မွေးရပ်မြေက ရှင်အပါင်း (၁၀၀၀) အတွက် ထမင်းရည်ချောင်းစီးမောင်းတီးပြီး အလှူပြုလုပ်ပေးခဲ့တဲ့ ဘေဘီမောင်နဲ့သားဂန်း
သရုပ်ဆောင် ဘေဘီမောင်ကတော့ သူမသိပ်ချစ်ရတဲ့ချစ်သူလေး သားဂန်းနဲ့ လက်ထပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ သားဂန်းနဲ့ ဘေဘီမောင်က တစ်ယောက်နဲ့တစ်ယောက် အသက်အရွယ်ကွာခြားမှုရှိပေမယ့် နားလည်မှုအပြည့်နဲ့ မေတ္တာတရားတွေလွှမ်းခြုံပြီး ရှေ့ဆက်နေကြတာပဲဖြစ်ပါတယ်။ စိတ်တူကိုယ်တူရှိသလို အလှူရေစက် လက်နဲ့မကွာလှူဒါန်းတဲ့ ဘေဘီမောင်တို့ဇနီးမောင်နှံက ဒီတစ်ခေါက်မှာလည်း မွေးရပ်မြေက ရှင်အပါင်း (၁၀၀၀) အတွက် ထမင်းရည်ချောင်းစီးမောင်းတီးပြီး အလှူပြုလုပ်ပေးခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။ “နွားဦးတိုက် ဆရာတော်ဘုရားကြီးရဲ့ မုတ်ဆိတ်ကွင်းကျေးရွာ၊ မွေးရပ်မြေမြတ် ကျေးဇူးဆပ် ရှင်အပါး ၁၀၀၀ အလှူတော် မဂ်လာကြီးရဲ့ ထမင်းရည်ချောင်းစီးမောင်းတီး ၉ ပေအမြင့် မောင်းကြီးတီးလှူတဲ့ အလှူကြီးနှင့် ဘုရား စိန်ဖူးတော်တင် …ပီတိဖြစ် ဝမ်းမြှောက်ရပါတယ် ဘုန်းဘုန်းဘုရား မုတ်ဆိတ်ကွင်းကျေးရွာ ကိုသားဂန်းမွေးနေ့အမှတ်တရအဖြစ်နဲ့ စိန်လက်စွပ်တစ်ကွင်းဌာပနာထည့်သွင်းခွင့်ရတဲ့အတွက်ဝမ်းသာပီတိဖြစ်ရပါတယ်ဘုရားဆရာတော်ဘုရားလည်းကျန်းမာသက်ရှည်ပါစေဘုရား” ဆိုပြီး ဘေဘီမောင်က သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။ ဘေဘီမောင်နဲ့ သားဂန်းကတော့ မုတ်ဆိတ်ကွင်းကျေးရွာက မွေးရပ်မြေက […]
သားဖြစ်သူပိုင်တံခွန်အမြန်ဆုံးလွတ်မြောက်စေရန်အတွက် တန်ခိုးကြီးဘုရားတွေနဲ့ဘိုးဘိုးကြီးတွေဆီမှာ ဆုတောင်းခဲ့တဲ့ ပိုင်တ့ခွန်ရဲ့မိခင်ကြီး
ထောင်ဒဏ်၃နှစ်လို့သတင်းတွေထွက်နေပေမယ့်ထောင်ဒဏ်၆နှစ်ချမှတ်ခံလိုက်ရတဲ့မဝင်းမင်းသန်း
Beauty Blogger ဝင်းမင်းသန်းဟာဆိုရင်အရမ်းကိုချစ်ဖို့ကောင်းပြီး ပွင့်ပွင့်လင်းလင်းပြောဆို နေထိုင်တတ်တဲ့သူဖြစ်ပါတယ်။အမှန်တရားအတွက်ဆိုရင်ဘာကိုမှမကြောက်တဲ့ မဝင်းမင်းသန်းကို စစ်ကောင်စီဘက်မှ ဧပြီလကတည်းက ဖမ်းဆီးထားတာဖြစ်ပါတယ်။ဒီကနေ့ ဒီဇင်ဘာလ၃၀ရက်နေ့မှာတော့Glow Nation မဝင်းမင်းသန်းကို ထောင်ဒဏ်အမိန့်ချလိုက်ပြီပဲဖြစ်ပါတယ်။ ကနဦးသတင်းတွေအရGlow Nation မဝင်းမင်းသန်းကိုအလုပ်ကြမ်းနှင့်ထောင်ဒဏ်၃နှစ်လို့ သတင်းတွေ ထွက်နေပေမယ့်တကယ်တမ်းတော့ ထောင်ဒဏ်၆နှစ်တိတိ ချလိုက်တာဖြစ်ကြောင်း ရှေ့နေဖြစ်သူရဲ့အဆိုအရ သိရပါတယ်။မဝင်းမင်းသန်းကို ပုဒ်မ၅၀၅- က ဖြင့်ထောင်ဒဏ်၃နှစ် ၊မတရားအသင်းဆက်သွယ်မှုဖြင့်ထောင်ဒဏ်၃နှစ်စုစုပေါင်း၆နှစ်တိတိ ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီကနေ့ဒီဇင်ဘာလ၃၀ရက်နေ့မှာတော့ ဖမ်းဆီးခံထားရတဲ့ပြည်သူ့အချစ်တော်အနုပညာရှင်တွေဖြစ်ကြတဲ့ ဦးလူမင်း၊ရဲတိုက်၊အိနြ္ဒာကျော်ဇင်၊ပြေတီဦး၊တေးသံရှင်စောဖိုးခွား၊အဆိုတော်ပိုပိုနှင့်Beauty Blogger မဝင်းမင်းသန်းတို့ အားလုံးကိုထောင်ဒဏ်အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။ Crd to Myanmar Celebrities
မတရားအမိန့်ချမှတ်ခံခဲ့ရတဲ့ အနုပညာရှင်တွေနဲ့သတင်းကိုကြည့်ပြီး သွေးတက်သွားလို့ ဆေးခန်းထိပါရောက်ခဲ့တယ်ဆိုတဲ့ နွေးနွေးချစ်ဖွယ်
လူရွှင်တော်၊ သရုပ်ဆောင်ကြီး မြို့တော်ချစ်ဖွယ်ရဲ့ သမီးဖြစ်သူ နွေးနွေးချစ်ဖွယ်က ဖခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို ဆက်ခံရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကမှာ ကျင်လည်ဖြတ်သန်းနေတဲ့ နွေးနွေးချစ်ဖွယ်ဟာ စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်တာမို့ အနုပညာလောကသားအားလုံးကချစ်ကြရသူတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာညီအစ်ကိုမောင်နှမတွေကိုချစ်တဲ့ နွေးနွေးချစ်ဖွယ်က မနေ့က ဒီဇင်ဘာလ (၃၀) ရက်နေ့မှာတော့ မတရားအမိန့်ချမှတ်ခံခဲ့ရတဲ့ အနုပညာရှင်တွေနဲ့သတင်းကိုကြည့်ပြီး သွေးတက်သွားလို့ ဆေးခန်းထိပါရောက်ခဲ့တယ်ဆိုပြီး “မတရားဘူး။ မကျေနပ် ဘူး။ စိတ်ထိခိုက်လွန်းလွန့် သားမိနှစ်ယောက်သွေးတတ်ပြီး ဆေးခန်းပါပြေးရတယ် မေကြီးကျန်းမာပါစေ” သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။ နွေးနွေးချစ်ဖွယ်တို့ သားအမိနှစ်ယောက်ကတော့ မတရားအမိန့်ချမှတ်ခံရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်စီချမှတ်ခံခဲ့ရတဲ့ အနုပညာရှင်တွေအတွက် စိတ်ထိခိုက်လွန်းလွန်း ဆေးခန်းထိပါရောက်ရှိခဲ့တာဖြစ်ပါတယ်။ Source: Nway Nway Chit Phwel’s fb ဇော်ဂျီဖြင့်ဖတ်ရန် မတရားအမိန့်ချမှတ်ခံခဲ့ရတဲ့ အနုပညာရှင်တွေနဲ့သတင်းကိုကြည့်ပြီး သွေးတက်သွားလို့ ဆေးခန်းထိပါရောက်ခဲ့တယ်ဆိုတဲ့ […]
မနက်ဖြန်ကျရောက်မယ့်မွေးနေ့အမှတ်တရအဖြစ် လူငယ်တွေအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးခဲ့တဲ့ နေထူးနိုင်
သရုပ်ဆောင် နေထူးနိုင်ကတော့ အက်ရှင်ဇာတ်ကားတွေနဲ့ သည်းထိတ်ရင်ဖို သဘာဝလွန်ဇာတ်ကားတွေရိုက်ကူးရင်း နယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မနက်ဖြန် ဇန်နဝါရီလ (၁) ရက်နေ့ကတော့ နေထူးနိုင်ရဲ့ မွေးနေ့လေးဖြစ်ပြီး မနက်ဖြန်ကျရောက်မယ့်မွေးနေ့မှာ လူငယ်တွေအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးမယ့်အကြောင်းကို အခုလိုပဲပြောလာပါတယ်။ “2022January 1 st နေ့မှာကျရောက်တဲ့ ကျွန်တော့်မွေးနေ့အတွက် ယခုကာလမှာ ကြီးကျယ်ခမ်းနားစွာနဲ့ မလှူနိုင်ပေမယ့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ လူငယ်တွေအတွက် အလုပ်အကိုင်လေးတစ်ခု ဖန်တီးပေးပါရစေ။ အစားကျွေးလိုက်ခြင်းဟာ တစ်နပ်စာအလှူဖြစ်တယ်။ ငွေကြေးပေးလိုက်ခြင်းဟာ တစ်ရက်စာအလှူ(သို့မဟုတ်) အတိုင်းအတာတစ်ခုအထိအကူအညီရနိုင်ပါတယ်။ ပညာရော အလုပ်အကိုင်ပါ ပေးလိုက်ခြင်းကတော့ တစ်ဘဝစာအလှူလို့ ကျွန်တော်ခံယူထားပါတယ်။” “Action ဗီဒီယို နဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေတဲ့(လက်ရှိနားထားရ) ကျွန်တော့်ဘက်ကပေးနိုင်တာက ကျွန်တော်နဲ့ ကျွန်တော့် Crew တတ်မြောက်ထားတဲ့ မဖြစ်စလောက်သော Stunt အတတ်ပညာများနဲ့ Action ဇာတ်ကားများရိုက်ကူးရာမှာတတ်မြောက်ရတဲ့ အတတ်ပညာများဖြစ်ပါတယ်။ […]
တစ်နိုင်ငံလုံးပျော်ရွှင်စရာမကောင်းတဲ့အချိန်မှာ Happy New Year ဆိုပြီးစာမပို့ကြဖို့ တောင်းဆိုလာတဲ့ ချောရတနာ
သရုပ်ဆောင်ချောရတနာကတော့ မော်ဒယ်လ်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီးနောက် သရုပ်ဆောင်အဖြစ်ပါ အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ “ဥ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ဆွတ်ခူးရရှိထားတဲ့ ချောရတနာဟာ အနုပညာကိုမလစ်ဟင်းသလို အိမ့်ထောင်တာဝန်မှာလည်း ကျေပွန်တဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ချောရတနာကတော့ အိမ်ထောင်ရှင် ကလေးမေမေတစ်ယောက်ဖြစ်တာကြောင့် လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ စိတ်သွားတိုင်းကိုယ်မပါနိုင်ခဲ့ပေမယ့် ပြည်သူတွေနဲ့ တသာတည်းရှိနေခဲ့သူဖြစ်ပါတယ်။ဒီကနေ့မှာလည်း ချောရတနာက တစ်နိုင်ငံလုံးပျော်ရွှင်စရာမကောင်းတဲ့အချိန်မှာ မပျော်နိုင်ကြောင်းကို “ကျွန်မကို Happy New Year ဆိုပြီးMessenger ကမပို့ပါနဲ့။ နှစ်သစ်ကစပြီး အားနာတဲ့ အကျင့်ကိုလည်းဖျောက်ပါမယ်” ဆိုပြီး ပြောလာခဲ့ပါတယ်။ ချောရတနာကတော့ တစ်နိုင်ငံလုံးပျော်ရွှင်စရာမကောင်းတဲ့အချိန်မှာ သူမကို Happy New Year ဆိုပြီး စာမပို့ကြဖို့ မေတ္တာရပ်ခံလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီနေ့ နှစ်သစ်ကူးညမှာ သိုသိုသိပ်သိပ် ပုံမတင်ပဲ မိသားစုနဲ့ အေးချမ်းစွာရှိနေနိုင်ကြပါစေနော်။ Source: Chaw Yadanar’s fb […]
နှစ်သစ်ကူးညမှာ ပျော်ရွှင်စားသောက်နေတဲ့ပုံတွေကိုမတင်ဖို့ မေတ္တာရပ်ခံလာတဲ့ ဖွေးဖွေး
သရုပ်ဆောင် ဖွေးဖွေးကတော့ ယခု (၂၀၂၁) ခုနှစ်မှာ သူမဘဝရဲ့ အမှောင်မိုက်ဆုံးဆိုတဲ့ အချိန်တွေကိုဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ (၅၀၅) က နဲ့ အမှုဖွင့်ခံခဲ့ရသလို အချစ်ရဆုံး ကျေးဇူးရှင် ဖခင်ကိုလည်း ဆုံးရှုံးခဲ့ရတာမို့ ဖွေးဖွေးဟာ အဆိုးဆုံးဆိုတဲ့ကိစ္စတွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ဖွေးဖွေးက အနုပညာအလုပ်တွေကို လုံးဝမလုပ်ကိုင်သေးပဲ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပီပီ ပြည်သူတွေဒုက္ခရောက်နေချိန်မှာ မပျော်ရွှင်နိုင်သေးတဲ့ ဖွေးဖွေးဟာ ဒီကနေ့မှာလည်း နှစ်သစ်ကူးညမှာ စစ်ဘေးရှောင်မိသားစုတွေနဲ့ PDF လူငယ်လေးတွေကို ငဲ့ညှာသောအားဖြင့် အပျော်ပုံတွေမတင်ဖို့ကို “ပျော်ပါ … Just Have Fun in Private.. Pls Don’t Post… ပုံလေးတွေမတင်နဲ့ လွတ်လပ်ရေးရမှတင်ဖို့သိမ်းထားပေးပါနော်….Help by not acting like This is Normal…ပုံမတင်ရလို့ဘာမှမဖစ်သွားပါဘူး ….PLEASE […]
မတရားအကျဉ်းချခံရတဲ့ အနုပညာရှင်တွေရဲ့ ကလေးလေးတွေမျက်နှာကိုမြင်ယောင်ပြီး ဝမ်းနည်းရတယ်ဆိုတဲ့ ခိုင်သင်းကြည်
မခိုင်လေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် အကယ်ဒမီ ခိုင်သင်းကြည်ကတော့ စစ်တပ်အမှုထမ်းဖခင်ကဆင်းသက်လာသူတစ်ယောက်ဖြစ်ပေမယ့် ဓမ္မဘက်ကနေ ရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာမောင်နှမတွေကို ချစ်သလို အနုပညာမောင်နှမတွေရဲ့ အပျော်တွေ ဝမ်းနည်းမှုတွေကို မျှဝေခံစားတတ်တဲ့ ခိုင်သင်းကြည်ဟာ ဒီတစ်ခေါက်မှာလည်း အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ မတရားထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် စိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယ်။ ခိုင်သင်းကြည်က မတရားအကျဉ်းချခံရတဲ့ အနုပညာရှင်တွေရဲ့ ကျန်ရစ်ခဲ့တဲ့ကလေးလေးတွေကိုမြင်ယောင်ပြီး စိတ်မကောင်းဝမ်းနည်းဖြစ်ရကြောင်းကို “အားလုံးအတွက်စိတ်မကောင်းများစွာဖြစ်ရပါတယ်ခလေးလေးတွေရဲ့မျက်နှာလေးတွေမြင်ယောင်မိပြီးပိုဝမ်းနည်းရတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။ ခိုင်သင်းကြည်ကတော့ သူမကိုယ်တိုင်လည်း သားသမီးရှိတဲ့ မိခင်တစ်ယောက်ပီပီ သားသမီးတွေရှိနေတဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေရဲ့ သတင်းဆိုးကိုကြားရတဲ့အခါ ကိုယ်ချင်းစာစိတ်နဲ့ ဝမ်းနည်းပူဆွေးရကြောင်း ပြောလာတာပဲဖြစ်ပါတယ်။ Source: KHINE THIN KYI’s fb ဇော်ဂျီဖြင့်ဖတ်ရန် မတရားအကျဉ်းချခံရတဲ့ အနုပညာရှင်တွေရဲ့ ကလေးလေးတွေမျက်နှာကိုမြင်ယောင်ပြီး ဝမ်းနည်းရတယ်ဆိုတဲ့ ခိုင်သင်းကြည် မခိုင်လေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ […]
မန္တလေး (၆) မြို့နယ်က ကျူးကျော်တွေ ဖျက်သိမ်းဖို့ နောက်ဆုံး သတိပေးစာ ပို့ပြီ
မန္တလေးစည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ် (၆)မြို့နယ်က ကျူးကျော်တွေကို အမြန်ဆုံးဖယ်ရှားရှင်းလင်းကြပေးကြဖို့ သတိပေးစာတွေကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ တာဝန်ရှိသူတွေက ယခုရက်ထဲ လိုက်လံဖြန့်ဝေနေတာတွေ့ရှိနေရပါတယ်။ တရားမဝင်ကျူးကျော်တွေကို ၁၆-၁၁-၂၀၂၁ကနေ ၁၅-၁၂-၂၀၂၁အတွင်း မိမိတို့ရဲ့ အစီအစဉ်နဲ့ ဖယ်ရှားထွက်ခွာကြဖို့ ကြေညာထားခြင်း၊ ယခု သတ်မှတ်ရက်ထက် ကျော်လွန်သွားလို့ အမြန်ဆုံး ဖယ်ရှားပေးဖို့နဲ့ မဖယ်ရှားရင် သူတို့ လာဖျက်မယ်လို့ ထပ်မံ အသိပေးကြောင်း စာရရှိသူ တဦးက ပြောပါတယ်။ ကျူးကျော်ဆိုတာမှာ လမ်းမြေ၊ မြောင်းမြေ၊ ရထားလမ်းမြေ၊ လျှပ်စစ်ဓါတ်အားလိုင်းမြေ၊ အစိုးရ ဌာနဆိုင်ရာမြေ၊ ပုဂ္ဂလိကပိုင်မြေ အားလုံးပေါ် ကျူးကျော်နေထိုင်နေသူအားလုံးကို ဆိုလိုတာလို့ သိရပါတယ်။ မဟာအောင်မြေမြို့နယ်ထဲက ကျူးကျော်နေထိုင်သူတွေထံကိုလည်း မြို့နယ်ကျူးကျော်နေထိုင်မှုများ ဖယ်ရှားရှင်းလင်းရေးအဖွဲ့က ကျူးကျော်ထားတဲ့ အခိုင်အမာအဆောက်အဦးတွေ၊ ယာယီတဲတွေ၊ ဈေးဆိုင်တွေနဲ့ စုပုံပစ္စည်းတွေကို ဖျက်သိမ်းဖယ်ရှားပေးဖို့ အကြောင်းကြားစာတွေ လိုက်လံပေးပို့နေတာရှိပါတယ်။ အဆိုပါစာထဲမှာတော့ […]
ညစာ မစားတဲ့ ဘုန်းကြီး ရှိရင် ပြပါဆိုတဲ့ စကားကို ပြန်ချေပခြင်း (တကယ့် သာသနာ့ အာဇာနည်တွေပါ)
ညစာ မစားတဲ့ ဘုန်းကြီးရှိရင် ပြပါအုံးတဲ့ ကြည့်ဖူးချင်သလား? ညစာ စားဖို့ဆိုတာကို အသာထားလိုက်ပါ ။ အဲ့ကျောင်းတိုက်တွေမှာ ငွေတောင် ကိုင်ခွင် မရှိဘူး။ ဖုန်းကိုင်ခွင့် မရှိဘူး။ သတင်းစာတောင် စာချ ဆရာတော်တွေပဲ ဖတ်ခွင့်ရှိတယ်။ မဟာဝိဟာရ ကျောင်းတိုက် သံဃာ ၁၀၀၀ နီးပါး ရှိတယ်။ ဓူတင် ဆောက်တည်သူက ဓူတင်ဆောက်တည်။ တိစီဝရိ ဆောင်သူက တိစီဝရိ ဆောင်။ မြင်လိုက်တာနဲ့ ကြည့်နူးဖွယ်ရာ။ ဒါက မှော်ဘီမှာ ရှိတယ်။ မဟာဝိဟာရကျောင်းတိုက် (လှည်းကူး) အဲ့မှာတော့ ၄၀၀ နီးပါး ရှိတယ်။ ရွှေမကိုင် ငွေမကိုင် ဖုန်းမကိုင်ကြဘဲ။ ဖားအောက်တောရ သွားကြည့်လိုက်။ ဓမ္မဝိနယ လင်္ကာရကျောင်းတိုက်(သထုံ) သွားကြည့်လိုက်။ သံဃာ ၃၀၀ နီးပါး ရှိတယ်။ […]