သူနာပြုဗိုလ်ကြီး ခင်ပပထွန်းနဲ့ ခင်ပွန်း ဆရာဝန်ဗိုလ်ကြီး သင်းအောင်ထွေး ပြည်သူနဲ့ပူးပေါင်း
သူနာပြုဗိုလ်ကြီး ခင်ပပထွန်းနဲ့ ခင်ပွန်း ဆရာဝန်ဗိုလ်ကြီး သင်းအောင်ထွေး ပြည်သူနဲ့ပူးပေါင်း ~~~~~ ခင်မောင်စိုး (ဝါရှင်တန်ဒီစီ) ■ တပ်မတော်ဆေးပညာဘက်ဆိုင်ရာ ပညာသင်ကျောင်း (မှော်ဘီ) က သူနာပြုဗိုလ်ကြီး ခင်ပပထွန်းဟာ ခင်ပွန်းဖြစ်သူ အငြိမ်းစားဆရာဝန် ဗိုလ်ကြီး သင်းအောင်ထွေးနဲ့အတူ ဒီမိုကရေစီပြည်လည်ရရှိရေး လှုပ်ရှားမှုမှာ ပါဝင်ပူးပေါင်းဖို့အတွက် လွတ်မြောက်နယ်မြေတနေရာကို ဒီရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့ပါပြီ။ ဗိုလ်ကြီး ခင်ပပထွန်းက စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုနဲ့ လက်ရှိပြည်သူလူထုအပေါ် ညှဉ်းပန်းသတ်ဖြတ်မှုတွေကို ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့တဲ့အတွက် ခင်ပွန်းဖြစ်သူနဲ့အတူ အခုလို နွေဦးတော်လှန်ရေးမှာ ပါဝင်ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ RFA ကို ပြောပါတယ်။ သူတို့ ဇနီးမောင်နှံကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။ ——- “အင်တာဗျူး ကောက်နုတ်ချက်များ – သူနာပြုဗိုလ်ကြီး ခင်ပပထွန်း” […]
မြန်မာပြည်သူတွေအတွက် အခက်အခဲများကြားမှ ကုမ္ပဏီထောင်ကာ အလှူငွေများစွာ လှူဒါန်းပေးနေတဲ့ လေးစားဖွယ် ဂျပန်နိုင်ငံသားတစ်ဦး
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အတွက် စီစဉ်ခဲ့တဲ့ Crowdfunding Projectကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဂျပန်ယန်းငွေ တစ်သန်း လှူခဲ့သူက ဂျပန်လူမျိုး မစ္စတာ ယာဆုဟိရို ယိုရှိဇာဝါ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံအတွက် ဒီလိုလှူတာ အခု တစ်ကြိမ်က ပထမဆုံး မဟုတ်တဲ့အပြင် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တည်းက ဂျပန်နိုင်ငံမှတဆင့် မြန်မာအတွက်လှူဒါန်းတာ ယန်းငွေ စုစုပေါင်း (၈)သန်းခွဲရှိသွားပါပြီ။ သူဟာ အမှိုက်ကားများပြုပြင်တဲ့လုပ်ငန်း လုပ်ကိုင်တာဖြစ်တယ်လို့လည်းသိရပါတယ်။ သူက မြန်မာနိုင်ငံအတွက်လှူတယ်ဆိုတာ ချမ်းသာလို့ လှူတာမဟုတ်ပဲ သူ့လုပ်ငန်းအတွက် ဂျပန် အစိုးရဆီက ချေးထားတဲ့အကြွေးတွေ ပြန်ဆပ်နေရတဲ့အခြေအနေမှာပဲ ရှိသေးတယ်လို့ ဆိုပါသေးတယ်။ မစ္စတာ ယာဆုဟိရို ယိုရှိဇာဝါ တစ်ယောက် ဒီ့ထက်ပိုပြီးအောင်မြင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ် Zawgyi code […]
တစ်ချိန်ကခောတ်ပြိုင်မင်းသားတွေနဲ့ရိုက်ကူးထားတဲ့ ငယ်ဘဝအမှတ်တရပုံရိပ်တွေကိုပြသလာတဲ့ လူပျိုကြီး ရဝေအောင်
မင်းသားချော ရဝေအောင်လို့ ပြောလိုက်တာနဲ့ အပြုံးချိုချိုလေးတွေနဲ့ မိန်းကလေးတွေရဲ့အသည်းတွေကို ကိုင်လှုပ်နိုင်ခဲ့တဲ့ မင်းသားဆိုတာ လူတိုင်းမှတ်မိကြမှာပါနော်.. ရဝေအောင်ကတော့ မြန်မာဇာတ်လမ်းတွေမှာလည်း ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်နိုင်သူ ဖြစ်တာကြောင့် အားလုံးက အားပေးနေကြတာ ပဲဖြစ်ပါတယ်နော်.. မင်းသားချော ရဝေအောင်ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ပေမဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ ပုံလေးတွေ ဗီဒီယိုလေးတွေကို တစ်ခါတစ်ရံ တင်ပေးလေ့ရှိပါတယ်နော်.. ရဝေအောင်ကတော့ ခုချိန်ထိ တစ်ကိုယ်တည်း ရပ်တည်နေဆဲ ဖြစ်တာကြောင့် အားလုံးကလည်း လူပျိုကြီးလို့တောင် စနောက်နေကြပြီ ဖြစ်ပါတယ်နော်.. ဒီနေ့လေးမှာတော့ ရဝေအောင်က သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာတစ်ချိန်ကခေတ်ပြိုင်မင်းသားတွေရိုက်ကူးထားတဲ့ငယ်ဘ၀အမှတ်တရပုံရိပ်တွေကိုအခုလိုပြန်လည်မျှဝေလာခဲ့ပါတယ်နော်။သရုပ်ဆောင်ကရဝေအောင်ကတစ်ချိန်က၊ 2001 FACES Magazine coverဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ Credit မင်းသားချော ရဝေအောင်လို့ ပြောလိုက်တာနဲ့ အပြုံးချိုချိုလေးတွေနဲ့ မိန်းကလေးတွေရဲ့အသည်းတွေကို ကိုင်လှုပ်နိုင်ခဲ့တဲ့ မင်းသားဆိုတာ လူတိုင်းမှတ်မိကြမှာပါနော်.. ရဝေအောင်ကတော့ မြန်မာဇာတ်လမ်းတွေမှာလည်း ကျရာနေရာကနေ ပါဝင်သရုပ်ဆောင်နိုင်သူ […]
” သူ့ရဲ့အဖွဲ့သားတွေလူစုံတက်စုံပြန်လည်ဆုံတွေ့ရတဲ့အချိန်က စိတ်အချမ်းသာဆုံးပါဆိုတဲ့ ပိုင်တံခွန်”
ဘိုကလေး တာဝတိံသာ ဘုရားစောင်းတန်း ရုတ်တရက် ပြိုကျ (အတိတ်နိမိတ်တွေကတော့ ပြနေပါပြီ)
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ဧပြီလ ၂၉ ရက်နေ့က နှစ်ပေါင်း ၅၀ ကျော်သက်တမ်းရှိတဲ့ တာဝတိံသာ ဘုရားစောင်းတန်း ပြိုကျ ခဲ့တယ်လို့ သိရပါတယ်။ အမှတ် ၂ ရပ်ကွက်ရှိ ရှေ့ဟောင်းသမိုင်းဝင်အောင်စင်္ကြာစေတီတော်မြတ်ကြီးဝန်းအတွင်းက တာဝတိံသာဆုတောင်းပြည့်စေတီတော် ဆောင်းတန်းလှေကားကြီး မနက်ပိုင်းမှာ ပြိုကျသွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ “ပေ ၆၀ အရှည်လောက်တော့ရှိမယ် လူသူဝေးနေတဲ့နေရာဖြစ်လို့ အထိအခိုက်တော့မရှိခဲ့ပါဘူး ဒါပေမယ့်နိမိတ်တော့မကောင်းဘူးလေ လှေခါးရဲ့ အပေါ်ပိုင်း ရုတ်တရက်ပြိုကျတာ၊ နောက်တခုက မြို့နယ်ထဲမှာရှိတဲ့ သမိုင်းဝင် ဝန်ကြီးချုပ်ဦးနုရဲ့ မျောက်တရာဘုရားကြီး စိန်ဖူးတော်ထိပ်ပိုင်းအက်ကွဲနေတာ တနှစ်ကျော် ရှိနေပြီ ပြန်မပြင်နိုင်သေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။ ပေ ၆၀ လောက်ရှည်တဲ့ စောင်းတန်းပြိုကျခဲ့ပေမယ့် ဘုရားဖူး မများတဲ့အချိန်နဲ့ မနက်အစောပိုင်းဖြစ်လို့ လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ ဘုရားစေတီပုထိုးတွေနဲ့ သက်ဆိုင်တဲ့နေရာတွေ အပေါ်ပိုင်း […]
မင်းတုန်းမင်းကြီးရဲ့အလှဆုံးသမီးတော် တိုင်တားထိပ်ခေါင်တင်(သို့)ပန်းတိမ်ပညာရှင်
ကုန်းဘောင်ခေတ်မင်းတုန်းမင်းတရားကြီး၏ သမီးတော်လေးများဟာ မင်းသမီးများပီပီ သလွန်ညောင်စောင်းပေါ်မှာ စံမြန်းလို့ အမျိုးမျိုးအဖုံဖုံသော စည်းစိမ်ချမ်းသာများ ခံစားကာအထိန်း တော်အချီတော်များဝန်းရံ၍ ပျော်ရွှင်ပေါ့တန်စွာ စံမြန်းနေထိုင်ခဲ့ကြလိမ့်မည် မည်သို့သော တာဝန်ဝတ္တရားမထမ်းဆောင်ရလေဘူးဟု တွေးထင်မိရင်တော့ မှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မင်းတရားကြီးရဲ့သမီးတော်များဟာ မအားမလပ်နိုင်လောက်အောင် သင်ကြားမှု သင်ယူမှုများနဲ့ များမြှောင်လှတဲ့ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ခဲ့ရလို့ပါပဲ။ ဥာဏ်ပညာအမြှော်အမြင်ရှိပြီး ပြည်ပဗဟုသုတကြွယ်ဝလှတဲ့အပြင် ဗေဒင်ပညာကို တစ်ဖတ်ကမ်းခတ် မွှေနှောက်ချောက် ချားအောင် တတ်မြောက်လှတဲ့ စကြာင်္ဒေဝီမိဘုရားခေါင်ကြီးရဲ့ ညွှန်ကြားဆုံးမ သင်ကြားမှုလက်အောက်မှာ သမီးတော်လေးများဟာ အသိပညာအတတ်ပညာတွေကို နေ့စဉ်စက္ကန့်မလတ် သင်ကြားခဲ့ကြရပါတယ်။ စာပေသင်အံ့လေ့ကျက်မှုနဲ့ ဗေဒင်ပညာကို သင်အံလေ့ကျက်ဖို့ ဝါသနာထုံတဲ့ သမီးတော်များကို မိဘုရားခေါင်ကြီးကိုယ်တိုင် သင်ကြားပေးသလို နန်းပြင်မှ ပညာရှင်သီလရှင်များကို ပင့်ဖိတ်ပြီး သင်ကြားပေးစေခဲ့ပါတယ်။ ဒါကြောင့် စာပေထူးချွန်သူ သမီးတော်များအနေနဲ့ “ဟင်္ဂမော်ထိပ်ခေါင်တင်.. မိုင်းနောင်စုဘုရားကြီး.. ထရံကာထိပ်ခေါင်တင်.. တောင်သာထိပ်ခေါင်တင်.. […]
ဖခင်အရင်းတစ်ယောက်လိုချစ်ရတဲ့ စည်ဖြိုးဖေဖေရဲ့ မွေးနေ့အတွက် ထူးထူးခြားခြားလေးဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ခင်လွှမ်း
သရုပ်ဆောင်၊ မော်ဒယ်လ် ခင်လွှမ်းကတော့ ဂစ်တာရှိတ်လေးလို လှပတဲ့ခန္ဓာကိုယ်အချိုးအစားကြောင့် လူသိများကျော်ကြားသူ တစ်ယောက်ပဲဖြစ်ပါတယ်။ ခင်လွှမ်းဟာ အခုဆိုရင် အိမ်ထောင် ရှင် ကလေးအမေတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် သူမရဲ့ လှပမှု တွေကတော့ အရင်အတိုင်းရှိနေဆဲဖြစ်ပါတယ်။ ပရိသတ်တွေက လည်း တစ်ကိုယ်လုံးမှာ အပြစ်အနာအဆာမရှိအောင်လှတဲ့ ခင် လွှမ်းကို ချစ်ခင်စွာနဲ့ အားပေးကြတာပဲဖြစ်ပါတယ်။ စည်ဖြိုးအပေါ်မှာလည်း မေတ္တာတွေအပြည့်ပေးထားသလို စည် ဖြိုးရဲ့မိသားစုအပေါ်မှာလည်း ရိုသေလေးစားတဲ့ ခင်လွှမ်းဟာ မနေ့ ဧပြီလ (၂၉) ရက်နေ့မှာလည်း စည်ဖြိုးရဲ့ဖေဖေကို မွေးနေ့ ဆုတောင်းပေးလာခဲ့တာကို တွေ့ရပါတယ်။ ခင်လွှမ်းက “Happy Birthday ချစ်ဖေကြီး … ဒီမိသားစု ဒီမြေးမြစ်တေနဲ့ ဘူတူ သက်ရှည်ကျန်းမာ ဆန္ဒပြည့်ဝ စိတ်တိုင်းကျပြီး ဘာသာ သာသနာ စိတ်ရှိတိုင်း ပြုလုပ်ဆောင်ရွက်နိုင်ပါစေ ” ဆိုပြီး […]
တော်လှန်ရေးမှာ မပါဝင်နိုင်တဲ့သူတွေကို ပြတ်သားတဲ့ အကြံတစ်ခုပေးလိုက်တဲ့ မင်းသား ဒေါင်း
ပရိသတ်ကြီးရေ… မင်းသား ဒေါင်း ကတော့ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပြီးတော့ ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့အပြင် ယောက်ကျားပီသတဲ့ ရုပ်ရည်သွင်ပြင်ရှိတာကြောင့် ပျိုမေတို့ချစ်ခင်အားပေးရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ဒေါင်း ကတော့ ပရိသတ်ကြီးနဲ့အတူတူ အမှန်တရားဘက်က အမြဲတမ်းရပ်တည်နေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ သူဟာပြည်သူတွေနဲ့ဘက်နဲ့ရပ်တည်ခဲ့တာကြောင့် လက်ရှိမှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံထားရပါတယ်။ မင်းသားချော ဒေါင်း ဟာ လက်ရှိမှာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီးတော့ တော်လှန်ရေးတာဝန်ကို ကျရာနေရာကနေ ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စနစ်ဆိုးမှာ မစီးမြောကြဖို့ ပြည်သူတွေကို သတိပေးလိုက်ပါတယ်။ ဒါအပြင် တော်လှန်ရေးမှာ မပါဝင်နိုင်တဲ့ သူတွေကိုလဲ အကြံတစ်ခုပေးထားပါသေးတယ်။ ” တော်လှန်ရေးထဲအပြည့်အဝ မပါဝင်နိုင်ရင်တောင် စနစ်ဆိုးမှာမစီးမြောလိုက်ပါနဲ့ အဲ့လောက်တော့ဆန့်ကျင်တတ်ရမယ်” လို့ ဒေါင်း […]
မမှန်ခဲ့ရင် ညာဘက်လက်အဖြတ်ခံမယ်ဆိုပြီး စိန်ခေါ်တဲ့ ဗေဒင်ဆရာရဲ့ မြန်မာနိုင်ငံအနာဂတ် ဟောကိန်း
#အဓမ္မသမားတွေတော့နမိတ်ဆိုးပဲ #ကောက်ရိုးမျှင်လေးပဲဖြစ်ဖြစ်ဆွဲမိတယ် ကိုယ့် Personal ဘဝအတွက်ဆိုဗေဒင်ယတြာတွေ နတ်တွေ ရိုးရာတွေကိုယုံလေ့မရှိဘူး ။ အခုသူက တိုင်းပြည်အတွက်ဆိုပြီး ပြောလာလို့ တွေ့တာလေးတင်ပေးတာ….။ #Credit မမှန်ခဲ့ရင် ညာဘက်လက်အဖြတ်ခံမယ်ဆိုပြီး စိန်ခေါ်ခဲ့တဲ့ဗေဒင်ဆရာရဲ့ မြန်မာနိုင်ငံအနာဂတ် ဟောကိန်းကျနော် စိတ်ဝင်စားတာက ကမ္ဘာကြီး တစ်ခုလုံးမှာ ရှိနေတဲ့ လူသား တစ်ဦးချင်းစီ ရဲ့ Individual, Specific Ideas တွေက 2019 – 2020 – 2021 – 2022 ကာလတွေမှာရုတ်တရက် ဘာ့ကြောင့် ပြောင်းလဲသွားသလို ဖြစ်ရတာလဲ ဆိုတာပါ။ မြန်မာပြည်က လူတွေက ကိုဗစ်၊ စစ်အာဏာသိမ်း စသဖြင့် ဒါ့ကြောင့် လို့ ယူဆကြတယ်၊ကျနော့်အမြင်က ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တယ်။ နေစကြာဝဠာရဲ့ ဖောက်ပြန်မှု ကို ကမ္ဘာဂြိုဟ် […]
မြန်မာပြည်တွင်း ရာသီဥတုအပူချိန် မြင့်တက်လာနေသောကြောင့် သတိပြုရမည့်အချက်များ NUG ထုတ်ပြန်
မြန်မာပြည်တွင်းမှာ နေ့အပူချိန်တွေမြင့်တက်လာနေလို့ ပူပြင်းတဲ့ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင်နေကြဖို့ အသိပေးထားပါတယ် အပူရှိန်မြင့်မားတဲ့ကာလမှာ ခန္ဓာကိုယ်အပူချိန်မြင့်တက်တာ ခေါင်းမူး ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာတို့ကို ကြုံရလေ့ရှိလို့ သတိပြုရမယ့်အချက်တွေကိုထုတ်ပြန်ထားတာပါ အပူရှိန်ပြင်းချိန်မှာ အရိပ်ရပြီး အေးမြတဲ့နေရာတွေမှာနေဖို့၊ အဆောက်အအုံတွေမှာ လေဝင်လေထွက် ကောင်းအောင် လုပ်ထားဖို့ ရေများများသောက်ဖို့နဲ့ နေပူထဲက ပြန်လာပြီး ချက်ချင်း ရေချိုးတာကို ရှောင်ကြဉ်ဖို့ လိုပါတယ် အရောင်ဖျော့ပြီး ပွချောင်တဲ့ ချည်ထည်တွေကို ဝတ်ဆင်ဖို့၊ အပူရှိန်ပြင်းတဲ့ အချိန်တွေမှာ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို အလုံပိတ်ထားတဲ့ ကားတွေ၊ အခန်းတွေမှာ တယောက်တည်းထားခဲ့တာမျိုး သတိပြု ရှောင်ကြဉ်ဖို့ နေ့လယ်နေ့ခင်းတွေမှာ ကလေးတွေကို အဆောက်အအုံတွေရဲ့ အပြင်ဘက် နေရောင်နဲ့ တိုက်ရိုက် တွေ့နိုင်တဲ့နေရာတွေမှာ လှုပ်ရှားကစားတာမျိုး မလုပ်စေဖို့ ပူတဲ့ နေရောင်အောက်ကနေ အလွန်အေးတဲ့ အခန်းနဲ့ ကားထဲကို ချက်ချင်းဝင်တာ၊ […]