မေမြို့ သင်္ဂတုံပရဟိတကျောင်းက ကလေးတွေအတွက် မုန့်မျိုးစုံလှူဒါန်းကုသိုလ်ယူခဲ့တဲ့ မေလသံစဉ်
အသံချိုချိုအေးအေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး မေလသံစဉ်ကတော့ ငယ်စဉ်ကလေးဘဝကတည်းက ဂီတအနုပညာကို ဝါသနာပါပြီး တစိုက်မတ်မတ်လုပ်ကိုင်ခဲ့သူလေးဖြစ်ပါတယ်။ သီချင်းဆိုကောင်းသလို လူလေးကလည်းချစ်စရာကောင်းတာကြောင့် မေလသံစဉ်ဟာ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ဆထက်တမ်းပိုးရရှိနေတယ်ဆိုလည်း မမှားပါဘူး။ မေလသံစဉ်ကလည်း သူမကိုချစ်ကြတဲ့ ပရိသတ်တွေအတွက် သီချင်းသစ်တွေကို အမြဲတမ်းဖန်တီးနေလျက်ရှိပြီး ကြိုးစားနေသူလေးတစ်ယောက်ပါပဲ။ လူလေးလှသလို စိတ်ထားလေးလည်း မွန်မြတ်တဲ့ မေလသံစဉ်ဟာ အလှူအတန်းတွေကိုလည်း မကြာခဏဆိုသလို ပြုလုပ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မေလသံစဉ်က ” မေမြို့ သင်္ဂတုံ ပရဟိတကျောင်းက ကလေးများအတွက် NICE FOOD မုန့်တွေ လှူဖြစ်ခဲ့ပါတယ် ” ဆိုပြီး သူမရဲ့ ကုသိုလ်လေးကို ပရိသတ်တွေဆီ ဝေမျှလာခဲ့ပါတယ်။ မေလသံစဉ်ကတော့ လူငယ်ပေမယ့် စိတ်ထားအရာမှာတော့ လူကြီးတစ်ယောက်လို ရင့်ကျက်ပြီး အလှူအတန်းမှာလည်း လက်မနှေးလှသူတစ်ယောက်ပဲဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ မေလသံစဉ်လေး […]
လပေါင်းများစွာပျောက်သွားခဲ့ပြီးနောက် ပရဟိတအလုပ်တွေလုပ်ပြီး ပြန်ပေါ်လာတဲ့ ဒေါ်သက်သက်ခိုင်ရဲ့သမီး G
အဆိုတော် G ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးနောက် အဆိုတော်ထွန်းအိန္ဒြာဗိုလ်ရဲ့တူမ၊ PPP ပါတီရဲ့ဥက္ကဌ ဒေါ်သက်သက်ခိုင်ရဲ့တူမအဖြစ် လူသိများလာခဲ့သူဖြစ်ပါတယ်။ အဆိုတော်အဖြစ် မအောင်မြင်ပေမယ့် G က ပရဟိတအလုပ်တွေကိုလုပ်ကိုင်ပြီး ပရိသတ်အာရုံစိုက်မှုကိုရရှိထားခဲ့သူပါ။ ယခင်နှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် G ဟာလည်း ပရိသတ်တွေရဲ့ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံခဲ့ရပြီး သူမရဲ့မိခင် ဒေါ်သက်သက်ခိုင်ဟာလည်း စကစပေးတဲ့ ရာထူးကိုလက်ခံယူခဲ့တာကြောင့် အချိန်အတော်ကြာ ပရိသတ်တွေရှေ့ကနေ ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရှေ့ကနေ လပေါင်းများစွာပျောက်ကွယ်သွားခဲ့တဲ့ G ဟာ ဒီကနေ့မှာတော့ သူမရဲ့ဖေ့စ်ဘုတ်ပေ့ချ်ကို ပြန်လည်အသုံးပြုပြီး “ပျောက်တာကြာလို့ ပြန်ပေါ်လာတာပါ။ အခုဆိုရင် နေပြည်တော်စည်ပင်ရိပ်သာ(၂)Quarantine Centre မှာ လှူဒါန်းပေးကြတဲ့ အလှူရှင်တွေရဲ့ကိုယ်စား သောက်သုံးရေအလှူအတွက် တာဝန်ယူဖြန့်ဝေပေးနေပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။ ” ဆိုပြီး သူမရဲ့ ပရဟိတအလုပ်အကြောင်းကို ပြောလာပါတယ်။ […]
ဉာဏ်ရည်မမှီကျပ်မပြည့်တဲ့ကာရိုက်တာတွေကိုသရုပ်ဆောင်ပြီး ရရှိခဲ့တဲ့ချွေးနည်းစာလေးနဲ့တိုက်အိမ်ကြီးဆောက်နိုင်ခဲ့တဲ့အကြောင်းပြောပြလာတဲ့ လူရွှင်တော်စိစိရဲ့ဗီဒီယို
ရန်ကုန်မြို့နဲ့ပတ်သက်ပြီး ပြည်သူတွေကို တောင်းဆိုလိုက်တဲ့ အဆိုတော် ရန်ရန်ချမ်း
ဝါရင့်ဟစ်ဟော့အဆိုတော်တစ်ဦးဖြစ်တဲ့ ရန်ရန်ချမ်း ကတော့ တစ်ခေတ်တစ်ခါတုန်းက နာမည်ကြီး လူကြိုက်များခဲ့တဲ့ နာမည်ကျော်အက်ဆစ်အဖွဲ့ဝင်ပဲဖြစ်ပါတယ်။ သူဟာမြန်မာပြည်ကို စစ်အာဏာသိမ်းတာကို လက်မခံနိုင်တာကြောင့် ပြည်သူတွေနဲ့အတူ ပြတ်ပြတ်သားသား ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီဘက်မှ ပုဒ်မ ၅၀၅ ဖြင့်တရားစွဲဆိုခံထားရပြီးနောက် လက်ရှိမှာ မိသားစုနဲ့အတူ ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အဆိုတော် ရန်ရန်ချမ်း ဟာ လက်ရှိမှာ ရန်ကုန်မြို့နဲ့ ဝေးကွာတဲ့နေရာမှာ မိသားစုနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ကြီးကို လွမ်းနေတာကြောင့် ရန်ကုန်ရဲ့နေရာတစ်ချို့ကို ဓာတ်ပုံရိုက်ပြီး ပို့ပေးဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။ ” ကျွန်တော့်ကို သယ်ရင်းတို့ခုရောက်နေတဲ့ရန်ကုန်ရဲ့နေရာလေးတွေရိုက်ပြီးပို့ပေးကြပါလားအလွမ်းပြေကြည့်ချင်လို့ ပို့လို့ရမှပို့ကြပါ ” လို့ သူ့ရဲ့ လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရေ အဆိုတော် ရန်ရန်ချမ်း ရဲ့ တောင်းဆိုချက်လေးကို […]
ကြပ်တည်းလွန်းလှတဲ့ စီးပွားရေး အခြေနေအကြောင်း ရင်ဖွင့်လာတဲ့ လူရွှင်တော် ဦးရွှေအိုး
ပရိသတ်ကြီးရေ ကိုဗစ်ဒ ဏ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ပြည်သူတွေကတော့ တစ်ပူပေါ်နှစ်ပူဆင့်ဆို သလိုလူတိုင်းအားလုံးစီးပွားရေးတွေကျပ်တည်းနေကြပါတယ်။ ဒီလိုဆိုးရွားလှတဲ့ အခြေအနေတွေကို အများဆုံးခံစား ရတာကတော့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေရပ်နားထားတာကြောင့် ဇာတ်ပို့ ဇာတ်ရန်တွေနဲ့ ဟာသသရုပ်ဆောင်လူရွှင်တော်တွေ အားလုံးနီးပါးဟာစားဝတ်နေရေး အခက်အခဲတွေ တွေ့ကြုံလာရပါတယ်။ ဒီနေ့မှာတော့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင် အကောင်းဆုံးဖျော်ဖြေခဲ့တဲ့ ဟာသလူရွှင်တော် ဦးရွှေအိုးကတော့ သူ့ရဲ့အခက်အခဲတွေကို ရင်ဖွင့်လာပါတယ်ဦးရွှေအိုး ကတော့လက်ရှိမှာ အိမ်လခပေးဖို့အခက်အခဲ ရှိနေပြီးတော့ စားသောက်ရေးလဲအဆင်မပြေဖူးလို့သိရပါ တယ်။ ဦးရွှေအိုးရဲ့မိန်းမဖြစ်သူကလည်း ကျန်းမာရေးချူချာ တာကြောင့် ဆေးကုသစရိတ်တွေမတတ်နိုင်တာ ကြောင့် ရှိတာလေးတွေ ရောင်းချနေရပါတယ်။ စားသောက်ရေးအတွက်ကလဲ ဟင်းဝယ်စားဖို့မတတ် နိုင်တာကြောင့် ဆန်ပြုတ်ပဲ သောက်နေရတယ်လို့ စိတ် မကောင်းစွာသိရပါတယ်။ ဦးရွှေအိုး ကတော့ အနုပညာ အသိုင်းအဝိုင်းက မောင်နှမတွေနဲ့ ကူညီနိုင် တဲ့သူတွေ အကူအညီပေးကြပါအုန်းလို့ အကူအညီ […]
ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ပေးခဲ့တဲ့ ဂျပန်ဆေးရုံမှ ဆရာဝန်နဲ့သူနာပြုတွေကို ထောပတ်ထမင်းလှူဒါန်းခဲ့တဲ့ မင်းသန့်မောင်မောင်
ဒါရိုက်တာ စင်ရောင်မောင်မောင်ကတော့ အကယ်ဒမီဆုတွေများစွာကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ရုပ်ရှင်အနုပညာလောကမှာ အောင်မြင်မှုတွေများစွာကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဒါရိုက်တာ စင်ရော်မောင်မောင်က သူ့ရဲ့ အနုပညာအမွေတွေကို သားဖြစ်သူ မင်းသန့်မောင်မောင်ဆီ လက်လွှဲပေးနိုင်ခဲ့ပြီး မင်းသန့်မောင်မောင်ကလည်း ဒါရိုက်တာပညာရပ်ကို အမေရိကန်နိုင်ငံအထိ သွားရောက်သင်ယူခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသန့်မောင်မောင်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး ဖခင်ကြီး စင်ရော်မောင်မောင်နဲ့ မိခင်ကြီး မေသန်းနုတို့ကို လိုလေသေးမရှိ ပြုစုစောင့်ရှောက်နေလျက်ရှိပါတယ်။ဒါရိုက်တာစင်ရော်မောင်မောင်က ပြီးခဲ့တဲ့ရက်ပိုင်းက အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး ဂျပန်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ လုံးဝနေကောင်းသက်သာသွားခဲ့ပြီး ကျန်းမာရေးကောင်းမွန်နေပြီဖြစ်တဲ့ စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့က ဂျပန်ဆေးရုံက ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကြက်သားထောပတ်ထမင်းများ လှူဒါန်းပေးခဲ့ကြောင်း “ဂျပန်ဆေးရုံကြီးမှ ပါမောက္ခများ၊ သမားတော်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများအတွက် ကြက်သားထောပတ္ထမင်း(parparlay)အထုပ် ၆၀ […]
သူမချစ်ရတဲ့သူတွေအတွက် လူကောင်းအတိုင်းပြန်ဖြစ်အောင်ဘယ်လိုတွေအားတင်းကြိုးစားနေလည်းဆိုတာပြောပြလာတဲ့ မေတင်မောင်ဆန်းဝင်း
မြန်မာ့ဇာတ်သဘင်လောကရဲ့ နာမည်ကြီးအကျော်အမော်တစ်ဦးဖြစ်တဲ့ ဇာတ်မင်းသားကြီး ဦးရွှေမန်းတင်မောင် ရဲ့မျိုးဆက်ဖြစ်ပြီး သားသမီးမြေးမြစ်တွေက အမွေဆက်ခံပြီး တည်ထောင်ထားတဲ့ ရွှေမန်းဇာတ်သဘင် ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။ ရွှေမန်းဇာတ်သဘင်ကို လက်ဆင့်ကမ်း အမွေဆက်ခံလာတာကြောင့် အခုချိန်ထိမပျောက်ပျက်ပဲ ဆက်လက်တည်ရှိတာပဲဖြစ်ပါတယ်။ လက်ရှိ ရွှေမန်းသဘင် ကိုလက်ဆင့်ကမ်း ဦးဆောင်နေသူကတော့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း ပဲဖြစ်ပါတယ်။ သူနဲ့အတူ ပွဲတိုင်းမှာ ကပြဖျော်ဖြေနေသူကတော့ ညီမဖြစ်သူ မေတင်မောင်ဆန်းဝင်း ပဲဖြစ်ပါတယ်။ ရွှေမန်းမျိုးဆက်ဖြစ်တဲ့ မောင်နှမနှစ်ဦးကို ပရိသတ်တွေအားလုံးကချစ်ခင်ကြပါတယ်နော်။ဇာတ်မင်းသား တင်မောင်ဆန်းဝင်း ရဲ့ ညီမဖြစ်သူ မေတင်မောင်ဆန်းဝင်း ဟာ အာရုံကြောရောဂါကို ဆိုးရွားစွာ ခံစားနေရတာဆိုရင်တော့ ၄ လနီးပါးကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့် ဆေးရုံကနေ လူကောင်းပဂတိအတိုင်း အမြန်ဆုံးဆင်းချင်နေပြီလို့ သူမရဲ့ပရိသတ်တွေကို အခုလိုပဲရင်ဖွင့်ထားပါတယ်။ ” ဆေးရုံမှာနေရတာ ၄ လ ပြည့်တော့မှာမို့ ဆေးရုံရဲ့ခွင့်ပြုချက်နဲ့ မနက်သွား […]
ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေကို လွမ်းဆွတ်သတိရပြီး အမှတ်တရတစ်ခု လုပ်လိုက်တဲ့ ကိုပေါက်
နာမည်ကြီးအနုပညာရှင်အချို့ကတော့ ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆင်နွှဲခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ဒါရိုက်တာ ကိုပေါက် တစ်ယောက်ကလည်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေ တစ်နေရာကို ရောက်ရှိနေတဲ့ ကိုပေါက် ကတော့ ရောက်ရာနေရာကနေ တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေသူ ဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက် ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူမင်း၊ပြေတီဦး၊ပိုင်တံခွန်နဲ့အူဝဲတို့ရဲ့ပုံတူကို ရေးဆွဲခဲ့ပြီး လွမ်းဆွတ် သတိရနေခဲ့ပါတယ်။ အနုပညာရှင်ညီအစ်ကို မောင်နှမတွေဖြစ်ကြပြီး မိသားစုဝင်တွေလို ချစ်ခင်ရတဲ့ လူမင်း၊ ပြေတီဦး၊ အူဝဲနဲ့ ပိုင်တံခွန်ရဲ့ ပုံတူပန်းချီကားလေးတွေကို ကိုပေါက်တစ်ယောက် ရေးဆွဲခဲ့ပါတယ်။ ကိုပေါက် ကတော့ သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပုံတူပန်းချီလေးတွေကို ပြည်သူတွေရှေ့ ချပြလာခဲ့ပါတယ်။ ကိုပေါက် ကတော့ ” တစ်ယောက်က အစ်ကိုလို တစ်ယောက်ကသူငယ်ချင်း တစ်ယောက်က […]
‘ကျူးကျော်စစ်’ (သို့) ‘စစ်ပွဲ’လို့ သုံးနှုန်းပါက မီဒီယာလိုင်စင်ပိတ်သိမ်းမည်ဖြစ်ကြောင်း ရုရှားအစိုးရ ထုတ်ပြန်
ရုရှား ရုပ်သံသတင်းမီဒီယာတွေအနေနဲ့ လက်ရှိ ယူကရိန်းကို ရုရှားတပ်တွေ စေလွှတ်တာဟာ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့အတွက်ဖြစ်တာမို့ ကျူးကျော်စစ်၊ ရုရှား-ယူကရိန်းစစ်ပွဲ စသည်ဖြင့် သုံးနှုန်းခွင့်မရှိကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ ရုရှား မီဒီယာဆင်ဆာဌာနကလည်း ထုတ်လွှင့်ရေးသားပြီးသားရှိပါက ပြန်ဖျက်ပြင်ဖို့နဲ့ ရုရှားရဲ့ငြိမ်းချမ်းရေးအတွက် အထူးစစ်ဆင်ရေးလို့ ပြင်ဆင်သုံးစွဲဖို့ အမိန့်ထုတ်ထားတယ်ဆိုပါတယ်။ ညွှန်ကြားချက်ကို မလိုက်နာရင် မီဒီယာလိုင်စင် ပြန်လည်ရုပ်သိမ်းခံရမယ်လို့လည်း ဖေါ်ပြထားပါတယ်။ သာမန်ပြည်သူတွေအနေနဲ့လည်း ကျူးကျော်စစ်၊ ယူကရိန်းစစ်ပွဲလို့ သုံးနှုန်းရေးသားမယ်ဆိုရင် ဒေါ်လာ၆၀,၀၀၀ (ခြောက်သောင်း)အထိ ဒဏ်ရိုက်ခံရမယ်လို့လည်း ရုရှား သတင်းမီဒီယာကော်မတီက သတိပေးစာ ထုတ်ပြန်ထားကြောင်း ရုရှားသတင်းဌာနတွေက ပြောပါတယ်။ BNN မော်စကို၊ လေးစားစွာဖြင့် ခရက်ဒစ် Zawgyi code ဖြင့် ဖတ်ရန် ရုရှား ရုပ်သံသတင်းမီဒီယာတွေအနေနဲ့ လက်ရှိ ယူကရိန်းကို ရုရှားတပ်တွေ စေလွှတ်တာဟာ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့အတွက်ဖြစ်တာမို့ ကျူးကျော်စစ်၊ […]
မြွေရုပ်လေးတွေလုပ်ရောင်းပြီး ဝမ်းရေးဖြေရှင်းနေတဲ့ အဘိုးနဲ့ ထင်းပေါက်လေးတွေရောင်းတဲ့ အသက် (၇၇) နှစ်အရွယ် အဘိုးတို့ကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်