Month: December 2020

မရမ်းကုန်း ဗဟိုဆေးသိုလှောင်ရုံထဲက သားအိမ်ခေါင်းကာကွယ်ဆေး သိန်း ၃၀၀ ကျော် ပျောက်ဆုံးမှုကြီး

မရမ်းကုန်း ဗဟိုဆေးသိုလှောင်ရုံထဲက သားအိမ်ခေါင်းကာကွယ်ဆေး သိန်း ၃၀၀ ကျော် ပျောက်ဆုံးမှုကြီး ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်၊ အမှတ်- ၃ ရပ်ကွက်၊ မင်းဓမ္မလမ်း ၊ အမျိုးသား ပြန်လည်သန်းစွမ်းရေး ဆေးရုံဝန်းထဲက ဗဟိုကာကွယ်ဆေးသိုလှောင်ရေး အအေးခန်း(ရန်ကုန်)အတွင်းရှိ ရေခဲသေတ္တာတွေထဲက HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးပုလင်းတွေ သိန်း ၃၀၀ကျော် ခိုးယူခံရပြီး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အဲ့ဒီလို ပျောက်ဆုံးနေတဲ့အတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကာကွယ်ဆေး အအေးခန်း ဦးစီးအရာရှိက ဘုရင့်နောင်နယ်မြေရဲစခန်းမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက အမှုဖွင့်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ အမှုဖွင့်တိုင်တန်းတဲ့ တရားလို ဦးစီးအရာရှိဟာ သြဂုတ်လ ၁၉ ရက်နေ့စပြီး အဲ့ဒီဆေးတွေကို စနစ်တကျ ထည့်သွင်းသိမ်းဆည်းထားတာဖြစ်တယ်လို့ ရဲစခန်းကို […]

ရန်ကုန်ကနေ ငပလီ သွားရင် Q ဝင်စရာမလို၊ ဟိုတယ်နဲ့ တည်းခိုခန်းတွေ ဖွင့်နေပြီ

ရန်ကုန်ကနေ ငပလီ သွားရင် Q ဝင်စရာမလို၊ ဟိုတယ်နဲ့ တည်းခိုခန်းတွေ ဖွင့်နေပြီ ငပလီကမ်းခြေတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာငါးလုံး ဖွင့်လှစ်ထားပြီး ထပ်မံဖွင့်လှစ်လိုသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၁၉ လုံးကို စည်းကမ်းချက်နှင့်ကိုက်ညီမှု ရှိ၊ မရှိ စိစစ်နေသည် ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြား မှုဦးစီးဌာန (ရခိုင်) ညွှန်ကြားရေး မှူး ဦးရဲအောင်မိုးကပြောပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သည် ဟိုတယ်နှစ်လုံးနှင့် တည်းခို ရိပ်သာသုံးလုံးကို ဩဂုတ်လက တည်းက ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ ဒီဇင်ဘာလအတွင်း လုပ်ငန်းပြန် လည်စတင်လိုသည်ဟု တင်ပြ လာသော ဟိုတယ်နှင့် တည်းခိုရိပ် သာများကိုမူ ရခိုင်ပြည်နယ် ပူး ပေါင်းစိစစ်ရေးအဖွဲ့က စစ်ဆေး နေသည်ဟု ၎င်းကပြောပါတယ်။ ပူးပေါင်းစိစစ်ရေးအဖွဲ့အနေဖြင့် စစ်ဆေးပြီးပါက ပြန်လည် ဖွင့်လှစ်ခွင့်ကို […]

ရန်ကုန်တိုင်းဒေသကြီးအတွင်း Quarantine စင်တာများနှင့် မြို့နယ်များရှိ အနံ့ပျောက်စင်တာများတွင် လူဦးရေ လျော့နည်းလာခြင်းကြောင့် စင်တာအချို့ကို ပိတ်သိမ်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း Quarantine စင်တာများနှင့် မြို့နယ်များရှိ အနံ့ပျောက်စင်တာများတွင် လူဦးရေ လျော့နည်းလာခြင်းကြောင့် စင်တာအချို့ကို ပိတ်သိမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရှိ ဟိုတယ် ၅၇ ခုတွင် Quarantine ဝင်နေသူ ၁၃၀၀ ကျော်ရှိပြီး Facility Quarantine များ၌ လူဦးရေ ၈၀၀ ကျော်ရှိကြောင်း၊ မြို့နယ် COVID ကော်မတီများက ဆောင်ရွက်နေသော Community Base Facility Quarantine ၁၆၃ ခုတွင် လူဦးရေ ၂၅၀၀ ကျော်ရှိပြီး အနံ့ပျောက်စင်တာ ၅၃ နေရာတွင် လူဦးရေ ၂၅၇ ဦးသာ ကျန်ရှိကြောင်း သိရသည်။ ဒီဇင်ဘာလဆန်းပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ Quarantine နေရာ ၂၆၀ ကျော်တွင် […]

မီတာခ ပေးစရာမလိုသည့် ပလက်စတစ်ဘူး အဲကွန်းကို တီထွင်လိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား

မီတာခ ပေးစရာမလိုသည့် ပလက်စတစ်ဘူး အဲကွန်းကို တီထွင်လိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား.. သုံးစွဲပြီးသား ပလပ်စတစ်ဘူးခွံတွေကို ဘာတွေလုပ်လို့ရလဲ.. ပန်းအိုး.. ရေသန့်ဘူး.. လေအေးပေးစက်.. ကမ္ဘာ့ရာသီဥတုကလည်း ပိုမိုပူနွေးလာတာနဲ့အမျှ လူသားတွေက လျှပ်စစ်စွမ်းအင်ကိုအသုံးပြုပြီး ပန်ကာတွေ၊ လေအေးပေးစက်တွေကို သုံးစွဲလာလာကြပါတယ်။ ဒါပေမဲ့ ဓာတ်အားမလိုပဲ အဲကွန်းဖွင့်နိုင်မယ်ဆိုရင်ရော.. ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Ashis Paul က Eco-Cooler လို့ခေါ်တဲ့ ပလက်စတစ်ဘူးခွံတွေနဲ့ လေအေးပေးစက်ကို တီထွင်ခဲ့ပါတယ်။ သူဟာ ဒီအကြံကို Physics ဆရာက သူ့သမီးကို ဓာတ်ငွေ့များလာတာနဲ့ အေးတဲ့အကြောင်းကို ရှင်းပြနေတဲ့အချိန်မှာ ကြားပြီး ရရှိခဲ့တာဖြစ်ပါတယ်။ Eco-Cooler ကိုဘယ်လိုလုပ်ရတာလဲ.. ပလက်စတစ်ဘူးခွံတစ်ဝက်ကိုဖြတ်ပြီး အပေါက်ဖောက်ထားတဲ့ ဘုတ်ပြားပေါ်မှာ စွပ်ပြီးကပ်ထားရပါမယ်။ ပြီးတော့ ဘုတ်ပြားကို ပြတင်းပေါက်မှာ တပ်ထားရပါမယ်။ အပေါက်သေးတဲ့ ဘူးအဖုံး ဘက်ခြမ်းကိုတော့ အိမ်ထဲမှာထားရပါမယ်။ […]

ထီထိုးနေတဲ့သူတော်တော်များများမသိသေးတဲ့ ထီလက်မှတ်တစ်စောင်ကို ထီနှစ်ခါ ပေါက်နိုင်တယ်ဆိုတာ

ထီထိုးသူတိုင်း သိထားဖို့… ထီလက်မှတ်တစ်ဆောင်ကို ထီနှစ်ခါ ပေါက်နိုင်တယ်ဆိုတာ (ဆယ်စောင်တွဲ အခါနှစ်ဆယ်ပေါက်) ထီထိုးသူ တိုင်း သိထား ဖို့… ထီလ က်မှတ်တစ်ဆောင်ကို ထီ နှစ်ခါ ပေါက်နိုင်တယ်ဆိုတာ (ဆယ်စောင်တွဲ အခါနှစ်ဆယ်ပေါက်) ထီ လက်မှတ်တစ်စောင်က (၅)သောင်းဆု နှစ်ခါပေါက်တာ တစ်သိန်းထုတ်မပေးတဲ့ထီဆိုင်။ ယခု ပုံပါထီလက်မှတ် ၁၀ စောင်သည် ၅သောင်းဆုတွင် ၂ ခါ ပြန် ပါသည့်အတွက် ထီလက်မှတ် ၁ စောင်တည်းဖြင့် ၅သောင်း၂ဆု =၁သိန်း ၁ဝစောင်ဆိုလျှင် ၁၀ သိန်းရရှိမှာဖြစ်ပါတယ်။ ပဲခူးမြို့ပေါ် ရှိ ထီဆိုင်တစ်ဆိုင်မှ ဝန်ထမ်းကောင်မလေးတစ်ဦးက ယခုဖော်ပြပါ ထီလက်မှတ်ကို ၅သောင်း ၁၀ ဆု= ၅သိန်း ပဲ ရရှိမည်ဟု ထီပေါက်သူ အစ်ကို ၂ […]

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် အပူချိန် ရေခဲမှတ်အောက်ရောက်ပြီး ရေများခဲနေပြီ

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် အပူချိန် ရေခဲမှတ်အောက်ရောက်ပြီး ရေများခဲနေပြီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ဒီဇင်ဘာလ(၃ဝ)ရက်နေ့ မနက်မှာ အပူချိန် ရေခဲမှတ်အောက် အနုတ် တစ် ဒီဂရီစင်တီဂရိတ် ရှိသည့်အတွက် ရေများ ခဲနေကြောင်း သိရပါတယ်။ ပင်လောင်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၄၈ဝဝ) ရှိပြီး နှစ်စဉ် ဆောင်းရာသီမှာ အပူချိန်ရေခဲမှတ်အောက် ရောက်လေ့ရှိပြီး ရေများခဲကာ ယခုနှစ်တွင် ရေခဲသည်မှာ ယခင်နှစ်ထက် စောနေကြောင်း ဒေသခံ၏ ပြောပြချက်အရ သိရပါတယ်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မနေ့ညနေအချိန်တွင် ထုတ်ပြန်သည့် အပူချိန်များအရ ပင်လောင်းမြို့နယ်သည် အမြင့်ဆုံးအပူချိန် (၂၄ ဒီဂရီစင်တီဂရိတ်) ရှိပြီး အနိမ့်ဆုံးအပူချိန်ကတော့ (၄ ဒီဂရီစင်တီဂရိတ်) ရှိကြောင်း သိရပါတယ်။ ယနေ့ မနက်အစောပိုင်းတွင် အဆိုပါအပူချိန်သည် ရေခဲမှတ်အောက်ရောက် […]

စံချိန်တင် မြင့်တက်ခဲ့တဲ့ ဖရဲ၊ သခွားစျေး ဆက်တိုက် ကျဆင်းလာ (ပေါက်ဖော်တို့ စျေးကစားပြီလော)

စံချိန်တင် မြင့်တက်ခဲ့တဲ့ ဖရဲ၊ သခွားစျေး ဆက်တိုက် ကျဆင်းလာ (ပေါက်ဖော်တို့ စျေးကစားပြီလော) ယခုနှစ် ကိုဗစ် ကာလ မူဆယ်- ဝမ်တိန်ဖရဲ၊ သခွားရာသီအစတွင် ဆယ်စုနှစ်အတွင်း စံချိန်တင်စျေးနှုန်း ရရှိခဲ့သော်လည်း လက်ရှိအချိန်၌ ဖရဲ၊ သခွား စျေးနှုန်းများ ထက်ဝက်ခန့်အထိ ဆက်တိုက် ကျဆင်းလာကြောင်း သိရပါတယ်။ “စျေးကွက် အနေအထားက ဒီနှစ်ရဲ့ စျေးနှုန်းအရဆို စျေးကျတယ်လို့ ပြောရမှာပေါ့။ အခါတိုင်းနှစ်နဲ့ စာရင်တော့ အခါတိုင်းနှစ်ရဲ့ ပုံမှန်စျေးအတိုင်းပဲ ဖြစ်သွားတာပေါ့။ အရင်ရက်‌တွေက ၈၅၅ ထိပ်ဆုံးစအသီးကို ၁၅ တန် ကားတစ်စီးကို တရုတ်ယွမ်ငွေ ရှစ်သောင်း ကိုးသောင်းအထိ ရောင်းလို့ရတယ်။ ဒီရက်ပိုင်းကျတော့ လေးသောင်း ပတ်ချာလည်ပဲ ရောင်းရတယ်”ဟု စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံမှ နန်းခမ်းခင်က ပြောကြားပါတယ်။ စျေးနှုန်းကျရမှု […]

အမိန့်တွေ သက်တမ်းတိုးတာတွေနဲ့ ခေါင်းရှုပ်နေသူတွေအတွက် ရှင်းလင်းချက်များ

အမိန့်တွေ သက်တမ်းတိုးတာတွေနဲ့ ခေါင်းရှုပ်နေသူတွေအတွက် ရှင်းလင်းချက်များ မနေ့ညက ဗဟိုကော်မတီက ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြေညာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/ တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စများမပါ) ကို ဇန်နဝါရီ ၃၁ အထိ သက်တမ်းတိုးလိုက်တော့ ပြည်သူတွေ အော်ကုန်ကြတာပေါ့။ ငတ်ကုန်ပီတို့ ဘာတို့၊ မြေပြင်ပေါ် ဘာမှမထူးဘူးတွေကော အော်ကြပီး မနက်ကျတော့လဲ အလုပ်သွားနေကြတာပါပဲ။ ဒီတော့ အဲဒါတွေက ဘာတွေလဲ။ ဘာတွေကို တိုးပီး ဘာတွေကို လျှော့နေတာလဲဆိုတာ သိသလောက် ပြောပြချင်မိပါတယ်။ ဒီပန်ကြားချက်၊ အမိန့်တွေက မတ်လ၊ ဧပြီလောက်ကနေ အခုထိ သက်တမ်းတိုးနေတာပါ။ နောက်ထပ်ပီး ၁ နှစ်လောက်လဲ သက်တမ်းထပ်တိုးနေနိုင်ပါသေးတယ်။ အဲတော့ ဘာတွေလဲဆိုတော လေ့လာကြည့်ရအောင်။ ပထမဆုံးက ဗဟိုက ထုတ်တာက တပြည်လုံးနဲ့ဆိုင်ပါတယ်။ ဗဟိုဆိုတာက […]

မိခင်ကိုယ်တိုင်ကရိုက်နှက်ပြီး အမှိုက်ပုံမှာပစ်ထားခဲ့တဲ့ (၈) လအရွယ် သားငယ်လေးကို ထပ်မံမွေးစားခဲ့တဲ့ ခိုင်နှင်းဝေ

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အဆင်းရော အချင်းပါပြည့်စုံသူလေးတစ်ယောက်အဖြစ် ပရိသတ်သတ်မှတ်ထားခြင်းခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက အနုပညာလုပ်ငန်းတွေအပြင် ပရဟိတအလုပ်တွေကိုပါ ဦးဆောင်လုပ်ကိုင်နေတဲ့ ထက်မြက်တဲ့ မိန်းမသားတစ်ယောက်အဖြစ် ရပ်တည်နေတာမို့ ပရိသတ်တွေက မလေးစားပဲနဲ့ကို မနေနိုင်ပါဘူး။ ခိုင်နှင်းဝေက လတ်တလောမှာတော့ သူမရဲ့ ဂေဟာကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ကလေးတွေကို ဂရုစိုက်စောင့်ရှောက်ပေးနေရပြီး ဒီကနေ့မှာလည်း သူမရဲ့ ခိုင်မိသားစုဂေဟာကို ရောက်ရှိလာတဲ့ သားလေးအကြောင်းကို ပြောပြလာပါတယ်။ “ကျွန်မတို့ “ခိုင်” မိသားစု ရဲ့ (41)ယောက် မြောက် (၈)လသားလေးပါရှင်။ အဖေနဲ့ အမေကွဲပြီး အဖေ့ဘက်က ဆွေမျိုးများမှလဲ တာဝန်မယူသလို အမေက ကလေးကို ရိုက်နှက်ပြီး မှော်ဘီအမှိုက်ပုံမှာ ပစ်ထားခဲ့၍ အနီးပတ်ဝန်းကျင်မှ ထိန်းသိမ်းစောင့်ရှောက်ကာ ကျွန်မဆီ ဆက်သွယ်အကြောင်းစုံ ပြောပြခဲ့ပါတယ်။ အမှန်တကယ် ခိုကိုးရာမဲ့နေသောကြောင့် ဒီသားလေးကို […]

ကျောက်ပန်းတောင်းတွင် ကြက်သွန်နီတပိသာ ၂၀၀ ကျပ်အထိ စျေးကျ၍ တောင်သူများ နွားစာဖိုးပင် မရတော့

ကျောက်ပန်းတောင်းတွင် ကြက်သွန်နီတပိသာ ၂၀၀ ကျပ်အထိ စျေးကျ၍ တောင်သူများ နွားစာဖိုးပင် မရတော့ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများစိုက်ပျိုးသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ စိုက်ပျိုးတောင်သူများ ကြက်သွန်တစ်ပိဿာ ၂၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းသွားခြင်းကြောင့် ကြက်သွန်လှောင်ထားသည့် တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ညောင်ဖြူပင်ကျေးရွာ ကြက်သွန်အရောင်းအဝယ် ပြုလုပ်နေသူ ဦးမြင့်ချိုက ပြောပါတယ်။ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်ကျင်ကျေးရွာများနှင့် ပုပ္ပားမြောက်ဘက် စိတ္ထိန်းချောင်းတစ်လျှောက် ကြက်သွန်စိုက်ပျိုးတောင်သူများ၊ ရေဆုံးကျေးအုပ်စုရှိ ကျေးရွာများသည် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်အများအပြား စိုက်ပျိုးသည့်ကျေးရွာများဖြစ်ကာ မနှစ်က စိုက်ပျိုးထွက်ရှိ လှောင်ထားသည့် ကြက်သွန်များ ပြန်ရောင်းချိန် တစ်ပိဿာ ၂၀၀ ကျပ်သာ ရောင်းချရခြင်းကြောင့် စိုက်ပျိုးစရိတ်အရင်းပင်မရရှိဘဲ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ ကြက်သွန်စိုက်တောင်သူ ဦးတင်ထွန်းအောင်က […]

Back To Top