Month: September 2020
မြူးဇစ်ဇုန်ကေတီဗီ ပိုင်ရှင်နဲ့ မန်နေဂျာကို အမှုဖွင့်လိုက်ပါပြီ
ရန်ကုန်ကိုဗစ်ကို အပြီးတိုက်ရန်အတွက် ကရင်ပြည်နယ် မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ (၂၀) ဦးလာရောက်ကူညီ
ရန်ကုန်ကိုဗစ်ကို အပြီးတိုက်ရန်အတွက် ကရင်ပြည်နယ် မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ (၂၀) ဦးလာရောက်ကူညီ ———————— စက်တင်ဘာ ၃၀ ရန်ကုန်ကိုဗစ်ကို အပြီးတိုက်ရန်အတွက် ကရင်ပြည်နယ် မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ (၂၀) ဦးသည် လာရောက်ကူညီဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ကုသရေးဌာန(ဒဂုံတောင်ပိုင်း)တွင် တာဝန်ထမ်းဆောင်ရန် အတွက် ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ (၂၀) ဦးသည် ယနေ့၊ နံနက်ပိုင်းက ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြကြောင်းသိရပါတယ်။ #MyanmaPlatform #News #Domestic, ##################### ရန်ကုန်ကိုဗစ်ကို အပြီးတိုက်ရန်အတွက် ကရင်ပြည်နယ် မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ (၂၀) ဦးလာရောက်ကူညီ ———————— စက်တင်ဘာ […]
စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းအတွက် သိန်းတစ်ထောင်လှူပေးခဲ့တဲ့ ဦးဇော်ဇော်ကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ဖိုးချစ်
စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းရဲ့ ဥက္ကဌဖြစ်သူ ဖိုးချစ်ကတော့ ဒီနေ့မှာ သူ့ရဲ့အသင်းအတွက် ဝမ်းသာစရာသတင်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ ကိုဗစ်ကာလအခက်အခဲတွေကြောင့် မြန်မာနေရှင်နယ်လိခ် ဘောလုံးအသင်းတွေထဲက နှစ်သင်းကတော့ ပထမရာသီအပြီးမှာပဲ ဖျက်သိမ်းလိုက်တာကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဖိုးချစ်ကတော့ သူကိုယ်တိုင်လည်း ဘောလုံးဝါသနာရှင်တစ်ယောက်ဖြစ်ရုံသာမက မြန်မာ့ဘောလုံးလောကကို တိုးတက်စေချင်တဲ့စိတ်နဲ့ စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းကို တည်ထောင်ထားပေမယ့်လည်း လတ်တလောကိုဗစ်ကာလမှာ အသင်းရပ်တည်ဖို့ ခက်ခဲနေတာကြောင့် ဦးဇော်ဇော်က လှူဒါန်းပေးခဲ့တာဖြစ်ကြောင်း မျှဝေလာပါတယ်။ “Covid-19 ကာလတွင် အခက်အခဲရှိသော စစ်ကိုင်းယူနိုက်တက်ဘောလုံးအသင်းအား Max Energy မှ ကျပ်သိန်းတစ်ထောင် ကူညီပေးပါသောကြောင့် ဥက္ကဌ ဦးဇော်ဇော်နှင့်တကွ Max Energy မိသားစုအား အထူးပင်ကျေးဇူးတင် အပ်ပါသည်ခင်ဗျာ…. ဆထက်ထမ်းပိုး အများအကျိုးရွက်ဆောင်နိုင်ပါစေ…. ကျေးဇူး ဦးဇော်” ဆိုပြီး ဦးဇော်ဇော်ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဦးဇော်ဇော်ကတော့ မြန်မာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ဥက္ကဌတစ်ယောက်ဖြစ်သလို မြန်မာ့ဘောလုံးလောကရဲ့အရေးကိစ္စမှန်သမျှကို လူအား၊ငွေအားစိုက်ထုတ်ပြီး […]
ကျောင်းစာကို အလွတ်ကျက်ပြီး ဖြေဆိုခြင်းဟာ စာကူးချပြီး ဖြေဆိုခြင်းနဲ့ တူတူပါပဲ
ကျောင်းစာကို အလွတ်ကျက်ပြီးဖြေဆိုခြင်းဟာ စာကူးချပြီးဖြေဆိုခြင်းနဲ့ တူတယ်လို့ ယူဆပါတယ်.. ကိုယ်တို့ကျောင်းပြန်ဖွင့်လို့ ကျောင်းသားတွေ ရောက်လာကြပြီ။ စာသင်တာ မစခင် ပထမဆုံး ရှင်းရမဲ့ ဇတ်လမ်းအတွက် ပြင်ဆင်ရင်း အဲဒီအကြောင်းလေး ပြောပြချင်တယ်။ အမှုက စာကို အလွတ်ကျက်ပြီး ဖြေမှု။ ကျောင်းသားက အလွတ်ကျက် ဖြေတာ အပြစ်လား မေးရင် ဟုတ်တယ်လို့ဘဲ ပြောရမှာ။ ကိုယ်ရှင်းပြပါ့မယ်။ ကိုယ်တို့ မြန်မာတွေတင်မက အာရှက ကျောင်းသားတွေနဲ့ သိပ်မရင်းနှီးသေးတဲ့ ပညာရေးလောက က အမှုတစ်ခုပေါ့။ အင်္ဂလိပ်လိုတော့ Plagiarism (ပလေဂျီရာရစ်ဒ်ဇင်မ်) လို့ ခေါ်တယ်။ တိုက်ရိုက် ဘာသာပြန်ရင်တော့ ခိုးယူကူးချခြင်းလို့ အဓိပ္ပါယ်ရမယ် ထင်တယ်။ (အခုရေးနေတဲ့ စာလေးမှာ “ပီ” လို့ အတိုခေါက် ခေါ်ပြီး ဆက်ရေးပါမယ်။) “ပီ” ရဲ့ […]
စင်္ကာပူကို ကျော်တာ မကျော်တာ စိတ်မဝင်စားဘူး အစိုးရကျေးဇူကိုတော့ နားလည်တယ်ဆိုတဲ့ ကိုဗစ်လူနာ
ဖောင်ကြီးမှာ ကုသမှုခံနေတဲ့ ညီမလေးတစ်ယောက် ရေးထားတာပါ။ စင်္ကာပူကို ကျော်တာ မကျော်တာ သူစိတ်မဝင်စားဘူးတဲ့.. သူစိတ်ဝင်စားတာက.. နိုင်ငံတော်ကကျွေးတဲ့ ထမင်း… ဒီအစိုးရဟာ ကျွန်တော့် အပေါ်မှာ အများကြီးကျေးဇူးရှိသွားပြီ.. အပြင်မှာ ပုစွန်ဟင်းတစ်ပွဲဘယ်လောက်လဲ… တစ်ဗူးကို ၁၅၀၀ ပဲထား ၃ နပ်စာ တရက်ကို ၄၅၀၀ လူတစ်ဦးကို စုစုပေါင်း ၁၁ ရက် ၄၉၅၀၀ ကျပ်တိတိ နိုင်ငံတော်ဘဏ္ဍာသုံးစွဲတယ် ဒီပိုက်ဆံတွေဟာ ဘယ်ကရသလဲ.. ခင်ဗျားတို့ သိပ်များလှပါတယ်လို့ ညည်းနေတဲ့ အခွန်တွေဆီကပဲ… ပြည်သူပိုက်ဆံ ပြည်သူဆီကိုပြန်ရောက်တဲ့အစိုးရ… အဲ့ဒီတော့ သူဌေးတွေလည်း ဒီအစိုးရကိုယုံတယ်ဆိုရင် အခွန်တွေလည်းမရှောင်ကြပါနဲ့လို့… စင်္ကာပူကိုကျော်တာမကျော်တာတော့ ကျွန်တော်စိတ်မဝင်စားဘူး ပြည်သူတွေ အခက်အခဲဖြစ်နေချိန် ဒုက္ခကျရောက်နေချိန်မှာ လက်ပိုက်ကြည့်မနေတဲ့ အစိုးရနဲ့ ပြည်သူတွေကို တမင်ဒုက္ခပေးတဲ့ အစိုးရနဲ့ ဘယ်အစိုးရရွေးမလဲဆိုရင်တော့ ကျွန်တော်ကတော့ရှင်းပါတယ်…. […]
သစ်တောများ ပြန်လည်တည်ထောင်ရေးအတွက် (၁၀)နှစ်အတွင်း ဒေါ်လာသန်း (၅၀၀) အသုံးပြုမည်
သစ်တောများ ပြန်လည်တည်ထောင်ရေးအတွက် (၁၀)နှစ်အတွင်း ဒေါ်လာသန်း (၅၀၀) အသုံးပြုမည်ဟု ဝန်ကြီးပြောကြား.. အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပသည့် (၇၅) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ High-level Week အတွင်း ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိပ်သီးအစည်းအဝေး (Summit on Biodiversity) ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။ Video-recorded Statement တွင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းက လူသားများသည် ကမ္ဘာပေါ်ရှိ ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲ များနှင့် ၎င်းတို့မှ ထွက်ရှိသည့် ပစ္စည်းများအပေါ် မှီခိုနေထိုင်ကြလျက်ရှိရာ ဇီဝ မျိုးစုံမျိုးကွဲများသည် အလျင်အမြန် ကျဆင်းလျက်ရှိကြောင်း၊ အကျိုးဆက်အနေဖြင့် ဂေဟစနစ်ဝန်ဆောင်မှုများ ဆုံးရှုံး လျက်ရှိကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုများ ဆုံးရှုံးပျောက်ကွယ်မှုကြောင့် ရာသီဉတု ပြောင်းလဲမှုနှင့် […]
ကမ္ဘောဇဘဏ်ကဦးဆောင်၍ ငွေကျပ် သိန်း (၇၀၀၀) ကနဦးမတည်လှူဒါန်းသည့် အင်းယားလိတ်ကိုဗစ်စင်တာ စတင်တည်ဆောက်
ကမ္ဘောဇဘဏ်ကဦးဆောင်၍ ငွေကျပ် သိန်း (၇၀၀၀) ကနဦးမတည်လှူဒါန်းသည့် အင်းယားလိတ်ကိုဗစ်စင်တာ စတင်တည်ဆောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ကုသရေးအတွက် ကမ္ဘောဇဘဏ်က ဦးဆောင်၍ ငွေကျပ်သိန်း (၇၀၀၀) ကနဦးမတည်ကာ ကုတင် (၅၀၀) ပါဝင်သည့် အင်းယားလိတ်ကိုဗစ်စင်တာကို Yangon Convention Center (YCC) တွင် စတင်တည်ဆောက်လျက်ရှိပါသည်။ COVID-19 ကူးစက်လူနာ (၅၀၀) ဦးအထိ လက်ခံကုသပေးမည့် အင်းယားလိတ်ကိုဗစ်စင်တာတည်ဆောက်ရေးအတွက် ကမ္ဘောဇဘဏ်က ငွေကျပ် သိန်း (၇၀၀၀) ဦးဆောင်မတည်ထားပြီး ရွှေသံလွင်ကုမ္ပဏီ (Skynet) မှလည်း ငွေကျပ် သိန်း (၃၀၀၀) ထည့်ဝင် လှူဒါန်းထားပါသည်။ ယခုစင်တာကို (၁၀) ရက်အတွင်းပြီးစီးနိုင်ရန် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ စီမံချက်ရေးဆွဲကာ ဆောင်ရွက်လျက်ရှိပြီး […]
ထပ်ဆင့်အကယ်ဒမီမို့မို့မြင့်အောင်၏ မိခင်ကွယ်လွန်
ထပ်ဆင့်အကယ်ဒမီမို့မို့မြင့်အောင်၏မိခင်ကွယ်လွန် =============================== ရုပ်ရှင်မင်းသားကြီး အကယ်ဒမီ ဦးမြင့်အောင်၏ဇနီး၊ ထပ်ဆင့်အကယ် ဒမီ မင်းသမီး မို့မို့မြင့်အောင်၏မိခင်ကြီး အသက် ၉၉ နှစ်အရွယ် ဒေါ်သန်းရင် သည် ယနေ့ မွန်းလွဲပိုင်းက လူကြီးရောဂါဖြင့်ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်က လုပ်ဖော်ကိုင်ဖက်အနုပညာရှင်များနှင့် ပရိသတ်များအား သူ့မိခင်ကွယ်လွန်သွားသည့်အကြောင်းကို လူမှုကွန်ရက်က အသိပေးထားခြင်း ဖြစ်သည်။ ” မို့ ကြေကွဲစွာခံစားနေရပါတယ်။ မို့ မိခင်ကြီး အသက်(၉၉)နှစ် ၃၀-၉-၂၀၂၀ နေ့လယ် ၁ နာရီ ၅မိနစ်မှာ လူကြီးရောဂါဖြင့် ကွယ်လွန် သွားပါပြီ။ မို့ ခံစားနေရသလို သဲသဲတုန်လေးတွေလည်း ခံစားနေရမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမဲ့ မနက်ဖြန် ဖွားမာမီရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ကြပါနဲ့ မို့ အများကြီးနားလည်မှုရှိပါတယ်။ Covid နဲ့ Lockdown […]
မုံရွာမြို့ရှိ လူစည်ကားသော နေရာများတွင် သေမင်းရုပ်ဖြင့် Mask ကို စနစ်တကျ တပ်ရန် လှုံ့ဆော် သတိပေးနေ
မုံရွာမြို့ရှိ လူစည်ကားသော နေရာများတွင် သေမင်းရုပ်ဖြင့် Mask ကို စနစ်တကျ တပ်ရန် လှုံ့ဆော် သတိပေးနေ =========================== စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ လူစည်ကားသော နေရာများတွင် သေမင်းအရုပ် ဖြင့် Mask ကို စနစ်တကျ တပ်ရန် အတွက် လှုံ့ဆော် သတိပေးနေပြီး အောင်မြင်မှု ရနေကြောင်း Save Monywa အဖွဲ့ ထံက စက်တင်ဘာလ ၃၀ ရက်တွင် သိရသည်။ လက်တလောတွင် သေမင်းအရုပ် နှင့် အတူ လက်ကိုင် အသံချဲ့စက် ကို ထားရှိကာ Mask မတပ်လျှင် ခေါ်သွားမည် ဖြစ်ကြောင်းကို သေမင်းက သတိပေးသည့် သဘောမျိုးဖြင့် ပြောသည့် အသံကို သွင်းပြီး ထားခြင်း ဖြစ်ကြောင်း သိရသည်။ […]
အင်းစိန်ရှိ ဓမ္မဝါဒီစာသင်တိုက်မှ သီလရှင်အပါး ၃၀ တွင် ကိုဗစ်ရောဂါပိုးထပ်မံတွေ့
အင်းစိန်ရှိ ဓမ္မဝါဒီစာသင်တိုက်မှ သီလရှင်အပါး ၃၀ တွင် ကိုဗစ်ရောဂါပိုးထပ်မံတွေ့ ———————— အင်းစိန်၊ စက်တင်ဘာ ၃၀။ အင်းစိန်မြို့နယ်အတွင်းရှိ ဓမ္မဝါဒီသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာလေးအပါး ၃၀အထိ ကိုဗစ်ရောဂါပိုး တွေ့ရှိထားတယ်လို့ စာသင်တိုက်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ အဆိုပါဓမ္မဝါဒီသီလရှင်စာသင်တိုက်မှ သီလရှင်ဆရာလေးစုစုပေါင်း ၆၈ပါးကို ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရာက သီလရှင်အပါး ၃၀မှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့သည် စက်တင်ဘာလ ၂၇ရက်နေ့ ညပိုင်းထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ်မှာ ကိုဗစ်လူနာသစ် ၁၂ဦး တွေ့ရှိခဲ့ရာမှာ ဓမ္မဝါဒီသီလရှင်စာသင်တိုက်မှ ဆရာလေး ၆ပါး ပါဝင်ခဲ့ပါတယ်။ ထိုသို့ စာသင်တိုက်မှာ ကိုဗစ်ပိုးတွေ့မှုရှိသည့် ဆရာလေး ၆ပါးနဲ့ထိတွေ့ခဲ့သည့် သီလရှင်ဆရာလေးများကို ပိုး စစ်ဆေးခဲ့ရာမှာ တွေ့ရှိခဲ့တယ်လို့ ယနေ့ နေ့လည်ပိုင်းအချိန်မှာ စာသင်တိုက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ #MyanmaPlatform #News […]
Back To Top