Month: June 2022
မြန်မာပြည်က ရှိသမျှ ရထားလက်မှတ်ဈေးနှုန်း ၅၀ ရာခိုင်နှုန်းတက် (မတက်တာဆိုလို့ လစာပဲ ရှိတယ်)
လက်ရှိပြေးဆွဲနေတဲ့ အဝေးပြေးရထားလက်မှတ်ခတွေရဲ့ ဈေးနှုန်းတွေကို ဇူလိုင် ၁ ရက်ကစပြီး ၅၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်တယ်လို့ ရန်ကုန်ဘူတာကြီးက ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်ကပြောပါတယ်။ ဇူလိုင် ၁ ရက်ထွက်မယ့် ရထားလက်မှတ်တွေကို ဇွန် ၃၀ ရက် ရက်ကြိုရောင်းကတည်းက တိုးမြှင့်နှုန်းထား အသစ်နဲ့ စတင်ရောင်းချနေပြီဖြစ်တယ်လို့လည်း ဦးသောင်းထိုက် ကပြောပါတယ်။ အဝေးပြေးရထားလက်မှတ်ခနှုန်းထားတွေ ၅၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်တဲ့အထဲမှာ မြို့ပတ်ရထားလက်မှတ် ဈေးနှုန်းတွေလည်းအပါအဝင်ဖြစ်တယ်လို့ ဦးသောင်းထိုက်ကပြောပါတယ်။ အဲဒီအပြင် အရင်က ရန်ကုန်-မန္တလေး ပြေးဆွဲခဲ့ပြီး ခေတ္တရပ်နားထားတဲ့ အမှတ်(၅)အဆန် အမှတ်(၆)အစုန် အမြန်ရထားနဲ့ အမှတ်(၈၁) အဆန်၊ အမှတ်(၈၂) အစုန် ရန်ကုန်-မော်လမြိုင် အမြန်ရထားတို့လည်း ပြေးဆွဲပေးနိုင်ဖို့ရှိနေတယ်လို့ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက် ကပြောပါတယ်။ စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် အဝေးပြေးလိုင်းကားခတွေ […]
မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုတဲ့စကားနဲ့ အကုသိုလ် ဖြစ်ရတဲ့ မြန်မာပြည်အနှံ့ ဘုရားဖူးခရီးစဉ်
မရှိလို့ မလှူ၊ မလှူလို့ မရှိ ဆိုတဲ့ စကားနဲ့ အကုသိုလ် ဖြစ်ရတဲ့ မြန်မာပြည်အနှံ့ ဘုရားဖူးခရီးစဉ်.. ဘုရားဖူးသွားခဲ့တယ်။ နေရာအများစုက စိတ်ကြည်နူးမှု မရ ကုသိုလ် မရလို့ စျေးသည်တွေ၊ အလှူခံတွေကြောင့် စိတ်ရှုပ်ရ အကုသိုလ်ဖြစ်ရတယ်။ သွားဖူးတဲ့အထဲ ပုပ္ပားတောင်၊ အင်းလေးဖောင်တော်ဦး အတော်ဆိုးတယ်။ ပုပ္ပားတောင်ဆို အလှူခံနေရာတွေကို လေလံဆွဲပီးများ ခံကြသလားမသိဘူး။ ပေါများချက် ဇွတ်အတင်းပဲ။ ခုသွားခဲ့တဲ့ မင်းကွန်း မြသိန်းတန်ဘုရား အတော်ဆိုးတယ်။ ဒါးမြတိုက်နေသလိုပဲ သူတို့အချင်းချင်းလည်းရန်တွေဖြစ် ဆူညံလို့ ဒါနဲ့ မနေတတ်တဲ့ကိုယ်က ဘေးမှာ အလှူခံဖွင့်ထားတဲ့ ဦးလေးနှစ်ဦးကို ဒါတွေမထိန်းသိမ်းဘူးလားပြောတော့ စာရွက်လေးထုတ်ပေးတယ်။ ကျနော်တို့လည်း မနိုင်လို့ လွှတ်ထားရတာ။ ဆရာတော်တွေ လာထိန်းမှရတာတဲ့။ ထိန်းလည်းခဏပဲတဲ့ ရေးထားတာဖတ်ပီး ဘာပြောရမှန်းတောင်မသိတော့။ ဘာတာဝန်ယူ တာဝန်ခံမှုမှမရှိ။ အလှူငွေခံဖို့ပဲသိတယ်။ […]
လျှပ်စစ်ကားများ အားသွင်းရန် ရန်ကုန်မြို့တော်အတွင်း Charging Station များ တပ်ဆင်မည်ဟုဆို
လျှပ်စစ်ကားများ အားသွင်းရန် ရန်ကုန်မြို့တော်အတွင်း Charging Station များ တပ်ဆင်မည်ဟုဆို.. စကစရဲ့ လျှပ်စစ်သုံး‌ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ အထူးသက်သာခွင့်များ ညှိနှိုင်းကြီးကြပ်ရေး လုပ်ငန်းကော်မတီအစည်းအဝေးအား ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့သည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးမှ အောက်ပါအတိုင်း ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ “လျှပ်စစ်မော်တော်ကားတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာရင် တချို့လုပ်ငန်းတွေကို သက်သာစေမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်အနေနဲ့ လျှပ်စစ်ကားများ ပြေးဆွဲနိုင်ရင် လုပ်ငန်းကော်မတီရဲ့ တာဝန်တစ်ရပ်ဖြစ်တဲ့ သက်သာချောင်ချိရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ပြောသည်။ ထို့ပြင် လျှပ်စစ်မော်တော်ကားများအတွက် ပန်းခြံ၊ အားကစားကွင်းနှင့် အဆင့်မြင့်အိမ်ရာများတွင် အားသွင်းရန် Charging […]
အလွှာစုံကလူရွှင်တော်တွေကို စကားတစ်ခွန်းကို ပြတ်ပြတ်သားသားပြောလိုက်တဲ့ လူရွှင်တော် တိုးကျော်
ပရိသတ်ကြီး ဟားငါးကောင်လူရွှင်တော်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော် တိုးကျော် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ ဟားငါးကောင်လူရွှင်တော် အဖွဲ့ဝင်တွေတစ်ဦးချင်းစီကတော့ တော်လှန်ရေးအတွက် နေရာပေါင်းစုံကနေ ကြိုးစားနေကြတာဖြစ်ပြီး တိုးကျော် လဲ အပါအဝင်ဖြစ်ပါတယ်။ တိုးကျော် ဟာ တော်လှန်ရေးမှာ ပြည်သူတွေအားလုံး သွေးမအေးသွားစေဖို့ အမြဲတမ်းလှုံ့ဆော်နေသူတစ်ဦး ဖြစ်ပါတယ်။ မကြာသေးခင်ရက်ပိုင်းလောက်က လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ လူရွှင်တော်တစ်ဦးဖြစ်တဲ့ လူရွှင်တော် အီကြာကွေး ဟာ တိုင်းပြည်အတွက်အသက်ပေးခဲ့ရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး လူရွှင်တော် တိုးကျော် ကတော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ” တစ်ချို့လူရွှင်တော်ကြီး ကမကလ ေ တွတစ်ချို့လူရွှင်တော်လတ် မအလ တွေတစ်ချို့လူရွှင်တော်ငယ်ကမကလ တွေထမင်းတလုပ်စားရဖို့ ပြည်သူကိုစော်ကားနေတဲ့အချိန်အညတရ လူရွှင်တော်လေးတယောက် တိုင်းပြည်အတွက်အသက်ပေးလိုက်ရရှာပြီ ပြည်သူကကျွန်တော်တို့ရဲ့ထမင်းရှင်ပါလိုပြောတဲ့ လူရွှင်တော်လုပ်စားတဲ့စောက်ပေါတွေကိုဒဲ့ပြောသည်…”လို့ တိုးကျော် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို […]
ခြောက်လနီးပါးခိုလှုံခဲ့ရတဲ့ နေရာနဲ့ပတ်သက်ပြီး ဝမ်းနည်းဖွယ်ပြောပြလာခဲ့တဲ့ အဆိုတော် ရန်ရန်ချမ်
ပရိသတ်ကြီးရေ The Voice Myanmar မှာဒိုင်အဖြစ်ပါဝင်ခဲ့ပြီးတော့ ဟစ်ဟော့ပ်လောကမှာ နာမည်ကြီးလူသိများတဲ့ အဆိုတော် ရန်ရန်ချမ်း ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ရန်ရန်ချမ်း ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတာပဲဖြစ်ပါတယ်။ သူ ကတော့ ရောက်ရှိနေတဲ့နေရာကနေ တော်လှန်ရေးအတွက် ကျရာတာဝန်တွေကို ထမ်းဆောင်နေတာလဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ထွက်ပြေးတိမ်းရှောင်တုန်းက ခိုလှုံခဲ့ရတဲ့ နေ‌ရာလေးနဲ့ပတ်သက်ပြီး ဝမ်းနည်းဖွယ်ပြောပြလာခဲ့ပါတယ်။ ” ဒီဝရံတာလေးမှာပဲကြယ်တွေကြည့်ခဲ့တယ် ဒီဝရံတာလေးမှာပဲဘီယာထိုင်သောက်ခဲ့တယ် ဒီဝရံတာလေးမှာပဲvapeသောက်တတ်ခဲ့တယ် ဒီဝရံတာလေးမှာပဲဘော်ဒါတွေနဲ့စကားတွေပြောခဲ့တယ်ဒီဝရံတာလေးမှာပဲမိတ်ဆွေတွေအများကြီးရခဲ့တယ်ဒီဝရံတာလေးမှာပဲသီချင်းတွေဆိုခဲ့တယ် ဒီဝရံတာလေးမှာပဲလက်နက်ကြီးသံတွေကြားလို့ဒေါသမျက်ရည်ကျခဲ့တယ် ဒီဝရံတာလေးမှာပဲသူငယ်ချင်းတွေရဲ့ပြသာနာတွေဖြေရှင်းပေးခဲ့ကြတယ် ဒီဝရံတာလေးမှာပဲဘယ်တော့လွတ်မြောက်မလည်းတွေးခဲ့ဘူးတယ် ဒီဝရံတာလေးမှာပဲ ဒီဝရံတာလေးမှာပဲ ၆လလောက်ခိုလုံခဲ့တယ် …” လို့ ရန်ရန်ချမ်း ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။ အဆုံးထိ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ […]
တောထဲကို ရုပ်ဖျက်ပြီးထွက်ပြေးခဲ့တုန်းက အရမ်းကိုကြောက်ခဲ့မိတယ်ဆိုတဲ့ သရုပ်ဆောင် သီဟထွန်း
သရုပ်ဆောင် သီဟထွန်း ကတော့ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ်တွေချစ်အားပေးခံခဲ့ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရိုက်ကူးရင်း သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လွန်းတာကြောင့် နာမည်ရလာခဲ့ပါတယ်။ သီဟထွန်း ပါဝင်ရိုက်ကူးခဲ့တဲ့ နာမည်ကြီး သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” အဆိပ်သွေး ” ဇာတ်လမ်းတွဲဟာ ပရိသတ်တွေလက်ခံအားပေးပြီး အောင်မြင်တဲ့ဇာတ်လမ်းတွဲ တစ်ခုဖြစ်ခဲ့ပါတယ်။ အခုလက်ရှိမှာ အနုပညာလှုပ်ရှားမှု့တွေ မရှိတော့ပေမယ့် သီဟထွန်း ဟာ ပရိသတ်တွေနဲ့အတူ အမှန်တရားဘက်တော်သားအဖြစ် ရပ်တည်နေပြီးတော့ လွတ်မြောက်နယ်မြေမှာ ကျရာတာဝန်တွေကို ထမ်းဆောင်လျက်ရှိပါတယ်။ သရုပ်ဆောင် သီဟထွန်း ဟာ တောထဲကို ရုပ်ဖျက်ပြီးထွက်ပြေးခဲ့တုန်းက အရမ်းကိုကြောက်ခဲ့မိတယ်လို့ ရင်ဖွင့်လိုက်ပါတယ်။ မနှစ်က ဒီလို မနက် အာရုံစောစောမှာ ဒီလိုရုပ်ဖျက်ပြီး စိတ်သောကတွေအပြည့်နဲ့ ရန်ကုန်မြို့ကြီးကိုနှုတ်ဆက်ပြီး အားလုံးရဲ့ အဝေးကို ထွက်ခွါခဲ့ရတာ ဘဝမှာ အပူအပင် အခက်အခဲ စိတ်ပူပန်မှုတွေ […]
မွေးနေ့အလှူအဖြစ် ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ ညီညီမောင်(စမ်းချောင်း)
စိတ်ဝင်စားစရာကောင်းသော ရတနာပုံခေတ် နို့ထိန်းရွေးနည်း(မြန်မာ့နန်းတွင်းက နို့ထိန်းတော်ဆိုတာ…)
“ရတနာပုံခေတ် နို့ထိန်းရွေးကြပုံ” ကုန်းဘောင် ပဒေသရာဇ်ခေတ်က ဘုရင့် သားတော်၊ သမီးတော်များအား အငှါးနို့ချို့ တိုက်ကျွေးကြပုံကို လက်လှမ်းမှီသလောက် ပြန်တင်ပြလိုက်ရပါသည်။ ရှင်ဘုရင်တွေရဲ့ မိဖုရားကြီးများဟာ ပတ္တမြား ရွှေကြုပ် နှုတ်ငုံတော် သည် စတင် ထကြွ (ကိုယ်ဝန်ရှိ) လာသည်နှင့် တပြိုင်နက် နို့ထိန်း ( နာနီ) ရွေးပွဲကို အခမ်းအနားနှင့် စတင်ရွေးချယ်ကြတတ်ပါသည်။ ရှင်ဘုရင်ရဲ့ သားသမီးတွေကို နို့တိုက် ထိန်းကျောင်းရမဲ့လူ ဆိုတော့ တော်ရုံတန်ရုံ အရည်အချင်းမျိုးနဲ့လဲ မရနိုင်ပါဘူး။ပထမဆုံးနဲ့ အရေးကြီးဆုံး အချက်ကတော့ နို့တိုက်လက်စ သုံးလသား မိခင် ဖြစ်ရပါမယ်။ ကျန်းမာရေး ကောင်းမွန်ပြီး သန့်ရှင်းရမယ်။ ကိုယ်ဟန် အနေအထား ဝဝဖိုင့်ဖိုင့် ရှိရပါမယ်။ (သားတော် သမီးတော်လေးတွေ နို့စို့ရင် ဇိမ်ရှိအောင်လို့ပါ။)အခုခေတ် မော်ဒယ်များလို အရိုးပဒေသာ […]
“ကြောက်စိတ်”
တစ်ခါတုန်းက ကျေးရွာတစ်ရွာမှာ အလွန်ကြောက်တတ်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ တနေ့ကျတော့ ရွာက ကိုယ်ခံပညာသင်ပေးတဲ့ သိုင်းဆရာကြီးဆီကိုသွားပြီး သူ့ကို သတ္တိရှိလာအောင် သင်ပေးဖို့ တောင်းတောင်းပန်ပန်နဲ့ ပြောဆိုရှာသတဲ့။ သိုင်းဆရာကြီးက “ငါမင်းကိုဒီအတိုင်းတော့ သင်မပေးနိုင်ဘူး။ ငါ့ဆီရောက်လာတဲ့လူတိုင်းကို သူနဲ့သက်ဆိုင်ရာ စမ်းသပ်ချက် တစ်ခုစီ ပြုလုပ်ပြီးမှ သင်ပေးတာ” လို့ပြော တယ်။ ” မင်းက ကြောက်တတ်တဲ့လူဆိုတော့ တစ်လတိတိမြို့ပေါ်ကိုတက် ပြီးတော့ ကျွန်တော် ငကြောက်တစ်ယောက်ပါဆိုတဲ့ အ ကြောင်းကို တွေ့တဲ့လူတိုင်းကိုရဲ့ မျက်စိတည့်တည့်ကိုကြည့်ပြီး အော်ပြောရမယ်””ဒီစမ်းသပ်မှုလုပ်ဆောင်ပြီးတဲ့နေ့ ငါ့ဆီပြန်လာခဲ့” လို့ပြောပြီး သိုင်းဆရာကြီးဟာ လှည့်ထွက်သွားခဲ့တယ်။ ဒီစကားကြားတော့ ကောင်လေးဟာ တော်တော်ဝမ်းနည်းသွားတယ်။ကြောက်တတ်တဲ့ သူ့အတွက်တော့ ဒီစမ်းသပ်မှုဟာ တော်တော်ခဲယဉ်းနေတာကိုး။ဒီလိုနဲ့ သူ့ကိုသူ စိတ်ပျက်လက်ပျက်နဲ့ နေရင်း ဟိုတွေး ဒီတွေး နေလာတာ ရက်အနည်းငယ်ကြာသွားတယ်။ ဒီလိုတွေးရင်း လူတွေကိုရင်ဆိုင်တွေ့ပြီးပြောဆိုရတာထက်၊ […]
ဇွဲကပင်တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ် ဓါတ်နန်းရှင်မောင်နှမ သမိုင်းကြောင်း
တစ်ခါက ကရင်ရွာလေးတစ်ရွာမှ ကရင်အမျိုးသားကြီး စဝ်ဖါ့သန့်(သိုင့်)နှင့် ဇနီးဖြစ်သူ နန်ဖေါ့ယာ့်တို့တွင် စံစေ့ဖိုးနှင့် နန်မူးဖါန်ဟုခေါ်သော သားသမီး(၂)ဦး ရှိလေသည်။ အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်း ခဲ့သမျှ သားကလေး ရှင်သာမဏေ လောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာထဲတွင် အလုပ်ကြိုးစားနေရင်း ဖခင်ဖြစ်သူ စဝ်ဖါ့သန့်(သိုင့်)မှာ ကျားကိုက်ရင်း တောင်ယာထဲတွင် ဆုံးရှာလေသည်။ ဖခင်ကြီး ဆုံးပါးသွားသည့်နောက်ပိုင်းတွင် မုဆိုးမ နန်းဖေါ့ယာ့တို့ သားအမိကို ဘဝဆိုးမှ လွတ်မြောက် စေလိုပါသည်၊ မိမိဘဝကို သနားကရုဏာ သက်လှပါ သည်။ ကလေးတွေကိုလည်း ရင်သွေး အရင်အချာ များနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆို သော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်အိမ်ထောင် ပြုလိုက်သည်။ ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နန်းမူးဖါန်တို့ လူမမယ် […]
Back To Top