ရုပ်ရှင် အစည်းအရုံး ထောက်ပံ့ငွေ မရလို့ စိတ်မကောင်းဖြစ်နေတဲ့ လူရွှင်တော်ကြီး ဦးတိမ်ညွှန့်
ရုပ်ရှင် အစည်းအရုံး ထောက်ပံ့ငွေ မရလို့ စိတ်မကောင်းဖြစ်နေတဲ့ လူရွှင်တော်ကြီး ဦးတိမ်ညွှန့် ရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ပေးသည့် အလှူငွေ သုံးသောင်းမရသောကြောင့် စိတ်မကောင်းဖြစ်ရကြောင်း ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးတိမ်ညွန့်က ပြောသည်။ “အရင်ပစ္စည်းတွေ ထောက်ပံ့ရင်လည်း အိမ်က ချေွးမက ကိုယ်စားသွားယူပေးတယ်။ ဒီတစ်ခါတော့ ကိုယ်တိုင်မလာနိုင်ရင် မလာပါနဲ့၊ Wave က လွှဲပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့။ ကုန်ကျစရိတ်တွေလည်း နုတ်ထား ပါ။ ရသလောက် ယူပါ့မယ်ပေါ့။ ၂၆ ရက်နေ့က ဖုန်းဆက်တော့ အလုပ်ရှုပ်နေလို့တဲ့၊ ၂၉ ရက်နေ့မှာဆက်တော့ ငွေမရတော့ဘူး တဲ့” ဟု ဦးတိမ်ညွန့်က ပြောသည်။ အလှူငွေမရသဖြင့် စိတ်မကောင်းဖြစ်ရသော်လည်း ရုပ်ရှင်အစည်းအရုံးဘက်က အခက်အခဲရှိသောကြောင့်ဟု ယူဆ၍ အပြစ်မတင်လိုကြောင်း ၎င်းက ဆိုသည်။ ဦးတိမ်ညွန့်သည်ဇနီးဖြစ်သူ၊ ကျန်းမာရေး မကောင်းသည့် […]
ဘယ်ကစားသမားမှ သူလှဲချတာကို မခံနိုင်ဘူးဆိုတဲ့ ချန်ပီယံ ဒီရစ်ဒါ
အောင်လန်အန်ဆန်ကို အနိုင်ယူပြီး ဝမ်း မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တဲ့ ဒီရစ်ဒါက ဘယ်ကစားသမားမှ သူလှဲချတာကို မခံနိုင်ကြောင်း ပွဲအပြီးအင်တာဗျူးမှာ ကြုံးဝါးပြောဆိုလိုက်ပါတယ် ။ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါဟာ အောင်လန်အဆန်ကို ပထမအချီမှာပဲ ဂျူဂျစ်ဆု ချုပ်ကွက်ဖြင့် အနိုင်ယူပြီး One Championship ရဲ့ ၄ ယောက်မြောက် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ပါတယ် ။ ဒီရစ်ဒါက “ကျွန်တော်ပြောခဲ့တဲ့အတိုင်းဖြစ်သွားခဲ့တာပါ ၊ ဘယ်သူ့ကိုမဆို ကျွန်တော်လှဲချနိုင်တယ် ၊ ဘယ်သူကို မဆိုချုပ်ပြိး အနိုင်ယူနိုင်တယ် ၊ အောင်လ နဲ့ ပြိုင်ရတာ ဂုဏ်ယူပါတယ် ။ အကောင်းဆုံးလူဆီက သရဖူကို ယူရတာပါ ၊ သူမကြာခင် လေ့ကျင့်ရေးကွင်းထဲပြန်ရောက်ပြီး ဂျုဂျစ်ဆို သေချာလေ့ကျင့်နိုင်ပါစေ ၊ အောင်လက ကျွန်တော်ရဲ့ချုပ်ကွက်ကို ကာကွယ်နိုင်စွမ်းရှိပါတယ် ၊ အချီပြီးဖို့လေးမိနစ်လောက်လိုသေးတော့ […]
MRTV 4 ရဲ့ နာမည်ကြီး အစီအစဉ်တင်ဆက်သူ ကိုဇင်မောင်ဟာ ရန်ကုန်ဆေးရုံကြီးတွင် ရုတ်တရက် ကွယ်လွန်ခဲ့လေပြီ
Zawgyi ပရိတ်သတ်ကြီးရေ ဒီရက်ပိုင်းကတော့ နာမည်ကြီး အနုပညာရှင်တွေဆက်တိုက်ဆိုသလို ဆုံးပါးနေကြတာလည်းပရိတ်သတ်ကြီးသတိထားမိကြမှာပါ။ဒီကနေ့မှာလည်းForever Groupရဲ့ အစီအစဉ်တင်ဆက်သူ ကိုဇင်မောင်တစ်ယောက် ကွယ်လွန်သွားတာကိုစိတ်မကောင်းစွာနဲ့ ပဲ မျှဝေပေးပရစေ။ အစီအစဉ်တင်ဆက်သူ ကိုဇင်မောင်(MRTV-4, Channel-7, Forever Group) သည် ယနေ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၃၁ ရက် နံနက်အစောပိုင်း ၃ နာရီ အချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ကြောင်းသိရသည်။ ကိုဇင်မောင်ဟာ ယနေ့မနက်ကမှ အသက်ရှုကြပ်တာကြောင့် ဆေးရုံပို့လိုက်ရတာဖြစ်တယ်လို့ သိရပါတယ် ကိုဗစ်ပိုးရှိမရှိစစ်ဆေးထားပြီး ရလဒ်မသိရသေးဘူးလို့ပြောဆိုနေကြတာပါကိုဇင်မောင် ဆုံးပါးသွားသည့်အပေါ် လုပ်ငန်းခွင် မိတ်ဆွေ/သူငယ်ချင်းများမှလည်း မယုံနိုင်ဖြစ်၍ ဝမ်းနည်းကြောင်းဆုတောင်းစာများ ယခုလိုရေးသားဖော်ပြခဲ့ကြတာပါ။ ကိုဇင်မောင်တစ်ယောက် ကောင်းရာသုဂတိသို့ရောက်ရှိပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်နော် ပရိသတ်ကြီးလည်း ကိုဇင်မောင်အတွက် ဆုတောင်းပေးခဲ့ကြပါအုန်းနော်။ဖတ်ရှုပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် Unicode ပရိတ်သတ်ကြီးရေ ဒီရက်ပိုင်းကတော့ နာမည်ကြီး အနုပညာရှင်တွေဆက်တိုက်ဆိုသလို […]
မန္တလေးမြို့အတွက် မြို့တော်စည်ပင်ရဲ့ သီတင်းကျွတ်လက်ဆောင်
မန္တလေးမြို့အတွက် မြို့တော်စည်ပင်ရဲ့ သီတင်းကျွတ်လက်ဆောင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြည်သူတွေ တောင်းဆိုထားတဲ့ ၂၆ လမ်း ကျုံးဘေးပလက်ဖောင်း မီးလင်းရေးကို ဆောင်ရွက်ပြီးစီးခဲ့ပြီလို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ ကွန်ကရစ်အထူ ၃ လက်မပဲရှိပြီး အောက်ခံမှာ မူလကျောက်ကြီးတွေရှိနိုင်လို့ concrete footing ချလို့မရပေမဲ့ ခိုင်ခံ့ပြီး လုံခြုံစိတ်ချရအောင် ကြိုးစားထားတယ်လို့ ရေးသားထားပါတယ်။ ” ပြည်သူတွေလှူထားတဲ့ လမ်းမီးအလှူငွေ နဲ့ ပြည်သူ့ဂုဏ်ရည်ဆုငွေ ပေါင်းပြီး ဆောင်ရွက်တာပါ။ မြို့တော်အတွက် စည်ပင်ရဲ့ သီတင်းကျွတ်လက်ဆောင်ပါ”လို့ ဒေါက်တာရဲလွင်က ရေးသားထားပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဟာ ကိုဗစ်-၁၉ ကာလ လူသူအသွားအလာ နည်းပါးမှုကို အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချပြီး မြို့တော်စည်ပင်သာယာရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ……………. Zawgyi မန္တလေးမြို့အတွက် မြို့တော်စည်ပင်ရဲ့ သီတင်းကျွတ်လက်ဆောင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက […]
“မိခင်ကို သတ်သည့် ဖခင်ကို သမီးဖြစ်သူ၏ တိုင်ကြားချက်ကြောင့် ကျူးလွန်သူ ဖခင်ကို ဖမ်းဆီးနိုင်ခဲ့”
“မိခင်ကို သတ်သည့် ဖခင်ကို သမီးဖြစ်သူ၏ တိုင်ကြားချက်ကြောင့် ကျူးလွန်သူ ဖခင်ကို ဖမ်းဆီးနိုင်ခဲ့ပြီ” ဗန်းမော်မြို့ လူသတ်မှုကို ၁၁နာရီအတွင်း ရဲတပ်ဖွဲ့မှ ဖေါ်ထုတ်နိုင်ခဲ့ ဗန်းမော်၊ အောက်တိုဘာ ၃၁ ကချင်ပြည်နယ်၊ဗန်းမော်မြို့ လေကြောင်းရုံး၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှုးကြီး စိုးမြင့်အောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ၁၁ နာရီအတွင်း၊ အောက်တိုဘာ ၃၁ ရက် နံနက် ၁နာရီမှာ ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၃၀ ရက် နေ့လည် ၁၁ နာရီခန့်က ဗန်းမော်မြို့၊မင်းကုန်းရပ်ကွက်၊မြန်မာ့လေကြောင်းရုံးနေ မနှင်းအိလင်းလက်သည် နေအိမ်အောက်ထပ်သို့ ဆင်းလာခဲ့ရာ ဖခင်ဖြစ်သူ ဦးအောင်ဇော်မြင့်ဦး(၄၄)နှစ်(လေကြောင်းရုံးမန်နေဂျာ)မှာ မီးခံသေတ္တာထားသည့်အခန်းအတွင်း၌ လက်နှင့်ပါးစပ်တို့အား တိပ်များပတ်လျက် လဲနေသည်ကို တွေ့ရပြီး မိခင်ဖြစ်သူကိုလည်း မီးဖိုခန်းအတွင်း၌ […]
“ဂျိမ်စ်းဘွန်းမင်းသားကြီး ဆာတောမတ်စ်ရှောင်ကွန်နရီ အသက်(၉၀) အရွယ်မှာကွယ်လွန်”
“ဂျိမ်စ်းဘွန်းမင်းသားကြီး ဆာတောမတ်စ်ရှောင်ကွန်နရီ အသက်(၉၀) အရွယ်မှာကွယ်လွန်” 🔴အေးဂျင့်အမှတ် 007 နဲ့ ဂျိမ်းစ်ဘွန်းလို့လူသိများကြတဲ့ မင်းသားကြီး ရှောင်ကွန်နရီ (အပြည့်အစုံ – ဆာတောမတ်စ်ရှောင်ကွန်နရီ – Sir Thomas Sean Connery) ဟာ အောက်တိုဘာ ၃၁ရက်၊ ၂၀၂၀ (စနေနေ့မနက်ပိုင်း)က ဘဟားမားစ် မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာကွယ်လွန်ခဲ့ပါတယ်။ 🔴မင်းသားကြီးဟာ ကွယ်လွန်ချိန်မှာ အသက်(၉၀)ရှိနေပြီဖြစ်ပြီး ၉၀ ပြည့်မွေးနေ့ကို ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ ကျင်းပခဲ့ပါသေးတယ်။ မင်းသားကြီးဟာ ဘဟားမားစ် (Bahamas) မှာနေထိုင်စဉ်နေမကောင်းဖြစ်နေခဲ့တယ်လို့လည်း ကျန်ရစ်တဲ့မိသားစုက ထုတ်ပြန်ထားပါတယ်။ 🔴မင်းသားကြီးဟာ ဂျိမ်းစ်ဘွန်းစီးရီးစ်တွေဖြစ်တဲ့ Gold Finger, Dr.No, From Russia with Love, Thunderball စတဲ့ နာမည်ကျော် စီးရီးစ်တွေအပြင် Indiana Jones, […]
တလ နှစ်လနဲ့ လုံးဝ မပျောက်တဲ့ ကိုဗစ်နဲ့ ကာကွယ်ဆေးကို နောက်ဆုံးမှ ရမယ့် နိုင်ငံတွေ
တလ နှစ်လနဲ့ လုံးဝ မပျောက်တဲ့ ကိုဗစ်နဲ့ ကာကွယ်ဆေးကို နောက်ဆုံးမှ ရမယ့် နိုင်ငံတွေ ပြင်သစ် နဲ့ ဂျာမဏီတို့ကတော့ ကံဆိုးရင် ဒီဇင်ဘာလကုန်အထိ ကြာမယ့် တနိုင်ငံလုံး lockdown ကြေညာလိုက်ပါပြီ။ အမေရိကန်မှာ တနေ့ လူ တသိန်းနီးပါး ရောဂါ ကူးစက်ခံနေရပါတယ်။ ကိုဗစ်ဟာ အမေရိကန်သမ္မတ ထရန့် ပြုတ်သွားစေပါလိမ့်မယ်။ ကျွန်တော်တို့ ရေရှည်အတွက် ဒီထက်ပိုပြီး ခက်ခဲမယ့် အခြေအနေကို ကြိုပြီး ကိုဗစ် ကျန်းမာရေးအခြေခံအဆောက်အအုံတွေ ပြင်ဆင်ထားမှ ဒုတိယလှိုင်းတုန်းကလို ကပျာကယာဖြစ်ရတဲ့အခြေအနေကနေ ရှောင်လွှဲနိုင်ပါလိမ့်မယ်။ ကူးစက်မှုဟာ ကမ္ဘာမှာ စက်ဝိုင်းလို လှည့်လည်နေပါတယ်။ ဝူဟန်မှာတုန်းက လူ တထောင်ဝန်းကျင်ကူးစက်ခံရတဲ့ အခြေအနေကနေ lockdown နဲ့လွတ်မြောက်လာခဲ့ပါတယ်။ သူတို့ lockdown က အတော်ကြမ်းပါတယ်။ ဘယ်မှထွက်လို့မရအောင် […]
မြန်မာပြည်မှာ အလကားရနေတဲ့ သရက်ရွက်ကို နိုင်ငံခြားမှာ ပါကင်ပိတ်ရောင်းနေလို့ ကြည့်လိုက်တော့
အရမ်းကို အံ့ဩမိ ပါသည် ဖတ်ကြည့်ကြပါအုံး ကျနော်တို့ နိုင်ငံမှာပေါများလှတဲ့ သရက်ရွက်(Mango Leave) ကို အမေရိကန်နိုင်ငံမှာ ၂အောင်စ ကို 13$ နဲ့ရောင်းနေတာတွေ့ရတော့ ဘာတွေကောင်းလဲဆို အင်တာနက် ခေါက်ကြည့်လိုက်ပါတယ် သူများတွေရောင်းနေတာ ကုန်ချောအဆင့်တောင်မဟုတ်ပါဖူးနော် သူများရောင်းတာထိုင်ဝယ်စားနေရမယ့် ခေတ်လဲ မဟုတ်တော့ပါဖူး သရက်သီးအရွက်ဟာ သရက်သီးထက် အဟာရပိုများနေပါတယ် ဗီတာမင် အေ ဘီ စီနဲ့ antioxidant တွေကြွယ်ဝပါတယ်။ သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ ရေနဲ့ပြုတ်၍ဖြစ်စေ အရွက်ကိုအမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာချက်ပြုတ်စားသောက်ကြပါတယ် ဆေးဘက်ဆိုင်ရာအနေဖြင့် ဆီးချိုရောဂါကိုထိန်းညိဖို့သောက်သုံးကြပါတယ်။ ဒါအပြင် သွေးတိုးရောဂါ ထိန်းညိပေးပါတယ် စိတ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကုသနိုင်ပါတယ် အကျိတ်တွေနဲ့ ကင်ဆာရောဂါကြီးထွားမှုကို လျော့ချပေးပါတယ် သည်းခြေမှာ ကျောက်တည်ခြင်းကို ခြေဖျက်နိုင်ပါတယ် အစာအိမ်ရောဂါတွေ သွေးဝမ်းသွားရောဂါတွေ ကုသနိုင်ပါတယ် […]
တိုင်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း ၄၀ နီးပါး သေဆုံးခဲ့ရသည့်ဗီယက်နမ်နိုင်ငံ ထဲသို့ အားပြင်းမုန်တိုင်း ထပ်ဝင်ဦးမည်
တိုင်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း ၄၀ နီးပါး သေဆုံးခဲ့ရသည့်ဗီယက်နမ်နိုင်ငံ ထဲသို့ အားပြင်းမုန်တိုင်း ထပ်ဝင်ဦးမည် ================================== မော်လာဗီတိုင်ဖွန်းမုန်တိုင်းကြောင့် ဗီယက်နမ်အလယ်ပိုင်းမှာ မြေပြိုမှုတွဆက်တိုက် ဖြစ်ပွားခဲ့တဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ အင်တိုက် အားတိုက် ဆက်လုပ်နေပါတယ်။ မော် လာဗီမုန်တိုင်းဒဏ်ကို အလူးအလဲ ခံနေရတုန်းမှာပဲ နောက်ထပ် အားပြင်းမုန်တိုင်းတစ်လုံးက ဗီယက် နမ်နိုင်ငံဘက် ဦးတည်ပါတော့မယ်။ ဗီယက်နမ်အလယ်ပိုင်းမှာ အာဏာပိုင်အဖွဲ့က ရဟတ်ယာဉ်တွေ၊စစ်သားတွေ၊ အနံ့ခံခွေးတွေနဲ့ ကယ် ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။ မော်လာဗီမုန်တိုင်းကြောင့် သေဆုံးသွားသူ ၄၀ နီးပါး ရှိသွားပါပြီ။ ဗီယက်နမ်အလယ်ပိုင်းဟာဒီနှစ်မှာ တိုင်ဖွန်းမုန်တိုင်းတွေနဲ့ပဲ နပန်းလုံးနေရပါတယ်။ အဲဒီဒေသမှာ မုန်တိုင်းအကြိမ်ကြိမ်ဝင်ခဲ့တဲ့အတွက် စုစုပေါင်း လူ ၁၆၀ ထက်မနည်း သေဆုံးသွားပြီး လူပေါင်း ဒါဇင်ပေါင်းများစွာလည်းပျောက်ဆုံး၊ မြို့တွေ၊ စိုက်ခင်းတွေလည်း ပျက်စီးကုန်ပြီး လူပေါင်း […]
မဖြစ်မနေခရီးသွားရန်လိုအပ်သူများအတွက် အောင်မင်္ဂလာအဝေးပြေးမှ ယာဉ်အစီးရေ ၂၀ကျော်ဖြင့်ပြေးဆွဲနေ
ရန်ကုန်၊ အောက်တိုဘာလ ကိုဗစ်ကာလတွင် Quarantine ဝင်ရောက်ပြီး ရက်ပြည့်၍ နေရပ်ပြန်လိုသူများနှင့် အရေးတကြီး မဖြစ်မနေခရီးသွားလာရန်လိုအပ်သူများအတွက် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းမှ ယာဉ်အစီးရေ ၂၀ ကျော်ဖြင့် ပြန်လည်ပြေးဆွဲမှုများရှိကြောင်း ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အ ဖွဲ့(YRTA)မှ သိရပါတယ်။ လက်ရှိတွင် အဆိုပါယာဉ်များအနေဖြင့် ခရီးသည်တချို့နှင့်ကုန်ပစ္စည်းတချို့ကိုသာ သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်းသိရပါတယ်။ ရန်ကုန်မြို့ရှိ အောင်မင်္ဂလာအဝေးပြေးဝင်း၊ ဒဂုံဧရာအဝေးပြေးဝင်း၊ ဒလအဝေးပြေးဝင်းတို့မှ ယာဉ်များပြေးဆွဲခြင်းကို ပိတ်သိမ်းထားခြင်းမရှိသော်လည်း ခရီးသည်စီးနင်းမှုနည်းပါးခြင်းကြောင့် ယာဉ်လိုင်းတချို့ရပ်နားထားကာ ကုန်စည်များသာ ပို့ဆောင်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ လက်ရှိတွင် အဝေးပြေးယာဉ်လိုင်းများစီးနင်းမည့်ခရီးသည်များကို ကျန်းမာရေးထောက်ခံချက်နှင့် အချက်အလက်များပြည့်စုံတိကျစွာပေးမှသာ စီးနင်းခွင့်ပြုကြောင်းလည်းသိရပါတယ်။ YMC ################################ ရန်ကုန်၊ အောက်တိုဘာလ ကိုဗစ်ကာလတွင် Quarantine ဝင်ရောက်ပြီး ရက်ပြည့်၍ နေရပ်ပြန်လိုသူများနှင့် အရေးတကြီး မဖြစ်မနေခရီးသွားလာရန်လိုအပ်သူများအတွက် ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးဝင်းမှ ယာဉ်အစီးရေ ၂၀ ကျော်ဖြင့် ပြန်လည်ပြေးဆွဲမှုများရှိကြောင်း […]