Month: October 2022
ဘုရားပွဲစျေးတန်းမှာ ဆီလီကွန်အရုပ်ကို အခကြေးငွေဖြင့် ကိုင်ကြည့်ခိုင်းသည့် ဆိုင်ပိုင်ရှင် တားမြစ်ခံရ
ထိုင်းနိုင်ငံ နခွန်ပထုမ်မြို့ရှိ သမိုင်းဝင် ရှေးဟောင်း ပထုမ်စေတီ တော်ပရဝုဏ်အနီး နှစ်စဉ် ဘုရားပွဲတော်ကျင်းပရာ စျေးဆိုင်တန်းများမှ အမျိုးသမီးဝတ် အတွင်းခံနှင့် ဘော်လီများရောင်းချနေသည့် ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ဆီလီကွန် အရုပ်မကို ငုတ်တုတ်ထိုင်ခိုင်းထားပြီး “ကျယ်မအား ကိုင်ကြည့်လို့ရတယ်နော် ကိုင်လျှင် ၁၀ ဘတ် ၊ ညှစ်ကြည့်လျှင် ၂၀ ဘတ်” ဟုရေးသားထားလေသည်။ အဆိုပါ ကိစ္စ လူမှုကွန်ယက်တွင်ပြန့်နှံ့ကာ အများပြည်သူများက သမိုင်းဝင်ဘုရားပွဲတွင် ယဉ်ကျေးမှုနှင့် မအပ်စပ်ကြောင်း သာသနာရေးနှင့် ရဲတပ်ဖွဲ့သို့ အသိပေးတိုင်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆီလီကွန် အရုပ်အား ဆက်ဆီကျကျ လျှပ်ပေါ်လော်လီသည့် အဝတ်အစားများ ဝတ်ဆင်ပေးထားပြီး ဆိုင်ရှေ့တွင် “ကျယ်မအား ကိုင်ကြည့်လို့ရတယ်နော် ကိုင်လျှင် ၁၀ ဘတ် ၊ ညှစ်ကြည့်လျှင် ၂၀ ဘတ်” ဆိုသည့် […]
ပျားရည်ရရှိဖို့ သေမင်းကိုအံတုကာ ကြိုးစားရုန်းကန်နေကြတဲ့ ပျားရည်အမဲလိုက်သမားတို့ရဲ့ပုံရိပ်များကို အသေးစိတ်ရိုက်ကူးပြခဲ့တဲ့ ဓာတ်ပုံဆရာ
ပျားရည်အမဲလိုက်ခြင်းဟာ မြောက်မြားစွာသောရှေးဟောင်းယဉ်ကျေးမှု၏အရေးပါသောအစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်သည့်လုပ်ဆောင်မှုများစွာထဲမှတစ်ခုဖြစ်ပါတယ်။ ပျားရည်အမဲလိုက်ခြင်းကို ဘီစီ 13,000 လောက်က ကျင့်သုံးခဲ့ကြတယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ နီပေါနိုင်ငံမှာတော့ ပျားရည်အမဲလိုက်ခြင်းကို နှစ်ထောင်ပေါင်းများစွာကတည်းကကျင့်သုံးခဲ့ကြပြီး ၎င်းဟာ နီပေါယဉ်ကျေးမှုရဲ့အရေးပါသောအစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး ပျားရည်ဟာ ဘယ်တော့မှ မပျက်စီးဘူးဆိုတဲ့အချက်ကြောင့် ၎င်းတို့အတွက် အံ့ဩစရာကောင်းတဲ့အစာအရင်းအမြစ်တစ်ခုပါဘဲ။ ဤကောက်ရိတ်သူအုပ်စုဟာ ၎င်းတို့ရဲ့ဝင်ငွေအတွက် အမှန်တကယ် အလုပ်ကြိုးစားကြပေမဲ့လည်း ကံကောင်းစွာပင် တစ်နှစ်လျှင် နှစ်ကြိမ်သာ ရိတ်သိမ်းကြရပါတယ် နီပေါနိုင်ငံရှိ ရေပန်းအစားဆုံး ပျားရည်အမဲလိုက်သည့်နေရာတွေကတော့ Bhujung ၊ Nai Chi ၊ Pasgaon ၊ Naya Gaun ၊ Ludhi နှင့် Dare ကျေးရွာတို့မှာ တည်ရှိပါတယ်။ ဆုရ ယူကေအခြေစိုက် ခရီးသွားဓာတ်ပုံဆရာ Andrew Newey ဟာ အန္တရာယ်များပြီး ရှေးကျသောဓလေ့တစ်ခုဖြစ်သည့် ပျားရည်အမဲလိုက်ခြင်းတွင် ပါဝင်နေသည့် […]
အဆူဆဲခံရပြီးမှစားရတဲ့ သားသမီးတွေရဲ့လုပ်စာကို မစားလို၍ တွန်းလှည်းလေးနဲ့ ကိုယ်တိုင်စျေးရောင်းထွက်ခဲ့သော အမေအိုကြီးတစ်ဦး
မိဘတွေက ဘယ်လောက်ပဲဆင်းရဲပြီး ဒုက္ခရောက်နေပါစေ သားသမီးတွေဘယ်နှစ်ယောက်ရှိရှိ မငြိုမငြင်ပဲ တန်းတူထမင်းမငတ်အောင် ကျွေးမွေးစောင့်ရှောက်ပေးကြသော်လည်း သားသမီးတွေက သူတို့ပြန်လုပ်ကျွေးရချိန် မကြည်ဖြူကြပေ။ သို့ဖြစ်၍ ထိုင်းနိုင်ငံမှ အသက်၈၂နှစ်အရွယ် မိခင်အိုကြီးတစ်ဦးသည် သားသမီးတွေရှိသော်လည်း လမ်းပေါ်ထွက်ပြီး တွန်းလှည်းတစ်စီးနဲ့အတူ စျေးရောင်းစားနေရသေးသောအဖြစ်သည် လူအများအား ရင်ထဲထိမိစေခဲ့သည်။ မေအိုကြီးသည် သားသမီးတွေကို အရွယ်ရောက်သည်ထိ အိမ်မှာစျေးဆိုင်သေးလေးဖွင့်ကာ ရှာကျွေးခဲ့သော်လည်း သားသမီးတွေက အိမ်ထောင်ကိုယ်စီကျပြီး အမေအိုကြီးအား ဝန်ထုပ်ဝန်ပိုးတစ်ခုလို သတ်မှတ်ထားကြကာ ကျွေးမွေးစောင့်ရှောက်ရန် ငြိုငြင်ခဲ့ကြသည်။ အမေအိုကြီးခမျာ အသက်ကြီးလာ၍ အလုပ်တွေမလုပ်ကူနိုင်တာကြောင့် ထမင်းစားချိန်တိုင်း သားသမီးတွေရဲ့ အဆူအဆဲခံနေရကာ ဒုက္ခမပေးလိုတော့၍ တွန်းလှည်းနဲ့အတူ စျေးထွက်ရောင်းရင်း ဝင်ငွေရှာခဲ့သည်။ Crd Zawgyi မိဘတွေက ဘယ်လောက်ပဲဆင်းရဲပြီး ဒုက္ခရောက်နေပါစေ သားသမီးတွေဘယ်နှစ်ယောက်ရှိရှိ မငြိုမငြင်ပဲ တန်းတူထမင်းမငတ်အောင် ကျွေးမွေးစောင့်ရှောက်ပေးကြသော်လည်း သားသမီးတွေက သူတို့ပြန်လုပ်ကျွေးရချိန် မကြည်ဖြူကြပေ။ သို့ဖြစ်၍ […]
မြန်မာပြည်က မြင်ရမယ့် တန်ဆောင်မုန်းလပြည့်နေ့ လကြတ်ခြင်းဖြစ်စဉ်နဲ့ အခြား ထူးခြားဖြစ်စဉ်များ
၂၀၂၂ နိုဝင်ဘာလအတွင်း ထူးခြားမည့်ဖြစ်စဉ်များ။ ၂၀၂၂ နိုဝင်ဘာလအတွင်း အာကာသမှာ ထူးခြားတဲ့ ဖြစ်စဉ်အချို့ ရှိနေပါတယ်။ အထူးသဖြင့် တန်ဆောင်မုန်းလပြည့်နေ့ (အမှန်) ဖြစ်တဲ့ နိုဝင်ဘာလ (၈) ရက်နေ့ ညဦးပိုင်းမှာ လကြတ်ခြင်းဖြစ်စဉ် ပေါ်ပေါက်မှာဖြစ်ပြီး မြန်မာနိုင်ငံမှလည်း လထွက်ချိန်မှာ လကို ကြတ်လျက် အနေအထားအတိုင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ် (မားစ်) ဟာ အောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ ပြိသရာသီအတွင်းမှာပဲ နောက်ပြန် (ဝကြ) သွားခြင်းကို စတင်ပါတယ်။ ၂၀၂၃ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ပြီးဆုံးပါမယ်။ နတ်တော်လပြည့်ချိန်ခါ (ဒီဇင်ဘာ ၈ ရက်) မှာ နေရဲ့ ဆန့်ကျင်ဘက်အရပ်တည့်တည့်သို့ ရောက်ရှိလာမှာဖြစ်ပြီး လပြည့်လရဲ့ ဖုံးကွယ်ခြင်းကိုလည်း ခံရဦးမှာပါ။ ပြိသရာသီ ကြယ်စုများထဲမှာ […]
စားအုန်းဆီ တပိဿာ ၁၀၀၀၀ ဖြစ်ပြီ (ရောင်းစရာ ဆီရှိပေမယ့် ဝယ်စရာ ငွေမရှိတဲ့ ပြည်သူတွေအဖြစ်)
ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)က မြန်မာနိုင်ငံအား ငွေကြေးအမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီးနောက် ပြည်တွင်းရှိ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၁၀၀၀၀ ကျပ်နီးပါးအထိ ပြန်လည် မြင့်တက်သွားကြောင်း သိရပါတယ်။ ပြည်တွင်းရှိ စားအုန်းဆီဈေးနှုန်းသည် အကျဘက်သို့ ရောက်ရှိခဲ့ပြီးနောက် အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ စားအုန်းဆီ တစ်ပိဿာလျှင် ၉,၅၀၀ ကျပ်အထိ မြင့်တက်လာပြီး ယခင်ဈေးနှုန်းထက် ၃,၀၀၀ ကျော်မြင့်တက်လာခြင်းဖြစ်ပါတယ်။ စကစ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းအား ယခုတစ်ပတ်အတွင်း တစ်ပိဿာ ၄,၂၂၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ယခင်က စားအုန်းဆီ ပြတ်တောက်မှုကြောင့် ဈေးတက်တာ ဖြစ်ပေမယ့် ယခုအချိန်မှာ ရောင်းစရာ လက်ကျန် စာအုန်းဆီများ ရှိနေသေးသော်လည်း မြန်မာငွေ […]
ရွှေဈေး (၃) မျိုး ဖြစ်လာပြီးနောက် ရွှေလုပ်ငန်းရှင်များအသင်း အရေးကြီးဆုံးဖြတ်ချက်များ ထွက်ပေါ်လာ
ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်တွေအားလုံး အခေါက်ရွှေ တစ်ကျပ်သား ၂၅ သိန်း ၃ သောင်း ကျပ်နဲ့ ရောင်းချပေးရမယ်လို့ ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မနေ့က အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်ရွှေအသင်းက ယနေ့ နေ့လည် ၂ နာရီခွဲ ရည်ညွှန်းကြမ်းခင်းဈေးအဖြစ် အခေါက်ရွှေတစ်ကျပ်သား ကျပ် (၁,၉၃၄,၀၀၀) ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီနေ့ အောက်တိုဘာ ၃၁ ရက် ပြင်ပရွှေဆိုင်တွေမှာ ဖြစ်ပေါ်နေတဲ့ အခေါက်ရွှေ တစ်ကျပ်သား ရောင်းဈေးမှာ ကျပ် ၂၆ သိန်း ၈ သောင်းဖြစ်ပြီး ဝယ်ဈေး ကျပ် ၂၆ သိန်း ၄ သောင်း ဖြစ်တယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တွေဆီက သိရပါတယ်။ ပြင်ပ‌စျေးကွက်ပေါက်စျေးနဲ့ ရန်ကုန်ရွှေအသင်းက […]
စစ်ကောင်စီ လက်အောက်ခံ ရွှေအသင်းရဲ့ ဈေးထိန်းမှုကြောင့် ရွှေဆိုင်တွေ အလျော့တွက်ပိုလာနိုင်..
စစ်ကောင်စီ လက်အောက်ခံ ရွှေအသင်းရဲ့ ဈေးထိန်းမှုကြောင့် ရွှေဆိုင်တွေ အလျော့တွက်လက်ခ တင်ရိုက်ဖို့ရှိနေ မဲခေါင်၊ အောက်တိုဘာ ၃၁ ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်တွေအားလုံး ရွှေတစ်ကျပ်သား ၂၅ သိန်း ၃ သောင်းနဲ့ ရောင်းချဖို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်ရွှေအသင်းရဲ့ ဈေးထိန်းထုတ်ပြန်ချက်ဟာ ပေါက်ဈေး ၂၆ သိန်းကျော်နဲ့ ကွာဟနေတာကြောင့် ရွှေဆိုင်တွေအနေနဲ့ အလျော့တွက် လက်ခံတွေ ပိုတွက်ပြီး ရောင်းလာမယ်လို့ ရွှေကုန်သည်တွေက ပြောပါတယ်။ ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်က ရန်ကုန်ရွှေအသင်းက စစ်ကောင်စီရဲ့ ရွှေနဲ့ ငွေကြေးထိန်းသိမ်းရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်အရ ဟုဆိုကာ ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်အားလုံး ရွှေတစ်ကျပ်သား ၂၅ သိန်း ၃ သောင်းကျပ်နဲ့ ရောင်းချရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ “ပန်ကြားလွှာဆိုပြီး ထွက်လာတာ၊ သူတို့က ဒီလိုသတ်မှတ်တယ်ဆို […]
မတွေ့ရတာကြာလို့ လွမ်းနေတဲ့ပရိသတ်တွေကို စကားလေးတစ်ခွန်းနဲ့ နှုတ်ဆက်လိုက်တဲ့ Bella – မြတ်သီရိလွင်
ချစ်ဖို့ကောင်းတဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော် အလှမယ်မော်ဒယ်မလေး Bella ခေါ် မြတ်သီရိလွင် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။ အလှမယ် Bella ဟာ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာလဲ ဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး ဘေးကင်းရာကို တိမ်းရှောင်နေရတာပါ။ သူမနဲ့ပတ်သတ်တဲ့ သတင်းအမှားအချို့လဲ ပျံ့နှံ့ခဲ့ပါသေးတယ်။ Bella ဟာ တိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအမှားတွေလဲ ထွက်ပေါ်ခဲ့ပါသေးတယ်။ Bella ကတော့ ချစ်တဲ့ပရိသတ်တွေအတွက် စာသားလေး နဲ့ ဓာတ်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ” မင်းကိုဘယ်သူကမှလိုက်မရှာရင် မင်းကိုမင်းပြန်ရှာဖွေရမယ်” လို့ သူမရဲ့ လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ သူမ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတယ်ဆိုတဲ […]
လယ်ယာလုပ်ပြီး ချမ်းသာနေသူများနှင့် ရွှံ့ပေရုံသာ အဖက်တင်နေတဲ့ မြန်မာ လယ်သမားများ
လယ်ယာလုပ်ပြီး ချမ်းသာနေသူများနှင့် လယ်ယာလုပ်လို့ ရွှံ့ပေရုံသာ အဖက်တင်နေအုံးမယ့် ရွှေမြန်မာပြည်က လယ်သမားများ.. ကမ္ဘာပေါ်တွင် လယ်လုပ်သူ လယ်သမားတွေ ကြီးပွါးချမ်းသာနေတဲ့နိုင်ငံတွေ အများကြီးရှိကြပါတယ်။ လယ်သမားတွေ ကြီးပွါးချမ်းသာဖို့ဆိုတာကလည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ စီးပွါးရေးစနစ်၊ နိုင်ငံရေးစနစ်၊ စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်မှု စသဖြင့် ဘက်ပေါင်းစုံနဲ့ ပက်သက်ဆက်နွယ်နေပါတယ်။ နိုင်ငံရေးစနစ်တည်ငြိမ်လှတဲ့ နိုင်ငံတွေက စီးပွါးရေးတိုးတက်လာကာ စက်မှုနည်းပညာတွေလည်း တဖြည်းဖြည်းတိုးတက်လာတာပါပဲ။ စက်မှုနည်းပညာ တိုးတက်လာခြင်းနှင့်အတူ အဲဒီတိုင်းပြည်ရဲ့ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကိုလည်း စက်မှုနည်းပညာတွေ လွှမ်းမိုးသွားတာပါ။ ကဏ္ဍပေါင်းစုံကို စက်မှုနည်းပညာတွေလွှမ်းမိုးသွားနိုင်မှ လယ်ယာလုပ်ငန်းတွေကိုလည်း စက်မှုနည်းပညာတွေ လွှမ်းမိုးသွားမှာပါ။ လယ်ယာကဏ္ဍ စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တခြားကဏ္ဍပေါင်းစုံလည်း နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ အရမ်းအရေးကြီးတာပါ။ တခြားကဏ္ဍတွေမှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုမရှိပဲ လယ်ယာကဏ္ဍတစ်ခုတည်း စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တခြားကဏ္ဍတွေကလည်း လယ်ယာကဏ္ဍတွေနဲ့ ဆက်စပ်နေတာပါ။ ဥပမာ ရာသီဥတုကို အခြေခံတဲ့ […]
ငါးစိမ်းသည်ဘဝကနေ အောင်မြင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရတဲ့ မော်ဒယ် ရှယူ
Back To Top