Month: June 2021

ယနေ့ဇွန်လ (၃၀)ရက်နေ့ညနေပိုင်းမှာ အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ မေတိုးခိုင်

အနုပညာရှင်တွေ အများစုကတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့အတူ အပြည့်အဝရပ်တည်ခဲ့ကြပါတယ် ။ သူတို့ရဲ့ အောင်မြင်တွေ ကျော်ကြားမှုတွေကို မေ့ကာ ပြည်သူတွေနဲ့ တစ်သားတည်း လမ်းမပေါ်အထိထွက်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ ။ ဒါ့အပြင် သူတို့ရဲ့အကောင့်တွေကနေလည်း အစွမ်းကုန်နေ့ရောညပါ soeak out တွေလည်း လုပ်ခဲ့ကြပါတယ် ။ ဒါ့ကြာင့်လည်း ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲဆိုခံရသူတွေ ရှိသလို တစ်ချို့ နာမည်ကြီး အနုပညာရှင်တွေဆို ကံမကောင်းစွာနဲ့ပဲ ဖမ်းဆီး ခံခဲ့ကြပါတယ် ။ ဒီမနက်အစောပိုင်းလောက်မှာတော့ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေအပြင် အခြား နိုင်ငံရေးသမားများကို လွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိခဲ့ပါတယ် ။ အားလုံးကလည်း ရင်ခုန်စွာနဲ့ စောင့်နေခဲ့ကြသလို တစ်ချို့ဆို လွှတ်ပေးမယ့် နာမည်စာရင်းတွေပါ ကြိုသိနေကြသလို ပိုတောင် […]

ရက်လည်နေ့မှာ ကိုရေမွန်တို့အိမ်ကိုသွားရောက်ပြီး သားဖြစ်သူဆုံးရှုံးထားရလို့ ဝမ်းနည်းနေတဲ့အန်တီ့ကိုနှစ်သိမ့်ရင်း အားပေးစကားပြောခဲ့တဲ့ အုပ်စိုးခန့်

နိုင်ငံကျော်အဆိုတော်ဖြစ်တဲ့ ရေမွန်ကွယ်လွန်သွားခဲ့တာက ယနေ့ဆိုရင် (၇)ရက်တိတိပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ အစာအိမ်သွေးကြောပေါက်ပြီး သေဆုံးသွားခဲ့ရတဲ့ အဆိုတော်ရေမွန်ရဲ့ရုပ်အလောင်းကိုတော့ ပြီးခဲ့တဲ့ဇွန်လ (၂၅) ရက်နေ့မှာ မီးသင်္ဂြိုဟ်‌ခဲ့တာ ဖြစ်ပါတယ် ။ ရေမွန်ကွယ်လွန်သွားတဲ့အပေါ်မှာ သူ့ရဲ့မိသားစုဝင်တွေအနေနဲ့ ယူကျုံးမရဖြစ်ရသလို ပရိသတ်တွေလည်း ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲနေရတာ ဖြစ်ပါတယ် ။ လူမှုကွန်ယက် စာမျက်နှာတွေမှာဆိုရင်လည်း ရေမွန်နဲ့ပတ်သက်တဲ့ အမှတ်တရတွေနဲ့ သူ့ရဲ့သီချင်းတွေကို ပြည်သူတွေက သတိတရ မျှဝေနေကြတာ ဖြစ်ပါတယ် ။ ဒီနေ့ရက်လည်နေ့မှာတော့ ကျန်ရစ်သူမိသားစုက ရေမွန့်အတွက်ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးနေကြတာ ဖြစ်ပါတယ် ။ ရေမွန်နဲ့ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးခဲ့တဲ့ အဆိုတော်အုပ်စိုးခန့်ကလည်း ဒီနေ့မှာပဲ ရေမွန်တို့အိမ်ကိုသွားခဲ့တာ ဖြစ်ပါတယ် ။ အုပ်စိုးခန့်က သူ့ရင်ထဲကစကားတွေနဲ့ နှုတ်ဆက်ထားတဲ့စာလေးအပါအဝင် ပန်းစည်းတစ်စည်းကိုလည်း ရေမွန့်ရဲ့ဓာတ်ပုံဘေးမှာ ထားပေးခဲ့တာ ဖြစ်ပါတယ် ။ […]

မိဘမပါဘဲ တစ်ယောက်တည်းပြင်ဆင်ပြီး Q ဝင်ဖို့သွားနေတဲ့ (၆)နှစ်အရွယ် လေးစားစရာ ကလေးလေးရဲ့စိတ်မကောင်းစရာ ဗီဒီယိုဖိုင်

Covid – 19 ရောဂါဟာ နိုင်ငံအနှံ့အပြားဖြစ်ပွားနေပြီး လူအသက်ပေါင်းများစွာကို သေကြေပျက်စီးနေစေတာကြောင့် ဆိုးရွားလွန်းတဲ့ ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က သတ်မှတ်ကြေညာထားတာပဲ ဖြစ်ပါတယ်။မြန်မာ နိုင်ငံအတွင်းမှာတော့ တတိယလှိုင်းအဖြစ်… (ယူနီကုဒ် ဖြင့် ဖတ်မရသူများ အောက်တွင် ဇော်ဂျီဖောင့်ဖြင့်ဖတ်ရန်)ဗီဒီယိုဖိုင် အောက်ဆုံးတွင်ပါသည်။ ဗီဇပြောင်းကိုဗစ်ရောဂါပြန့်ပွားမှုအပြင် ပြည်တွင်းရေးမငြိမ်သက်တာတွေကြောင့်လည်း ပြည်သူတွေဟာ အန္တ ရာယ်အခက်အခဲတွေကို အမျိုးမျိုးရင်ဆိုင်ကြုံတွေ့နေကြတာ ဖြစ်ပါတယ်။လတ်တလောအခြေအနေတွေ အမျိုးမျိုးကြောင့် ကြိုတင်ကာကွယ်မှုတွေနဲ့… ထိရောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ နည်းပါးနေတာကြောင့် ရောဂါကူးစက်ခံရတဲ့ ကလေးငယ်တွေမှာလည်း မိဘအုပ်ထိန်းသူမပါဘဲ ကိုယ်ထူကိုယ်ထ Q ဝင်ဖို့ ပြင်ဆင်လုပ်ဆောင်နေကြရတာ တွေ့ရပါတယ်။မြို့နယ်တော်တော်များများမှာ တစ်စထက်တစ်စ… ပြန့်ပွားနေတဲ့ Covid 19 ကြောင့် လာရှိုးမြို့က အသက် (၆)နှစ်အရွယ် ကလေးငယ်လေးမှာလည်း ရောဂါကူးစက်ခံထားရပြီး တစ်ယောက် ကွာရန်တင်းဝင်ခဲ့ရတာကို စိတ်မကောင်းစွာ သိခဲ့ရပါတယ်။ကလေးရဲ့ဗီဒီယိုဖိုင်လေးကိုတော့ လာရှိုးမြို့ […]

စစ်သူပုန်အုပ်စုကို မကြာမီ အဆုံးသတ်ပေးကြဖို့ ပြင်သစ်က အစပြုလာခဲ့ပြီလား(စစ်ရေး)

30.6.2021 ရက်နေမှာတော့ မြန်မာစစ်သူပုန်လုပ်ရပ်တွေကို ရသည့်နည်းလမ်းနဲ့ ရပ်တန့်ပြစ်ကြဖို့ NUG အစိုးရ Drဆာဆာ မြန်မာအထူးရန်ပုံငွေအဖွဲ့တို့နှင့် ပြင်သစ်အထက်လွတ်တော်နိုင်ငံခြားရေးဝန်ကြီး ကာ ကွယ်ရေးနှင့်လက်နက်ကိုင်အဖွဲ့တို့သည် ပြင်သစ်ပါလီမန်နှင့် လက်နက်ကိုင်ကာကွယ်ရေး ကော်မတီတွင်… ပူပေါင်းလို့ ဆွေးနွေးသွားကြတော့မည်တဲ့ ပြစ်သစ်နိုင်ငံခြားရေးဝန်ကြီး လွှတ်တော် ကာကွယ်ရေးအဖွဲ့တွေနှင့် မြန်မာအစိုးရ(NUG)သာမကပဲ ထူး ရန်ပုံငွေအဖွဲ့ရော ပါနေတာကတော့ ဘာအရေးလည်း ဘာလုပ်ကြတော့မှာလည်းဆိုတာ ရိပ်မိကြမယ်ထင်ပါတယ် ပြီးခဲ့တဲ့ ရက်က UNရဲ့ မြန်မာပြည်အတွက်… အထူးကိုယ်စားလှယ်ရှာရနာဘာဂနာဟာ US ရဲ့မြန်မာအရေးကို ဘိုင်ဒန်ကိုတင်ပြလို့ ကွန်ထိုးပေးနိုင်တဲ့ ဒုဝန်ကြီးတို့ဟာ တွေ့ဆုံပြီး UN မြန်မာအထူးကိုယ်စား လှယ်က မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်သွားနေမှု ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီပေးဖို့ကို တောင်းဆိုတိုက်တွန်းသွားခဲ့ပါသည်…. (US ဒုဝန်ကြီးဆိုသူဟာ ဘိုင်ဒန်ကို မြန်မာစစ်သူပုန်တွေကို ပိတ်ဆို့အရေးယူဖို့ လက်နက်တင်သွင်းဖို့ဆိုင်းငံ့ဖို့အရေးတွေကို ပြုလုပ်ဖို့ တိုက်တွန်းအကြံပေးခဲ့သူဟု သိရပါသည်)ဘိုင်ဒန်ကလည်း […]

နောက်ဆုံးသူမအတွက် ရေးပေးခဲ့တဲ့ သီချင်းလေးကို ဝမ်းနည်စွာဖြင့် အမှတ်တရသီဆိုပြလာတဲ့ မေ ရဲ့ဗီဒီယိုဖိုင်…

Idiots အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ အဆိုတော် ရေမွန် ကွယ်လွန် သွားတဲ့ သတင်း က အခုထိ ဘယ်သူမှ မယုံကြည်နိုင် သေးသလို ပရိသတ်တွေ ရော ခင်မင်ရသူတွေပါ မိသားစု နဲ့ အတူ ဝမ်းနည်း ကြေကွဲ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အရည် အချင်းရှိတဲ့ အဆိုတော် ကောင်း တစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ အပေါ် အနုပညာရှင် အသိုင်းအဝိုင်း တစ်ခုလုံး ကလည်း စိတ်မကောင်း ဖြစ်နေ ကြတာပါ ။ ရေမွန်ကို ချစ်ခင် ကြသူ အားလုံး ကလည်း ကောင်းမှု ကုသိုလ်တွေ ပြုလုပ် ပေးကြသလို သစ်ပင် လေးတွေလည်း အမှတ် တရ စိုက်ခဲ့ ကြပါတယ် ။ […]

ဒီကနေ့မှာ လူပျိုကြီးဘဝကိုစွန့်လွှတ်ပြီး မင်္ဂလာလက်မှတ်ရေးထိုးလိုက်ပြီဖြစ်တဲ့ အဆိုတော်ဂျိုကာ

ရဲလေးရဲ့ ညီဖြစ်သူ ဂျိုကာကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ ရရှိထားသူပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ဂျိုကာက ဂီတနယ်ပယ်မှာသာမက သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူလည်းဖြစ် ပါတယ်။ အမြဲပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး စိတ်သဘောထားပြည့်ဝတာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ ချစ်ခင်အားပေးနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏဆိုသလို ပရိသတ်တွေ ရယ်မောပျော်ရွှင်သွားစေမယ့် ဟာသဗီဒီယိုလေးတွေကိုလည်း ဖော်ပြပေးလေ့ ရှိပါတယ်။ ဒီနေ့မှာ ဂျိုကာတစ်ယောက် ချစ်သူလေးနဲ့အတူ မင်္ဂလာလက်မှတ်ရေးထိုး ခဲ့တဲ့ ပုံရိပ်တွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ သူရဲ့ ပရိသတ်တွေကတော့ လူပျိုကြီး ဘဝကို ကျွတ်လွတ်သွားတဲ့ ဂျိုကာအတွက် ဝမ်းသားနေကြတာပါ ။ ပရိသတ်ကြီးအတွက် ဂျိုကာရဲ့ မင်္ဂလာ လက်မှတ် ထိုးပွဲက ပုံရိပ်တွေကို ဝေမျှပေး လိုက်ပါတယ် […]

တရားစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(က) ဝရမ်းပြုတ်သွားတဲ့ ညီမဖြစ်သူ မအေးသောင်းအတွက် ဝမ်းသားပီတိဖြစ်ရကြောင်းပြောပြလာတဲ့ နှင်းဝတ်ရည်သောင်း..

အေးသောင်းလို့ အများက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေဘက်က ရပ်တည်ခဲ့တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်..။ဇွန်လ(၂၉)ရက်နေ့ညမှာတော့ ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်တရားစွဲခံထားရတဲ့ အနုပညာရှင်(၂၄)ယောက်ကို အမှုပြန်လည်ရုတ်သိမ်းပေးလိုက်တဲ့အကြောင်း စစ်ကောင်စီရဲ့သတင်းဌာနတွေက ထုတ်ပြန်ကြေညာခဲ့ပြီး အဲ့ဒီအထဲမှာ မအေးသောင် းကလည်း ပါဝင်လာပါတယ်..။ အဆိုပါသတင်းကြောင့် ကာယကံရှင်မိသားစုဝင်တွေအပြင် ပြည်သူပရိသတ်တွေကပါ ဝမ်းသာနေကြပြီး ညီမဖြစ်သူ မအေးသောင်းအတွက် နှင်းဝတ်ရည်သောင်းကလည်း ဝမ်းသာနေရတဲ့အကြောင်း စာလေးရေးကာ ပြောပြလာပါတယ်..။“I am so happy finally she is home . Home time baby. Home time .love you su […]

တာဝန်ကျေတဲ့သူများမှ တော်လှန်ရေးအောင်နိုင်မယ်လို့ ဆောင်းဦးလှိုင်ပြောပြီ

တာဝန်ကျေတဲ့သူများမှ တော်လှန်ရေးအောင်နိုင်မယ်လို့ ဆောင်းဦးလှိုင်ပြောပြီ ” တကယ်တော့ “ ဘဝမှာ ကိုယ်ကြိုးစားမှကိုယ်ရတာပါ။ ကိုယ်တိုင်ရုန်းကန်လှုပ်ရှားရတာပါ။ လွတ်လပ်ချင်တယ်၊လွတ်မြောက်ချင်တယ်၊ တိုးတက်ချင်တယ် ဆိုရင် စိတ်တူကိုယ်တူရှိကြတဲ့ လူတွေ ပြိုင်တူ ကြိုးစားလှုပ်ရှားကြဖို့ လိုအပ်ပါတယ်။ မိစ္ဆာတွေမပါ၊ ၃ အုပ်စုရှိပါတယ်။ လုပ်စရာရှိတာလုပ်နေကြတဲ့လူတွေစောင့်ကြည့်နေတဲ့လူတွေနဲ့ ဘာမှမလုပ်ကြတဲ့လူတွေဖြစ်ပါတယ်။ တာဝန်ကျေသူများ ၊ တာဝန်မကျေသူများနဲ့ တာဝန်မသိသူများ ဖြစ်ပါတယ်။ တာဝန်ကျေကျေနဲ့ လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့ လုပ်တဲ့လူတွေများလေ အောင်မြင်ဖို့အခွင့်အလမ်းပိုများလေဖြစ်ပေမယ့် ဒီအထဲမှာ အရည်အချင်း/သစ္စာတရား/ ကျင့်ဝတ်စည်းကမ်းနဲ့အတွေးအခေါ်မြင့်မားသူတွေ ပါဝင်မှ တိုးတက်ထွန်းကားတဲ့ အခြေအနေကိုရောက်မှာပါ။ အရေးကြီးဆုံးပြင်စရာတစ်ခုရှိပါတယ်။ ကိုယ့်စိတ်ကိုယ်အရင်ပြင်ကြဖို့ပါ။ ဘာမှမပေးဆပ်ရင် ဘာမှမလိုချင်ပါနဲ့။ တန်ဖိုးရှိတဲ့အရာမှန်သမျှ အလကားတော့ မရနိုင်ဘူး မို့ပါ။ Credit Myat

ကောလဟာလသတင်းတွေ ပျံ့နှံ့နေတာကြောင့် ရေမွန်ရဲ့ နာရေးကိုတောင် နှုတ်ဆက်ခွင့် မရခဲ့တဲ့အတွက် ဝမ်းနည်းနေတဲ့ မီးနို

အဆိုတော် ရေမွန်ရဲ့ နာရေးကိုတော့ ဒီနေ့မနက်တွင် သူ့နေအိမ်မှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရေမွန်ရဲ့ နာရေးကိုတော့ သူ့ကိုချစ်ကြတဲ့ အမာခံပရိသတ်များနဲ့ အနုပညာလောကမှ ညီအစ်ကိုမောင်နှမတွေ လာရောက်ခဲ့ကြပါတယ်။ တစ်ချို့ကလည်း အကြောင်းကြောင်းကြောင့် နောက်ဆုံးနှုတ်ဆက်ခွင့်မရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း အဆိုတော် မီးနိုရဲ့ လူမှုကွန်ယက်တွင် သူမနဲ့ ပတ်သက်ပြီး ကောလဟာလသတင်းတွေ ပျံ့နှံ့နေတာကြောင့် ရေမွန်ရဲ့ နာရေးကို နှုတ်ဆက်ခွင့်မရခဲ့ကြောင်းကို ဝမ်းနည်းစွာပြောပြလာတာဖြစ်ပါတယ်။ မီးနိုဟာ PDF အဖွဲ့ကို ရိက္ခာတွေထောက်ပံ့လို့ စစ်ကောင်စီတပ်တွေ လိုက်ဖမ်းနေတယ်လို့ သတင်းမှားတွေ ပျံ့နေတာကြောင့် လူမှုရေးကိစ္စတွေ မဆောင်ရွက်နိုင် ဖြစ်နေရတာပါ။ မီးနိုဟာ ရေမွန်နဲ့အတူ ရှားရှားပါးပါးသီချင်းတစ်ပုဒ်တွဲသီဆိုခဲ့ဖူးတဲ့ အမျိုးသမီးအဆိုတော် တစ်ဦးဖြစ်ပါတယ်။ သူမကလည်း “အကို Raymond အတွက်ပြောချင်တာလေးရှိတယ်။ သူ့သီချင်းနဲ့ သူ့ဘဝ သူ့အနုပညာပေါ်ထားတဲ့ခံယူချက်ကိုတော့ […]

ကူးဆက်မှုကို ထိန်းချုပ်နေပြီး မိဘများအနေဖြင့် စိုးရိမ်ကြီးစရာ မလိုကြောင်း …

ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှုများနေသည့် နိုင်ငံများမှာပင် ကျောင်းဖွင့်ရင်း ကိုဗစ်ထိန်းချုပ်ခြင်းများကို တစ်ပြိုင်တည်းလုပ်ဆောင်နေ၍ ကိုဗစ် (၁၉) ကာ ကွယ်ရေး စည်းကမ်းများကိုလိုက်နာပြီး မိဘများအနေဖြင့်စိုးရိမ်ကြီးစရာမလိုကြောင်း.. ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက် ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကပြောဆိုသည်။“လက်ရှိအခြေအနေမှာ ကလေးတွေကို မိဘတွေက ကျောင်းတွေမှာ ကိုဗစ်တွေ့တာနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ကြတယ်။. ကိုယ်တိုင်ကလည်း မိဘဖြစ်တော့ သိပါတယ်။ကျောင်းတွေမှာ ဖြစ်တယ်ဆိုတာကလည်း ရောဂါပိုးတွေ့တဲ့တစ်ယောက်၊ နှစ်ယောက်ကနေပြီး ကူးစက်သွားတဲ့ သ ဘောရှိတဲ့အတွက် နှာခေါင်းစည်းတပ်မယ်။လက်သန့်ဆေးရည်နဲ့ မကြာခဏ ဆေးမယ်ဆိုရင်… ကိုယ့်ထမင်းဘူးနဲ့ကိုယ်စား၊ ကိုယ့် အသုံးအဆောင်နဲ့ကိုယ် မရောနှောဘူး။ အချင်းချင်းမရောနှောဘူး။ မိမိကလေးနေမကောင်းဘူး။ဖျားနာမယ်ဆိုရင်၊ ကိုယ့်အိမ်မှာ လူကြီးတစ်ဦးက ကိုဗစ်လက္ခဏာတွေရှိတယ်ဆိုရင် ကလေးကို ကျောင်းမလွှတ်နဲ့ပေါ့။… နောက်တစ်ချက်က ကလေးကို ကိုဗစ်စည်းကမ်းတွေကို သေသေချာချာ လေ့ကျင့်သင်ထားပေးထားမယ်ဆိုရင် ကြောက်စရာမလိုပါဘူး။ကလေးတွေမှာဖြစ်ရင် ေ သ ဆုံးမှုက […]

Back To Top