အမေ့အတွက် လုပ်ပေးချင်တဲ့ဆန္ဒတစ်ခုကို မသေခင်ဖြည့်ဆည်းခွင့်ရခဲ့တာကြောင့် ပျော်ပြီးငိုခဲ့ရဖူးတယ်ဆိုတဲ့ Russell
Russell ကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အောင်မြင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ Russell က မကြာသေးခင်အချိန်ကလည်း သူ့ရဲ့အချစ်ရဆုံးမိခင်ကြီးကို ဆုံးရှုံးခဲ့ရတာမို့ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Russell က သူ့ရဲ့မိခင်အတွက် သူလုပ်ပေးချင်တဲ့အရာတစ်ခုကို လုပ်ပေးခွင့်ရခဲ့ပြီး ပျော်ရွှင်ငိုခဲ့ရတဲ့အကြောင်းကို အခုလိုပဲ ပြောပြလာပါတယ်။ “မနှစ်က အမေ့အတွက် မရှိတဲ့ကြားက Mini Condo တိုက်ခန်းလေး အရစ်ကျနဲ့ ဝယ်ပေးနိုင်ခဲ့လို့ ပျော်ပြီး ငိုခဲ့ရသေးတယ် …. အမေ အခုတော့ ပိုအေးချမ်းတဲ့ ကောင်းကင်ဘုံမှာ ပျော်ပျော်နေပါနော် ” ဆိုပြီး ပိုက်ဆံမရှိတဲ့ကြားက အမေ့အတွက် မီနီကွန်ဒိုလေးတစ်လုံး အရစ်ကျနဲ့ဝယ်ပေးနိုင်ခဲ့တဲ့အကြောင်း သတိတရပြောလာပါတယ်။ Russell ကတော့ အမေကိုသိတတ်လွန်းတဲ့ သားလိမ္မာတစ်ယောက်ဖြစ်ပြီး အမေလိုအပ်သမျှတွေကို ဖြည့်ဆည်းပေးတတ်သူတစ်တစ်ယောက်ပဲဖြစ်ပါတယ်။ Russell ရဲ့မေမေလည်း အခုဆိုရင် အေးချမ်းတဲ့ဘုံဘဝကိုရောက်ရှိနေလောက်ပြီထင်ပါတယ်။ Source: […]
Asian Amazing Culture & Community မှာ နိုင်ငံတကာအနုပညာရှင်တွေနဲ့အတူ ဖော်ပြခံခဲ့ရတဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်
သရုပ်ဆောင် ပိုင်တံခွန်နဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ကတော့ အားပေးသူပရိသတ်အခိုင်အမာနဲ့ ထိပ်ဆုံးမှာရပ်တည်နေကြတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုင်တံခွန်ဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်ထဲကိုရောက်ရှိနေသလို ဝတ်မှုံရွှေရည်ကလည်း နိုင်ငံရေးပဋိပက္ခတွေကြားမှာ အနုပညာအလုပ်တွေကို ရပ်တံ့ထားခဲ့တာပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေမလုပ်ကိုင်တာ တစ်နှစ်နီးပါးရှိနေပြီဆိုပေမယ့် အောင်မြင်မှုအရှိန်အဟုန်ကျဆင်းသွားခြင်းမရှိတဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်ဟာ ဒီတစ်ခါမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအနုပညာရှင်တွေအဖြစ် ဖော်ပြခြင်းခံခဲ့ရပြန်ပါပြီ။ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်က Asian Amazing Culture & Community Facebook Group မှ Handsome & Beautiful ရဲ့ အဓိပ္ပါယ်ကို နိုင်ငံအလိုက် ဘာသာစကားများနဲ့ ဖော်ပြခဲ့ရာ မြန်မာနိုင်ငံအနေနဲ့ ပိုင်တံခွန် နဲ့ ဝတ်မှုန်ရွှေရည် က ဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်တို့ကတော့ အနုပညာအလုပ်တွေမလုပ်ကိုင်တာတောင် နည်းမျိုးစုံနဲ့ ပြည်တွင်းအနုပညာလောကမှာပါ ထိုးဖောက်အောင်မြင်နေတာ ဂုဏ်ယူစရာပါပဲနော်။ Source: Proud […]
စားဝတ်နေရေးအတွက် အအေးဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ခဲ့တဲ့ ဟေမာမန်းဝင်း
သရုပ်ဆောင်၊ ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်းရဲ့ သမီးဖြစ်သူ ဟေမာမန်းဝင်းကတော့ ဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းပြီး အနုပညာလောကထဲဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဟေမာမန်းဝင်းကလည်း ဖခင်ဖြစ်သူလိုပဲ ဟာသကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေက ဟာသမယ်လို့တောင် တင်စားကြတဲ့အထိပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟေမာမန်းဝင်းက အနုပညာအလုပ်တွေမလုပ်ကိုင်သေးပဲ အိမ်တွင်းစီးပွားရေးလုပ်ငန်းတွေပဲ လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဟေမာမန်းဝင်းက သူမတို့မိသားစုရဲ့ စားဝတ်နေရေးအတွက် အိမ်ဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ခဲ့ကြောင်း ပြောလာပါတယ်။ ဟေမာမန်းဝင်းက “စီးပွားရေးတစ်ခု တိုးချဲ့လိုက်ပြီ။ လမ်းကြုံရင်ဝင်သောက်ပါ။ ကုသိုလ်ရဝမ်းလဲဝပေါ့။ ဈေးသွားဈေးလာတွေကို အမောပြေလေး ရောင်းပေးနေတာပါ။ ဆေးသကြားပါဝါလုံးဝမသုံးပါ” ဆိုပြီး သူမရဲ့ အိမ်ဆိုင်လေးကို ပြသလာပါတယ်။ ဟေမာမန်းဝင်းတို့မိသားစုလေးကတော့ သမာအာဇီဝအလုပ်တွေလုပ်ရင်း ဘဝကိုရိုးသားကိုဖြတ်သန်းနေကြတာပဲဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ ဟေမာမန်းဝင်းတို့မိသားစုလေး ဒီထက်မက အဆင်ပြေကြပါစေနော်။ Source: Hay Mar Mann Win’s fb ဇော်ဂျီဖြင့်ဖတ်ရန် စားဝတ်နေရေးအတွက် အအေးဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ခဲ့တဲ့ […]
ဈေးရောင်းတဲ့သူတွေ အထူးဂရုပြု ရှောင်ကြဉ်ရမယ့် မိစ္ဆာအာဇီဝ ဈေးရောင်းနည်း
မြေပဲဆီထဲကို စားအုန်းဆီရောပြီး မြေပဲဆီစစ်စစ်ပါဆိုပြီး ရောင်းချတာမျိုး၊ အချိုမှုန့်သုံးပါရဲ့နဲ့ အချိုမှုန့်လုံးဝမသုံးပါဘူးလို့ ကြေငြာပြီး ရောင်းချတာမျိုး စသဖြင့် မမှန်မကန် ရောင်းချမှုအားလုံးက မိစ္ဆာအာဇီဝဒုစရိုက် ဖြစ်ပါတယ်။ ပစ္စည်းမှန် ဈေးမှန် ရောင်းချမှသာ သမ္မာအာဇီဝဖြစ်ပါတယ်။ တစ်ထောင်တန်ကို တစ်သောင်းဈေးတင်ရောင်းချတာမျိုးက မညီမျှတဲ့ အလိုကြီးလွန်းတဲ့ ဝိသမလောဘလို့ ခေါ်ပါတယ်။ မလုပ်အပ်ပါဘူး။ ဈေးဝယ်သူက ဈေးဆစ်တဲ့အခါ ကျွန်မတို့တောင် အဲဒီလောက် မမြတ်ပါဘူး။ အဲဒီလို လိမ်ညာပြောရင် မိစ္ဆာအာဇီဝဖြစ်ပါတယ်။ ကိုယ်မလျှော့နိုင်ရင် လျှော့ပေးဖို့ အဆင်မပြေဘူး လို့သာ ပြောပါ။ Ashin Khema Nanda Zawgyi မြေပဲဆီထဲကို စားအုန်းဆီရောပြီး မြေပဲဆီစစ်စစ်ပါဆိုပြီး ရောင်းချတာမျိုး၊ အချိုမှုန့်သုံးပါရဲ့နဲ့ အချိုမှုန့်လုံးဝမသုံးပါဘူးလို့ ကြေငြာပြီး ရောင်းချတာမျိုး စသဖြင့် မမှန်မကန် ရောင်းချမှုအားလုံးက မိစ္ဆာအာဇီဝဒုစရိုက် ဖြစ်ပါတယ်။ ပစ္စည်းမှန် […]
တပ်ထဲသို့ ခေါ်ယူ စစ်ဆေးခံခဲ့ရကြောင်း ပြန်လည်ပြောပြလာတဲ့ ကျော်ကျော်နန္ဒ
ပရိတ်သတ်ကြီးရေ ကျော်ကျော်နန္ဒကတော့ အာဏာသိမ်းပြီးစ ထဲက ပြည်သူနဲ့အတူ ပါဝင်ကာ ဆန္ဒပြကာတော်လှန်ခဲ့သူပါ။ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) စစ်ကောင်စီမှ သူ့အား ၅၀၅ကဖြင့် တရားစွဲဆို ခဲ့သောကြောင့် လိုက်လံဖမ်းဆီးမှုတွေ ကြားကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ဝရမ်းလွတ်တဲ့ အခါမှာလည်း သူဟာပြန်လည်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာပါ။ ဒီနေ့မှာတော့ “ပြည်မြို့ တပ်ထဲရောက်ခဲ့ဖူးပါပြီ မေးမြန်းစစ်ဆေးပြီး ကျနော်ကို ပြန်လွှတ်လိုက်ပါတယ် ဒီရက်ပိုင်းအတွင်း စိတ်ပူပေးကြတာ ကျေးဇူးပါ ဝဋ်ကြွေးတွေလည် ပြီးချင်ပါပြီ စိတ်ဆင်းရဲရတဲ့ ရက်တွေလည်း ပြီးဆုံးပါရစေ အားလုံးလည်း ဘေးကင်း ကျန်းမာ အမြန်ဆုံး အေးချမ်းကြပါစေဗျာ”ဆိုတဲ့စာလေးနဲ့ ဒီနေ့မှာတော့ ထုတ်ပြောလာ တာပါ။ ဖမ်းဝရမ်းက လွတ်ပေမယ့် အခုချိန်ထိ စောင့်ကြည့် မေးမြန်းစစ်ဆေးခံနေရတဲ့ […]
(ဖူးသစ်ဝေ)ကုန်စုံဆိုင်ရှေ့မှာ ငါးတစ်ကောင်ကို ငွေတစ်ထောင်ကျပ်ဖြင့် ရောင်းချပေးနေ
ခုလိုခက်ခဲနေကြတဲ့အချိန်မှာ ခက်ခဲနေသူများ စားဝတ်နေရေးအဆင်ပြေနိုင်စေဖို့ ၅၀၀ ကျပ်တန် အဝစား ထမင်းဆိုင်များ၊ ဈေးတန်းများ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) ပေါ်ထွက်လာနေသလို ခုဆိုရင် ငါးတစ်ကောင်ကို ငွေတစ်ထောင်ကျပ်ဖြင့် ရောင်းချပေးသွားမယ့် ဈေးတန်းလေးလည်း ထွက်ပေါ်လာနေပါပြီ။ ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ငါးတစ်ကောင်ကို ငွေတစ်ထောင်ကျပ်ဖြင့် ရောင်းချပေးနေကြောင်းသိရှိရပါတယ်။ ရောင်းချပေးသည့်နေရာကတော့ (၁၁)ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်း 11Mart အနီး (ဖူးသစ်ဝေ)ကုန်စုံဆိုင်ရှေ့မှာ မနက် (၇:၀၀) နာရီမှ စတင်၍ ရောင်းချပေးသွားမယ်လို့ သိရှိရပါတယ်။ ခုလို ၅၀၀ ကျပ်တန် အဝစား ထမင်းဆိုင်များ၊ ၅၀၀ ကျပ်တန်ဈေးတန်းများ၊ ငါးတစ်ကောင် တစ်ထောင်ကျပ်နဲ့ ရောင်းချပေးနေတဲ့ နေရာတွေလိုမျိုး များများပေါ်ပေါက်လာခြင်းက စားဝတ်နေရေးခက်ခဲနေသူတွေအတွက် […]
ဒီကနေ့ကျရောက်တဲ့ (၄၃)နှစ်ပြည့်မွေးနေ့မှာ မိသားစုနဲ့အတူတူရှိမနေနိုင်ခဲ့တဲ့ ပြေတီဦး
နိုင်ငံကျော်အကယ်ဒမီသရုပ်ဆောင် ပြေတီဦးကတော့ သရုပ်ဆောင်ကောင်းရုံသာမက ကျရာဇာတ်ရုပ်မျိုးစုံမှာ အပီအပြင်ဆုံး၊ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ယောက်ပါ။ အနုပညာမှာ ပီပြင်ရုံသာမက ခံယူချက်မှာလည်း ပြတ်သားတဲ့ ပြေတီဦးဟာ နွေဦးတော်လှန်ရေးမှာ CDM ဝန်ထမ်းတွေဘက်က ရပ်တည်ခဲ့တာမို့ သူရော၊ သူ့ရဲ့ဇနီးဖြစ်သူ အကယ်ဒမီအိန္ဒြာကျော်ဇင်ရော နှစ်ယောက်စလုံး အကျဉ်းထောင်ထဲကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၃၀) ရက်နေ့ကတော့ အကယ်ဒမီပြေတီဦးရဲ့ (၄၃) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ပြေတီဦးကတော့ သူ့ရဲ့မွေးနေ့မှာ အကျဉ်းထောင်ထဲကိုရောက်ရှိနေတာမို့ သူ့ရဲ့မိခင်၊ ဇနီး၊ သားသမီးတွေနဲ့ ဆုံဆည်းခွင့်မရဖြစ်ခဲ့ပြီး မွေးနေ့ကို တိတ်ဆိတ်စွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ပြေတီဦးကတော့ ဒီနှစ်မွေးနေ့မှာ အားလုံးနဲ့ဝေးရာကိုရောက်ရှိနေတာပေမယ့် ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကတော့ ပြေတီဦးရဲ့မွေးနေ့ကို သတိတရဆုတောင်းပေးနေကြတာပဲဖြစ်ပါတယ်။ ပြေတီဦးလည်း အမြန်ဆုံးလွတ်မြောက်ပြီး မိသားစုနဲ့အတူ ဆုံဆည်းနိုင်ပါစေနော်။ ဇော်ဂျီဖြင့်ဖတ်ရန် ဒီကနေ့ကျရောက်တဲ့ (၄၃)နှစ်ပြည့်မွေးနေ့မှာ မိသားစုနဲ့အတူတူရှိမနေနိုင်ခဲ့တဲ့ ပြေတီဦး နိုင်ငံကျော်အကယ်ဒမီသရုပ်ဆောင် […]
အိုမီခရွန် ကိုဗစ်ပိုးသစ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး
ကိုဗစ်ကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ် Omicron (အိုမီခရွန်) ဟာ အလွန်ကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်အဖြစ် ပေါ်ထွက်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြောလိုက်ပါပြီ။ ကမ္ဘာကြီးဟာ ပြင်ဆင်ထားရမယ် တဲ့ မျိုးကွဲအသစ်ဟာ ပြင်းထန်တဲ့ ရောဂါတွေခံစားရစေမှာလား ဆိုတာ ခုထိ သဲကွဲစွာမပြောနိုင်သေးပါဘူး။ အမေရိကန်သမ္မတဘိုင်ဒင်ကတော့ ကိုဗစ် ဗိုင်းရပ်စ် မျိုးကွဲဟာ အလေးထားဂရုစိုက်စရာဖြစ်တယ်။ အထိတ်တလန့်တော့ ဖြစ်ဖို့မလိုဘူးလို့ ပြောပါတယ်။ ကမ္ဘာပေါ်က လေဆိပ်တွေ ပိတ်လိုက်ကြပြီး ခရီးသွားလာမှုတွေ ကန့်သတ်ထားကြပါပြီ။ နိုင်ငံကိုဝင်ထွက်တာတွေ ပိတ်ချကြပါတယ်။ ထိပ်တန်း စီးပွားရေးပညာရှင်တွေကတော့ Omicron (အိုမီခရွန်) ဟာ အမေရိကန်မှာ Stagflation လို့ခေါ်တဲ့ (အတောမသတ်နိုင်အောင် ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်းမြင့်မားလာမှုတွေ ပူးတွဲဖြစ်ပေါ်လာခြင်း) စီးပွားပျက်မှုနဲ့အတူ တိုင်းပြည်စီးပွားရေးဟာ ရပ်တန့်သွားဖို့ ရှိတယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။ သိတာတော့ […]
မန္တလေးမှာလည်း ကျပ် ၅၀၀ တန် ထမင်းဆိုင် ဖွင့်ပါပြီ
မန္တလေးမြို့တွင် ကျပ်၅၀၀တန် တန်ဖိုးနည်းထမင်းဆိုင်ကို ဒီဇင်ဘာ၁ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါတယ်။ “နေ့စဉ် ကုသိုလ်တွေနဲ့အတူ မျှဝေရင်း အဆိုးဆုံးအချိန်တွေကိုဖြတ်သန်းမယ်။ ပိုက်ဆံမချမ်းသာပါဘူး။ စေတနာ ချမ်းသာတယ်။ စေတနာအကျိုးကြောင့် မဆုတ်ယုတ်ဘူးဆိုတာကို ယုံကြည်တယ်”ဟု ထမင်းဆိုင်အတွက် စီစဉ်နေသူက လူမှုကွန်ရက်ပေါ်သို့ ရေးတင်ထားပါတယ်။ ဝက်သား၊ ကြက်သား၊ ငါးတို့အနက် ကြိုက်ရာတမျိုး၊ ငံပြာရည် ၊ ငပိရည် အတို့အမြုပ်၊ အသီးအရွက်ကြော်၊ ချဉ်ရည်ဟင်း တို့ပါဝင်မှာ ဖြစ်ပါတယ်။ ရောင်းချချိန်မှာ နံနက် ၁၁နာရီမှ နေ့လယ် ၂နာရီ အတွင်းဖြစ်ပြီး ဆိုင်စားစနစ်၊ ပါဆယ်စနစ်တို့ဖြင့် လာရောက်သုံးဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ဆိုင်လိပ်စာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မိဘမေတ္တာ မြန်မာထမင်းနှင့် အကင်ဆိုင်၊ လမ်း၉၀နှင့် လမ်း၃၀ထောင့်၊ ကျောက်ဆစ်မီးသတ်မြောက်ဖက်ဖြစ်ပါတယ်။ Zawgyi မန္တလေးမြို့တွင် ကျပ်၅၀၀တန် တန်ဖိုးနည်းထမင်းဆိုင်ကို […]
“သင့်ဘဝကို ပြောင်းလဲစေမဲ့ ဂေါတမဗုဒ္ဓ၏ သော့ချက် (၁၂) ချက်”
ဂေါတမမြတ်စွာ ဘုရားဟာ သဗ္ဗေညုတ ညဏ်တော် ကိုရရှိထားပြီး အလုံစုံ သိတော်မူ၏ လူသားတို့၏ ကောင်းကျိုးကို လိုလားပြီး နိဗ္ဗာန် အထိ ရောက်စေခြင်း အလိုငှာ တရားတော် များကို ဟောကြားခဲ့ ပါတယ်။ ထို့ တရားတော်များမှ အနှစ်ထုတ် ၍ ကျွန်နုပ်တို့၏ ဘဝ ကို အပြောင်းအလဲ ဖြစ်စေမဲ့ အချက် ၁၂ ကိုပြောပြပေး ပါမယ်။ ၁။ ဒေါသလျော့ပါ ဒေါသ ကို ပုထုစဉ် လူသား တွေက ကင်းလွတ်နိုင်ခြင်း မရှိပေမဲ့ အတတ်နိုင် ဆုံးလျှော့ သင့်ပါတယ်။ ၂။ သင်ကိုသင် စိတ်ချမ်းသာဖို့အတွက် ပြုံးပါ တစ်နေ့တစ်ခါ ကောင်းကင်ပြာပြာကြီးအောကမှာ အားရပါးရရယ်ပြီး အော်လိုက်ပါ။ ၃။ လူတိုင်းအပေါ်မေတ္တာထားနိုင်အောင်ကြိုးစားပါ။ လူတိုင်းအပေါ်မေတ္တာထား မှသာ […]