်မခံရအောင် Q မဝင်ရဲတော့ပါဘူး။ Q ဝင်ရမှာကြောက်လာရင် ရှောင်ပုန်းတာ တွေ ရှိလာနိုင်ပါတယ်။ အဲဒါဆိုရင် ပြည်သူတွေ ဒုက္ခရောက်နိုင်ပါတယ်။ တို့ဖတ်ယူတဲ့ဝန်ထမ်းတွေလည်း ဒုက္ခများပါတယ်။ ဘယ်လိုပဲ မနာပါဘူးပြောပေမယ့် တို့ဖတ်တံကိုင်လိုက်တာနဲ့ သံသယလူနာက ကြောက်နေပါပြီ။ ကြောက်တော့ ရုန်းတယ်။ တို့ဖတ်ယူ ဝန်ထမ်းတွေကို လက်နဲ့ပုတ်ထုတ်တယ်။တွန်းလွှတ်တယ်။ PPE ဝတ်စုံထဲကနေ ချွေးတရွှဲရွှဲ စောင့်နေရတဲ့ တို့ဖတ်ယူဝန်ထမ်းတွေအတွက်အတော်ကိုစိတ်ညစ်စရာပါ။ သေချာမသိဘဲ ထင်ရာပြောကြတော့ နှစ်ဖက်လုံးဒုက္ခများကုန်ကြပါတယ်။ တို့ဖတ်ယူတာ လွယ်ကူတဲ့လုပ်ငန်းစဥ်ပါ ခါးလေးကို မတ်ပြီး ထိုင်လိုက်ပါ။ […]
မကြာခဏ ခေါင်းကိုက်တတ်သူတွေအတွက် အလွယ်တကူလုပ်လို့ရတဲ့ အိမ်တွင်းဆေးနည်းများ
မကြာခဏ ခေါင်းကိုက်တတ်သူတွေအတွက် အလွယ်တကူလုပ်လို့ရတဲ့ အိမ်တွင်းဆေးနည်းများ ခေါင်းကိုက်တာက တော်တော်လေးကို ခံရခက်စေတဲ့ ဝေဒနာတစ်ရပ်ပါ။ အချို့က တော်ရုံတန်ရုံ ခေါင်းမကိုက်တတ်ကြပေမယ့် ခေါင်းကိုက်ရင်ခံရခက်ပါတယ်ဆိုတဲ့သူတွေကပဲ ပိုပြီးခေါင်းကိုက်လေ့ရှိပါတယ်။ အဲ့ဒီလိုတွေကြုံလာရပြီဆိုရင် နေထိုင်မကောင်းဖြစ်လာမယ်၊ စိတ်လက်မကြည်မလင်ဖြစ်လာပြီး ကိုယ့်ရဲ့နေ့စဉ်လုပ်စရာကိစ္စတွေကိုပါ ထိခိုက်စေပါလိမ့်မယ်။ အဲ့ဒါကြောင့်လည်း ဒီနေ့မှာခေါင်းကိုက်တတ်တဲ့သူတွေအတွက် အိမ်မှာပဲလွယ်လင့်တကူကုသနိုင်ဖို့ အိမ်တွင်းဆေးနည်းတွေကို တင်ဆက်ပေးလိုက်ရပါတယ်။ မနက်နိုးနိုးချင်း ခေါင်းကိုက်တဲ့အခါ – မနက်အိပ်ရာနိုးနိုးချင်း ခေါင်းကိုက်တဲ့အခါ ပန်းသီးစိတ်ကို ဆားအနည်းငယ်နဲ့တို့စားပေးပြီး အဲ့ဒီနောက်မှာ ရေနွေးသောက်ပေးတာကလည်း ခေါင်းကိုက်ဝေဒနာကို သိသိသာသာပျောက်ကင်းစေနိုင်ပါတယ်။ နောက်ထပ်နည်းလမ်းအနေနဲ့ ပန်းသီးအရသာနဲ့ cider vinegar ကို ရေတစ်ခွက်၊ ပျားရည်နဲ့ သံပုရာရည်ရောစပ်ပြီး တစ်နေ့ကို (၂) ခွက်ကနေ (၃) ခွက်အထိ သောက်သုံးပေးသင့်ပါတယ်။ အပူအအေးဓာတ်ဖြင့် ကုသပေးပါ။ – ကိုယ့်ရဲ့ နောက်ကျောကို ရေခဲအိတ်ကပ်ပေးတာက ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို […]
ကိုယ့်ရဲ့အတ္တတွေကို ခဏဘေးဖယ်ပြီး ပူပေါင်းပါဝင်ဖို့လိုနေတဲ့ မြန်မာပြည် ကိုဗစ်ကပ်ရောဂါ အခြေအနေ
ကိုယ့်ရဲ့အတ္တတွေကို ခဏဘေးဖယ်ပြီး ပူပေါင်းပါဝင်ဖို့လိုနေတဲ့ မြန်မာပြည် ကိုဗစ်ကပ်ရောဂါ အရေးကြီး အခြေအနေ… ရခိုင်မှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ် ရောဂါကို တတ်နိုင်သလောက် ကြိုးစားကုသပေးနေပါတယ်။ အဲဒီအထဲမှာမှ အသက်အရွယ်ကြီးမြင့်တဲ့ ရောဂါအခံရှိတဲ့ လူနာ ၃ ဦးရဲ့ အနေအထားကတော့ ပြင်းထန်မှုရှိပါတယ်။ ဖိလစ်ပိုင်မှာ တနေ့ထဲ လူ ၄၀၀၀ ကျော် ကူးစက်ပီး ၁၀၀ ကျော် သေဆုံးသလို အင်ဒိုနီးရှားမှာလဲ တရက်ထဲ လူ ၂၀၀၀ ကျော် ကူးစက်ပီး သေဆုံးသူတွေ ရှိပါတယ်။ ဒါကြောင့် ဒီရောဂါကို လုံး၀ ပေါ့ဆလို့ မရသေးပါဘူး။ အာဆီယံဒေသကို တဖန်ပြန်လည်ရိုက်ခတ်နေလို့ သတိပြုရမှာပါ။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ စစ်တွေတက္ကသိုလ်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်တွေကို ယာယီဆေးရုံတွေအဖြစ် ပြောင်းလဲဖို့ စီစဉ်နေပါတယ်။ ဒီနေ့မှာတော့ ရခိုင်ပြည်နယ်က […]
တစ်ဦးတည်း ဒုက္ခပင်လယ်ဝေနေတဲ့ သုံးခွမြို့က အမေအိုကို ကူညီပေးကြပါ သနားလိုက်တာဗျာ
တစ်ဦးတည်း ဒုက္ခပင်လယ်ဝေနေတဲ့ သုံးခွမြို့က အမေအို ဖြစ်ပါတယ်မကူညီနိုင်ရင်တောင် ကျေးဇူးပြုပြီး Share ပေးခဲ့ကြပါနော်… သုံးခွမှာ တကယ် ဒုက္ခရောက်ပြီး ဆင်းရဲနေရှာတဲ့ အမေအိုကြီးတွေပါ ကူညီနိုင်တဲ့ သူတွေကူညီပေးကြဖို့လေးစားစွာ မေတ္တာရပ်ခံ တောင်းဆိုပါရစေခင်ဗျာ… သစ္စာလမ်းသွယ် ၃ ၊ ၁ရပ်ကွက်ကပါ) အလိမ်အညာတွေ မဟုတ်ပါဘူး။တကယ်ဒုက္ခ ရောက်နေလို့ ကူညီနိုင်တဲ့ မိတ်ဆွေတွေ သိအောင် မျှဝေပေးတာပါ။ Writer ; Kwee (Jeeptoolay) Source ; Original Uploader တစ်ဦးတည်း ဒုက္ခပင်လယ်ဝေနေတဲ့ သုံးခွမြို့က အမေအို ဖြစ်ပါတယ်မကူညီနိုင်ရင်တောင် ကျေးဇူးပြုပြီး Share ပေးခဲ့ကြပါနော်… သုံးခွမှာ တကယ် ဒုက္ခရောက်ပြီး ဆင်းရဲနေရှာတဲ့ အမေအိုကြီးတွေပါ ကူညီနိုင်တဲ့ သူတွေကူညီပေးကြဖို့လေးစားစွာ မေတ္တာရပ်ခံ တောင်းဆိုပါရစေခင်ဗျာ… သစ္စာလမ်းသွယ် ၃ […]
မြန်မာပြည် အလယ်ပိုင်း မိုးနဲရပ်ဝန်းကြီးအတွက် မိုးတွေစောင့်မျှော်နေကြသူများအတွက် သတင်းကောင်း
တာမွေက လူနာအမှတ် (၇၃၆) သည် ရောဂါလက္ခဏာမပြမီ အိမ်တွင် ဘုန်းကြီးဆွမ်းကပ်၍ အလှူလုပ်ခဲ့
တာမွေမြို့နယ်၊ ကျောက်မြောင်း မြို့သစ် ၁ လမ်းတွင်နေထိုင်သော ကိုဗစ်လူနာအမှတ် (၇၃၆) သည် ရောဂါလက္ခဏာမပြခင် ၅ ရက်အလိုတွင် ၎င်း၏အိမ်၌ ဘုန်းကြီးဆွမ်းကပ်၍ အလှူလုပ်ခဲ့ကြောင်း တာမွေမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။ အဆိုပါလူနာသည် သြဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ်မှ ပြန်လာခြင်းဖြစ်ပြီး လွန်ခဲ့သည် ၃ ရက်ခန့် မှ တာဝန်ရှိသူများထံ သတင်းပေးအကြောင်းကြားခဲ့သောကြောင့် ၎င်းကို Home Quarantine နေထိုင်စေကာ တို့ဖတ်နမူနာယူ၍ သြဂုတ်လ ၂၉ ရက်စစ်ဆေးမှုတွင်ပါဝင်ခဲ့ပြီး သြဂုတ်လ ၃၀ ရက်နံနက်ပိုင်းတွင် ရောဂါပိုးရှိသူ အတည်ပြုလူနာအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိတွင် ၎င်းနေထိုင်ရာ တိုက် နှင့် ၎င်းနှင့်ထိစပ်ခဲ့သူများကို Home […]
ကျောင်းဆရာ ၂ဦး ဦးဆောင်ပြီးတော့ လမ်းဘေး၊ တဲထိုး၊ ညအိပ် ကိုယ်ထူကိုယ်ထ ကားလမ်း ဖောက်တဲ့ရွာ
ကျောင်းဆရာ ၂ဦး ဦးဆောင်ပြီးတော့ လမ်းဘေး၊ တဲထိုး၊ ညအိပ် ကိုယ်ထူကိုယ်ထ ကားလမ်း ဖောက်တဲ့ရွာ လွယ်ပတ်ရွာဟာ အိမ်ရှည်တွေနဲ့ အရမ်းကို သာယာလှပတဲ့ ရွာလေးဖြစ်ပါတယ်။အရင်တုန်းကတော့ ပြင်ပ ကမ္ဘာတစ်ခုလိုပေါ့။ သူစိမ်းလာရင် ထွက်ပြေးတာကို တန်းနေတာပဲ။ကားလမ်းမရှိ ဆိုင်ကယ်လမ်းမရှိ။ တောလမ်းဘဲ။ အဲရွာသွားရောက်ဖို့ နာရီများစွာ လမ်းလျှောက်ရတယ်။အခု အဲရွာမှာ လွန်ခဲ့တဲ့ ၂နှစ်က ကိုယ်ထူကိုယ်ထကျောင်းစဖွင့်တယ်။ အဲကတည်းက ရွာသားတွေဟာ လူ့ကမ္ဘာထဲ ပြန်ရောက်လာတယ် ပြောရမယ်။ကျောင်းဆရာ ၂ဦးက ဦးဆောင်ပြီးတော့ ဆိုင်ကယ်လမ်း စဖောက်တယ်။ အဲ့နောက် အဲရွာကို ကျွန်တော်တို့ တစ်တွေ ဆိုင်ကယ်တွေနဲ့ ရွာထိမောင်းလာတယ်။ သူ့တို့အတွက် တအံ့တဩပေါ့။ရွာလေးက သာယာတယ်၊ လှတယ်၊ ရွာသားတွေကလည်း ဆက်ဆံရေး အလွန်ကောင်းတော့ အလှူရှင်တွေရော လာရောက်လည်ချင်သူတွေကလည်း များတယ်။အဲ့တော့ ကားလမ်းပေါက်ဖို့လိုတယ်။ ကျောင်းဆရာက […]
Back To Top