ပေါင် (၃၉၀)ရှိတဲ့ အီရန်တိုက်ခိုက်ရေးသမားကြီး ၊ ထိုးသတ်မယ့်သူ ရှာတွေ့သွားပြီ

ယှဉ်ပြိုင်ထိုးသတ်မယ့်သူ ရှာမတွေ့လို့ ကြိုးဝိုင်းထဲ ဝင်မရ ဖြစ်နေတဲ့ အီရန် Hulk ဆိုတဲ့ ပေါင် (၃၉၀) တိုက်ခိုက်ရေးသမားကတော့ ထိုးသတ်မယ့်သူ ရှာတွေ့သွားခဲ့ပါပြီ။

အရပ် (၆)ပေ (၂)လက်မ ရှိတဲ့ အီရန်နိုင်ငံက လူထွားကြီး ဂါရီဘီ ဟာ လာမယ့် (၂၀၂၀) ဇန်နဝါရီ မှာ ထိုးသန်ဖို့ အမေရိကန်တိုက်ခိုက်ရေးအဖွဲ့အစည်း ဆီမှာ စာရင်းဝင်သွားပြီဖြစ်ပြီး သူ့ရဲ့ ပထမဆုံးပွဲစဉ်ကို စတင်ရတော့မှာပါ။

ကာယကြံ့ခိုင်ရေးသမားတစ်ယောက် ဖြစ်တဲ့ ဂါရီဘီ ကို ပါရှန်းဟာကျူလီ (ဒါမှမဟုတ်) အီရန် Hulk လို့ သိထားကြပြီး လက်တစ်ဖက်တည်းနဲ့ လူတစ်ယောက်ကို သတ်နိုင်စွမ်းရှိတဲ့သူအဖြစ် အားလုံးက ချီးမွမ်းနေကြတာပါ။

ဂါရီဘီ က သူ့ရဲ့ အင်စတာဂရမ်မှာ သူ့အနေနဲ့ လာမယ့် ဇန်နဝါရီလအတွင်း MMA ပြိုင်ပွဲတွေဆီ သွားရောက်တော့မှာဖြစ်ကြောင်းနဲ့ တိုက်ခိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့အကြောင်း ရေးသားသွားခဲ့တာပါ။

ဂါရီဘီ နဲ့ တိုက်ခိုက်မယ့် သူကတော့ ဘရာဇီး Hulk လို့ နာမည်ကြီးနေတဲ့ ရိုမာရီယို ဒေါ့စ် ဆန်းတို့စ် ပဲ ဖြစ်ပြီး သူက ကိုယ်အလေးချိန် (၂၂၉)ပေါင် ရှိသူပါ။

လက်ရှိမှာ အင်စတာဂရမ်ကြယ်ပွင့်တစ်ယောက် ဖြစ်နေပြီး ပရိသတ် (၄)သိန်းကျော် ရှိနေတဲ့ ဂါရီဘီ က သူနဲ့ ရိုမာရီယို တို့ဟာ တိုက်ခိုက်ဖို့ သဘောတူခဲ့ပြီးကြပြီ လို့ ရေးသားဖော်ပြလိုက်ပြီး သူ့ရဲ့ ပြိုင်ဖက်က ဘယ်သူဆိုတာကို အသိပေးခဲ့တာပါ။

ရိုမာရီယို ဟာ ပြီးခဲ့တဲ့ (၂၀၁၃)ခုနှစ်တုန်းက လက်မောင်းကြွက်သားတွေကြီးမားဖို့အတွက် ဆေးတွေထိုးခဲ့ပြီး အဲဒီ ဆေးနဲ့ဓာတ်မတည့်ခဲ့လို့ လက်မောင်းတစ်ခုလုံး ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ ကြွက်သားတွေက ပုံမှန်အတိုင်း ပြန်လည်ဖြစ်လာခဲ့ပြီလို့ သိရပါတယ်။

သူတို့နှစ်ယောက်ဟာ ဇန်နဝါရီမှာ ကျင်းပမယ့် Bare-Knuckle Fighting Championship မှာ ဝင်ရောက်ထိုးသတ်ကြမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Unicode Versionဖြင့်ဖတ်ရန်

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top